မိုင်၁၀၀ဝ ခရီးစဉ်(၂)

kaiJanuary 29, 20135min51449

ဒါက.. ခရီးစဉ်(၁ )အဆက်ပါ..။
ခရီးစဉ်(၁)ကို အောက်ကလင့်ခ်ကနေကြည့်ပါနော…

မိုင်၁၀၀ဝ ခရီးစဉ်(၁)

ဆိုတော့…

သွားခဲ့တာကိုထပ်ပြောရရင်.. လော့စ်အိန်ဂျလိစ်ကနေ.. ဆန်ဟိုဆေး(ဆီလီကွန်ဗယ်လီမြို့တော်) ကို.. ပစိဖိတ်ဟိုင်းဝေးခေါ်တဲ့ သမုဒ္ဒရာကပ်လမ်းကနေတက်တာ. ဆန်ဟိုဆေးနဲ့ ဆန်ဖရန်ကြားမှာ စတန်င်းဖို့တက္ကသိုလ်ကိုဝင်. … အဲဒီကနေ ဆန်ဖရန်စစ္စကို.. နောက်.. မြောက်ဖက်ထပ်တက်ပြီး.. ဝိုင်ထုတ်ရာမှကမ္ဘာကျော်တဲ့ နပတောင်ကြားဒေသပေါ့..။ အဲဒီကနေ.. ရီနိုဆိုတဲ့ နီဗားဒါပြည်နယ်ထဲက မြို့ကလေးသွားမလို့ဟာ.. နှင်းမုန်တိုင်းနဲ့တိုးပြီး.. အဲဒီအခြမ်းဖျက်လိုက်ရတယ်..။

နပဗယ်လီကနေပြန်ဆင်းလာပြီး ဘာကလေးယူနီဗာစတီကိုဝင်. အဲဒီကမှ.. နံပါတ်၅ ဖရီးဝေးလမ်းနဲ့ အယ်လ်အေပြန်ပါတယ်..။

မိုင်၁၀၀ဝ ခရီးစဉ်(၁)မှာ စတန်င်းဖို့တက္ကသိုလ်အထိ ရေးထားပါတယ်..။

အခုကတော့.. ဆန်ဖရန်(ဘေးဧရိယာ)နဲ့ နပတောင်ကြားဒေသဖြစ်ပါတယ်..။

ဒီခရီးစဉ်ထဲ ဓါတ်ပုံတွေကို မှတ်ချက်နဲ့ရေးသွားမယ်ဖြစ်ပြီး.. ကော်မန့်နဲ့ပဲ လိုတာတွေ..မေးတာတွေဖြည့်ပါ့မယ်..။
ခရီးသွားဆောင်းပါးပုံစံမျိုးထက်.. လမ်းကအခြေအနေ..အဖြစ်အပျက်တွေ.. ခရီးနဲ့တူတူလိုက်လာရင်း..စကားတပြောပြောနဲ့.. ဆွေးနွေးရေးသွားသလို ဖြစ်ချင်လို့ပါ..။
အင်တာနက်ခေတ်ရဲ့..  ဆန်းသစ်တဲ့ရေးနည်းသစ်ပေါ့နော..။

ကြားထဲ ပိုသိသူတွေ.. ရောက်ဖူးသူတွေ.. ပုံစံဆင်တူတွေ..  ကော်မန့်နဲ့ပဲ ဆွေးနွေးရေးပေးစေလိုပါတယ်..။
ဖတ်သူတွေကလည်း.. မရှင်းတာရှိရင်မေးပါနော..။
ကျုပ်က..တိုးဂိုက်တယောက်ပါလို့.. သဘောထားပေါ့…။

