အကောက်တောင်မှ ကျောက်နံရံ ဘုရားဆင်းတုများ

ဆူးJanuary 30, 20132min24519


မြစ်ကျဉ်း ကလေး ကို ကျော်ဖြတ်လာ လိုက်မယ် ဆိုရင်.. ဆက်လက် မြင်တွေ့ရမှာကတော့.. ကျောက်နံရံမှာ ဘယ်ခေတ် အခါတည်းက ထွင်းထု ထားတဲ့ ဘုရားဆင်းတုလည်းတော့ မသိပါဘူး။ ရခိုင် မြောက်ဦး ဘက်က ဘုရားဆင်းတု ပုံစုံတွေ နဲ့တော့ ခပ်ဆင်ဆင် လို့ ခံစားမိပါတယ်။ ထင်တာ ပြောတာမို့ လွဲနိုင်ပါတယ်။

 

 

 

 

အကောက်တောင် သို့ သွားရာ လမ်း တလျှောက်မှာ ရှိသော ကျောက်နံရံ ထွင်းထု ပူဇော်ထားတဲ့ ဘုရားဆင်းတုများကို ယခုကဲ့သို့ များပြားစွာ မြင်တွေရမှာ ဖြစ်ပါတယ်။

နောက်ပိုစ်မှာတော့ အကောက်တောင်ပေါ်မှာ ရှိတဲ့ ရွှေမြင်တင် စေတီတော် ကို ခရိးဆက်တဲ့ ပုံလေးတွေ ဆက်လက်ပြသွားမှာ ဖြစ်ပါတယ်။

 

19 comments

  • P chogyi

    January 30, 2013 at 10:51 am

    အဲဒီဘက်ကိုတစ်ခါမှ မရောက်ဖူးဘူးဗျ
    တင်ပေးတာကျေးဇူးပါ။

    • ဆူး

      January 30, 2013 at 11:20 am

      တခါတလေ ရောက်ဖူးတုန်းလေး ကြွားရတာပါ.. ဟိဟိ

      • မောင်ပေ

        January 30, 2013 at 7:40 pm

        ကျွန်မ၏ ချစ်လှစွာသော ဒါလင်ကိုကို နှင့် အတူ ဆိုတာ ထည့်မပြောတော့ဘူးလား ရယ်လို ့

        • ဆူး

          January 31, 2013 at 9:11 am

          ဆူး မပြောလည်း မောင်ပေ သိနေတယ် မဟုတ်လား..

  • Wow

    January 30, 2013 at 10:57 am

    ရောက်ဖူးချင်လိုက်တာ မဆူးရယ်..
    စေတီလေးတွေ ထွင်းထားပုံက စိတ်ဝင်စားစရာကောင်းလိုက်တာ…

  • Ma Ei

    January 30, 2013 at 11:21 am

    မော်တော်ပေါ်ကနေ ဖူးမြင်ရတာပေါ့နော်…
    အနီးကပ်ပုံတွေကိုခုမှမြင်ဘူးပါတယ်…
    သွားချင်လိုက်တာ…
    လှတယ်…

    • ဆူး

      January 30, 2013 at 11:45 am

      မော်တော်ပေါ်ကပဲ မြင်ရတာပါ.. အနီးကပ်တော့ အဲ့ဒီပေါ် တက်ဖို့ သိပ်မလွယ်လှပါဘူး။
      စက်လှေစီးပြီး မနက်ခင်း မြစ်ပြင် အလှ နဲ့ ကျောက်နံရံ ဘုရားတွေ ကြည့်တဲ့ ခရီးစဉ်ပါပဲ..
      အပြန်ဒေသထွက်ကုန် ဝယ်ပြီး လည်ပတ်တဲ့ ရိုးရှင်းတဲ့ ခရီးစဉ်လေးပါပဲ။
      မြန်မာ တနိုင်ငံလုံးမှာ ကျောက်နံရံ ဘုရားထွင်းထားတာ အဲဒီ နေရာပဲ ရှိပါတယ်။
      တချို့ နိုင်ငံခြားသားတွေတော့ အဲ့ဒီဘက် ကို ရောက်နေကြပါတယ်.. အိမ်မက်အရ ဆိုပြီး လာရှာတဲ့ သူတွေလည်း ရှိတယ် ကြားတယ်။

  • Thu Wai

    January 30, 2013 at 11:55 am

    အကောက်တောင်ဆိုတာပဲသိရတယ် ဘယ်တိုင်းဘယ်နယ်လဲ လင်းစမ်းပါအုံးဗျ

    • ဆူး

      January 30, 2013 at 12:00 pm

      ပြည်မြို့ တဖက်ကမ်းမှာ ရှိတဲ့ ထုံးဘိုမြို့ မှာ ရှိတဲ့ အကောက်တောင်ပါ..
      မနေ့က ရေးတဲ့ အထဲမှာ ပါသွားတယ်လေ ဦးလေးရဲ့
      အဲ့ဒီ ခရီးစဉ် အပိုင်းချည်း သီးသန့် ဖတ်ချင်ရင် ပိုစ်အောက်မှာ ရှိတဲ့ ထုံးဘို ခရီးစဉ် ကို နိပ်လိုက်ရင် အဲဒီ ခရီးစဉ်နဲ့ ပတ်သတ်ပြီး တစုတစည်းထဲ ဖတ်ရမှာပါ။

  • ရွှေတိုက်စိုး

    January 30, 2013 at 2:56 pm

    ဘုရားဖူးလဲ ပို.တယ်.. ရာဇဝင်တော့ ရှင်းမပြဘူး……..
    အဲဒီ ကျောက်ထွင်းဆင်းတုတွေကို ဘယ်သူတွေ ပူဇော်ထားတာလဲဟင်…
    ရှေးဟောင်းလား အခုမှပူဇော်တာလား……..အဲဒါလေးသိချင်သား… (ခရက်ဒစ်တူ သူဂျီး)

