ထုံးဘိုမြို့ မှ အကောက်တောင်သို့

ဆူးJanuary 29, 20132min28828

ဧရာဝတီမြစ်မှာ မြစ်ကျဉ်း ၄ခု ရှိပါတယ်။
၄ခုမြောက် မြစ်ကျဉ်းကို ရောက်ရှိခဲ့ပါတယ်။
ပြည်မြို့ကနေ ထုံးဘို ကို ကား ၂နာရီလောက် စီးပြီးတဲ့ အခါ ထုံးဘို မြို့ကို ရောက်ရှိပါတယ်။
ထုံးဘို မြို့မှ မြစ်ဆိပ်မှ စက်လှေစီးပြီး အကောက်တောင်သို့ ခရိးဆက်ခဲ့ပါတယ်။
အဲ့ဒီမှာ စတုတ္ထမြစ်ကျဉ်း နားက ဖြတ်မောင်းပြီး အကောင်တောင်သို့ ရောက်ရှိပါတယ်။ ကျောက်တောင် အငူကလေး ထိုးထွက်နေတဲ့ အတွက် မြစ်ကျဉ်းသွားရခြင်းဖြစ်ပါတယ်။ မြစ်ကျဉ်း အငူ ကျောက်တောင် အပေါ်ကနေ နေလုံးနီနီ ထွက်ပြူလာတာကိုလည်း အမှတ်တရ မှတ်တမ်းယူခဲ့ပါတယ်။

မြစ်ကျဉ်းကို ကျော်ဖြတ်ရင်းနဲ့ ဘေးပတ်ဝန်းကျင် မနက်ရှုခင်း မှုံပြပြ အချိန်အခါ တောင်ခိုးတွေ နဲ့ အေးစိမ့်နေတဲ့ ရှုခင်းလေးတွေလည်း မှတ်တမ်းယူခဲ့ပါသေးတယ်။
ရွာထဲက ဓါတ်ပုံဆရာတွေ များတော့ ပုံတွေ သိပ်ကောင်းကောင်း မရိုက်တတ်တော့ ရိုက်တတ်သလောက်သာ ရိုက်ခဲ့ပါတယ်။

ကျောက်ရောင်းဝယ်ရေး လုပ်ငန်း


မြစ်ကျဉ်းနား ကပ်လာတဲ့ အခါ တောင်ခိုးတွေ နဲ့ ဝေဝါးလားတယ် ပိုအေးလာတယ်.. အနားရောက်လေ ပိုချမ်းလေပဲ


ခပ်လှမ်းလှမ်းက တဲအိမ်ငယ်ကလေး..

တဲအိမ်ငယ်လေး ဆိုပြီး အထင်မသေးနဲ့ အသားစားမလား ငါးစားမလား..

ဝမ်းရေး အတွက် ထင်းရှာပြီး အိမ်ပြန်နေတဲ့ လှေငယ်ကလေး

တောင်ခိုးတွေကြောင့် အဝေးက ကြည့်တော့ ဝေဝါးဝါး ဖြစ်နေပေမဲ့ အနီးရောက်တော့ မနက်စောစောစီးစီး ပိုက်ချပြီး ငါး ဖမ်းပိုက်ဆယ်ဖို့ စောင့်နေတဲ့ ရေလယ်က လှေငယ်ကလေး
တောင်ခိုးတွေကြောင့် ရေတွေက အငွေ့ ကလေးတွေ တက်နေသလို ဖြစ်နေပြီ.. အဲ့ဒီနားမှာ ရုတ်တရက် အရမ်းကို ချမ်းလှပါတယ်။ တောင်ခိုးတွေကြောင့်ဖြစ်ပါလိမ့်မယ်။


စိုက်ခင်းလေးနဲ့ အသီးအနှံလည်းပေါများလှပါတယ်။ အလွန်ကို နေချင်စရာ ကောင်းလှပါတယ်။

မြစ်ကျဉ်းအဖြစ် ထွက်နေတဲ့ ကျောက်တောင် အငူကလေးဖြစ်ပါတယ်။

နောက်ပိုစ်မှ.. ကျောင်တောင် အငူကို ဖြတ်ပြီးရင် မြင်တွေ့ရတဲ့ ဘုရားဆင်းတုတွေ အကြောင်း ဆက်ရေးပါမည်။

28 comments

  • Ma Ei

    January 29, 2013 at 3:20 pm

    မြစ်ကျဉ်း အငူ ကျောက်တောင် အပေါ်ကနေ
    ထွက်ပေါ်လာတဲ့ နေဝန်းကြီးရယ်…
    ကျောက်တောင်အငူလေးနားက ရေခိုးရေငွေ့တွေရယ်နဲ့…
    ပုံလေးတွေ အရမ်းကိုလှပါတယ်…

  • weiwei

    January 29, 2013 at 3:25 pm

    သွားပြီး ဓါတ်ပုံရိုက်ချင်စိတ် ပေါက်လာပြီ …

  • ဆူး

    January 29, 2013 at 3:31 pm

    တောင်ခိုးလေးတွေက ရေမှာ အငွေ့ကလေးတွေ တက်နေတာ.. ဝူခုန်းကားထဲမှာ နတ်ပြည်တက်သွားရင် မြင်ရတဲ့ ပုံစံမျိုးလေး ဖြစ်နေတယ်လို့ တွေးမိတယ်..

