ဖြစ်ရပ်မှန်..

မနေ့ကဆိုတာကိုလည်း မုန်းတယ်…
ဒီနေ့ဆိုတာကို လည်းမုန်းတယ်.. အိမ်မှာနေတော့ အစ်မနဲ့ ရန်ဖြစ်..အမေက အစ်မဘက်က ပါတယ်..
ဟင်း  မမျှတ လိုက်တာ

ဖုန်းထဲမှာ ဘေ က ၃ရ ကျပ်..
ပိုက်ဆံက အိတ်ထဲမှာ   ၂၅ဝ ကျပ်..
အဖြေတောင်းထားတဲ့ ကောင်မလေးက သူငယ်ချင်းလို နေကြရအောင်တဲ့..
အလုပ်မှာက..Daily Record မရေးလို့ တဲ့ ဒဏ်ကျေးတပ်ခံရတယ်..
ပြီးတော့ အဖွဲ့ထဲက တစ်ယောက်က အလုပ်ထွက်သွားလို့..သူ့အလုပ်တွေပါလုပ်ရတယ်..ဟင်း
ပေါက်ကွဲနေရတဲ့ ကြားထဲ..
အခု ဖိနပ်ပါ အခိုးခံရပြန်ပြီ..

စကားထဲမှာ အမုန်းဆုံးက သူငယ်ချင်းဆိုတာပဲ
သူခိုးထဲမှာ အမုန်းဆုံးက ဖိနပ်သူခိုးပဲ..
အသေပါသတ်ပစ်ချင်တယ်.. ဂယ်ပြောတာ….

12 comments

  • လူကလေး

    January 29, 2013 at 2:04 pm

    အကုသိုလ်ဆိုတာ အတွဲလိုက်ကို ဝင်တတ်တယ်လို့တော့ ကြားဖူးတာပဲဗျ..

    ***ယတြာ***
    သူငယ်ချင်းလိုပဲ နေကြရအောင်ဆိုတဲ့ ကောင်မလေးဆီက ပိုက်ဆံချေး၍ ဖိနပ်အသစ်တစ်ရံဝယ်စီးလိုက်ပါ။
    😉 😉

  • မှတ်ချက် ။ ။ အထက်ပါ စာသားများမှာ
    ကျွန်ုပ် မောင်တင့်တယ် ၏ ပေါက်ကွဲသံစဉ်များ ဖြစ်လေဒေါ့ဒဒီး … ဟီးး ဟီးး :mrgreen:

    ဒါနဲ့ .. စကားမစပ်
    အသေတော့ မသတ်ပါနဲ့ …
    လူသတ်မှုနဲ့ ထောင်ထဲ ရောက်သွားလို့ …
    ခု အဖြစ်တွေထက် ပိုဆိုး နေလိမ့်မယ် …

  • P chogyi

    January 29, 2013 at 2:20 pm

    မောင်အံရေ တွေ့ဆုံပွဲနေ့ကမင်းစီးလာတာ
    အဲဒီပျောက်သွားတဲ့ ဖိနပ်များလား??????
    ဟုတ်ရင်ပြန်ပေးလိုက်ပါကွာ။

      • ဗုံဗုံ

        January 29, 2013 at 2:42 pm

        အခုမှ ရှက်မနေပါနဲ့ အံမပါတုံးကြီးရယ် ဘာဖြစ်လဲ ချင်းချင်းဒွေဘဲဟာ ပြန်ပေးလိုက် ပြန်ပေးလိုက် :harr:

        • အွန် ….
          လာဗန်ဗီ နောက်တြောက် …
          ဒီဂ ယူမှ ယူဘဲနဲ့ ..
          ဘာဂို ပြန်ပေးရမှာဒုံးလို့ …

  • ဗုံဗုံ

    January 29, 2013 at 2:21 pm

    စိတ်ထိန်း စိတ်ထိန်း တော်ကြာ မီးပုံထဲ ပစ်ချ ခံရမယ် ကိုတင့်တယ် :harr:

  • Mon Kit

    January 29, 2013 at 2:54 pm

    အော်.. နာမည်လေးက မောင်တင့်တယ်….
    သူ့အဖြစ်လေးက မတင့်တယ်ပါလားကွယ်….
    နောက်ထှာနော်….. :kwi:

  • နွေဦး

    January 30, 2013 at 3:56 pm

    မနက်မနက် ဘုရားရှိခိုး လေကွယ်
    ကိုယ် ဘုရားမရှိခိုးတော့ သူခိုးတာခံရတာပေါ့..

  • ရွာသူ jujuma .

    January 30, 2013 at 4:19 pm

    စိတ်လျှော့ စိတ်လျှော့ …
    လုပ်သလိုမဖြစ်တဲ့ လောကကြီးမှာ ဖြစ်သလိုတော့မလုပ်လိုက်လေနဲ့ …
    ဒေါသတွေကြီးတဲ့ မောင်တင့်တယ်အတွက် ရောဂါတွေ ရမှာ စိုးသကွယ် .. :kwi:

  • Mobile

    January 30, 2013 at 7:51 pm

    အားပေးသွားပါ၏ မောင်တင့်တယ်ရေ

  • မောင်ပေ

    January 30, 2013 at 8:25 pm

    ဖြစ်ရပ်မှန်
    ညှစ်ထွက်နံ
    စစ်မက်သံ
    လစ်ဖက်ကြံ
    ချစ်ဆက်ရန်

Leave a Reply