အဘဖေါ ရဲ့ ဥရောပသွား ပေါ်တာ တောလား ( ၂၁ )(D–30 to 33-BOPPARD-COLOGNE-AMSTERDAM-LONDON-SYDNEY)

Foreign ResidentJanuary 31, 201317min19215

အဘဖေါ ရဲ့ ဥရောပသွား

ပေါ်တာ တောလား ( ၂၁ )

 

( D 30 to 33

BOPPARD – COLOGNE –

AMSTERDAM –

LONDON – SYDNEY )

 

အောက်တိုဘာ ၁ဝ ရက်နေ့ ။

 

Buffet နံနက်စာ ကို ၊

မနက် စောစောမှာ ၊

စားပြီး စောစောလေး ၊

ထွက်လာခဲ့ကြတယ် ။

 

နံနက် ၁ဝ နာရီလောက်မှာ ဂျာမဏီနိုင်ငံ ကိုလုံး ( Cologne ) မြို့လည်ကို ရောက်တယ် ။

အဘတို့ လျှောက်လည်ဖို့ အချိန် တစ်နာရီ ရတယ် ။

မြို့လည်က Cologne Cathedral နှင့် ရင်ပြင်မှာ ဓါတ်ပုံရိုက် လျှောက်ကြည့်ကြတယ် ။

Cologne Cathedral ကြီးက ထုထည် တော်တော်ကြီးပြီး ၊ မြင့်မားလှပါပေတယ် ။

Cologne Cathedral ကြီးက ထုထည် တော်တော်ကြီးပြီး ၊ မြင့်မားလှပါပေတယ် - 1
Cologne Cathedral ကြီးက ထုထည် တော်တော်ကြီးပြီး ၊ မြင့်မားလှပါပေတယ် – 1
Cologne Cathedral ကြီးက ထုထည် တော်တော်ကြီးပြီး ၊ မြင့်မားလှပါပေတယ် - 2
Cologne Cathedral ကြီးက ထုထည် တော်တော်ကြီးပြီး ၊ မြင့်မားလှပါပေတယ် – 2

 

 

မိန်းမကတော့ သူ ပြင်သစ် နှင့် အီတလီက ဝယ်လာတဲ့ အိတ်တွေရဲ့ ဆိုင်တွေကိုသွားပြီး ၊

သူ ဝယ်ခဲ့တာ ဈေး တော်မတော် သွားကြည့်မယ်တဲ့ ။

ပြီးရင် သူက မူရင်းနိုင်ငံက ဝယ်ခဲ့တာတွေမို့လို့ ဈေးသက်သာနေတာကိုတွေ့ရရင် ပျော်နေတယ်လေ ။

အဘ ကတော့ အဲဒီ အိတ်ဈေးတွေလည်း စိတ်မဝင်စား ၊

Shop After Shop ၊ Cathedral After Cathedral ၊ ရင်ပြင် After ရင်ပြင် မုန်းအောင်ကြည့်ပြီးပြီ ဆိုတော့ ၊

အပြင်မှာ ရာသီဥတုကလည်း တော်တော် အေးနေတော့ ၊ မဟေသီ နှင့် မလိုက်တော့ပဲ ၊

အနားက Mc Donald ဆိုင်ထဲမှာပဲ ကော်ဖီ ပူပူလေး သောက်ပြီးပဲ နေခဲ့ပါတယ် ။

 

အော် ၊ ဥရောပ ၊ ဥရောပ ၊ Mc Donald ဆိုင်မှာ အိမ်သာသွားတာတောင် ၅ဝ ဆင့် ပေးရတယ် ။

ဒီ အိမ်သာ ကိစ္စ ထည့်မပြောရင် ၊ ဒီ ခရီးစဉ်မှာ တစ်ခုခုကို ဖုံးထား သလိုတော့ ဖြစ်တော့မှာပဲ ။

အဘ ကလည်း ပွင့်ပွင့်လင်းလင်း ပြောတတ်တော့ ၊ ရေးချတာပဲ ကောင်းပါတယ် ။

 

ဒီ ဥရောပမှာက Public Toilet တိုင်း ၊ even, Mc Donald လို စားသောက်ဆိုင်က အိမ်သာက အစ ၊