    တော်တော် လှတယ်.. တောင်အနားကပ်လာရင် အနွေးထည်ဝတ်ထားရင်းနဲ့ မေးခိုက်နေတယ်။ တော်တော် ချမ်းတယ်.. တောင်နားက လွတ်သွားရင် အအေးပေါ့သွားပြန်ကော..

    ဓါတ်ပုံဆရာတွေ သဘောကျတဲ့ နေရာမျိုးပဲ

  • ခင်ခ

    January 29, 2013 at 3:46 pm

    ဘဘာဝပုံလေးတွေရယ် မရောက်ဖူးတဲ့ ဒေသကပုံတွေရယ်ကြောင့် အားပေးသွားပါတယ်။
    ကျောက်ရောင်းဝယ်ရေးလုပ်ငန်းဆိုတာက တစ်နိုင်တစ်ပိုင် အဲဒီဒေသကလုပ်ကြတာလား ဒါမှမဟုတ် အကြီးအကျယ်ကန်ထရိုက်စနစ်နဲ့ လုပ်ကြတာလား မမဆူး။ သိရင်ပေါ့လေ။
    ကျွန်တော်တစ်ခါတုန်းက ချောက်ဘက်က ငလှိုင်ရေနံစခန်း ရောက်ဖူးတယ်၊ အဲဒီမှာ ကနဦးကတော့ အဲဒီဝန်းကျင်ကသူတွေ တစ်နိုင်တစ်ပိုင်လုပ်တာ နောက်တော့ ဂျာနယ်တွေထဲပါပြီး ပုပ္ပလိကတွေ သူထက်ငါ စခန်းတွေနဲ့လုပ်လာတော့ တကယ်ရေနံမှော်ကြီး အဖြစ်စီးပွားဖြစ် လုပ်လာတာမျိုးကြုံဖူးလို့ပါ။

  • ဆူး

    January 29, 2013 at 3:49 pm

    ဦးခင်ခ သမီးလည်း ပုံထဲက မြင်တဲ့ အတိုင်းပဲ မြင်ခဲ့ပါတယ်။ ဖြတ်သွားရင်း လမ်းမှာ မြင်တဲ့ ရှုခင်းတွေ ရိုက်ယူပြီး မှတ်တမ်းတင်ခဲ့တာပါ။ ကျောက် သင်္ဘောကြီးနဲ့ တင်နေချ နေတာတော့ မြင်ခဲ့တယ်.. တပိုင်တနိုင်လား လုပ်ငန်းကြိးလားတော့ မသိပါဘူး။

  • ခင်ခ

    January 29, 2013 at 3:53 pm

    ဟုတ်ကဲ့ရပါတယ်ဗျ စပ်စုကြည့်တာပါ။ ကျွန်တော်အဲဒီဘက် သစ်ကိစ္စနဲ့ရောက်တုန်းက ကျောက်လုပ်ငန်း
    တွေလည်းဒီဘက်ကလုပ်ကြတယ်လို့ ပြောကြတာ အမှတ်ရလို့ပါ။

  • နွယ်ပင်

    January 29, 2013 at 3:56 pm

    ဒါနဲ့ အစ်မရေ အဲ့နေရာကို အကောက်တောင်လို့ ခေါ်တာလား အကောင်တောင်လို့ ခေါ်တာလားအင်
    ပိုစ့်ခေါင်းစဉ်မှာက အကောင်တောင်ဖြစ်နေပြီး အောက်ကစာမှာတော့ အကောက်တောင် ဖြစ်နေလို့
    နေရာလေးက တော်တော်သာယာ တာပဲနော် ….