DSC_0136
ဂိုးဒ်ဒမ်းဂိတ်တံတားက ဆန်ဖရန်စစ္စကိုမြောက်ဖက်စွန်းမှာ ရှိတာဖြစ်ပြီး… ဟိုဖက်ကမ်းကို ချိတ်ဆက်ဖောက်ထားတာပါ။ အဲဒီတံတားနား ကားရပ်နားကွင်းသေးသေးလေးရှိပြီး အခုဓာတ်ပုံက အဲဒီကားပါ့ကင်မှာ ခဏရပ်ထားတဲ့ ဘတ်စ်ကားကိုရိုက်ထားတာပါ..။ ရုပ်ရှင်ထဲခဏခဏပါတဲ့ကားလို့ ထင်တာပဲ..။
DSC_0137
ကားရပ်တဲ့နေရာကနေ ကပ်ရက်လမ်းကူးလိုက်ပြီး တံတားကိုလှမ်းရိုက်တာပါ..။ သာမန်အားဖြင့် မြူတွေနဲ့ ဝေမှိုင်းနေတတ်တာမို့.. တံတားထိပ်အထိ ရှင်းရှင်းမမြင်ရတတ်ပါဘူး..။
DSC_0141
ကလေးတွေလည်း မခေဘူးပဲ..။ ဘာတွေချောင်းနေမှန်းမသိ..။
DSC_0147
ကွန်တိန်နာတင် သင်္ဘောကြီး တံတားအောက်ကနေ ဖြတ်ထွက်လာတာပါ..။
ပေလေးဆယ်ကွန်တိန်နာတွေတင်တဲ့ သင်္ဘောကြီးနဲ့ တံတားနှိုင်းမြင်နိုင်ပါလိမ့်မယ်..။
အဲဒီတံတားကို.. X-Men ထဲ.. စိတ်တန်ခိုးနဲ့..ချိုးပြခဲ့သဗျ…။
DSC_0155
ခုနကပုံတွေက..( ဆန်ဖရန်ဖက်ကမ်း )ညာဖက်ကနေရိုက်နေတာဖြစ်ပြီး အခုက တံတားရဲ့ဘယ်ဖက်က…
နေဝင်နေတာကို.. အဲဒီလူနဲ့အဲဒီမိန်းကလေးလှမ်းကြည့်နေကြတာပါ..။ ဆိုတော့.. ဂိုးဒမ်းဂိတ်တံတားရဲ့.. ဘယ်ဖက်ဟာ.. နေဝင်တဲ့အနောက်ဖက်ဖြစ်ပါတယ်..။
DSC_0172
ပြန်အထွက်လာမှာ ကားပါ့ကင်ဘေးလမ်းထဲဝင်လာတဲ့ တိုးကားဖြစ်ပါတယ်..။
DSC_0177
ဆန်ဖရန်ကနေ.. အရှေ့ဖက်က ကွန်ကော့ဆိုတဲ့မြို့သွားပြီး တညတည်းပါတယ်..။ မနက်မှာ နပ (Napa Valley) www.napavalley.com ကိုတက်ပါတယ်..။
DSC_0179
နပဗယ်လီထဲရောက်ပါပြီ..။ အဲဒီမှာ Wine Train ဆိုတာ ပါတ်မောင်းနေပြီး..ရထားစီးရင်း အဲဒီနပတောင်ကြားကထွက်တဲ့ ဝိုင်တွေကို အရသာမြည်းတာပါတဲ့..။ ဈေးကြီးလို့ မစီးဖြစ်ဖူး..။
http://winetrain.com/
ဒေါ်လာ ၁၀ဝကနေ ၁၅ဝလောက်ကျတာပါ..။
DSC_0180
စပျစ်ပင်တွေပေါ့..။ ရာသီအေးတဲ့အခုလိုဆောင်းတွင်းဆို.. အဲဒီအပင်တွေအရွက်တွေကြွေ..။ သစ်ခြောက်အိုပေါ့..။ နောက်နှစ်ကျ.. အရွက်တွေအသီးတွေနဲ့.. ပြန်လည်ရှင်သန်ထမြောက်ပါတယ်..။
ရုတ်တရက်ကြည့်ရင်.. အပင်ပုလေးတွေက.. အကိုင်း၂ဖက်နဲ့.. လက်ဆန့်ထားသလိုလို….
DSC_0182
နပဗယ်လီက.. ကမ္ဘာကျော်ဝိုင်တွေထုတ်နေပြီး.. ဝိုင်းခင်းပိုင်ရှင်တွေက.. ဆိုင်ရာဝိုင်ခင်းတွေကြား အရသာမြည်းလို့ရအောင် ထိုင်ခုံခင်းလေးတွေချ.. ပြခန်းလေးတွေ.. သတင်းရုပ်ရှင်လေးတွေပြ..ဈေးရောင်း..စားသောက်ဆိုင်ဖွင့်တာတွေလည်းလုပ်ပါတယ်..။ တိုးရစ်ဇင်ပေါ့.။ အဲဒီထဲက.. ပြခန်းတခုရဲ့.. ဝိုင်ပုလင်းတွေနဲ့ဒီဇိုင်းလုပ်ထားတာတခုပါ..။
DSC_0184
အဲဒီဝိုင်ခင်းတွေထဲက.. ဝိုင်ခင်းပိုင်ရှင်တယောက်ရဲ့.. ပြခန်းတခုထဲက.. အရုပ်တွေ..။
ကြေးပြားကို.. အဲလိုလုပ်လိုက်တော့လည်း.. အနုပညာမှော်သက်နေတာမို့.. အင်း.. မိန်းမလှပေါ့နော…။
DSC_0191
အများအားဖြင့်.. အဖြူသူဌေးတွေလာတာလို့ သိရပါတယ်.။သူတို့တွေက မနက်နေမှာဝိုင်လေးမြည်း.. စကားလေးပြော..။ ကလေးတွေက..ဟိုချောင်တိုး..ဟိုနားရပ်ပေါ့..။
DSC_0196
CIA တဲ့.. Culinary Institute of America
နှစ်ရာချီနေတဲ့.. အစားအသောက်အချက်အပြုတ်သင်ကြားရေးကျောင်းကြီးပေါ့..။ http://www.ciachef.edu/california/
DSC_0204
ကျောင်းပြခန်းထဲက.. ဝိုင်ဖေါက်တံတွေ..။ အဲလိုမှန်ဘီဒိုလိုဟာမျိုးလေးငါးခုရှိတယ်..။
ဆိုတော့.. အလုပ်တခု.. သေသေချာချာ စမ်းသပ်လုပ်ကိုင်ခဲ့တာတွေရဲ့.. မှတ်တမ်းတခုပါ..။
DSC_0212
ကျောင်းရဲ့ ဒုတိယထပ်..။
အဲဒီမှာ.. အစားအသောက်အချက်အပြုတ်တီဗီအစီအစဉ်တွေကို.. ပြတဲ့..စတီရီယိုလည်းရှိတယ်..။
DSC_0221
ကျောင်းထဲက.. ဝိုင်ပြခန်း
DSC_0225
အစားအသောက်ပြင်ဆင်ပုံနည်းကွဲများ…။ လက်သုတ်ပေါင်ကာပုဝါ ခေါက်ချိုးတာမတူပုံ..။ သတိထားမိစေလိုပါတယ်..။
DSC_0231
ဝိုင်နဲ့..သူ့ကိုုထုတ်လုပ်ရာ စည်ကြီးများ ပြခန်း

 

49 comments

  • nozomi

    January 29, 2013 at 4:50 pm

    သူကြီး ခင်ဗျ

    အမေရိက မှာ ကားတွေက ဘယ်မောင်းချည်းပဲလား ညာမောင်းကားတွေရောခွင့်ပြုလား

    ရထားလမ်း အကျယ်လဲ နှစ်မျိုး ရှိတယ် ကြားဖူးတယ် အတိအကျတော့ မေ့နေတယ်
    ( မြန်မာပြည်က တော့ အကျဉ်း ဆိုတာ မှတ်မိတယ် ) အဲဒီ က ရထားလမ်း က အကျဉ်းလား အကျယ်လား ၊ အကျယ် ဆိုရင် ဘယ်တုန်းက စတာလဲ

