မိုက်ကယ်ဂျော်နီအောင်ပု နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘားမားအခေါ်

မိုက်ကယ်ဂျော်နီအောင်ပု ဟူသောနာမည်ကို မြင်ယုံမျှဖြင့် ပေါကြောင်ကြောင်စာများသာဖတ်ရတော့မည်ဟူ၍ လည်းကောင်း
ဘာမျှတန်ဘိုးမရှိသောစကားများကိုသာပြောကြားတော့မည်ဟူ၍လည်းကောင်း နှလုံးသွင်းခဲ့မိသည်ရှိကြသောဝ်
အမှားကြီးမှားကြပေလိမ့်မည်ဟု သတိပေးနှိုးဆော်အပ်ပါသည်။

ကျွန်ုပ်သည်ကြပ်မပြည့်သည်မှာမှန်သော်လည်း တွေးခေါ်မှု့ဆိုင်ရာတွင် အလွန်ထက်သန်လှပေသည်

ချာပီးဆိုသည်မှာချီးပါသည်ဟူ၍၎င်း အောက်ပီးဆိုသည်မှာ အီးပေါက်သည်သည်ဟု ဆိုသည့် သီအိုရီများကို

ရှာဖွေတွေ့ရှိခဲ့သည်မှာ ကျွန်ုပ်ပင်ဖြစ်လေတော့၏။

…………………………………………………………………………………
သံသရာမှ လွတ်မြောက်ခြင်းအကြောင်းရှစ်ပါးရှိသည့်အနက်
သမ္မာဒိဌိ မှန်စွာသိမြင်ခြင်း အကြောင်းတစ်ပါးကို သိကြပါစေရန်အလို့ငှာ ဤသော
မိုက်ကယ်ဂျော်နီအောင်ပု နှင့် ဒေါ်အောင်ဆန်းစုကြည်၏ ဘားမားအခေါ် အမည်ရသော
 ကော်ပီ ပက်စထ် တစ်ပုတ်ကို အကျဉ်းချုပ် ဘာပွိုင့်မျှမယူဘဲ
ရေးသားတင်ဆက်လိုက်ရပေတော့သည်။
မရှိပညတ် ရှိပရမတ် ဟု ကြားဘူးနားဝရှိရဘူးလေသည်။
ကြားဘူနားဝကို ခပ်တည်တည်ဖြင့် ရမ်းပြောရသောဝ် ပညတ်တို့သည် သမုတိသစ္စာမည်သည်ဟူသောလေ၏။
ဤတွင် နောက်တစ်ခါထပ်မံ၍ရမ်းရသော် အများသူငှာ လက္ခံကုန်သောအမည်နာမတို့ကို ပညတ်သမုတိသစ္စာ ဟုဆိုခြင်းပင်။
ဥပမာပေးပါအံ့
လင်ဗန်း ကို လင်ဗန်း ဟူ၍သာ အများသူငှာတို့ လက္ခံကြလေသည်ဖြစ်သောကြောင့် စကော ဟု ခေါ်ရန်မှာမသင့်တော်လှချေ။
ထိုနည်းတူစွာလည်း မုန်လာဥ ကို ကန်စွန်းဥ ဟု မခေါ်ထိုက်ဟု ဆိုခြင်ပါသည်။
နံပြားကို ဘိန်းမုန့်ဟူ၍လည်းကောင်း
မုန့်လက်ကောက်ကို ဂျေဒိုးနပ်စ် ဟူဤလည်းကောင်း
ဂွေးသီးကို ပန်းသီးဟူ၍လည်းကောင်း
ကျောက်သင်ပုန်း ကို အိုင်ပက် ဟူ၍လည်းကောင်း
ဘုရားဒါယကာကို သူခိုးဟူ၍လည်းကောင်း
ရဲကို သူတောင်းစားဟူ၍လည်းကောင်း စသည်စသည် အများသူငှာတို့ လက္ခံထားကြသည့်နာမ ပညက်တို့ကို ဆန့်ကျင်၍
မူရင်းနာမကိုမခေါ်ဘဲ အခြားနာမတို့ကို ခေါ်ဆိုပါက အထိုက်လျှောက်အခြေတင်းဖြစ်တတ်ပါသည်။ တစ်နည်းဆိုရသောဝ်
