မြန်မာ့ဆက်သွယ်ရေးနှင့် မလေးရှားနိုင်ငံ ဆက်သွယ်ရေး နှိုင်းယှဉ်ချက်များ
ခုမြန်မာနိုင်ငံမှာ ဖုန်းတွေ အတော်ခေတ်စားလာတော့ မလေးရှားနိုင်ငံရဲ့ ဖုန်းတွေအခြေအနေကိုလည်း သိချင်ကြမယ်လို့ မနော ထင်မြင်မိတဲ့အတွက် မလေးရှားရောက် မြန်မာတစ်ယောက်ကို မေးမြန်းထားတဲ့ မြန်မာ့ဆက်သွယ်ရေးနှင့် မလေးရှားနိုင်ငံ ဆက်သွယ်ရေး နှိုင်းယှဉ်ချက်များဆိုတဲ့ ခေါင်းစဉ်နဲ့ အကြောင်းအရာ များကို ပြောပြချင်ပါတယ်။
Postpaid နှင့် prepaid စတင်ပုံများ
မြန်မာနိုင်ငံမှာ ၂၀၀၇-၂၀၀၈ ပတ်ဝန်းကျင်လောက်က ၁၅ သိန်းတန်ဖုန်းတွေ စတင်ချပေးပြီး postpaid စနစ်ကို စတင်သုံးစွဲလာခဲ့ပါတယ်။ အဲဒီအချိန်တုန်းကဆိုရင် ဖုန်း (sim card) ပေါက်ဈေးတွေဟာ ကြောက်ခမန်းလိလိ သိန်းလေးငါးဆယ်နီးပါး ဈေးပေါက်ခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဆက်သွယ်ရေးမှာ တန်းစီပြီး စာအုပ်လေးတွေထပ်ကာ ငွေပေးချေတဲ့စနစ်ကျင့်သုံးခဲ့တာမို့ ငွေပေးချေတာကို လက်ခံလုပ်ပေးတဲ့ ပွဲစားတွေပါ ပေါ်ပေါက်လာတာကို တွေ့ခဲ့ရပါတယ်။ ယခုနောက်ပိုင်း ၂၀၁၁ ခုနှစ်မှာတော့ prepaid စနစ် ဖြစ်ပေါ်လာပြီး ငွေဖြည့်ကဒ်လေးတွေ မြန့်မာဆက်သွယ်ရေးက ကျပ်တစ်သောင်းတန်တွေနဲ့ စတင် ထုတ်ဝေ လာခဲ့ပါတယ်။ ယခု ငါးထောင်တန်ငွေဖြည့်ကဒ်တွေပေါ်နေတယ်လို့ သိရပါတယ်။ ဒီလိုလုပ်လိုက်တာဟာ ဖုန်းကိုင်သူတွေအတွက် လမ်းဘေးဆိုင်တွေမှာ ဖြည့်လို့ ရလို့ အဆင်ပြေပါတယ်။ မလေးရှားနိုင်ငံမှာကတော့ ၁၉၉၄- ၉၅ လောက်မှာ နိုင်ငံသားတွေအတွက် postpaid sim card တွေ စတင် သုံးစွဲလာခဲ့ပါတယ်။ ၁၉၉၆ မှာတော့ အားလုံး သုံးစွဲနိုင်အောင်ဆိုပြီး နိုင်ငံပိုင် Celcom နဲ့အပြိုင် Maxis ဆိုတဲ့ လိုင်းကုမ္ပဏီ တစ်ခု ပေါ်လာပြီး prepaid sim card တွေကို မလေးရှား ရင်းဂစ် (RM:238)၊ ယခု မြန်မာပေါက်ဈေးနဲ့ဆို ခြောက်သောင်းခွဲနဲ့ စတင် ရောင်းချခဲ့ပါတယ်။ အဲဒီအချိန်တုန်းက ဖုန်းခေါ်ဆိုခတွေဟာ မြန်မာပြည်ကို ခေါ်ရင် တစ်မိနစ်ကို တစ်ထောင့်သုံးရာလောက်ကျပါတယ်။ ယခုတော့ တစ်မိနစ်ကို နှစ်ရာ့ငါးဆယ်လောက်ပဲ ကုန်ကျ ပါတော့တယ်။ မြန်မာပြည်က အင်တာနက်ဆိုင်တွေကခေါ်ရင် မြန်မာငွေ တစ်ရာပဲကျတာမို့ မြန်မာပြည်က ဖုန်းခေါ်ဆိုခတော့ သက်သာတယ်ပေါ့နော်။ ဒါလေးတော့ မြန်မာပြည်က သာပါတယ်ခင်ဗျာ။ အဲဒီလို မလေးရှား အစိုးရက ဆက်သွယ်ရေးကို လွတ်လပ်ခွင့်ပေးလိုက်တဲ့အတွက် အခုဆိုရင် DiGi, U Mobile, TM net, Yes, P1 စသည်ဖြင့် အပြိုင်အဆိုင်ပေါ်လာပါတယ်။ အင်တာနက်ကိုလည်း သူ့ထက်ငါ အပြိုင် ဈေးတွေ လျော့ပေးနေ ကြပါတယ်။ ယခုဆိုရင် တယ်လီဖုန်း sim card တစ်ခု ပေါက်ဈေးဟာ မြန်မာငွေ နှစ်ထောင့် သုံးရာလောက်သာ ပေးရပြီး sim card ထဲမှာ ဖုန်းခေါ်ဖို့ ငွေသား တစ်ထောင့်သုံးရာငါးဆယ်ပါသေးတာမို့ sim card က အလကား နီးပါးဖြစ်နေတာကို တွေ့ရပါတယ်။ မြန်မာပြည်မှာ အခုအချိန်အထိ နှစ်သိန်း၊ နှစ်သိန်းခွဲ ပေးနေရသေးတာမို့ ကျပ်ငါးထောင်တန် ထွက်သင့်နေပါပြီဆိုတာ တိုက်တွန်းချင်ပါတယ်။ ဒါမှ ကန်ဇွန်းရွက်သည်ကအစ မြန်မာ တစ်ပြည်လုံး ကိုင်နိုင်အောင်လို့ပါ။ စေတနာနဲ့ပါ။ ဒီမှာက ကလေးကအစ လူတိုင်းမှာ sim card တွေ ဖုန်းရှိသလောက် ဝယ်သုံးလို့ ရနေပါတယ်။
Phone အစစ်နဲ့ အတု ခွဲခြားနည်းလေးများ
မြန်မာပြည်မှာ sim card တွေကို နှစ်သိန်း၊ နှစ်သိန်းခွဲကျပ်နဲ့ ရောင်းချနေတာမို့ လူလတ်တန်းစားတွေ ကိုင်လာနိုင်ကြပါပြီခင်ဗျာ။ အဲလို ကိုင်နိုင်တာကြောင့် ဖုန်းဆိုင်တွေကလည်း အစီအရီ ပေါ်လာနေကြပါတယ်။ မလေးရှားမှာလည်း sim card ထက် ဖုန်းအခွံက ပေါ်ပြူလာ ဖြစ်နေလို့ ဖုန်းဆိုင်တွေ အစီအရီပေါ်လာပြီး အလုပ်ဖြစ်နေကြပါတယ်။ ဘာကြောင့် ဖုန်းဆိုင်တွေ ပေါ်လာလည်းဆိုရင် ဖုန်းတစ်လုံးရဲ့ အမြတ်ဟာ တစ်ခြား စီးပွားရေးထက် များများအမြတ်အစွန်းရလို့ပါ။ ဘယ်လောက်မြတ်တယ်ဆိုတာ ဖုန်းဆိုင်ဖွင့်သူတိုင်း သိမှာပါ။ ကျွန်တော်ကတော့ အသိတွေရှိတာမို့ သူတို့ အမြတ်အစွန်းကို သိပါတယ်။ သူတို့စီးပွားရေးကို တုတ်နဲ့ ထိုးပါဘူးနော်။ အဲလို ပေါ်လာတဲ့အထဲမှာ ဝိသမလောဘသမားတွေ ပါလာပြီမို့ အတုတွေပါ ပါလာပါပြီ။ ဥပမာ ပြောရရင် ယနေ့ နာမည်ကြီးနေတဲ့ samsung ဖုန်းဆိုရင် တရုတ်ပြည်မကြီးက