    ဝိုင်ဖြူ နဲ့ ဝိုင်နီ ဘယ်ဟာ ပိုကြိုက်လဲ

    • kai

      January 29, 2013 at 5:07 pm

      ကားတွေက.. လက်ယာကပ်မောင်း ..မြန်မာပြည်နဲ့တူတူပေါ့..။ အဲဒီတော့.. ဖရီးဝေးကျော်တက်မယ်ဆို.. ဘယ်ဖက်ကတက်ရတာမို့.. ကားမောင်းသူဟာ.. ဘယ်ဖက်ထိုင်မှ မျက်နှာချင်းဆိုင်ကလာတဲ့ကားကို မြင်နိုင်မှာလေ..
      ဆိုတော့..
      ကားတွေကို.. ဘယ်မောင်းထီတွင်လိုက်ကြတာဖြစ်ပါတယ်..။
      ညာမောင်းတွေသွင်းရင်..ကိုယ်လွတ်လပ်ခွင့်နဲ့ကိုယ်မို့.. ခွင့်ပြုတယ်လို့တော့ ကြားဖူးတာပဲ..။ ပြဿနာက.. အာမခံကအန္တရာယ်များနှုန်းတက်လာသမို့.. ကားအာမခံပုံမှန်ကြေးနဲ့ရောင်းမယ်မထင်ကြောင်း..။
      =
      ရထားလမ်းအင်ဖရာစရပ်ချာက.. ယူအက်စ်ကတော်တော်ညံ့တာပါ.။ ဘူးလက်ထရိန်းမရှိဘူးလေ..။
      အဲဒါအစိုးရကလုပ်မယ်ပြောလိုက်..။ ဓါတ်ဆီသမားတွေက.. လဘ်ထိုးပိတ်လိုက်နဲ့..။
      သိသလောက်.. ကုန်တင်ရထားတွေများတာမို့.. အကျယ်တွေများမယ်လို့ထင်တယ်..။
      အောက်မှာ.. ဝိကီ..
      http://en.wikipedia.org/wiki/Track_gauge
      =
      ဝိုင်နီကြိုက်ပါကြောင်း.။ :kwi:
      စကားအတင်းစပ်ပြောရရင်.. နပဝန်းကျင်မှာ.. ဝိုင်ထုတ်ရောင်းသူဌေးဖြစ်နေတဲ့.. ဘားမန်င်း-အမေရိကန်တယောက်ရှိကြောင်း..။
      http://inapawine.com/

      • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

        January 29, 2013 at 6:12 pm

        ဝိုင်တောင် inapawine ဆိုဘဲ…
        ဘာလို့ ရှေ့က “i” ထည့်ထားတာလဲဆိုတာသိချင်သား… ခိခိ

        ခင်မင်လျက်-
        iFattyCat

      • ပန်းစံပါယ်

        January 31, 2013 at 3:20 pm

        ” ရထားလမ်းအင်ဖရာစရပ်ချာက.. ယူအက်စ်ကတော်တော်ညံ့တာပါ.။ ဘူးလက်ထရိန်းမရှိဘူးလေ..။
        အဲဒါအစိုးရကလုပ်မယ်ပြောလိုက်..။ ဓါတ်ဆီသမားတွေက.. လဘ်ထိုးပိတ်လိုက်နဲ့..။ ”

        အဲဒီမှာ မြန်မာပြည်နဲ့တူတဲ့အချက်လေးတစ်ခုရှိတာကို သတိထားမိလိုက်တယ်။ အားငယ်စရာမလိုတော့ဘူး။ မြန်မာပြည်က သူတို့နဲ့တန်းတူပဲဆိုပြီး ဂုဏ်တုဂုဏ်ပြိုင် နှိုင်းယှဉ်ပြီးပြောလို့ရတာပေါ့။ ဟဲဟဲ

  • Shwe Ei

    January 29, 2013 at 5:34 pm

    ဟာဂျာ သဂျီးကလဲဂျာ ဝိုင်ပုလင်းရီးတေဂျာ…… :mrgreen:

  • ကိုရင်စည်သူ

    January 29, 2013 at 6:01 pm

    အတော်သွားနိုင်လာနိုင်တဲ့ သဂျီးပါလားဗျာ့… ဂိုးလ်ဒင်းဂိတ်တံတားက
    ဘယ်လောက်ရှည်လည်ခင်ည.. ကိုရင့်ရွာချောင်းအင်းစိန်က အောင်ဇေယျ
    ကြိုးတံတားလောက်တောင်မရှည်သလိုလို့ စိတ်ထဲခံစားရတယ်…။ :mrgreen:
    ဝိုင်ဖြူနဲ့ ဝိုင်နီ ဘယ်ဟာပိုပြင်းလဲသဂျီး.. အဖြူသမားဆိုတော့ ကိုရင်တော့
    အဖြူပျင်းမယ်ထင်ကြောင်းနဲ့ .. သဂျီးရဲ့ ဓါတ်ပုံရိုက်ပညာက.. အမျိုးသမီးလှလှတွေ
    ရိုက်တဲ့အခါ ပိုပေါ်လွင်ကြောင်းနဲ့… အချောင်းအချွန်တွေ၊ အလုံးအပြားတွေကို
    ဗဟိုပြုရိုက်တတ်ကြောင်းမှတ်သားထားပါတယ်.. :kwi:
    ပြင်ဦးလွင်ဘက်မှာလည်း အဲ့လိုမျိုး ဝိုင်ပြခန်းလေးထားရင် ပိုကောင်းမယ်ထင်မိကြောင်း..
    ဝင်ဖောသွားပါသည်…

    • kai

      January 30, 2013 at 2:34 am

      ဒီနှစ်ထဲ.. နယူးယောက်အထိ.. မိသားစုနဲ့ကားမောင်းမလားတွေးနေတာ..
      မြန်မာ-ဂျပန်အကွာအဝေးလောက်ပေါ့..။

      .. အချောင်းအချွန်.. အလုံးအပြား ဗဟိုပြုဓါတ်ပုံပညာပေါ့နော..။ :kwi:

      မြန်မာ့ဝိုင်ခင်းတွေ.. အဲလိုလုပ်ဖို့ကောင်းတယ်..။
      တိုးရစ်ဇင်ကနေ.. ဝင်ငွေအပိုရတာပေါ့..