    • ဆူး

      January 29, 2013 at 4:27 pm

      အကောက်တောင် စာလုံးပေါင်း အမှတ်တမဲ့ မှားသွားတာပါ။

  • Myo Thant

    January 29, 2013 at 3:58 pm

    ဧရာဝတီ ဒုတိယမြစ်ကျဉ်းနားက ရွှေကူမှာ လူဖြစ်ခဲ့သူမိုု့ ဧရာဝတီကိုမြင်တိုင်း
    ဇာတိကို သိပ်သတိရစေပါတယ် ၊ ဒီ စတုတ္ထ မြစ်ကျဉ်းဘက်တော့ မရောက်ဖူးလို့ ကျေးဇူးပါဗျာ ၊

    • ဆူး

      January 30, 2013 at 9:04 am

      လာရောက် အားပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။

  • မောင်ပေ

    January 29, 2013 at 8:53 pm

    ဖွားကြီးဆူးတို ့က
    ဟန်းနီးမူး ကို
    ဧရာဝတီ မှာ ဆန်တက်ခဲ့တာကလား

    • ဆူး

      January 30, 2013 at 9:10 am

      မထင်မှတ်ပဲ ခရီးတွေ ဆက်နေလို့ပါ..
      နောက်လ ကျရင် မန်းကို ခရီးထွက်ပါမည်.. အဟမ်း.. မောင်ပေ အကျွေးအမွေး အတွက် စီစဉ်ထားပါ..

      • မောင်ပေ

        January 30, 2013 at 9:30 pm

        လက်ဗလာ မလာခဲ့လျှင် စဉ်းစားမည်
        မန်းဂေဇက်ရွာထဲမှာ ကျုပ် ပထမဆုံးတွေ ့ဖို ့ စီစဉ်ခဲ့ဖူးတာ ဆူးဖြစ်သည် ။ လက်ဆောင်တွေနဲ ့လာခဲ့ဖူးသည် ။
        သို ့သော် ထိုအချိန်တုန်းက ၊ သူဌေးမကြီးက အလွန်အလုပ်များနေသည်ဟု ဆိုကာ နီဂလက် လုပ်ခဲ့ပါသည်။

        • ဆူး

          January 31, 2013 at 9:21 am

          ကျုပ်တို့ရွာက ထွက်တဲ့ ငခြောက်ပြားတွေ ဆွဲခဲ့မယ်..
          အိမ်ရောက်ရင်တော့ ကိုယ့်ဟာ ကိုယ် ဖုတ် စားပေါ့အေ..

  • Mobile

    January 29, 2013 at 10:51 pm

    အဲ့ဒီဖက်ကို တစ်ခါမှမရောက်ဖူးဘူးဗျ ဗဟုသုတဖြစ်စေပါတယ်
    စက်လှေတို့ အမြန်ယာဉ်တို့နဲ့ ချင်းတွင်းတကျောတော့ အတော်နှံအောင်သွားဖူးပါတယ်
    စက်လှေစီးရတဲ့ အမြန်ယာဉ်စီးရတဲ့ ခံစားမှုလေးကို အလွန်နှစ်သက်ပါကြောင်းးးးးးးးးး

    • ဆူး

      January 30, 2013 at 9:23 am

      အဲ့ဒါ မနက်ပိုင်း ရှုခင်းမိုလို့ အဆင်ပြေတာ.. အပြန် နေပူတော့ အပြင်တောင် ထွက်မရပ်နိုင်ဘူး။
      စက်လှေဝမ်းထဲမှာ ထိုင်စီးပြီး ပြန်ရတယ်။

  • Mလုလင်

    January 29, 2013 at 10:55 pm

    မှော်ဆရာ စီက အပြန် ဝင်မယ် လို့ စီစဉ်ထားပြီး မရောက်ခဲ့တဲ့ အကောက်တောင် ပေါ့ . . . . . .

    • ဆူး

      January 30, 2013 at 9:24 am

      ဆူး ခရီးထွက်တယ် ဆိုတာ သိလို့ ဖိတ်ခေါ်တာပါ.. မှော်ဆရာဆီက ဖိတ်ခေါ်စာ ဖတ်ရတဲ့ အချိန်မှာ ဆူး ရန်ကုန် ပြန်ရောက်နေပါပြီ။
      အကောက်တောင် ဘက် ကို တော့ ဓါတ်ပုံဆရာတွေ သဘောကျလိမ့်မယ်လို့ ထင်တယ်။ ရှုခင်းတော်တော် လှတယ်။

  • ခိုင်ဇာ

    January 29, 2013 at 11:11 pm

    စတုတ္ထမြစ်ကျဉ်းဘက်ထိတော့ မဖူးပါ။
    ကသာ၊ ထီးချိုင့်ဘက်တော့ နေဖူးပါရဲ့။
    မြစ်ပြင်မှာ အခိုးဆိုင်းနေတဲ့ ဓာတ်ပုံလေးတွေ အလွမ်းပြေကြည့်သွားပါတယ်။
    မြစ်နားက ရာသီက နေလို့ကောင်းတာ မှတ်မှတ်ရရ။
    :hee:

    • ဆူး

      January 30, 2013 at 9:30 am

      မြစ်ပြင် မှာ အခိုးတွေ တက်နေတာ ကြည့်ရတာ အရမ်းသဘောကျမိတယ်..
      တိမ်တွေ မျောနေသလိုလို.. မင်္ဂလာဆောင်တွေမှာ သီးသန့်တောင် အငွေ့ လုပ်ပြီး လမ်းလျှောက်ကြသေးတာဆိုတော့.. တရုတ်ကားထဲက နတ်ပြည်တက်သွားရင် အငွေ့တွေနဲ့ ပုံစံမျိုးနဲ့ တူနေတယ်။

  • Wow

    January 30, 2013 at 11:21 am

    ပုံတွေကြည့်ပီး ငယ်ဘွတုံးက မြောင်းမြနဲ့ ပုသိမ် တစ်ညအိပ်ရေလမ်းသင်္ဘောခရီးကို လွမ်းလိုက်တာဆူးရယ် …

    • ဆူး

      January 30, 2013 at 11:41 am

      ဆူး လည်း ငယ်ငယ်က ဧရာဝတီတိုင်း ဘက်ကို သင်္ဘောနဲ့ ခဏခဏ သွားရတယ် အဘိုးအဘွားတွေ ရှိတဲ့ အတွက် ကျောင်းပိတ်ရက် သွားလည်ရတယ်။
      သင်္ဘော မနက်ပိုင်း စီးသွားရင် တွံတေး တူးမြောင်းမှာ ထမင်းထုတ်တွေ ဝယ်စားရတယ်.. ကလေးဘဝ ဆိုတော့ ဘယ်နေရာ ရောက်ရောက် ပျော်နေတာပဲ..
      သင်္ဘောနောက်က လိုက်တဲ့ ဇင်ယော်လေးတွေကို ပေါင်မုန့် ဝယ်ကျွေး စာကလေးခွေ ဝယ်ကျွေးနဲ့ သိပ်ပျော်ဖို့ ကောင်းတယ်။

  • thureinmaung

    January 30, 2013 at 2:55 pm

    မွန်းကြပ်ရှုပ်ထွေးလှတဲ့လူတွေကြားထဲမှာနေရတာထက်ဒီလိုအပူပင်ကင်းတဲ့နေရာမှာ
    ဘဝကိုအေးအေးချမ်းချမ်းကျော်ဖြတ်သွားချင်တဲ့စိတ်တွေဒီပုံလေးတွေကြည့်ရင်း
    ပိုပြီးတော့တဖွားဖွားဖြစ်ပေါ်လာမိတယ်
    ပြိုင်ဆိုင်မှုမရှိ၊ တိုက်ခိုက်မှုမရှိ၊ချစ်ခြင်းမုန်းခြင်းမရှိ၊
    လျပ်စစ်မီးမလို၊ အင်တာနက်မလို်၊အိမ်လခပူစရာမလို၊ အလုပ်အကိုင်မရှိမှာပူစရာမလို
    အေးချမ်းလိုက်မယ့်ဖြစ်ခြင်း….
    စိတ်ထဲမှာဘဲတောင့်တနိုင်တာပါ၊ကိုယ်တကယ်ရောနေရမယ်ဆိုရင်နေနိုင်ပါ့မလား၊
    ပုံလေးတွေကတော့တကယ်စိတ်ချမ်းသာစရာကောင်းပါတယ်ဗျာ…

    • ဆူး

      January 30, 2013 at 2:57 pm

      အဲ့ဒီဘက်တွေမှာ တကယ်သာယာတယ်.. ခြံလေး ဥယျဉ်လေးစိုက်ပြီး အေးအေးချမ်းချမ်းနေရရင်လည်း မဆိုးလှဘူး ဆိုတဲ့ အတွေးကလေး ဝင်မိပါတယ်။

  • လှလိုက်တာမဆူးရေ…လိမ္မော်ရောင် နေဝန်းကြီးမိုက်မှမိုက်…
    ထုံးဘိုဆိုလို့ ကရင်ပြည်နယ်၊သံတောင်နားက ထုံးဘိုကြီးအောက်မေ့နေတာ…

    • ဆူး

      January 30, 2013 at 3:44 pm

      ပြည်မြို့ က တောင်ကုတ်လမ်း ကနေ သွားရတယ်… ၂နာရီလောက် မောင်းလိုက်ရင် ရောက်တယ်။

  • အရီးခင်လတ်

    January 30, 2013 at 6:02 pm

    သူများနိုင်ငံက ရှုခင်းတွေ လှသလို တို့ပြည်က ရှုခင်းတွေကလဲ တစ်မျိုးလှတာပါဘဲ။

  • ဦးကြောင်ကြီး

    January 31, 2013 at 10:52 am

    အကောက်တောင်
    ခြောက်ရှောင်
    ဗျောက်မောင်
    ထောက်ပေါင်
    လောက်ကောင်
    မျောက်ယောင်
    ရောက်ဖြောင်
    ဒေါက်ဆောင်..။

Leave a Reply