ငါးပွဲရှိတယ် ဘရို

မောင် ပေJanuary 29, 20131min842

မင်္ဂလာပါ ခင်ဗျာ
ဒီကနေ ့ 29.1.2013 အင်္ဂ ါ ည (သို ့မဟုတ်) ဗုဒ္ဓဟူး မနက်မှာ ကန်မယ့် ဘော်လုံးပွဲ ငါးပွဲ ရှိပါတယ်။
ဘရို ဆိုတာ ဘရားသား လို ့ပြောချင်တာပါ ။
ပရီးမီးယားလိဂ် ၄ပွဲ နဲ ့ ကိုပါအီတာလီယာ ဆီမီးဖိုင်နယ် ဒုတိယကျော့ပွဲ တစ်ပွဲ ဖြစ်ပါတယ်
ပွဲစဉ်တွေနဲ ့အချိန်တွေက…….

*** ပရီးမီးယားလိဂ် ***

2.15 အက်စတွန်ဗီလာ(၁၇) – နယူးကာဆယ်(၁၆)
2.15 ကျူပီအာ(၂၀) – မန်စီးတီး(၂)
2.15 စတုတ်(၁၀) – ဝီဂန်(၁၉)
2.15 ဆန်းဒါးလန်း(၁၁) – ဆွမ်စီး(၉)

*** ကိုပါအီတာလီယာ ဆီမီးဖိုင်နယ် ဒုတိယကျော့ ***

2.15 လာဇီယို – ဂျူဗင်တပ်

*********************
ဆန်းဒါးလန်း အိမ်ကွင်းမှာ မှတ်တမ်းကောင်းတွေရှိတယ်

ဆန်းဒါးလန်း(၁၁) – ဆွမ်စီး(၉)

ဆန်းဒါးလန်း ပရီးမီးယားလိဂ်ပွဲစဉ်၂၃အပြီး ရ နိုင် ၊ ရ သရေ ၊ ၉ ရှုံး ၊ ရဂိုး၂ရ ပေးဂိုး၃၁ ၊ ၂၈မှတ်
ဆွမ်စီး ပရီးမီးယားလိဂ်ပွဲစဉ်၂၃အပြီး ၈ နိုင် ၊ ၉ သရေ ၊ ၆ ရှုံး ၊ ရဂိုး၃၄ ပေးဂိုး၂ရ ၊ ၃၃မှတ်

ဆန်းဒါးလန်း အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
ဝီဂန် ၂-၃ ဆန်းဒါးလန်း
ဆန်းဒါးလန်း ဝ-၂ ဘော်တန် (အက်ဖ်အေ)
ဆန်းဒါးလန်း ၃-ဝ ဝက်ဟမ်း
ဘော်တန် ၂-၂ ဆန်းဒါးလန်း (အက်ဖ်အေ)
လီဗာပူး ၃-ဝ ဆန်းဒါးလန်း

ဆွမ်စီး အခုပွဲမကန်ခင် ကစားခဲ့တဲ့ပွဲတွေကတော့
ဆွမ်စီး ဝ-ဝ ချဲဆီး (ကပ်ပီတယ်ဝမ်း)
ဆွမ်စီး ၃-၁ စတုတ်
အာဆင်နယ် ၁-ဝ ဆွမ်စီး (အက်ဖ်အေ)
အဲဗာတန် ဝ-ဝ ဆွမ်စီး
ချဲဆီး ဝ-၂ ဆွမ်စီး (ကပ်ပီတယ်ဝမ်း)

သည်နှစ်သင်း မနှစ်ရာသီတုန်းကမှ စတွေ ့ဖူးတာဖြစ်ပြီး ၊ မနှစ်တုန်းက ဆန်းဒါးလန်း ကွင်းမှာ ဆန်းဒါးလန်း က ၂-ဝ နဲ ့နိုင်ခဲ့ပြီး ၊ ဆွမ်စီး ကွင်းမှာ ဝ-ဝ သရေ ကျခဲ့ပါတယ်
သည်ရာသီ ပထမကျော့ ဆွမ်စီးကွင်းမှာ ကန်တော့ ၂-၂ သရေ ကျခဲ့ပါတယ်

