လွတ်မြောက်ခြင်း………

ကာရံJanuary 30, 20131min995

ငိုကာမှရယ်

ပြုံးကာမှမဲ့မိတယ်

မသိသေးတဲ့ ကလေးရွယ်မို့

ရှက်ကမှန်းလဲ မသိပါတစ်ကယ်

အငိုနဲ့စ အငိုနဲ့ဆုံး

အပြုံးနည်းတဲ့ လောကအလည်မှာ

မင်းလေးတစ်ယောက် သောကတွေ

ဘယ်လောက်များ ရောက်နေရပြီလဲကွယ်

သူသူငါငါ နှုတ်ဆက်နေတဲ့

သံသရာကြောမှ နှစ်မြောနေတာ အခုထိပါ

လောဘကိုခေါင်းအုံးအိပ်

မောဟကို စောင်လိုခြုံ

မုသားကိုရေလိုသုံး

လူအများအလည်မှာ ယောင်ချာချာနဲ့

ဘယ်လောက်များ ရင်မောနေရပြီလဲလေ

သွားရမယ့်လမ်း ဆုံရမယ့်နေရာ

ကြုံရမယ့် ဒေဿနာတွေအောက်မှာ

ငါမေ့လို့နေပြီလား

တရားသိပေမယ့်

မတရားခြင်းတွေရဲ့အောက်မှာ

ငါလေဘယ်တော့များမှ လွတ်မြောက်ခြင်းဆိုတာကို

တွေ့ရှိနိုင်ပါ့မလဲ………….

ပိတောက်မိုး

5 comments

  • မောင်ပေ

    January 30, 2013 at 7:17 pm

    လွတ်မြောက်ခြင်း
    ဇွတ်သောက်ရှင်း
    ကျွတ်ပေါက်နင်း
    ဖွတ်ကြောက်မင်း
    စွတ်ဟောက်လင်း

  • padauk moe

    January 30, 2013 at 7:19 pm

    ဖွတ်ကတော့အပြင်မှာမတွေ့ဖူးလို့ မကြောက်သေးဘူး ကိုပေရေ ဟီးဟီး

  • Mobile

    January 30, 2013 at 7:20 pm

    နိဗ္ဗာန်မရောက်သရွေ့တော့ ဘယ်တော့မှ လွတ်မြောက်ခြင်းဆိုတာကို
    ရှာမတွေ့နိုင်ပါဘူး အသင်လူသားးးးးးးးးးးးးးးးးးးးးးးးးးးး

  • လွတ်မြောက်ခြင်း ….
    ဘယ်ဆီက လွတ်မြောက်ခြင်း ပါလိမ့် ..
    လောဘက လွတ်မြောက်ခြင်းလား …
    ဒေါသက လွတ်မြောက်ခြင်းလား …
    မောဟက လွတ်မြောက်ခြင်းလား …
    လားးး လားးး လားးး မြင်း မဟုတ် … :mrgreen:

    • Mobile

      January 30, 2013 at 8:24 pm

      လားကမြင်းမဟုက်ပေမယ့် စီးလို့ရတာခြင်းတော့တူ ဒယ်ဆိုလားပါအေ့
      ညဉ်းက လားကိုမြင်းမဟုက်မှန်းသိတော့ မြင်းကော လားကောစီးဖူးလောက်ပါတယ်အေ့

Leave a Reply