ထုတ်တာပါပဲ။ အစစ်ရယ်၊ ဈေးတစ်ဝက်သက်သာတဲ့၊ ပြန်ပြင်လို့ စင်တာက လက်မခံတဲ့ AP ဆိုတဲ့ အမျိုးအစားရယ်။ အဲဒါတွေနဲ့ နီးပါး တူအောင် လိုက်လုပ်တဲ့ samsung အတုဆိုပြီး သုံးမျိုးထွက်လာပါတယ်။ samsung အစစ်က ဈေး အင်မတန်ကြီးပြီး ခြောက်သိန်းကျော်ကနေ အစားစားရှိပါတယ်။ AP ကတော့ အစစ်ပေမယ့် အထဲမှာ ပါတဲ့ ပစ္စည်းတွေက ပေါချောင်ကောင်းလုပ်ထားတဲ့ တစ်ဝက်ဈေးရှိတဲ့ လူတကာကိုင်နိုင်အောင် တရုတ်ပြည်က ထုတ်တဲ့တစ်မျိုးပါ။ အစစ်နဲ့အားလုံး တူပါတယ်။ သူကတော့ အာမခံမရှိ။ စင်တာ လက်မခံပါ။ ဒါပေမယ့် ဆိုင်တွေကတော့ အာမခံတယ်ဗျ။ ဈေးကောင်းယူတာလေ။ စင်တာက ဖုန်းဖွင့်လိုက်ရင် အစစ်နဲ့ AP ကို သိတယ်လေ။ အစစ်မှာ အထဲက samsung စတစ်ကာ သေးသေးလေးတွေ ကပ်ပေးတဲ့အပြင် samsung အစစ်တံဆိပ် e warranty ကဒ်တွေပါ ထည့်ပေးတယ်လေ။ အစစ်လိုချင်ရင်တော့ samsung စင်တာမှာသာ ဝယ်စေချင်ပါတယ်ခင်ဗျာ။ အပြင်ဆိုင်တွေကတော့ အပိုပစ္စည်းလေးတွေ အလကားပေးရင်း AP ကို ပေးလိုက်မှာ သေချာလို့ပါ။ သူကလည်း တစ်နှစ်၊ နှစ်နှစ်လောက် ခံဖို့ လုပ်ထားလို့ ဘယ်သိပါ့မလဲနော်။ အဲနောက်ဆုံး အတုကတော့ တရုတ်ပြည်ကနေ မလေးရှား ဆာဘားဘက်ကနေ ဝင်လာတဲ့ အတုပါ။ မလေးရှားအရောက်မှ မြန်မာငွေ ကျပ်ရှစ်ထောင်လောက်ပဲ ကုန်ကျတယ်လေ။ မြန်မာအများစု samsung အတုတွေ မလေးရှားမှာ မိတဲ့သူတွေ အများကြီးမို့ သူတို့ကို သတင်းပေးချင်ပေမယ့် ပေးခွင့် မကြုံလို့ ဒီဆောင်းပါးလေးသာ ဖတ်မိရင် အားလုံး သတိထားမိကြမယ်လို့ ထင်ပါတယ်။ တစ်လောက မြန်မာပြည်မှာ လူကြီးမင်း ဖုန်းဆိုင်က ငါးထောင်ကျပ်နဲ့ ဆိုင်တစ်ဆိုင်ကို ၁၀ လုံး၊ ရောင်းချတာကို သွားတိုးနေကြတဲ့ မြန်မာ ပြည်သူတွေကို ကြည့်ပြီး သူတို့အတွက် samsung အတုနဲ့ မညားပါစေနဲ့လို့ ပြောပါရစေခင်ဗျာ။ မြန်မာ လူထုတွေလည်း samsung စသည်ဖြင့် ဖုန်းအတုများနဲ့ မဆုံကြစေချင်ပါဘူးခင်ဗျာ။ ဖုန်း နာမည်ကြီး အတော် များများ အတုတွေထွက်နေပြီမို့ အားလုံး သတိထားကြစေချင်ပါတယ်ခင်ဗျာ။
Phone ခေါ်ဆိုမှု ကုန်ကျငွေများ