ပြဿနာတက်နိုင်ခြေဖြစ်လေသည်။ တစ်နည်းလူ့ဂွစာဟု မှတ်ချက်ပေးခံရကိန်းရှိလေသည်။
အကြောင်းမှာ လောကလူတို့ လက္ခံထားသော အမည်နာမပညတ်များကို ဆန့်ကျင်ခေါ်ဝေါ်ခြင်းကြောင့်ပင်လျှင်တည်း။
ချီးတုံး လော အီးတုံး လော ကဲ့သို့ ဝါဒပြိုင်မသဲကွဲသည့် အမည်နာမပညတ်များလည်းရှိပါသေး၍ လေ့လာကြပါကုန်။
ထိုသို့ဆိုလိုက်ခြင်းကြောင့် ပညတ်တို့သည် တည်မြဲကြရကုန်ရမည်ဟု မဆိုလိုပါ။
ရံခါ အမည်ပညတ်တစ်ခုကို တစ်ခုသောအမည်ပညတ်မှ အခြားတစ်ခုသောအမည်ပညတ်သို့ပြောင်း၍လည်းရနိုင်လေသည်
အလွယ်ကူအမြင်သာဆုံးပြောရသောဝ်
ကျနော်၏ငယ်အမည် ခွေးလေး အား ယ္ခုအခါ ခွေးကြီး ဟု ခေါ်ကြပါရန်
ဘာညာကွိကွ အမည်ပြောင်းခြင်းအကြောင်းများကို သတင်းစာများတွင် မကြာခဏတွေ့ဘူးကြပေလိမ့်မည်။
ထိုတွင် ကွဲပြားစွာသိရမည်မှာ အများသဘောတူ ဤ ကို နွား ဟု လုပ်နိုင်တန်လေခြင်းသဘောဖြစ်၏။
မြင်သာစေလိုသည်မှာ
မိမိ၏ တစ်သီးပုဂ္ဂလအမည်နာမကိုပင် အများလက္ခံမှ ထိုသောအမည်သည် နာမပညတ်တစ်ခုဖြစ်လာမည့်သဘောဖြစ်ပါ၏။
အခြားဥပမာတစ်ခုကို ထုတ်ပြပါဦးအံ့
ယ္ခင်က Burma ဟု ခေါ်သော နိုင်ငံကို နွားတစ်စုမှ မည်သူ့သဘောထားမျှမရရှိဘဲ Myanmar ဟု ခေါ်တွင်သမုတ်သောအခါ
ရွာလည်နေသည်မှာ ယ္ခုထိထက်တိုင်ဖြစ်နေသည်ကိုကြည့်ခြင်းအားဖြင့် အမည်နာမ ပညတ်တို့ကို ပြောင်းလည်းခေါ်ဝေါ်
ကြရာဝယ် အများလက္ခံနိုင်သော နာမပညတ်များဖြစ်ရမည်ဟုရည်ညွှန်းခြင်းဖြစ်ရပေသည်။
အကယ်စင်စစ် ဤကား ကျွန်ုပ်၏ ဆိုလိုရင်းသာဖြစ်ပါသှ်။
………………………………………………………………………………………………………………………..
ထို့အတူ နာမပညတ်တို့သည် အမည်တူသော်လည်း အဓိပ္ပါယ်ကွဲပြားကြလေကုန်၏။
ဥပမာပေးပါဦးအံ့
အဒိန္န  သူ့ဥစ္စာကိုခိုးသူအား သူခိုးဟု ပညတ်ကြသော်လည်း
မော်တော်ကားခိုးသူ မော်တော်ကားသူခိုး
စက်ဘီးခိုးသူ စက်ဘီးသူခိုး
ထမီခိုးသူ ထမီသူခိုးဟူ၍လည်းကောင်း
ကြက်ခိုးသူ ကြက်သူခိုးဟူ၍လည်ကောင်း
ဖိနပ်ခိုးသူ ဖိနပ်သူခိုးဟူ၍လည်းကောင်း
ထန်းရည်ခိုးသူ ထန်းရည်သူခိုးဟူ၍လည်းကောင်း
အလေးခိုးသူ အလေးသူခိုးဟူ၍လည်းကောင်း ခိုးယူသူခြင်းအတူတူ ခိုးယူသည့်အကြောင်းပေါ်မူတည်၍ အမည်ကွဲလေသည်။
ဘုရားပိုက်ဆံခိုးသူ ဘုရားဒါယကာ ဟုတ်ပါဘူးဘွာ :mrgreen:
နိုင်ငံတော်ပစ္စည်းခိုးသူ