ဆွမ်စီးအသင်းဟာ ချဲဆီး အသင်းကို ကပ်ပီတယ်ဝမ်းဖလား ဒုကျော့ပွဲမှာ သရေကန်နိုင်ခဲ့တာမို ့၊ ကပ်ပီတယ်ဝမ်းဖလား ဗိုလ်လုပွဲ ကို တက်သွားပါပြီ
နောက်ပြီး ဆွမ်စီး အသင်းဟာ သည်ပွဲရှေ ့မှာ ကန်ခဲ့တဲ့ ပရီးမီးယားလိဂ်၆ပွဲမှာ ရှုံးပွဲ မရှိခဲ့ပါဘူး
ဆန်းဒါးလန်း ဟာ အက်ဖ်အေဖလားမှာ ဘော်တန်ကို အိမ်ကွင်းမှာ ရှုံးတဲ့ပွဲအပြီး အက်ဖ်အေဖလား မှ ထွက်ခဲ့ရပါပြီ ။ အဲဒီပွဲအပြီး ဝီဂန်အသင်းကို သူ ့အိမ်ကွင်းမှာ ၃-၂ နဲ ့နိုင်ခဲ့တာမို ့၊ ဆန်းဒါးလန်း ရှေ ့တန်းကစားသမားတွေ ဂိုးပေါက်ပြန်တွေ ့ပြီလို ့ယူဆလို ့ရပါတယ် ။
ဈေးအနေအထားအရ ဒဲ့အနေအထားကို ဆန်းဒါးလန်း သရေဆိုရင် ၂ဝပတ်ချာလည် အရှုံး ဖွင့်လာပါတယ်
ဆွမ်စီး ဟာ ဈေးအောင်တာတော်တော်ကိုများနေပြီမို ့၊ ပြန်ကျချိန်တန်လောက်ပြီလို ့ယူဆမိပါတယ်
သည်ပွဲမှာ
““““ ဆန်းဒါးလန်း ”””” ကို ပဲ ယုံကြည်စွာနဲ ့အားပေးလိုက်ရအောင်
မနှစ်တုန်းက ရလဒ်အတိုင်း ဖြစ်မလား ၊ မနှစ်တုန်းကထက် ၁ဂိုးလျော့နဲ ့နိုင်မလား ဆိုတာ…….

**********************

လာဇီယို အိမ်ကွင်းမှာဆိုရင် ဂျူဗင်တပ် က အောင်နိုင်သူ

248901hp2

လာဇီယို – ဂျူဗင်တပ်

ပထမကျော့ ဂျူဗင်တပ် အိမ်ကွင်းမှာ ကန်ကြတော့ ၁-၁ သရေကျခဲ့ပါတယ်
ပြီးခဲ့တဲ့ စနေ၊တနင်္ဂနွေညတွေ မှာ သည်နှစ်သင်းလုံး နိုင်ပွဲမရှိခဲ့ပဲ
လာဇီယို က ကိုယ့်အိမ်ကွင်းမှာ ချီယေဗို အသင်းကို ၁-ဝ နဲ ့ ရှုံးခဲ့ပါတယ်
ဂျူဗင်တပ် အသင်းကလဲ ကိုယ့်အိမ်ကွင်းမှာပဲ ဂျီနိုအာ အသင်းကို ၁-၁ သရေကျခဲ့ပါတယ်

လာဇီယို ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများကတော့

ဂိုး Marchetti
နောက် Cavanda, Biava, Ciani, Radu
လယ် Candreva, Ledesma, Cana, Hernanes, Mauri
ရှေ ့ Floccari