မြန်မာပြည်မှာ ဖုန်းခေါ်ဆိုခတွေ သက်သာပေမယ့် လိုင်းမကောင်းမှု၊ ဟလို ဟလို မကြားရ မှုကြောင့် ကြာချိန်တွေ ပေါင်းရင် မလေးရှားနဲ့ သူမသာ ကိုယ်မသာ ဖုန်းခေါ်ခတူနေသလို ဖြစ်နေတာ သိရလို့ ပြင်ဆင်ဖို့ အကြံပေးပါရစေ။ မလေးရှားမှာ ဖုန်းလိုင်း အပြိုင်တွေကြောင့် နံပါတ်တူ လိုင်းတူတွေဟာ အချင်းချင်း ခေါ်ရင် သက်သာတယ်။ သူများလိုင်းကို သွားခေါ်ရင် အရမ်းအုပ်တယ် ဆိုတာတွေ ဖြစ်နေပါတယ်။ မြန်မာပြည်မှာလည်း အဲလို မဖြစ်ရအောင် အခုကတည်းက ကြီးကြပ်စေချင်ပါတယ်။ ငါးထောင်တန်တွေ ထွက်လာရင် ပြောတာပါ။ ထွက်သေးဘူး။ သူတို့ဆီမှာ ကိုယ့် နိုင်ငံသားကဒ်၊ ပတ်စ်စပို့ ပြရင် ဝယ်လို့ ရတယ်။ မွေးနေ့ရောက်ရင် အဲဒီတစ်နေ့လုံး မိမိလိုင်းတူ သူငယ်ချင်းတွေကို တစ်ရက်လုံး အလကားပြောခွင့် ပေးထား ပါတယ်။ ဖုန်းပူ၊ နားပူအောင် ပြောပေတော့ မွေးနေ့မှာလေ။ မြန်မာပြည်မှာလည်း အပြိုင် ဖုန်းလိုင်းတွေ ခွင့်ပြုစေ ချင်ပါတယ်။ ဆက်သွယ်ရေး ဝန်ကြီးကို ပြောတာပါ။ သူ ခွင့်ပြုမှလေ။
Phone နှင့် လုံခြုံရေး
မလေးရှားမှာ sim card တွေ မှိုလိုပေါက်ပေါနေတော့ နံပါတ်တူတွေ၊ ခြိမ်းခြောက်မှုတွေ။ နှောင့်ယှက်မှုတွေ ဖြစ်လာတာကို တွေ့နေရပါတယ်။ တချို့ဆိုင်တွေက ဘာမှမပါလည်း ဝယ်လို့ရနေတော့ sim card တွေက အမည်ပေါက် မဟုတ်၊ နာမည် မသိ၊ ဘယ်သူ့ sim card မသိတာတွေလည်း ရှိနေလို့ ဒုစရိုက်မှုတွေမှာ သုံးနေတဲ့ sim card တွေကို ကိုင်သူတွေကို ဖမ်းရခက်ခဲတဲ့ ပြဿနာတွေ တွေ့နေရပါတယ်။ အစိုးရက အထောက်အထားမပါရင် မရောင်းဖို့ ပြောပေမယ့်လည်း ဒီမိုကရေစီနိုင်ငံမို့ တားဆီးလို့ မရသေးပါဘူး။ ဒါကို ပြောပြတာကလည်း မြန်မာပြည်အတွက် ကြိုတင်ကာကွယ်နိုင်အောင်လို့ပါ။ sim card တွေ ပေါလာရင် ပြောပါတယ်။
Prepaid ကဒ်ရဲ့ သက်တမ်း
sim card တွေကို ပိုက်ဆံ မလေးရှားငွေ RM:30 (မြန်မာငွေ ရှစ်ထောင့်တစ်ရာ) ထည့်ထားရင် တစ်လ ခံတယ်။ ကုန်လို့ ထပ်မထည့်ရင် နောက်ထပ် နှစ်လ အဝင်လက်ခံလို့ ရတယ်။ ပြန်ခေါ်လို့တော့ မရဘူး။ အဲဒါမှ ထပ်မထည့်ရင်တော့ sim card သည် အမှိုက်ပုံးထဲသို့သာ သွားရမည်။ နောက်ထပ် အသစ်တစ်လုံးသာ ဝယ်ပေတော့။ အသစ် ပေါတာကိုး။ အဲလိုမှ မဟုတ် မိတ်ဆွေတွေပေါတယ်။ ဒီနံပါတ်လေးကြိုက်တယ်ဆို ဆက်သုံးပေါ့။ sim card က မြန်မာပြည် sim card လောက်မှ အဖိုးမတန်ပဲကိုး။ နံပါတ်လှလှတွေဆို ဈေးပိုပေးရပေမယ့် သိပ်တော့ ဈေးမကြီးပါဘူး။ ငါးထောင်ကျပ်လောက်ပါပဲ မြန်မာငွေလေ။ ဟိုတစ်လောက မြန်မာပြည်မှာ sim card နံပါတ်လှလှလေးတွေကို သိန်းသုံးဆယ်လောက် ပေးဝယ်တဲ့သူက ရှိသေးတယ်။ သူ့ကြောင့်လည်း facebook မှာ သိပ်ပေါနေရင် မရှိတဲ့ ဒုက္ခရောက်သူတွေကို လှူလိုက်ပါလားဆိုတဲ့ ဝေဖန်သံ တွေ ထွက်လာပါတယ်။ ကျွန်တော် မပြောဘူးနော်။ သူများပြောတာ တင်ပြပေးတာပါ။ မီးမွှေးပေးတာ ဟုတ်ဘူးနော်။ ပြောပြတာပါ။
Phone sim card နဲ့ ပတ်သက်ပြီး အကြံပေးချင်တာက
မြန်မာ့ဆက်သွယ်ရေးတိုးတက်အောင် ဖုန်းကုမ္ပဏီတွေကို လုပ်ကိုင်ခွင့်ပေးပြီး ငါးထောင်တန်တွေကို ထုတ်ပေးသင့်နေပါပြီ။ ထုတ်ပေးရင်လည်း မလေးရှားနိုင်ငံကဲ့သို့ ပေါတိုင်း အလကား မဖြစ်အောင်၊ ဒုစရိုက် ဂိုဏ်းတွေက ငွေညှစ်တာမျိုးတွေ မဖြစ်ရအောင်၊ သေချာ စီစစ်ရောင်းချပြီး နိုင်ငံသားကဒ် နေရာဒေသ အားလုံးကို မှတ်တမ်းမှတ်ရာနဲ့ သိမ်းဆည်းပြီး အမိမြန်မာပြည်ကြီး ဒီမိုကရေစီနဲ့အညီ စည်းကမ်းရှိစွာ ဆက်သွယ်ရေး တိုးတက်ပြီး ပြည်သူပြည်သားများ အပြုံးပန်းနဲ့ ဖုန်းအလန်းလေးတွေ ကိုင်နိုင်ကြပါစေလို့ စေတနာရှေ့ထားရင်း ကျေးဇူးတင်ပါကြောင်း ပြောကြားရင်း တင်ပြလိုက်ရပါသည်။
မနောဖြူလေး
Malaysia ရောက်လို့ KUL လေဆိပ်ရောက်ရင် RM 8.5 နဲ့ passport ပေးလိုက်တာနဲ့ ၅မိနစ်လောက် အချိန်အတွင်း ဖုံးဆက်လို့ရပါပြီ။ internet ပါ တစ်ခါတည်း setting လုပ်ပေးပါတယ်။
DIGI, MAXIS, U Mobile……. လိုင်းတွေကလည်း စုံမှ စုံ။ ကြိုက်တာရွေးလို့ရပါတယ်။
သူများနိုင်ငံတွေမှာ အစဉ်ပြေ သက်သာတာပြောပါတယ်။
မြန်မာပြည်ကိုခေါ်ရင် RM 1.0 လောက်ပဲကျပါတယ်။
ဒို့ပြည်မှာလည်း အဲဒီလိုဖြစ်ချင်စမ်းပါဘိ။
Was this answer helpful?
LikeDislikeမကြာခင် အချိန်အတွင်းမှာ ဖြစ်လာမှာပါ… သင့်အတွက် မနက်ဖြန်ပေါ့လေ…
Was this answer helpful?