ပိုက်ဆံ ပေးရပါတယ် ။ အနဲဆုံး ၊ ယူရို ၅ဝ ဆင့် ပေးရပါတယ် ။

တစ်နေ့ကို အိမ်သာက ၃ / ၄ ခါလောက် သွားနေတာဖြစ်လို့ ၊

နေ့စဉ် ၂ ယူရို လောက်ကတော့ အသာလေးကုန်ပါတယ် ။

အဘ တို့ ဩဇီမှာက Public Toilet တွေက နေရာ အနှံရှိနေပြီး ၊ ဘာ ပိုက်ဆံ မှ မပေးရပါဘူး ။

အဲဒီတော့ကာ ၊ ဩဇီသား လူများစုကြီးက Tour Director ပီတာကြီးကို claim လုပ်ပါတယ် ။

 

ပီတာကြီးက ပြောတာကတော့ ၊

Public Toilet တစ်ခုကို တည်ဆောက် စရိတ်တင်မကဘူး ၊

နေ့စဉ် Maintenance လုပ်နေရတာတင်မကဘူးတဲ့ ၊

၂ ပါတ် တစ်ခါလောက်လည်း အိမ်သာက Block က ဖြစ်တတ်သေးတော့ ၊

Maintenance စရိတ်က တော်တော် ထောင်းတယ်လို့ ပြောပါတယ် ။

Public Toilet တစ်ခုကို Maintenance စရိတ်က တစ်လကို ၅၀၀ဝ လောက် ကုန်ပါတယ်တဲ့ ။

အဲဒါကြောင့် ၊ စီးပွားရေး သိပ်အဆင်မပြေတဲ့ ဥရောပ နိုင်ငံတွေ မတတ်နိုင်ပါဘူးတဲ့ ။

 

ထားပါတော့ ၊

အဲဒါနှင့် စိတ်ကူးပေါက်ပြီး ပြင်သစ် နှင့် စပိန်က Public Toilet ပုံ တင်ပေးလိုက်ပါတယ် ။

စပိန်က Public Toilet တစ်လုံး ။
စပိန်က Public Toilet တစ်လုံး ။
ပြင်သစ်က Public Toilet ပေါ်က Label ပုံ ။
ပြင်သစ်က Public Toilet ပေါ်က Label ပုံ ။

 

 

၁ ။

ပြင်သစ်လို အင်္ဂလိပ်လို အပြင် မျက်မမြင်စာနှင့်ပါ ရေးပေးထားပါတယ် ။

အဲဒါကိုမှ အဆင်မပြေသေးရင် အသံနှင့် Instruction ပါပေးတယ် တဲ့ ။

အိမ်သာကိုပါ ဇာချဲ့ချက်က ။

 

၂ ။

အိမ်သာ တစ်ခါဝင် ယူရို ၅ဝ ဆင့် ပါ ။

 

၃ ။

အိမ်သာ တစ်ခုလုံးကို Computer / Automatic စက်နှင့် control လုပ်ထားတာပါ ။

လူတစ်ယောက် ထွက်လာလာချင်း တံခါးပွင့်နေတုန်း ၊ အတင်းလိုက်မဝင်ကြပါနှင့် ။

သူဟာသူ တံခါး ပိတ်သွားပြီး အိမ်သာ တစ်ခုလုံးကို ရေဆေး အနံ့ဖျောက် အခြောက်ခံ လုပ်ပါတယ် ။

အဲဒါတွေပြီးသွားမှ ( နောက် ၅ မိနစ် အကြာမှ ) မီးစိမ်းပြီး နောက်တစ်ယောက် ဝင်ရပါတယ် ။

 

အဘတို့အဖွဲ့ထဲက လူကြီးတစ်ယောက် မထိန်းနိုင်လို့ အတင်းကပ်ဝင်သွားတာ ၊

ညစ်ပါတ်နေတာပဲ ဆိုပြီး ပြန်ထွက်လာရပါတယ် ။

သူ ပြန်ထွက်လာမှ ၊ အိမ်သာ တံခါး Auto ပြန်ပိတ်သွားပြီး သန့်ရှင်းရေး လုပ်ပါတော့တယ် ။