  • ဂန္ဓာရီ ဆြာအုပ်

    January 29, 2013 at 6:06 pm

    တဂျီး ..တဒါးအောက်က ကောင်မရေးက ဘူရေးရဲ
    အဖြူဟုတ်ဘူးနော်
    ချစ်ချာရေး

  • Mr. MarGa

    January 29, 2013 at 7:07 pm

    တံတားအောက်က ကောင်မလေးကို ရိုက်ထားတဲ့ပုံရယ်
    ကလေးတွေကို ရိုက်ထားတဲ့ပုံရယ်ကို ကြည့်ပြီး ကြိတ် ဝေဖန်သွားပါတယ်
    မေးချင်တာကတော့
    ဘယ်နှရက် ကြာသလဲ
    ဘာတွေ လုပ်ခဲ့လဲ
    တစ်ကိုယ်တော်လား
    အဲလောက်လေးပါပဲ
    ခရီးစဉ်ကိုတော့ ကြည့်ပြီး သွားချင်စိတ် နည်းနည်း ဖြစ်မိတယ်

    • kai

      January 30, 2013 at 2:41 am

      ပုံတွေဒီလောက်အများကြီးထဲ.. ကုလားနဲ့ဘိုနဲ့စပ်ထားတာလေးကို တော်တော်စိတ်ဝင်စားကြပုံပေါ်တယ်..
      .. တံတားကြီးနဲ့.. ရုခင်းလှများအတွက်.. အနိစ္စ.. :buu:

      ၃ညအိပ်ခရီးပါ..။
      မိသားစုခရီးပါဆိုနေမှ.. သမီးပါပါတယ်ဟေ့…
      အဲလောက်ကြီးပါပဲ..။ :harr:

      • Mr. MarGa

        January 30, 2013 at 2:30 pm

        အဓိကနဲ့ နီးလာပြီ
        ဆိုလိုရင်းကတော့
        ရှုခင်းများလဲ လှပါ၏
        ရှားရှားပါးပါး ရိုက်ထားတဲ့ လူပုံတွေမို့ ပိုသတိထားမိတာပါ
        ဒါနဲ့
        သမီးပုံလေးရော မရိုက်ခဲ့ဘူးလားလို့ :harr:
        မေးချင်တာက အဲဒါ

  • မောင်ပေ

    January 29, 2013 at 8:20 pm

    ဝိုင် ဆိုတာ သောက်ပြီးရင် အရမ်းအိပ်ချင်စိတ်ဖြစ်စေတတ်တဲ့အမျိုးကလား
    အဲ့အဖြူသူဌေးတွေ က မနက်ခင်းပိုင်းကို ဝိုင်ကစ်တယ်ဆိုတော့ ၊ အားကျမိတယ်ဗျာ
    သောက်ပြီး အိပ် ၊ အိပ်ယာနိုးတော့ ထပ်သောက်များ ဖြစ်နေမလားလို ့တွေးမိရင်း

    • kai

      January 30, 2013 at 2:49 am

      ကိုမောင်မောင်ပေရေ့..
      ဝိုင်ထဲ အရက် ၁၀-၁၅ရာနှုန်းလောက်ပါတာ.. သောက်ပြီးအိပ်ချင်ရင်တော့.. သိပ်မဟုတ်တဲ့ဝိုင်ဖြစ်မယ်..
      မဟုတ်မှလွဲရော.. ဝိုင်အတုသောက်မိတာဖြစ်မယ်..

      အရက်ကိုပျော်ချင်လို့ ..ဇိမ်ခံသောက်ပါတယ်ဆိုမှ.. သောက်ပြီး အိပ်..အိပ်ယာနိုးတော့ ထပ်သောက်..အိပ်သောက်ကြီးဖြစ်နေမှာပေါ့ကိုရင်ရယ်…

      ဒုတ်ခွ.. :kwi:

  • Mobile

    January 29, 2013 at 10:28 pm

    မင်္ဂလာပါ သူကြီးရေ
    စပျစ်ပင်လေးတွေကိုကြည့်ပြီး မေးချင်တာလေးတွေ့လို့ပါ
    စပျစ်ပင်ဆိုတာ ပင်ဂိုကိုက အဲ့ဒီလို လက်ဆန့်ထားတဲ့ပုံဖြစ်လာတာလား ဒါမှမဟုက်
    အဲ့ဒီပုံမှာပါတဲ့ စိုက်ခင်းထဲက အပင်တွေက ပုံဖော်ထားတာလား ဆိုတာလေးပါ။

    • kai

      January 30, 2013 at 2:53 am

      အဲဒီမှာတွေ့တဲ့.. စပျစ်ပင်တိုင်း..အဲလိုကြီးဖြစ်နေသဗျ..
      ကျုပ်လည်း.. မတု်ိင်ခင်က.. စပျစ်ပင်တခါမှမြင်ဖူးတာမဟုတ်..။

      ကျောင်းသားဘဝက.. တောင်ငူဖက်ကသူငယ်ချင်း..ကျောင်းပြန်ဖွင့်လို့လာတက်ရင်.. စဗျစ်သီးတွေခြင်းတောင်းနဲ့ယူလာတတ်တယ်..
      အဲဒါ..အဆောင်မှာ..သွားစားကြသောက်ကြတာပေါ့..
      အသီးပဲမြင်ဖူးတာ..။
      သတိရမိသား…။

