E.M.I.L.Y ခေါ် ပင်လယ်ပြင်မှ စက်ရုပ်ကယ်ဆယ်ရေးယာဉ်

Mr WorldWideJanuary 30, 20131min1319

 

s

ကယ်ဆယ်ရေးလုပ်ငန်းများသည် အန္တရာယ်များသော လှိုင်းလုံးများကြားမှ နှစ်မြုပ်နေသာ လူများ ကယ်တင်နိုင်ရေးအတွက် ကြီးမားသော စွန့်စားမှုတစ်ခုပင် ဖြစ်သည်။ ၎င်းလုပ်ငန်းတစ်ခုလုံးအား စွမ်းအင်နှင့် နည်းပညာပေါင်းစပ်ထားခြင်း ဖြစ်ပြီး လူသားများ ပါဝင်ဆောင်ရွက်ရမှူ အခန်းကဏ္ဍမှာ အဓိက အကျဆုံးအရာဖြစ်ပါသည်။ မည်သည့်နည်းပညာကို အသုံးပြုသည်ဖြစ်စေ ဘေးအန္တရာယ် ကျရောက် နေသူများကို အမြန်ဆုံး ကယ်တင်နိုင်ရေးသည် ကယ်ဆယ်ရေးယာဉ် များ၏ အဓိက တာဝန်ဖြစ်ပါသည်။ တစ်ခါတစ်ရံတွင် လူများ၏ လှိုင်းဒဏ်ကို ဆိုးရွားစွာခံစားရမှူ၊ ကယ်ဆယ်ရေးဝန်ထမ်းများ၏ အချိန်မှီ မရောက်ရှိမှုုတို့ကြောင့် ကယ်ဆယ်ရေး လုပ်ငန်းများ မအောင်မြင်ခြင်းကို ကြုံတွေ့ရပါသည်။ ယခုအခါ Hydronalix မှအချိန်တိုအတွင်း ပင်လယ်ပြင်ကယ်ဆယ်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်သော E.M.I.L.Y ခေါ် စက်ရုပ်ကယ်ဆယ်ရေးယာဉ် တစ်မျိုးကို မိတ်ဆက်ပေးခဲ့ပါသည်။

E.M.I.L.Y မှာ အရေးပေါ်ဘက်စုံကယ်ဆယ်ရေးခရာ (Emergency Integrated Lifesaving Lanyard) ဟုခေါ်ပြီး အရှည် ၅၄လက်မ၊ အကျယ် ၁၆လက်မနှင့် အမြင့် ၈ လက်မ ရှိပါသည်။ ၎င်း၏ စွမ်းဆောင်နိုင်မှုမှာ အလေးချိန် ၂၅ ပေါင်တင်ဆောင်ပြီး ၃၅ မိနစ်ကြာ မရပ်မနား သွားနိုင်ခြင်း   ဖြစ်ပါသည်။ E.M.I.L.Y မှာ ကယ်ဆယ်ရေးဝန်ထမ်းများ၏ လက်ထောက်သဖွယ် အားကိုးနိုင်ပါသည်။ ကမ်းခြေ ၊ ဆိပ်ခံတံတား များပေါ်မှပင် ထိန်းချုပ်မောင်းနှင်နိုင်ပြီး ဒုက္ခရောက်နေသူများထံ ကယ်ဆယ်ရေးဝန်ထမ်းများ မရောက်ခင် အချိန်အတိုင်းအတာတစ်ခုထိ ဘေးကင်းစွာ စောင့်နိုုင်ရန်  ကူညီပေးနိုင်ပါသည်။ ဘေးအန္တရာယ် ကျရောက်နေသူများအား လွယ်ကူစွာ ထိန်းသိမ်းထားနိုင်ရန် အတွက် E.M.I.L.Y ၏ဘေးဘက်တွင် ကြိုးကွင်းလေးများ ပါရှိပါသည်။ တစ်နာရီလျှင် ၂၅ မိုင်နှုန်း    လည်ပတ်နိုင်သော ဒလက်များပါရှိပြီး တစ်စီးလျင် အများဆုံး လူ ၄ ယောက် တင်ဆောင်နိုင်ပါသည်။ ယာဉ်တွင် လုံခြုံရေး အတွက် အထူးဆောင်ရွက်ထားပြီး ပန်ကာဒလက် များအတွင်း လက်များ ၊ ဆံပင်များ ညှပ်မပါစေရေးအတွက် သေချာစွာ ဆောင်ရွက်ထားပါသည်။

Hydronalix သည် ယင်းလုပ်ငန်းအား လွန်ခဲ့သော ၂ နှစ်ခွဲခန့်ကပင် လုပ်ဆောင်ခဲ့သော်   လည်း  မကြာသေးမီ အချိန်ကမှသာ စတင်ရောင်းချခြင်းများ ပြုလုပ်နိုင်ခဲ့ပါသည်။ မာလီဘူ ရှိ ဇူးမား ကမ်းခြေတွင် Los Angeles ကယ်ဆယ်ရေးအဖွဲ့မှ Hydronalix ၏ရှေ့ပြေးပုံစံကို စမ်းသပ် ပြခဲ့ပါသည်။ E.M.I.L.Y  အား ပင်လယ်ပြင်ကယ်ဆယ်ရေး လုပ်ငန်းများ၊ စစ်ဘက်နှင့် အရပ်ဘက်   ရေကြောင်းသွားလာရေး လုပ်ငန်းများတွင် ထိရောက်စွာ အသုံးပြုနိုင်ပါသည်။ ယခုအခါ ၎င်းအားDepot ပင်လယ်အော်၊Oregon၊Westerly နှင့် Rhode ကျွန်းတို့တွင် စတင်အသုံးပြုနေပြီ ဖြစ်ပါသည်။  စက်ရုပ်ကယ်ဆယ်ရေး တည်ဆောက်မှု ကုန်ကျငွေတန်ဖိုးမှာ အမေရိကန် ဒေါ်လာတစ်သောင်း ($10000) ရှိပြီးအနာဂတ်တွင် အသံလှိူင်းကိရိယာ ရှာဖွေရေး စနစ်များ ပါဝင်လာနိုင်ပြီး ရေအောက်တွင် နှစ်မြုပ်နေသူများကိုပင် ရှာဖွေကယ်ဆယ်လာနိုင်မည် ဖြစ်ပါသည်။