ဘာညာကွိကွသူခိုးများသည် သူခိုးခြင်းတူသော်လည်း နာမကွဲလေသည်။ အကြောင်းမှာ နာမပညတ်တစ်ခုသည် အခြား
နာမပညတ်တစ်ခုနှင့် ဟေတုဖြစ်သောအခါ အဓိပ္ပါယ်ကွဲသည်ကိုဆိုလိုခြင်းဖြစ်ပါ၏။
သဂျီးမင်းသည် ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု နှင့် မည်သို့မျှ မပတ်သက်သော သူစိမ်းတစ်ယောက်ဖြစ်သည့်အတွက်
သဂျီးမင်း ဟူ၍သာခေါ်ဝေါ်ရမည်ဖြစ်သော်လည်း သူဂျီးမင်း၏ သမီးတော်နှင့် ကျွန်ုပ် မိုက်ကယ်ဂျော်နီအောင်ပု
အကြောင်းပါနေရာကျခဲ့ပါသော် သဂျီးမင်းအစား ပါပါ သို့မဟုတ် ဒယ်ဒီ ဟုခေါ်ဝေါ်ရမည်မဟုတ်ပါလားခင်ဗျား။
မှတ်ချက်။ ။ အထက်ပါအကြောာင်းအရာမှာ ထင်သာမြင်သာရှိစေရန် ဥပမာပေးခြင်းမျှသာဖြစ်ပါသည်။
……………………………………………………………………………………..   .        .  ဆာရေးစယာ။
အပျိုကြီးတစ်ယောက်သည် အိမ်ထောင်ကျသွားပါက အိမ်ထောင်ဖက် ယောက်ျားကိုအကြောင်းပြု၍ အပျိုကြီး နာမပညတ်
တို့ပြောင်းလည်းသွားပြီး အိမ်ထောင်သည် ဗိုက်ကြီးသည် ကလေးအမေ စသည်စသည်တို့ နာမပညတ်တို့ပြောင်းလည်းခြင်း
သဘောတို့သည်ရှိလာမည်ဖြစ်လေသည်။
စစ်ဗိုလ်နှင်ငြားသောအခါ ဗိုလ်ကတော် သမ္မတအထီးနှင့်ငြားသောအခါ သမ္မတကတော် ဘုရင်နှင့်ငြားသောအခါ မိဘုရား
ဘိန်းစားနှင့်ညားသောအခါ ဘိန်းစားမယား အစရှိသည်လည်းပြောင်းလည်းခြင်းသဘောရှိပါသေး၏။
ပစ္စည်းအစုအနေနှင့်လည်း ပုံသဏ္ဍာန်ပျက်သောအခါ နာမပညတ်ပျက်တတ်ပါသေး၏။
မြေအိုးတစ်လုံးကွဲသွားသောအခါ အိုးခြမ်းကွဲဟူ၍လည်းကောင်း ပုဆိုးတစ်ထည်ပျဲသွားသောအခါ အသုံးပြုမှု့တွင်တည်၍
အနှီး လက်သုတ်ဝတ် ခြေသုတ်ဝတ် အမှိုက် စသည့်ဘောကိုဆိုလိုခြင်းပင်။
အကယ်စင်စစ် ဤအကြောင်းထက်သိသင့်သည်ကို ခွဲခြားတတ်ရန် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီး၏
အသေဝနာစ ဗာလာနံ ပဏ္ဍိတာနစ္စသေဝနာ သူမိုက်နှင့် သူလိမ္မာကိုခွဲခြားခြင်းသဘောကို နားည်ကြရန်လိုလှပေသေးသည်။
သိစေလိုသည်မှာ လူခြင်းတူ၏ ရုပ်နာမ်ရှိခြင်းသည်တူ၏ ဆိုသော်ငြား တတ်သိလိမ္မာ ခြင်းအကြောင်းသည်ကား
ကွဲပြားခြင်းသဘောရှိ၏ဟု ဆိုခြင်းပင်လျှင်တည်း။
မှတ်ချက် ။ ။ အထက်ပါအကြောင်းအရာတို့ကို
http://www.dhammadownload.com/Dr-Nandamalabhivamsa-mp3-myanmar.htm မှ