      • မောင်ပေ

        January 30, 2013 at 8:10 pm

        ကျုပ် ကြားဖူးတာကတော့ စပျစ်ပင် ဆိုတာ နွယ်ပင်အမျိုးတဲ့ (ဂေဇက်ရှိ နွယ်ပင် မဟုတ်)
        အပြင်မှာတော့ မမြင်ဖူးသေးဘူးရယ်
        ဒီတစ်ခါ မိတ်ထီလာမြို ့ကို ဖြတ်တဲ့အခါမှ စပျစ်ပင်မြင်ဖူးအောင် ဝင်ကြည့်ပြီး ၊ ဓါတ်ပုံရိုက်ခဲ့ဦးမယ်ဗျာ

        • padonmar

          January 30, 2013 at 11:11 pm

          ကျောင်းတုံးက trip ထွက်ရင်း ပျော်ဘွယ်မှာ စပျစ်ခြံတွေ သွားကြည့်ခဲ့ဘူးပါတယ်။
          နွယ်ပင်တွေကို ဘူးစင်တင်သလို စင်နဲ့ စိုက်ထားတာပါ.
          ဘူးသီးသီးသလို စပျစ်ခိုင်လေးတွေ တွဲလောင်းကျသီးနေတာကိုင်ပြီး ဒါ့ပုံရိုက်ခဲ့ကြပါတယ်။
          သူကြီးရဲ့ စပျစ်ပင်တွေကတော့ သက်တမ်းရင့်လို့များလား တွေးမိပါတယ်။

  • ခိုင်ဇာ

    January 29, 2013 at 11:02 pm

    ဝိုင်ပုလင်းတွေနဲ့ ဝိုင်ဖောက်တံတွေတော့ စိတ်ဝင်စားတယ်ဗျာ။
    ကျနော့ သူငယ်ချင်းထဲ ထူးထူးဆန်းဆန်း ဝိုင်ဖောက်တံ စုဆောင်းသူရှိသဗျ။ ကူးပါစေနော့။

    ဂိုး(လ)ဒင်းဂိတ်ကြီး လှချက်။
    စကားမစပ် တရုတ်က ဒီ တံတားပုံစံကို တုပြီးဆောက်တဲ့ စပ်စပန်းရှင်းဘရစ်ကြီးက ၈ လ အတွင်းပြိုတာ။
    ဘာကွာတုန်းမသိ။
    :harr:

    • kai

      January 30, 2013 at 12:33 pm

      တခြားရိုက်ထားတာတွေ..ညမှ..ဒီမှာပဲတွဲတင်ပေးလိုက်ဦးမယ်..။
      ကူးဖို့ပါ.။
      အဲဒါလေးတွေကြည့်ပြီး.. မြန်မာငံပြာရည်ကို.. အနံ့မထွက်အောင်..ပိတ်နည်း.. ပုလင်းဖွင့်နည်းလေး.. သုတေသနလုပ်ပေးပါလို့..။
      စကားမစပ်.. မြန်မာက.. ဝိုင်ပုလင်းပုံစံ..ဗူးဆို့ပုလင်းဖုံးပုံစံ.. ဖေါက်တံပုံစံ..ထောင်ချီရှိတာတောင်.. ငံပြာရည်..ငပိပုလင်းတွေအတွက်.. တခါမှအတုယူလုပ်တယ်မကြားဖူးဘူး..။
      လူလူချင်းအတူတူ.. စိတ်ဓါတ်ရေးရာဘာကွာတုန်းမသိ..။ :harr:


      လိုချင်သူများအတွက်.. High Res နဲ့ပုံပါခင်ဗျ..
      https://myanmargazette.net/wp-content/uploads/2013/01/DSC_0208.jpg
      https://myanmargazette.net/wp-content/uploads/2013/01/DSC_02041.jpg

  • ဦးဦးပါလေရာ

    January 30, 2013 at 12:35 am

    တံတားက မြင်သာတဲ့ အနီပျော့ရောင်သုတ်ထားတော့ တော်တော်ရုပ်ဆိုးပါတယ်။
    တိုးကားကတော့ မြန်မာမျက်စေ့မှာ မီးသတ်ကားနဲ့တော်တော်တူတာပဲ…။
    :kwi:

    • kai

      January 30, 2013 at 4:22 am

      ဆန်ဖရန်ဘေးဧရိယာက.. မြန်မာတော်တော်များများနေတယ်..
      ဆိုတော့.. ဆန်ဖရန်သူားတို့ရေ…။
      ဟောဒီမှာဗျို့..
      ဦးလေးပါ ပြောနေတာပါဗျို့.. လို့..။ :kwi:

      http://www.neatorama.com/2008/03/07/10-most-beautiful-bridges-in-the-world/
      10 Most Beautiful Bridges in the World
      1. Golden Gate Bridge
      2. Tower Bridge
      3. Brooklyn Bridge

      • မောင့်ကျက်သရေ ဂီ့

        January 30, 2013 at 5:53 am

        ပို့သသော မေတ္တာကြောင့်ဖျားဘီဗျို့
        လေးလပတ်တောင် ရွှေ့ရလောက်အောင် အဲဂယောဘု တဘုလုံးဆေးရုံပေါ်ရောက်ကုန်ကြဘီ.
        ချိတ်ညစ်ပါလယ်. အဟွတ်အဟွတ်

        • kai

          January 30, 2013 at 12:07 pm

          စိတ်ရော..ရုပ်ရော..ဖြစ်တဲ့နေရာတင်ပျက်တယ်တဲ့..
          ပို့လွှတ်လို့မရဘူးလို့.. အဘိဓမ္မာဆိုပြီး.. ဘုရားဟောဓမ္မတွေကို.. အဘိ(ရှယ်) ထပ်လုပ်ထားတဲ့.. နောက်ပေါ်ပဋိကတ်၁ပုံမှာဆိုပါတယ်..။
          မေတ္တာလည်း ပို့လွှတ်လို့မရဘူးပေါ့..