    • ဆူး

      January 30, 2013 at 3:00 pm

      ရာဇဝင် သိဖို့ တောင်စောင့်နတ် ကိုမေးပေးမယ် သိလား..
      အဲ့ဒီတုန်းက မနက်စောစော ဆိုတော့ ညီလာခံ ဝင်တယ် ဆိုလား ဘာဆိုလား.. အဲ့ဒါကြောင့် မတွေ့ခဲ့လို့ မသိခဲ့ ရတာ.. နောက်တခါ သွားရင် မေးထားပေးမယ် တိရား

  • kai

    January 30, 2013 at 3:41 pm

    ပုံကြည့်မိတော့.. တော်တော်ကို ခက်ခက်ခဲခဲထုလုပ်ထားတဲ့..သဘောရှိတယ်..
    လုပ်အားကို အသိအမှတ်ပြုမိပါရဲ့..။

    • ဆူး

      January 30, 2013 at 4:01 pm

      အရှေ့က လူတွေ ခက်ခက်ခဲခဲ လုပ်သွားတာ ဆိုရင် နောက်လူတွေ အဲ့ဒါပြပြီး ပိုက်ဆံ ရတဲ့ခေတ် ဖြစ်နေပြီ.. ဟိဟိ တိုးတွေ သိပ်မသိကြသေးဘူး.. သိရင်တော့ လာကြည့်ကြပါလိမ့်မယ်။

      • kai

        January 30, 2013 at 4:15 pm

        မှန်ကန်သင့်လျှော်တဲ့.. ငွေရှာနည်းလို့ယူဆမိပါတယ်..
        ဘိုးဘွားအမွေအနှစ်ပေါ့လေ…။

        ဆိုတော့..
        ပြီးခဲ့တဲ့တပါတ်ကတင်.. သီရိလင်္ကာဘုရားဖူးသွားတဲ့.. မြန်မာတအုပ်ပြန်လာတာ.. အတွေ့အကြုံရှင်းတန်း.. စကားပြောဖြစ်တယ်..
        ဘုရားဖူး..လိပ်ဥတူး..ညောင်မြစ်ဖေါ်.. ပုတ်သင်ဥရှာနည်းတွေက..စိတ်ပျက်စရာကြီး..
        မြန်မာပြည်ကို.. မကြာခင်ကူးစက်ရောဂါလို.. ရောက်လာမယ်လို့.. တပ်အပ်ပြောလိုက်ကြောင်း..။ :kwi:

  • Mobile

    January 30, 2013 at 6:39 pm

    ကျောက်သားနံရံကိုထွင်းပြီး ပြုလုပ်ထားတဲ့လက်ရာများဟူးးးးးးးးးးးးး
    အင်မတန်ကိုခက်ခက်ခဲခဲ ပြုလုပ်ခဲ့ကြသူများ ယခုပုံများ
    မရောက်ဖူးပဲကြည့် ရှု့ခွင့်ရရှိအောင် စွမ်းဆောင်ပေးသူ စသည်တို့ကို
    ကျေးဇူးတင်ရှိလှပါကြောင်းးးးးးးးးးးးးးးးးးးးးး

  • padonmar

    January 31, 2013 at 12:07 am

    ကြားဖူးတာတော့ ရှေးက လှေသမားတွေ လှေနားရင်း ထုကြတာလို့ ဖတ်ဖူးပါတယ်။
    တစ်ဦးတစ်စုတည်း တစ်ကြိမ်တည်း ထုတာ မဟုတ်တော့ မှတ်တမ်းရယ်လို့ မရှိဘူးပေါ့။
    အဲဒါကို Tourist attraction အနေနဲ့ ထည့်ဆွဲပြီး သွားပြဖို့ ကောင်းပါတယ်။
    ……………
    ထုံးဘို ဖက်က ကျောက်သားတောင်တွေဆိုတော့ ရေရဖို့ အလွန်ခက်ပါတယ်တဲ့။
    ရွာလေးတွေမှာ ရေဒုက္ခတော်တော်ကြီးပါတယ်။
    သူငယ်ချင်း မေအေးဦးရဲ့ 2000 gp က အဲဒီဖက်က ရွာလေးတွေမှာ အဝီစိတွင်းတူးပေးတာ ပေ ၅၀ဝ ကျော် တူးမှ ရေထွက်တယ်လို့ဆိုပါတယ်။

    • ဆူး

      January 31, 2013 at 9:28 am

      အကောက်တောင် ပေါ်မှာ နောင်နှစ် မိုးတွင်း မရောက်ခင်မှာ ရေကန်လုပ်ပြီး ရေ ပေးဝေဖို့ အတွက် အလှူခံနေတာတွေ့လို့ လှူခဲ့သေးတယ်။

  • ခိုင်ဇာ

    January 31, 2013 at 8:36 am

    ဟယ်။
    ဒီဘက်ကို မကြားဖူး၊ မရောက်ဖူးဘူးတော့။
    ရေစီးကြမ်းလားတော့မသိ။ ဝဲ တွေရော ရှိသလားဟင်။
    အဲဒီဘက်ထိကို Cruise နဲ့ ခရီးစဉ်လေး စီစဉ်နိုင်ရင်ကောင်းမယ်နော်။
    :mrgreen: :mrgreen: :mrgreen:

    • ဆူး

      January 31, 2013 at 9:30 am

      Road to Mandalay သင်္ဘောရှိတယ်လေ.. ဈေးကြီးတယ်..

Leave a Reply