ဘယ်လောက် သန့်ရှင်းရေး လုပ်လုပ် ရေတွေတော့ စိုနေတာပါပဲလေ ။

 

၄ ။

အဆိုးဆုံး အချက်က ၊ အိမ်သာထဲမှာ မိနစ် ၂ဝ ပဲ နေခွင့်ပေးတာပါပဲ ။

( ပုံထဲမှာကြည့်ရင် ညာဖက် အပေါ် ဒေါင့် မှာ 20 min Maxi ဆိုတာတွေ့လိမ့်မယ် )

အလေးသွားတဲ့သူတွေခမျာ ၊ နာရီ တစ်ကြည့်ကြည့်နှင့် ရင်မပြီး အမြန်သွားရပါတယ် ။

ပြောနိုင်ဘူးလေ ၊ တော်ကြာ မိနစ် ၂ဝ ပြည့်ပြီဆိုပြီး ၊ ဝုန်းဆို တံခါးပွင့်သွားရင် ၊ ဒုက္ခ ။

 

၁ဝ နာရီလောက်မှာ Colonge မြို့ကနေ ပြန်ထွက်လာတာ ညနေ ၃ နာရီလောက်မှာ ၊

အဘတို့ တည်းမယ့် Mercure Aan De Amstel Hotel, Amsterdam ကိုရောက်ပါတယ် ။

ဟိုတယ်မှာ ပစ္စည်းတွေ ထားပြီး Amsterdam မြို့ထဲကို လေ့လာဖို့ထွက်လာပါတယ် ။

အဘတို့ တည်းတဲ့ Mercure Aan De Amstel Hotel ပေါ်က မြင်ကွင်း ။
အဘတို့ တည်းတဲ့ Mercure Aan De Amstel Hotel ပေါ်က မြင်ကွင်း ။

 

 

Amsterdam ဟာ စက်ဘီး မြို့တော်လို့ပြောရလောက်အောင် ၊

နေရာတကာမှာ စက်ဘီးတွေ ၊ စက်ဘီး Parking တွေ အများကြီး တွေ့ရပါတယ် ။

 

Netherland / Holland ဟာ Marihuana ဆေးခြောက်ကို တရားဝင် ရောင်းချ ၊ သုံးစွဲခွင့် ပြုပါတယ် ။

( အဲဒါကြောင့် အဘ တို့ အဖွဲ့ထဲက တစ်ချို့ဟာ Amsterdam မှာ နေခဲ့ကြမှာပါ )

Marihuana ဆေးခြောက် Museum ပုံလေးကိုပါ တင်ပေးလိုက်ပါတယ် ။

Marihuana ဆေးခြောက် Museum ပုံ ။
Marihuana ဆေးခြောက် Museum ပုံ ။

 

အဲဒါပြီးတော့ Amsterdam ရဲ့ နာမည်ကျော် Red Light District ကို လေ့လာကြပါတယ် ။

မိန်းမ ကြီး ငယ်တွေ တစ်ချို့ 2 pieces နှင့် ၊ တစ်ချို့ 1 pieces နှင့် ၊

လမ်းဘေး မှန်ခန်းတွေထဲမှာ ထိုင် အလှပြ ဆွဲဆောင် နေကြပါတယ် ။

 

Sex Toys / equipments တွေ ရောင်းနေတဲ့ Sex shops တွေကလည်း အများသား ။

စိတ်ဝင်တစ်စား ကြည့်နေတဲ့ အဘတို့အဖွဲ့က ခလေးလေး Lian ကိုလည်း တားရသေး ။

 

Live Porno Show Theater တွေထဲ ဝင်ကြည့်ရအောင်လို့ ပြောပြန်တော့လည်း ၊

အချိန်ကလည်း သိပ်မရှိ ၊ မိန်းမ ကလည်း ကန့်ကွက်တာနှင့် မကြည့်ဖြစ်လိုက်ပါဘူး ။

 

အမှန်က အဘ က သူတို့ ( အဘ မိန်းမ ) ကို ဗဟုသုတ ရအောင် ၊ ကြည့်စေချင်တာပါ ။

အဘ တစ်ယောက်ထဲ အတွက်ကတော့ ရိုး ဟိုး ဟိုး ဟိုး နေပါပြီ ။

 