( အမ္မုတိသစ္စာနှင့် ပရမတ္တသစ္စာတရားတော် ) ခပ်တည်တည်ဖြင့်ခိုးချထားပါသှ်။

 

N59-261

22 comments

  • Mobile

    January 29, 2013 at 9:28 pm

    ဘကြီးမိုက်ကယ်ဂျော်နီအောင်ပု ရေဒီပို့စ်လေးကို ဖတ်ရတာ နှစ်သက်လှပါကြောင်းဗျာ
    စာသားလေးတွေက ရသမြောက်လှလို့ ဖတ်ရင်းဖြင့် သဘောကျရပါကြောင်းးးးးးးးး
    မော်တော်ကားခိုးသူ မော်တော်ကားသူခိုး
    စက်ဘီးခိုးသူ စက်ဘီးသူခိုး အပြင်
    ကိုပေ
    ဦးမာဂ
    ဦးအန်စာဒုံး
    ဘဲဥ
    ဘုံဘုံ တို့ လုံမလေးမွန်မွန်တို့လို လူတွေ၏ အမည်နာမများကိုပါ သိခွင့်ရခဲ့လို့ ကူးယူထားလိုက်ပါ၏။

    • မောင်ပေ

      January 29, 2013 at 9:36 pm

      ဦးမာဃ အမ ကို အလစ်သုတ်သူ ကို မောင်ပေ ဟူရွေ ့လီးကောင်း
      ဦးမာဃ ညီမ ကို အလစ်သုတ်သူ ကို လဲ မောင်ပေ ဟူရွေ ့ လီးကောင်း
      (လီးကောင်း = ခရက်ဒစ်တူ ကိုမိုက်ကယ်ဂျော်နီအောင်ပု)
      ခေါ်ဆိုလျှင် ၊ ဦးမာဃ တစ်ယောက် ဂန်ကူကျီလီ ဖြစ်ချေမည် တကား
      :kwi:

  • ခိုင်ဇာ

    January 29, 2013 at 10:50 pm

    ဘပုကွ!!!
    .
    .
    .
    .
    ..
    .
    .
    :harr:

  • ဦးဦးပါလေရာ

    January 29, 2013 at 11:53 pm

    ပုံထဲက ခွေးတွေက ဘာလုပ်တာလဲဟင်..
    အရှင်ရောင်းတယ် ဆိုရအောင်ကလဲ ကြိုးလေးဘာလေးချည်မထားဘူး
    အသေ နဲ့လဲ မတူဘူး…..