          ဆိုတော့..
          ဗိုင်းရပ်စ်ကတော့.. ပို့လွှတ်လို့ရတယ်..။ယူအက်စ်မှာကပ်ရောဂါအဆင့်ဖြစ်သွားတဲ့.. ဖလူဗိုင်းရပ်စ်က..ဂျပန်ကိုခြေဆန့်တယ်ပေါ့..။
          တပါတ်လောက်ခံလိုက်ဦးဂီဂီရေ.. :kwi:

        • ဦးကြောင်ကြီး

          January 31, 2013 at 10:43 am

          ပရမတ်အလို ပို့လို့မရဆိုတာ ဖြစ်နိုင်တယ် ဖြစ်တဲ့နေရာမှာတင် ပျက်တယ်။ ပညတ်သဘောမှာတော့ ရတယ်။ ပို့သူကလည်း အဟုတ်ထင် အရှိယူပို့တာ၊ လက်ခံသူကလည်း တကယ်အမှတ်နဲ့ စွဲပီးလက်ခံတယ်။ ဒီတော့ ရကောင်းတယ်။ နှစ်ယောက် နှစ်ဖက် လက်ခံရင် ဖြစ်ရပ်တခု မြောက်တယ်လေ..။ :kwi: ပရမတ်မှာတော့ တဦးတယောက် တစုံတခုဆိုတာ မယူလို့ ဖြစ်စရာမရှိဘူး။ ဓမ္မဆိုတာ လက်တွေ့ကျင့်သုံးရတဲ့အရာ တွေးတောကြံဆနေဖို့ မဟုတ်ဘူး…။ ဝိုင်းဆဲဂျကွာ မိစာ္ဆဒိဠိ သဂျီးကို….

  • ဗုံဗုံ

    January 30, 2013 at 9:24 am

    သဂျီးကတော့ မိုင်တစ်ထောင်ခရီးစဉ် သွားတာတောင်မှဘဲ အဘဖောလို ဘဲဥပုံ မျက်နှာလေးတောင် မပါရှာဘူး အမှုကလည်း တော်တော်ကြီးတယ်ထင်ပါ့ အနိစ္စ…. :mrgreen:

  • DEPARKO DEPARKO

    January 30, 2013 at 10:01 am

    သူဂျီးရေ ဝိုင်တစ်ပုလင်းလောက်ပို့ပေးပါဗျို့

  • ရွှေတိုက်စိုး

    January 30, 2013 at 10:27 am

    သူကြီး..
    စတန်င်းဖို့တက္ကသိုလ်ကိုဝင်တော့
    စကဒ်တိုဖြင့် မဝင်ရ.. တို.
    ယဉ်ကျေးမှုကို ထိန်းသိမ်းပါတို..
    ကွမ်းတံတွေးမထွေးရ တို.. အဲလို ဆိုင်းဘုတ်တွေ ရှိလားဟင်…….
    ချိတ်ချိုးနဲ.နော်.. တားဒို.ချီမှာ အများကြီးချိလို. ချိမလားထင်လို. မေးကြည့်ဒါ……..

    • kai

      January 30, 2013 at 12:23 pm

      စတန်င်းဖို့ကျောင်းတော်သူ..ခပ်ဟော့ဟော့ လုပ်သမျှ.. သတင်းပေါ်တက်ချလာမှာပေါ့..။
      စကဒ်တိုဖြင့် မဝင်ရ.. တို့.. ယဉ်ကျေးမှုကို ထိန်းသိမ်းပါတို့ ကျောင်းထဲစာကပ်ထားရင်.. ကျုပ်ပဲဓါတ်ပုံသွားရိုက်ပြီး.. သတင်းလုပ်စားပလိုက်မယ်..။ :kwi:

  • Foreign Resident

    January 30, 2013 at 11:40 am

    အရက်သောက်လေး ဘာလေး သင်အုန်းမှပဲ ။
    နို့မို့ရင် ၊ ဘဝကြီးက ပျင်းစရာကြီး ။

    • kai

      January 30, 2013 at 12:13 pm

      ဝိုင်တေ့စ်(wine tasting)လုပ်ရင်.. ဘေးမှာဇတ်လမ်းပုံတိုပါတ်စ ပြောပြဖို့.. လူငှားလို့လည်းရတယ်..။
      မိန်းမတွေဆိုကောင်လေးတွေ..။ ယောက်ျားတွေဆို.. မိန်းမလှတွေ..စသဖြင့်လည်းရှိတယ်တဲ့..
      တနာရီ.. ၂-၃-၄ရာစသဖြင့်ပေးရတယ်ပြောတယ်..။
      .. သူဌေးတွေအတွက်. ငွေသုံးနိုင်လေ.. လောကကြီးကအရသာအပြည့်နဲ့ ပျော်ရလေပါ..။

      ဝိုင်အမျိုးအစားတွေ.. သမိုင်းတွေအကြောင်းလည်း ..ပိုသိတာပေါ့..။
      ဝိုင်က.. နယ်ဒေသနဲ့လိုက်ပြီး..ပါဝင်တဲ့ဓါတ်မတူတာမို့.. အရသာကွဲတယ်ပြောတာပဲ.။
      ဒေသထွက်ရေနဲ့လည်းဆိုင်မယ်ထင်တယ်..။
      သိသာတာကတော့.. အဲဒီနပဒေသမှာ.. သစ်ပင်ကြီးတွေတောင်ရေညှိတွေ..နွယ်တွေနဲ့ဖြစ်နေတာတွေ့ရတာပါ..။
      နွယ်ပင်မျိုးနွယ်တွေ.. စွမ်းတဲ့ဒေသထင်တယ်..။ :kwi:
      အာဂတို့နဲ့တော့.. သိပ်အဆင်ပြေမယ်..မထင်..