Live Porno Show Theater ဓါတ်ပုံ ထဲက ညာစွန် အခန်းထဲက အမျိုးသမီးက လူအစစ်ကြီးပါ ။

သူတို့တွေရဲ့ အရှေ့မှန်ပေါ်မှာ ဓါတ်ပုံ မရိုက်ရ ဆိုတဲ့ Sign ရှိတာမို့ ၊

အဘ ခပ်လှမ်းလှမ်းက ရိုက်ခဲ့တဲ့ မျက်နှာဝါးနေတဲ့ပုံကိုပဲ တင်လိုက်ပါတယ် ။

Sex shop မှာစိတ်ဝင်တစ်စား ကြည့်နေတဲ့ အဘတို့အဖွဲ့က ခလေးလေး Lian ။
Sex shop မှာစိတ်ဝင်တစ်စား ကြည့်နေတဲ့ အဘတို့အဖွဲ့က ခလေးလေး Lian ။
Live Porno Show Theater ဓါတ်ပုံ ထဲက ညာစွန် အခန်းထဲက အမျိုးသမီးက လူအစစ်ကြီးပါ ။
Live Porno Show Theater ဓါတ်ပုံ ထဲက ညာစွန် အခန်းထဲက အမျိုးသမီးက လူအစစ်ကြီးပါ ။

 

 

 

ဒါနှင့်ပဲ Live Porno Show မကြည့်ဖြစ်ပဲ ၊

နဲနဲ ယဉ်တဲ့ Sex Museum ကိုပဲ ( ဗဟုသုတ အလိုငှာ ) ဝင်ကြည့်ဖြစ်ပါတော့တယ် ။

Sex Museum ထဲက နဲနဲ ယဉ်တဲ့ပုံတွေကိုပဲ ရွာသူားတို့ ( ဗဟုသုတ အလိုငှာ ) တင်ပေးလိုက်ပါတယ် ။

( နှာ ကြည့် မ ကြည့်ပဲ ၊ စာ  ကြည့် ပဲ ကြည့် တော်မူကြပါ ခမျ )

နဲနဲ ယဉ်တဲ့ Sex Museum ။
နဲနဲ ယဉ်တဲ့ Sex Museum ။

 

Sex Museum ထဲက နဲနဲ ယဉ်တဲ့ပုံလေးတွေ - 1
Sex Museum ထဲက နဲနဲ ယဉ်တဲ့ပုံလေးတွေ – 1
Sex Museum ထဲက နဲနဲ ယဉ်တဲ့ပုံလေးတွေ - 2
Sex Museum ထဲက နဲနဲ ယဉ်တဲ့ပုံလေးတွေ – 2

 

အဲဒါပြီးတော့ ၊ Amsterdam ရဲ့ နာမည်ကျော် Canal တူးမြောင်း တွေ တစ်လျှောက် ၊

Boat တစ်စင်း နှင့် cruise လျှောက်ကြည့်ကြပါတယ် ။

Amsterdam မြို့ဟာ နုန်းတင် မြေပျော့ပေါ်မှာ တည်ထားတာ ဖြစ်တဲ့အတွက် ၊

အိမ်တွေဟာ တစ်ဖက်ဖက်ကို စောင်းနေ မှီနေတာကို တွေ့ရပါတယ် ။

Amsterdam မြို့ဟာ မြေပျော့တဲ့အတွက် အိမ်တွေဟာ တစ်ဖက်ဖက်ကို စောင်းနေပါတယ် ။
Amsterdam မြို့ဟာ မြေပျော့တဲ့အတွက် အိမ်တွေဟာ တစ်ဖက်ဖက်ကို စောင်းနေပါတယ် ။
Amsterdam ရဲ့ နာမည်ကျော် Canal တူးမြောင်း တစ်လျှောက် မြင်ကွင်းတွေ - 1
Amsterdam ရဲ့ နာမည်ကျော် Canal တူးမြောင်း တစ်လျှောက် မြင်ကွင်းတွေ – 1
Amsterdam ရဲ့ နာမည်ကျော် Canal တူးမြောင်း တစ်လျှောက် မြင်ကွင်းတွေ - 2
Amsterdam ရဲ့ နာမည်ကျော် Canal တူးမြောင်း တစ်လျှောက် မြင်ကွင်းတွေ – 2
Amsterdam ရဲ့ နာမည်ကျော် Canal တူးမြောင်း တစ်လျှောက် မြင်ကွင်းတွေ - 3
Amsterdam ရဲ့ နာမည်ကျော် Canal တူးမြောင်း တစ်လျှောက် မြင်ကွင်းတွေ – 3

