ထမင်းစားတော့မယ်ဆို ဘာဟင်းလဲလို့ မေးမိတတ်တယ်

အသားဟင်းမပါရင် မျက်နှာက သိပ်မကောင်း

ဟိုတယောက်ကတော့ အသားဟင်းဆို ဝက်သားလား  အမဲသားလား

ဘာအသားဟင်းမှ ထူးထူးခြားခြားမရှိရင်နေ ကြက်သားဟင်းကတော့ ဆိုင်တိုင်းရှိတတ်မြဲ

ဟို အသားရှောင် ဒီ အသားရှောင် ရှောင်ကြတဲ့သူတွေ ပေမဲ့ ကြက်သားတော့ မရှောင်ကြဘူးလေ….။

အဲဒီကြက်တကောင် ကြက်သားဟင်းဖြစ်ဖို့ (ရန်ကုန်ကို) လာရတဲ့ခရီးမနီးဘူး

အဲလိုဘဲ လမ်းမှာလဲ သက်သက်သာသာ လာခဲ့ရတာ မဟုတ်ပြန်ဘူး….

ခင်ဗျားတို့ ဟင်းပန်းကန်ထဲ ဘယ်လိုရောက်လာလဲ ဆိုတာ အကြမ်းဖျင်းလေးဘဲ ပြလိုက်ပါ့မယ်…

ဈေးထဲ လည်လှီးသတ်နေတဲ့ ပုံတွေတော့ မြင်မကောင်းလို့ တင်မပေးတော့ပါဘူးဗျာ..

ခရီးဝေးကြီက ဒီလိုကားကြီးမျိုးနဲ့ လာခဲ့တာပါဗျာ..

ခရီးဝေးကြီက ဒီလိုကားကြီးမျိုးနဲ့ လာခဲ့တာပါဗျာ..

 

 

 

 

 

 

 

 

ထိပ်ဆုံးက လိုက်ရတဲ့ကောင်တွေက မသေခင် လေဝအောင်ရှူရသေးတယ်

ထိပ်ဆုံးက လိုက်ရတဲ့ကောင်တွေက မသေခင် လေဝအောင်ရှူရသေးတယ်

ခေတ်မမှီတော့တဲ့ ဝါးခြင်းတွေထဲလဲ ကြပ်ကြပ်တည်းတည်းလိုက်တဲ့အခါလိုက်ရသေးတယ်..

ခေတ်မမှီတော့တဲ့ ဝါးခြင်းတွေထဲလဲ ကြပ်ကြပ်တည်းတည်းလိုက်တဲ့အခါလိုက်ရသေးတယ်..

လိုက်လို့သာသွားရတယ် ဘယ်ရောက်လို့ ဘယ်လိုသေရမယ်မသိတဲ့ဘဝတွေပါ

လိုက်လို့သာသွားရတယ် ဘယ်ရောက်လို့ ဘယ်လိုသေရမယ်မသိတဲ့ဘဝတွေပါ

ဘီလေးကိုစီးပြီး အချစ်လေးကိုတင်ပြီး ကိုယ်သွားရတာ...စိုင်းထီးဆိုင် သီချင်း ညည်းဖို့လိုမလား..

ဘီလေးကိုစီးပြီး အချစ်လေးကိုတင်ပြီး ကိုယ်သွားရတာ…စိုင်းထီးဆိုင် သီချင်း ညည်းဖို့လိုမလား..

နီးနီးနားနား ဆွဲသွားတော့လဲ လေကကြီးကို ဇောက်ထိုးလေးကြည့်ရတာပေါ့

နီးနီးနားနား ဆွဲသွားတော့လဲ လေကကြီးကို ဇောက်ထိုးလေးကြည့်ရတာပေါ့

ကားကြားထဲကလဲ လွတ်အောင်ရှောင်ရသေး.. သူ့အသက်တော့ လွတ်အောင်ရှောင်တယ်..

ကားကြားထဲကလဲ လွတ်အောင်ရှောင်ရသေး..
သူ့အသက်တော့ လွတ်အောင်ရှောင်တယ်..

 

ဒီဘဝကတော့ ဈေးပြင်ကမြင်ကွင်း မမြင်ရတော့ရှာဘူး

ဒီဘဝကတော့ ဈေးပြင်ကမြင်ကွင်း မမြင်ရတော့ရှာဘူး

ဈေးချိန်မမှီမှာ စိုးလို့ အထမ်းလေးနဲ့ အပြေးလေးပေါ့

ဈေးချိန်မမှီမှာ စိုးလို့ အထမ်းလေးနဲ့ အပြေးလေးပေါ့

ဒါလေးတွေ ကြည့်ပြီး အိမ်ပြန်ရောက်ရင်

ကြက်သားဆီပြန်ဟင်းလား

ဘူးသီးနဲ့ကြက်သားလား

ကြက်သားနဲ့အာလူးခပ်စပ်စပ်လေး ချက်စားမလားပေါ့….

 

 

 

နွေဦး အတွေ့ပါ..။

နွေဦး

About နွေဦး

has written 99 post in this Website..

နွေဦးရဲ့ ရင်ထဲက မွေးလာတဲ့ သားတွေကိုကိုယ်တုံးလုံးနဲ့ ရွာထဲလွှတ်တတ်သူပါ ။ အမြင်မတော်သူ ရွာသူကြီးကအစ ရွာသူရွာသားအားလုံး အမြင်မတော်တာရှိက ချစ်လို့ဖြင့်မညှာ မုန်းလို့ဖြင့် မနာစေဘဲ ရိုက်နှက်ဆုံးမကြပါလို့....