  • Thu Wai

    January 30, 2013 at 12:22 pm

    အများအားဖြင့်.. အဖြူသူဌေးတွေလာတာလို့ သိရပါတယ်.။သူတို့တွေက မနက်နေမှာဝိုင်လေးမြည်း.. စကားလေးပြော.. ဆိုတော့ ……………. တဂျီးလဲ အဖြူသူဌေးပေါ့

    • kai

      January 30, 2013 at 12:27 pm

      .. အဲဒီမှာဝိုင်မြည်းတောင်မမြည်းလိုက်ရပါဘူး..။ သူများမြည်းနေတာ.. ထိုင်ငေးလာတာ..။
      ဝိုင်အကြောင်းလည်းကောင်းကောင်းမသိပါဘူး..။
      ကျုပ်က.. အဝါငမွဲလေ..။ :kwi:

  • Ma Ei

    January 30, 2013 at 12:28 pm

    စပျစ်ပင်တွေက သက်တမ်းရင့်အပင်တွေဖြစ်မယ်ထင်တယ်..
    အရွက်၊အသီးတွေနဲ့ များဆိုရင် အတော်လှမှာနော်…
    ဝိုင်ဖြူ၊ဝိုင်နီ အကြောင်းကို City Mark ရဲ့ လစဉ်ထုတ်စာအုပ်လေးတွေမှာ
    အမြဲဖတ်ရပါတယ်…ပုလင်းလှဲထားရတာကအစပါ…
    စိတ်ဝင်စားစရာကောင်းပါတယ်…

  • kai

    January 30, 2013 at 3:36 pm

    စကားအတင်းစပ်.. အပေါ်ကCIA ကျောင်းမှာ.. မြန်မာအစားအသောက်စာအုပ်လည်း.. တွေ့ခဲ့သဗျ..
    အမေဇုံမှာရောင်းတယ်..။$19.83 တဲ့..။

    Burma: Rivers of Flavor [Hardcover]
    Naomi Duguid (Author)
    http://www.amazon.com/Burma-Rivers-Flavor-Naomi-Duguid/dp/1579654134/ref=sr_1_1?ie=UTF8&qid=1359536296&sr=8-1&keywords=naomi+duguid

  • အရီးခင်လတ်

    January 30, 2013 at 4:22 pm

    သူကြီး
    ကျွန်မ ကြားဖူးတာ။
    ပေါင်မုန့်၊ ဝိုင်၊ ချစ်သူ နဲ့ စပျစ်ပင်အောက်မှာ ဆိုတဲ့ ကဗျာတစ်ပုဒ် ကို ဝိုင်းဟားထားတာ ကြားဖူးတယ်။
    အလွတ်တော့ မရတော့ဘူး။
    စပျစ်ပင်ဆိုတာ နွယ်လို့ အပင်အောက် မှာ ထိုင်လို့ မရဘူးဆိုတဲ့ သဘောပေါ့လေ။
    အခု သူကြီးရဲ့ ပုံထဲက စပျစ်ပင်တွေက တော့ အောက်မှာ ထိုင်ပြီး ပစ်ကနစ် လုပ်လို့ ရတာဘဲ။
    ဒီတော့ ဘယ်သူတွေကများ ဟားထားလဲ မသိ။ 🙄

    အဆောက်အဦးကြီးက ခန့်ညားလိုက်တာ။
    ဒီမှာလဲ တိုးရစ် ကားတွေက အနီရောင်ပါဘဲ။
    သိသာမြင်သာအောင် အနီရောင် သုံးကြတာထင်ရဲ့။

    • Foreign Resident

      January 30, 2013 at 5:14 pm

      ” ပေါင်မုန့်၊ ဝိုင်၊ ချစ်သူ နဲ့ စပျစ်ပင်အောက်မှာ ဆိုတဲ့
      ကဗျာတစ်ပုဒ် ကို ဝိုင်းဟားထားတာ ”

      အရီးလတ်ရေ ။
      အဲဒီ တုန်းက “စပျစ်ပင်အောက်မှာ” ဆိုလို့ ဝိုင်းဟားတာ မဟုတ်ပါဘူး ။
      စတော်ဘယ်ရီ ပင်အောက်မှာ ဆိုလို့ ဝိုင်းဟားကြတာပါ ။

      • အရီးခင်လတ်

        January 30, 2013 at 5:19 pm

        အကြောင်းအရာတွေ လွဲပြီး မှားပြောစ ပြုလာတဲ့ အဖွားကြီး ကိုသာ ဝိုင်းဟားကြပါတော့။
        သင်းကျူး ကြီးပါ ကိုအဘဖောရေ့။ 😆

      • kai

        January 30, 2013 at 11:55 pm

        အမှတ်မမှားရင်.. အဲဒါကဗျာတောင်မဟုတ်..။
        နာမယ်ရစာရေးဆရာက.. ဝတ္ထုထဲထည့်ရေးတာ..။
        ဆိုတော့..
        သူဆိုလိုတာ.. အောက်ကဓါတ်ပုံထဲကအပင်လို့… ဖြည့်တွေးလိုက်ပါ..။ :kwi:

  • lele

    January 30, 2013 at 6:18 pm

    ကျမ မိတ်ဆွေကိုနောက်ခဲ့ဘူးတယ်. ကယ်လီဖိုးနီးယားမှာနေတဲ့သူ က သူ ့ဒေသကထုတ်တဲ့ ဝိုင်ကောင်းတယ်ပြောမှာပဲ လို ့.. ဟီး..သူကြီးကမှ စောစော မတင်တာ.

