တိမ်လှိုင်းကြက်ခွပ်

1တိမ်လှိုင်းကြက်ခွပ်
1တိမ်လှိုင်းကြက်ခွပ်
1 နန်းတော်ထက်က တိမ်ကြက်ခွပ်
2 နန်းတော်ထက်က တိမ်ကြက်ခွပ်

 

3 မြနန်းစံကျော်နဲ့ တိမ်ကြက်ခွပ်
3 မြနန်းစံကျော်နဲ့ တိမ်ကြက်ခွပ်

“တိမ်လှိုင်းကြက်ခွပ်”

အလုပ်ပိတ်တဲ့တစ်ရက် အပြင်ထွက်မလုို့လုပ်တုံး

“လေးပေါက်………….ဘယ်မှာလဲ”ဆိုပြီးဖုန်းဝင်လာပါတယ်။

ရန်ကုန်မှာနေတဲ့ရွာသူတစ်ယောက်။

မန်းလေးကိုအလည်ရောက်နေပါသတဲ့။

အဲဒါနဲ့သူတို့ဘယ်ရောက်နေလဲဆိုတော့မြောက်ပြင်မှာတဲ့။

သူတို့ရောက်တဲ့နေရာနဲ့မဝေးတဲ့ 19လမ်းက မင်းသီဟလက်ဖက်ရည်ဆိုင်မှာချိန်းလို်က်ပါတယ်။

ရောက်လာတော့စကားတွေပြောကြ။

ပြီးရင်ဘယ်သွားချင်လဲမေးတော့ နန်းတွင်းကို သွားချင်ကြပါသတဲ့။

ဒါနဲ့ဘဲ ကျုံးကိုမြောက်ဘက်ကနေပါတ် အရှေ့ပေါက်ကနေ နန်းတွင်းထဲကိုဝင်လို့

မြနန်းစံကျော်ရွှေနန်းတော်ကိုအလည်သွားကြပါတယ်၊

နန်းတော်ထဲအရောက်ကောင်းကင်ကိုမော့ကြည့်လိုက်တော့ တိမ်တွေကလှိုင်းကြက်ခွပ်ထနေပုံကလှပါ။

 

4 တိမ်တွေပြိုကျ
4 တိမ်တွေပြိုကျ
5နုတ်ဆက်ညနေခင်း
5နုတ်ဆက်ညနေခင်း

 

 

6 ရေထဲရောက်နေတဲ့ တိမ်ကြက်ခွပ်
6 ရေထဲရောက်နေတဲ့ တိမ်ကြက်ခွပ်

 

 

7 ကျနော်ကိုလွမ်းအောင်လုပ်တဲ့ညနေခင်းလေး
7 ကျနော်ကိုလွမ်းအောင်လုပ်တဲ့ညနေခင်းလေး
8 အလင်းတွေပြန်လက်လာတဲ့ ညနေခင်း
8ပန်းဆီရောင် ညနေခင်း

 

 

အဲဒိက အပြန် သူ့တို့ကို တည်းအိမ်ရောက်အောင်လိုက်ပို့။

အိမ်မပြန်နိုင်သေးဘဲတိမ်ကြက်ခွပ်တွေကို ဓါတ်ပုံရိုက်ချင်လို့ ဧရာကမ်းနံဘေးပြေးမယ်လုပ်တော့

နေကျတာ မြန်နေတော့ အချိန်မမှီလောက်။

ရေပြင်ရယ် ကျယ်ပြန့်တဲ့ကောင်းကင်ရယ်ရှိမယ့်နေရာကို

အမြန်ဆုံးရောက်မယ့်နေရာကို တွက်ကြည့်တော့ တက်သေးအင်း အနောက်မြောက်ဘက်ခြမ်းကိုသတိရတော့

ဆိုင်ကယ်ကို အမြန်မောင်းလာခဲ့ပါတယ်။

ရောက်တဲ့အချိန်မှာကို နေရောင်က မင်းဝံကိုကွယ်ခါနီးနေပါပြီ။

ဒါနဲ့ဘဲ ့ တိမ်လှိုင်းကြက်ခွပ်တွေနဲ့တက်သေးအင်းရေပြင်ကို နေဝင်ချိန်လေးနဲ့

တွဲဖက်လိုက်တဲ့အခါမှာတော့

…………………………………………….

 

ကိုပေါက်လက်ဆောင်မြန်မာပြည်မှအလှတရားများ

30-1-2013

9အလင်းရုပ်သိမ်းချိန်က တိမ်ကြက်ခွပ်
9အလင်းရုပ်သိမ်းချိန်က တိမ်ကြက်ခွပ်