Source : http://www.huffingtonpost.com/2012/08/17/emily-lifeguard-robot_n_1794067.html

EMILY can’t bring swimmers back to shore, but it can keep them safe until rescuers get there, or be attached to a rope so rescuers can pull EMILY and anyone holding on back in.

9 comments

  • Mobile

    January 30, 2013 at 9:21 am

    ွှTE ခင်ဗျ။
    ဗဟုသုတ ဖြစ်စေပါတယ်ခင်ဗျ။
    ဝင်ရောက်လေ့လာသွားပါတယ်ခင်ဗျ။

  • ရွှေတိုက်စိုး

    January 30, 2013 at 9:27 am

    ကျွန်တော်တို.ဆီမှာလဲ အဲလို နည်းပညာပစ္စည်းတွေသုံးရင် မလိုလားအပ်တဲ့ သေဆုံးမှုတွေ လျော့ကျသွားမှာနော်…….

    သတင်းအတွက်ကျေးဇူးဗျို……

  • P chogyi

    January 30, 2013 at 10:58 am

    ပစ်စည်းရဲ့ အကျိုးသက်ရောက်မှုကတော့
    ကြိုက်ပါတယ်ဗျာ
    ဈေးနှုန်းနဲ့ ဖြန့်ကြက်အသုံးချဖို့က
    ကျွန်တော်တို့နိုင်ငံအနေနဲ့က တွက်ခြေမကိုက်ဘူးဗျ။
    *($10000)*

  • kai

    January 30, 2013 at 11:06 am

    ဘေးကကော်မန့်တက်နေတဲ့ မှာအောက်ကအတိုင်းလေးပေါ်နေတယ်..

    E.M.I.L.Y ခေါ် ပင်လယ်ပြင်မှ စက်ရုပ်ကယ်ဆယ်ရေးယာဉ်
    – P chogyi
    – ရွှေတိုက်စိုး
    အကောက်တောင်မှ ကျောက်နံရံ ဘုရားဆင်းတုများ
    – Wow
    – P chogyi
    ငှက်ပျောတုံးဖက်ကြသူများ

    အစဉ်အတိုင်းဖြစ်ရပ်မှန်ကို နိမိတ်ဟပ် ပြသလိုပဲ..
    သူများနိုင်ငံတွေက.. နည်းပညာအသစ်..အတွေးသစ်နဲ့.. ကယ်ဆယ်ရေးယဉ်အသစ်အသစ်တွေ.. ကြံဆလုပ်နေကြတယ်..
    ကျုပ်တို့အဖနိုင်ငံတော်က.. အကောက်တော်မှာ..ကျောက်နံရံဘုရားဆင်းတုတွေ.. ငှက်ပျောတုံးတွေလုပ်ကြဖက်ကြတယ်..

    သခင်မျိုးဟေ့.. ဒို့ဘားမန်င်း..
    လေအားဖြင့်.. ကမ္ဘာကြီးကိုအုပ်စိုးအံ့…
    ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဆုံးအမအောက်တွင်..နေထိုင်ရှင်သန်အံ့.. :kwi:

    • ဂန္ဓာရီ ဆြာအုပ်

      January 30, 2013 at 5:41 pm

      တဂျီး.တဂျီး ခက်တယ်
      လူတွေရဲ့ ဒီလို စိတ်တွေ ကြောင့် ကမာကြီး ပျက်စီးနေတာ
      ဒီကမာ မှာ မြန်မာသာရှိ
      ကျောက်ခေတ်ယဉ်ကျေးမှု ဘယ်တော့မှ မတိမ်ကောဘူး

  • မောင်ပေ

    January 30, 2013 at 8:26 pm

    မသိရသေးသော နည်းပညာ ပစ္စည်းကို ဖတ်ရလို ့ကျေးကျေးပါ

  • E T

    January 31, 2013 at 8:20 am

    ကွန်မန့်အတွက်..သူဂျီးနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်
    နောင်လည်း မန္တလေးသတင်းစာဖတ်ပြည်သူတွေအတွက် နောက်ဆုံးပေါ်နည်းပညာသတင်းများကို ဘာသာပြန်လျှက် တင်သွားပေးပါ့မယ်လို့ ကတိပြုပါတယ်..

    ကျန်းမာချမ်းသာကြပါစေ

  • Crystalline

    January 31, 2013 at 10:42 am

    It’s my name. :harr:

  • ကိုရင်စည်သူ

    January 31, 2013 at 3:00 pm

    ဒီအူးလေးက ကိုရင့် ပင်လယ်ပျော်ရဲဘော်.. အီးတီမဟုတ်လောက်ဘူးနော်…။
    အားပေးပါတယ်… အူးလေးအိုက်တီ…။ ။ 😆

Leave a Reply