  • အဲ့ဒီ ဂိုးဒင်းဂိတ်ကြီးကို မြင်တော့.. လွန်ခဲ့တဲ့ တစ်နှစ်လောက်က ဆော့ခဲ့တဲ့ Big City Adventure ဆိုတဲ့ ဂိမ်းကို သတိရသွားတယ်… ဆန်ဖရန်ဆစ်စကိုက နာမည်ကြီးနေရာတွေရဲ့ ပုံတွေမှာ ပစ္စည်းတွေဖွက်ထားတာကို လိုက်ရှာရတာ…Child Play ဆိုပေမယ့် ပျော်စရာကြီး.. :mrgreen:

  • ဘဂျီးးး
    ဟိုပုံထဲက လက်ကိုင်ပဝါတွေ ခေါက်ထားတာ
    ဘာအထာလဲဗျ ….
    အိုက်ဒါလေး ပေါဘာအုံးဂျ …

  • padonmar

    January 30, 2013 at 11:28 pm

    တိုးဂိုက်ကြီးရေ
    ကျမတို့ငယ်ငယ်က Long Journey into Love ထင်တယ် ၊ဂျပန်မလေး ဆန်ဖရန်မှာ စွန်လွှတ်တဲ့ရုပ်ရှင်လေ။
    အဲဒီထဲက စွန်လွှတ်တဲ့နေရာက အခု ဒါ့ပုံထဲက နေဝင်ချိန်ကြည့်တဲ့ နေရာလို့ထင်တာပဲ။
    King Kong ရုပ်ရှင်လည်း ဆန်ဖရန်မှာ ရိုက်ထားတာလို့ ထင်ပါတယ်။
    San-Fran_Cis_Co ဆိုတဲ့ သီချင်းလေးလည်း သတိရမိပါတယ်။
    တံတားကြီးကို ထိန်းထားတဲ့ ကြိုးကြီးရဲ့ ဖြတ်ပိုင်းပုံနဲ့ ဆန်ဖရန်ရောက် သူငယ်ချင်းတွေ ရို်က်ပြကြတာတွေ့ဖူးပါတယ်။
    အဲဒီနေရာလေး ရိုက်လာသေးလား။

    • kai

      January 31, 2013 at 12:18 am

      ဆန်ဖရန်စစ္စကိုသီချင်းဆိုတာ.. မေဆွိလို့ထင်တယ်..။ အဲဒီသီချင်းလေးဆိုပြီး ..ပညတ်သွားရာဓါတ်သက်ပါ..အမေရိကားမှာအခြေချဖြစ်သွားတာဖြစ်ချင်ဖြစ်မှာ..
      တလောကလေးတင်.. ဆန်ဖရန်မှာ.. မေဆွိနဲ့ဒေသခံ၂ယောက်ပေါင်းပြီး.. ပွဲလုပ်သွားသေး..။

      တံတားဘယ်ဖက်မှာ လမ်းလျှောက်ဖို့ ထရေလေးရှိတယ်လေ..။ ညာဖက်မှာ.. အဲဒီတံတားဆောက်ဝါယာဖြတ်ပိုင်းကြီးရှိတယ်..။ ဆန်ဖရန်ရောက်တာ အကြိမ်မနည်းတာမို့.. အဲဒါသွားမကြည့်နေတော့ပါဘူး..။

      တကယ်ကဆန်ဖရန်မှာ လည်စရာသိပ်မရှိပါဘူး..။ တံတားရယ်..။ ချိုင်းနားတောင်းရယ်လောက်ပါ..။ အယ်လ်အေမှာတော့.. ဒစ်စနေလန်ဒ်း၊ ယူနီဗာဆယ်စတီရီယို..။မက်ဂျစ်မောင်တိန်၊ ဟောလိဝုဒ်၊ ဆန်တာမော်နီကာ စတဲ့ကမ္ဘာကျော်တွေအများကြီး..။

      ငါကွ.. :kwi:

      • Foreign Resident

        January 31, 2013 at 5:13 am

        ” ယူနီဗာဆယ် စတီရီယို..။ ”

        သူကြီး ယူနီဗာဆယ် က စတီရီယို ဟုတ်လို့လား ၊ မိုနို မဟုတ်ဘူးလား ။

        • kai

          January 31, 2013 at 5:32 am

          :kwi:
          မှားတဲ့အခါလည်း..မှားပေမပေါ့..
          universal studios
          စတူဒီယိုစ်ဖြစ်ကြောင်းပါ….။

      • Foreign Resident

        January 31, 2013 at 5:22 am

        ” အယ်လ်အေမှာတော့.. ဒစ်စနေလန်ဒ်း၊ ယူနီဗာဆယ်စတီရီယို..။
        မက်ဂျစ်မောင်တိန်၊ ဟောလိဝုဒ်၊ ဆန်တာမော်နီကာ
        စတဲ့ကမ္ဘာကျော်တွေအများကြီး..။ ”

        LA ကို မှတ်သွားပါတယ် ။

  • padonmar

    January 31, 2013 at 12:48 am

    အိုဘယ့်သဂျီး
    ဆွဲထားပါရစေ၊အောက်စလွတ်သွားမှာ စိုးလို့။
    အဲသလောက် ကမာ္ဘကျော်တွေ အများကြီးရှိတဲ့နေရာမှာနေပြီး
    ရှုပ်ပွနေတဲ့ ကွန်ပူတာစားပွဲနဲ့ မိုးယိုလို့ ရေပုံးခံထားရတဲ့ အိမ်ကနေ မခွာဘူးမလား။
    အဲဒီ ကမ္ဘာကျော်တွေ တခါမှလည်း ဒါ့ပုံရိုက်မပြပဲနဲ့။မယုံရေးချ မယုံ။

    • kai

      January 31, 2013 at 2:45 am

      ဒီလိုခင်ဗျ…
      ဒစ်စနေလန်ဒ်း..ဝင်ကြေး၁၀၀+
      ယူနီဗာဆယ်.. ဝင်ကြေးစရိတ်.. ၁၀၀+
      မက်ဂျစ်မောင်တိန်.. ၁၀၀+

      မိသားစု၃ယောက်နဲ့ဆို.. မွဲမယ်လေ..။
      ဆိုတော့.. အမတော်တို့လာလည်ပါလား..။ လိုက်ပို့ပေးမယ်.. ကပ်လိုက်ရအောင်…။ :kwi:

Leave a Reply