ဂျူဗင်တပ် ရဲ ့ဖြစ်နိုင်ဖွယ် ကစားသမားများကတော့

ဂိုး Storari
နောက် Caceres, Barzagli, Bonucci
လယ် Lichtsteiner, Vidal, Pogba, Giaccherini
လယ် Marchisio
ရှေ ့ Giovinco, Quagliarella

လာဇီယို ဂျူဗင်တပ် နဲ ့တွေ ့ခဲ့တဲ့ နောက်ဆုံး၉ပွဲလုံးမှာ အနိုင်ကန်နိုင်ခဲ့ခြင်း မရှိပဲ ၊ ၆ ပွဲ ရှုံးခဲ့ပါတယ်
လာဇီယို အိမ်ကွင်း ဂျူဗင်တပ် နဲ ့တွေ ့ခဲ့တဲ့ မှတ်တမ်းတွေကတော့
26.11.2011 လာဇီယို ဝ-၁ ဂျူဗင်တပ်
2.5.2011 လာဇီယို ဝ-၁ ဂျူဗင်တပ်
12.9.2009 လာဇီယို ဝ-၂ ဂျူဗင်တပ်
18.1.2009 လာဇီယို ၁-၁ ဂျူဗင်တပ်

ဈေးအနေအထားအရ ဂျူဗင်တပ် သရေဆိုရင် ၅ဝ အရှုံးကို ၆ဝ ပတ်ချာလည် အရှုံးဖွင့်လာပါတယ်
ဂိုးဈေးကတော့ ၂ဂိုးဆိုရင် အပြည့်ရှုံးကို ၂ဂိုးဆိုရင် ၈ဝပတ်ချာလည် အရှုံးဖွင့်လာပါတယ်
သည်ပွဲမှာတော့ သိပ်စဉ်းစားစရာ မရှိပါဘူး
ဂျူဗင်တပ် ဟာ သည်ရာသီမှာ ချန်ပီယံလိဂ်ဖလားထက်စာရင် ဆီမီးဖိုင်နယ် ဒုကျော့ ကို ရောက်နေပြီဖြစ်တဲ့ ကိုပါအီတာလီယာ ဖလား ကို ရအောင်ယူပြပါလိမ့်မယ်
လာဇီယို ကွင်းမှာ လာဇီယို ကို ငယ်နိုင်လို ကစားနိုင်တဲ့ ၊ အနိုင်ကစားမယ့်
““““ ဂျူဗင်တပ် ”””” ကိုပဲ အားပေးပါမယ် ။
“ ဂိုးအနဲ ” လေးကို ပါးပါးလေးပုတ်ရင် ၊ ၂သီးစားရဖို ့၈၀%ပေါ့ ။

*********************

******* အားလုံး အောင်မြင် ရွှင်လန်းနိုင်ပါစေ *******

2 comments

  • mg htoo1

    January 29, 2013 at 9:44 pm

    အားပေးသွားတယ် အကို

  • Mobile

    January 29, 2013 at 10:36 pm

    ကိုပေရေ မင်္ဂလာပါ။
    ကိုပေကြီးက အခုတစ်လော အလှူအတန်းမှာ ရက်ရောနေတယ်ဆိုတော့
    ဒီညလဲ အလှူအတန်းလုပ်မယ့်သဘောလေးတွေပါနေလို့ပါ ကျုပ်အကြိုတ်တွေ့မိတာကတော့
    ဆန်းဒါးလန်း ပြောင်းပြန်
    ဂျူဗင်တပ် ပြောင်းပြန်ဆိုတာလေးပါ (လာဇီယိုဟာ စီးရီးအေ ဖလားကို ရနိုင်မလားဆိုပြီး
    စိတ်ကြီးဝင်နေမှာပါ ဒါ့ကြောင့် အနိမ့်ဆုံးသရေတော့ ကစားနိုင်ပါလိမ့်မယ်)

Leave a Reply