    • မိုက်ကယ်ဂျော်နီအောင်ပု

      January 31, 2013 at 1:03 am

      ဘယ်လိုပြောရမှန်းတောင်မသိဘူး
      ညဈေးတစ်ခုမှာ အများသူငှာဈေးဆိုင်ရောင်းနေကြသလို
      ပုံမှာပါတဲ့အတိုင်း အဲ့သည်ခွေးတွေကလည်း ဆိုင်တစ်ခန်းစာအပီနေရာယူပြီး
      ခွက်ကိုအရှေ့ချပြီး အိပ်နေကြတာလေ
      ခွေးသူတောင်းစားတွေပေါ့
      တစ်လလောက်ရှိမယ် နေ့တိုင်းဘဲ
      ထူးတာက မြင်လိုက်တိုင်း ခွေးတွေဟာ အမြဲအဲ့သည်လိုဘဲအိပ်နေကြတော့သိပ်မသင်္ကာဘူး
      တစ်ခါတစ်လေဆို ရေခဲကိုဘန်းကုံးသေးသေးလေးမှာထည့်ထားပေးရင်
      ခွေးတွေဟာ ရေခဲဘန်းကို ခေါင်းအုန်းလိုလုပ်ပြီးအိပ်နေကြတယ်
      သာမန်ကြည့်ရင် အရန်းပူတဲ့သဘောပေါ့
      ခွေးတွေကို ဆေးတစ်မျိုးမျိုးကြွေးပြီး အိပ်ခိုင်းထားပြီးပိုက်ဆံတောင်းထားတာလို့ထင်မိတာဘဲ
      မသင်္ကာလို့ ရဲကိုဖုံးဆက်တိုင်မလို့ လုပ်နေတုန်း
      မတွေ့တော့ပြန်ဘူး
      ဗီယက်နာမ်ရောက်သွားပြီလားမပြောတတ်

      • pooch

        January 31, 2013 at 1:49 am

        ခွေးကိုတောင် အမြတ်ထုတ်တောင်းစားခိုင်းတယ်ဆိုတော့ လူကုန်ကူးတာလောက်ကတော့ ဆိုဖွယ်ရာမရှိတော့ဘူး 🙁

      • Foreign Resident

        January 31, 2013 at 5:20 am

        ဘပု ၊ ရှေ့ကခွက်တွေက ၊
        အစာခွက်နှင့် ရေခွက် တွေမဟုတ်ဘူးလား ။
        ဘေးဆိုင်ရှင်က သူ့အိမ်က ခွေးလေးတွေ ၊
        အိမ်မှာ မထားခဲ့ချင်လို့ ခေါ်လာတာ မဖြစ်နိုင်ဘူးလား ။

  • MaMa

    January 30, 2013 at 8:03 am

    တခါတလေ စာတစ်ပုဒ်ကိုဖတ်ပြီးမှ သဘောကျလို့ စာရေးသူကို မှတ်ထားပြီး သူ့စာဆိုရင် မလွတ်တမ်းလိုက်ဖတ်ဖြစ်တယ်။
    ဒီရွာရဲ့ ထရိတ်မာ့ခ်တွေထဲက တစ်ခုဖြစ်တဲ့ ဘပုကတော့ စာမတင်ခင် ကွန်မန့်မန့်ကတည်းက သူ့ဘရန်းနိမ်းနဲ့သူ ကျော်ကြားသူဖြစ်လေတော့…..
    သူ့စာကိုလည်း မလွတ်တမ်း လိုက်ဖတ်ရတော့တယ်။ :harr:

  • ဦး ကျောက်ခဲ

    January 30, 2013 at 8:29 am

    ကိုပုကတော့ လုပ်ချလိုက်ပြန်ပြီ

    ချီးဍီကာဖွင့်တော့လည်း..သူ..
    ခုလည်း ပညတ် ပရမတ်…တဲ့…
    ခင်ဗျားတို့ ဦးကြောင်ကြီးတို့က ကျုပ်ထက် ခေါင်းတစ်လုံးမြင့်ပါတယ်ဗျာ….

  • Mon Kit

    January 30, 2013 at 9:09 am

    ကြိုက်သွားပီ ဘပုရယ်…
    ဟာသ အနေနဲ့ ရေးထားပေမဲ့ အတွေးအခေါ်ပိုင်းတွေ ပါပါတယ်…..
    ဒါထက် ဘပု တွေ့ရှိခဲ့တဲ့ သီအိုရီကို အကြိုက်ဆုံးဘဲ….
    (ချာပီးဆိုသည်မှာချီးပါသည်ဟူ၍၎င်း အောက်ပီးဆိုသည်မှာ အီးပေါက်သည်သည်ဟု ဆိုသည့် သီအိုရီများကို

    ရှာဖွေတွေ့ရှိခဲ့သည်မှာ ကျွန်ုပ်ပင်ဖြစ်လေတော့၏။)
    :kwi:

  • ရွှေတိုက်စိုး

    January 30, 2013 at 10:17 am

    ရေးချက်ကတော့ လန်ထွက်နေတာပဲ….. ပါဠိပတ်သားနဲ. စုံနေတာပဲရေးသွားတာ..
    အဲဒါကြောင့်ပြောတာပေါ့…. ပုပါတဲ့သူတွေက တော်ကိုတော်တာ အဟီးးးးးးးးးးးးးး..
    ချာပီးဆိုသည်မှာချီးပါသည်ဟူ၍၎င်း အောက်ပီးဆိုသည်မှာ အီးပေါက်သည်သည်ဟု ဆိုသည့် သီအိုရီများကို
    ရှာဖွေတွေ.ရှိခဲ့သော ပညာချိဂျီး ကိုအောင်ပုအား ဒီနေရမှာ ချီးကျူးထောပနာပြုလိုက်ပါဂျောင်းးးးးးးးး
    ဒါကြောင့် အခုတော့ ခေါက်သိုး ဆိုသည်မှာ ခိုးသောက်ဖြစ်သောကြောင့် ဘီယာခိုးသောက်နေပါသည်။ အဟီး

    ပုံ
    တိုက်ပု

  • Wow

    January 30, 2013 at 10:20 am

    ဘပုနဲ့ ကြောင်ရီး ဘူပိုတော်လဲ သိဝူးနော်… :buu:
    ဟီဟိ.. နှစ်ယောက်ကို မသိမသာရန်တိုက်ပေးမှ

    • မိုက်ကယ်ဂျော်နီအောင်ပု

      January 31, 2013 at 1:05 am

      ဆရာကြောင်ကြီးက ကျုပ်ဒဘဲ့ :mrgreen:

  • Thu Wai

    January 30, 2013 at 10:44 am

    Dagon ဟုငြင်းလျှင် Myanmar သာလက်ခံမည်။
    ABC ဟုငြင်းလျှင်လဲ Myanmar သာလက်ခံမည်။
    Mandalay ဟုဆိုလျှင်လဲ Myanmar ကိုပိုကြိုက်သည်။
    Tiger နှင့်Myanmar တစ်လုံး တစ်ရာကျပ်သာကွာမည်ဆိုလျှင်တော့ Tiger ကိုသာသောက်တော့မည်။
    ဟန်နီကန် နှင့် ဘက်ဒ်ဝိုင်ဇာ ကို အလကားတိုက်မည်ဆိုလျှင်တော့ ကျန်တာအားလုံးကိုမေ့ပစ်နိုင်သည်။

    :harr: :hee: :harr: :hee:

  • kai

    January 30, 2013 at 11:01 am

    ဘားမား..မြန်မာအမည်ရှုပ်ဇတ်လမ်းက.. စစ်သားတွေက.. စစ်ညစ်စစ်ဉာဏ်နဲ့.. စစ်ကြံကြံလို့ဖြစ်တယ်မှတ်ပါကွယ်..
    ဘားမားအမည်ရနိုင်ငံတော်ကြီးခမြာမှာ…. ၈၈အရေးတော်ပုံကြီးဖြစ်.. လူတွေထောင်ချီသတ်ခံရ.. ကမ္ဘာ့အဆင်းရဲဆုံးစာရင်းသွားဝင်.. ကမ္ဘာ့အလည်မျက်နှာငယ်ရယုံတင်မက.. ကမ္ဘာနိုင်ငံသားတွေအာရုံပြုဂရုစိုက်မှုတွေတက်လာတာကို.. စစ်ဗျူဟာကျကျတွေးပြီး.. ပလို့ဂျိလိုက်တာပါ…။

    ကျုပ်နိုင်ငံခြားထွက်တော့.. နိုင်ငံခြားသားတော်တော်များများခမြာ.. ဘားမားနဲ့မြန်မာတူတူပါပဲ..မသိဘူးတောင်ဖြစ်ကုန်ကြတာ..။
    မျက်စိတွေလည်.. သတင်းအဆက်အစပ်တွေပြတ်ကုန်တာပေါ့..။
    မှန်သလား..မှားသွားသလားဆိုတော့..
    အခုမြန်မာပြည်ကိုကြည့်လေ…
    အဲဒီကနေ.. အသာလေးခေါင်းပေါ်လက်တင်.. ပွတ်ပြီးအုပ်ခဲ့တာ.. အနှစ် ၂ဝကျော်ခဲ့ပြီ..။