LikeDislikeဖုန်းဆင်းကဒ်နဲ့ ပတ်သတ်လို့ ဗဟုသုတရစေပါတယ်ဗျာ…….
နည်းနည်းတော့ပွားပရစေဗျ ဖုန်းဟန်းစက် အတုနဲ့ အစစ်နဲ့ ပြဿနာက
မလွယ်ကူပေဘူးဗျ။ မြန်မာတို့၏ သဘောအရ အဖိုးနည်းလည်းမ၀ယ်နဲ့ အမျိုးနည်းလဲ
မကျယ်နဲ့ဆိုပြီး စကာပုံရှိပေမယ့်။ ဈေးနည်းတဲ့ပစ္စည်းဆိုရင် ကောင်းတာမကောင်းတာနောက်ထား
တုလားစစ်လား အတုကဘယ်လိုဖြစ်တယ် အစစ်ကဘာတွေလုပ်လို့ရတယ်ဆိုတာတွေကို
နားမလည်တဲ့လူတွေကများတာတကြောင်း ငွေနည်းနည်းပဲ တတ်နိုင်တဲ့လူတွေက ပိုများတာက
တကြောင်းးးးးး အစစ်တစ်လုံးရောင်းကုန်ချိန်ဆိုရင် အတုကဆယ်လုံးလောက်ရောင်းကုန်လေတော့
ဆိုင်သမားတွေအတွက် အတုကပိုအလုပ်ဖြစ်မယ်ထင်တယ်။ အချို့သော အတုအစစ်ကောင်းကောင်း
နားလည်သောသူများပင်လျှင် စီးပွားရေးအနေအထားအရ အတုဝယ်ကိုင်သူများလည်းရှိကြပါတယ်။
တစ်ချို့သောသူများက သူများကိုင်သလို တက်စခရင်လေးပေါ့ ကိုင်ချင်ပြီး ဈေးမလိုက်နိုင်တဲ့အတွက်
အတုကိုင်တဲ့သူတွေ ရှိကြပါတယ်။
ဤကာ တောင်ပြော မြောက်ပြောလျှောက်ပြောခဲ့ခြင်း ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeကိုရင် မိုဘိုင်းကရော အတုကြီးလားဟင်……. ကိုင်ကြည့်မယ် ခိခိ
Was this answer helpful?
LikeDislikeရွှေတိုက်စိုးရေ ကျွန်ုကတော့ အစစ်ဖြစ်ပါကြောင်း ရဲရဲကြီးအာမခံပါ၏။
ဘယ်အစစ်ကိုမေးတာလားတော့မသိပါကြောင်းးးးးးးးးးးးးးးးးးးး
Was this answer helpful?
LikeDislikeထုံးစံအတိုင်း ပြောရမှာပဲ..
ငါးထောင်တန်ဖုံးချည်းအော်နေတာ.. တိုင်းပြည်ရဲ့ဆက်သွယ်ရေးအင်ဖရာစရပ်ချာကို.. ဘယ်ဘက်ဂျက်ငွေနဲ့ဆောက်မှာလည်းကွယ်…။
မြန်မာကလေးတွေပညာရေးသုံးမယ့်ဘက်ဂျက်ငွေကို.. ဖယ်ပြီး.. မြို့နေလူထုဖုံးဈေးပေါပေါနဲ့ရဖို့အတွက်.. လုပ်ပေးရမှာလား.. မသိ..
အနိစ္စ…။
=
=
Malaysia
Population: 28,859,154 (2011) World Bank
GDP (nominal) – Total $307.178 billion[8]
Official language: Malaysian language
Government: Federation, Parliamentary system, Elective monarchy, Constitutional monarchy, Federal monarchy
=
Myanmar
GDP (nominal) – Total $54.416 billion[2]
Population: 48,336,763 (2011) World Bank
Official language: Burmese Language
Government: Presidential system, Unitary state, Republic, Constitutional republic
Was this answer helpful?
LikeDislikeမျှော်သာမျှော် ပေါ်မလာသူရယ်စိမ်းကား………………….
Was this answer helpful?
LikeDislike