    ပလို့…ဂျိ..။ :kwi:

  • Shwe Ei

    January 30, 2013 at 11:54 am

    လမ်းဘေးမှာ အကျအနဖျာခင်းအိပ်ပြီး ခွက်အလွတ်တေချထားပုံထောက်ရင်
    ခွေးသူတောင်းစားဘဲဖြစ်ရမယ်။ နေရာယူတတ်ကျပုံများနော်။ ဒီကလူတွေလို
    မိုးရွာရီးထဲ ခလေးချီပြီး ထီးမဆောင်းဘာမဆောင်း အော်ဟစ်ငိုယို ပဆံတောင်း
    ခြင်းအားဖြင့် လမ်းသွားလမ်းလာ စိတ်ကသိကအောက်မဖြစ်စေဘူး :mrgreen:
    ပညတ်နဲ့ပရမတ်ခွဲခြားတင်ပြပုံကလဲ ကောင်းပဗျာ။ ကျနော်တို့လို့
    အကောင်လိုက်ပြတာတောင် ဘာကောင်လို့ပြောရင်ကောင်းမလဲ
    ဇဝေဇဝါဖြစ်နေသေးတဲ့ လူပြိန်းတွေအတွက် အံဝင်ခွင်ကျဘဲ။
    Bravo!

  • panpan

    January 30, 2013 at 12:50 pm

    ဒါနဲ့ဇဂါးရအောင်စပ်…ဘပုနာမည်က ဘာအဓိပ္ပါယ်နဲ့ ရှေ့နောက်ရောသမမွှေပြီး အမည်ပေးထားတာလဲဟင်င် 🙄 :mrgreen:

  • အရီးခင်လတ်

    January 30, 2013 at 3:50 pm

    ဒီလို အတွေး အရေး လေးတွေ နဲ့ အင်မတန်ဂျစ် ဖို့ ကောင်းတဲ့ ပုပု လေး ဖြစ်နေတာ။ 😉

  • အာဂ

    January 30, 2013 at 4:29 pm

    မိုက်ကယ်ဂျော်နီအောင်ပု အား ကျွနိုပ်က အိုင်ပီအောင်ပု ဟုခေါ်ဆိုသလို။ အခြားသူများ အဘပု။ အောင်ပု၊ ဂျော်လကီအောင်ပု။ မပု စသဖြင့် ခေါ်ဆိုကြပါသည်။

  • ခင်ခ

    January 30, 2013 at 4:44 pm

    ကိုအောင်ပုရေ တစ်ခါတစ်ခါရေးလိုက်ရင် တွေးစရာ မေးစရာ တွေနဲ့ပါလားဗျို့။
    ရေးလည်းရေးတတ်တယ်နော်။

  • ဦးကြောင်ကြီး

    January 31, 2013 at 10:13 am

    ကပုတို့များ အဖော်ကောင်းလို့တော့ ကြုံရာကျဘန်း ထိုးအိပ်ပစ်လိုက်တော့တာပဲ။။ :kwi:

  • ရဲစည်

    January 31, 2013 at 3:34 pm

    ဒတ်ပုံ အကြောင်း ပြောကျတော့ မြန်မာပြည် အနယ်နယ်အရပ်ရပ် အပေါက်ဝတွေမှာ အဲ့လို ခွေးသူတောင်းစားတွေ ခပ်များများတွေ့ရတတ်တယ်။ သူရို့ကျ ခွက်နဲ့မဟုတ်ဘူး လက်နဲ့ တရိုတသေ ပေးရင်တောင် ဘုကြည့်ပြန်ကြည့်သေးတာ … နောက်ဘွ လူပြန်ဖြစ်ရင် အဲ့လို သူတောင်းစားမျိုး ဖြစ်ချင်ကြောင်း ….
    :harr:

Leave a Reply