 

 

 

 

မှတ်မှတ်ရရ ဆိုလို့ ၊ ” The Diary of a Young Girl ” ဆိုတဲ့ Diary ကိုရေးခဲ့တဲ့ ၊

Anne Frank ဆိုတဲ့ ဂျူးမလေးတစ်ယောက် နာဇီတွေကို ပုန်းနေရင်း Diary ရေးခဲ့တဲ့ ၊

၄ ထပ် အိမ်လေးကိုလည်း တွေ့ခဲ့ ပါတယ် ။

Anne Frank ဆိုတဲ့ ဂျူးမလေးတစ်ယောက် နာဇီတွေကို ပုန်းနေခဲ့တဲ့ အိမ် ။
Anne Frank ဆိုတဲ့ ဂျူးမလေးတစ်ယောက် နာဇီတွေကို ပုန်းနေခဲ့တဲ့ အိမ် ။

 

အဲဒီ ည မှာတော့ Trafalgar က နှုတ်ဆက် Dinner ကျွေးပါတယ် ။

အဘ တို့ကလည်း အဘတို့ Tour Director ပီတာကြီး နှင့် Driver Paldo ကို Tip ပြန်ပေးခဲ့ပါတယ် ။

Tour Director ပီတာကြီး ကို ၅ x ၃ဝ = ၁၅ဝ ယူရို နှင့် Driver Paldo ကို ၇၅ ယူရို ပေးရပါတယ် ။

 

အောက်တိုဘာ ၁၁ ရက်နေ့ ။

 

ဒီနေ့တော့ Amsterdam မြို့ကနေ London မြို့ကို ကားတစ်တန် သင်္ဘော တစ်တန် နှင့် ပြန်ပါတယ် ။

ပြင်သစ်ကနေ အင်္ဂလန်အကူး Calais ဆိပ်ကမ်းမှာ အင်္ဂလန် Immigration & Custom က သေချာစစ်ပါတယ် ။

အင်္ဂလန် ဟာ လစာ ဝင်ငွေ ကောင်းတာမို့ ၊ ဥရောပ က တရားမဝင် ဝင်လာမယ့်သူတွေကို တားဖို့ပါ ။

နောက်ပြီး မူးယစ်ဆေးဝါးတွေလည်း တရားမဝင် သွင်းကြတယ် ပြောတာပဲ ။

အဘ တို့ကတော့ ဩဇီ က အဖွဲ့ ဆိုတော့ ၊ သိပ် မရစ်ပါဘူး ၊ မြန်ပါတယ် ။

 

အင်္ဂလန် ကို ညနေ ၅ နာရီလောက်မှ ရောက်ပါတယ် ။

အလာတုန်းကတည်းခဲ့တဲ့ Hilton Kensington Hotel, London မှာပဲ တည်းဖြစ်ပါတယ် ။

 

အောက်တိုဘာ ၁၂ ရက်နေ့ ။

 

ဒီနေ့တော့ လေဆိပ်ကို စောစောထွက်လာခဲ့ပါတယ် ။

အဘတို့  ပြင်သစ် နှင့် အီတလီက ဝယ်လာတဲ့ အိတ်တွေရဲ့ VAT အကောက်ခွန်ကို ၊

လန်ဒန် ဟိသရိုး လေဆိပ်မှာ ပြန်တောင်း Claim လုပ်ဖို့ပါ ။

( အဘ တို့က EU ပြင်ပမှာ သုံးမှာမို့ VAT Custom Duty အကောက်ခွန် Free ရမှာပါ )

 

ပစ္စည်းတွေ ဝယ်တဲ့ ဆိုင်မှာ ကတည်းက ၊

ငါတို့တွေဟာ နိုင်ငံခြားသားပါ ။

ဒီ ပစ္စည်းတွေကို EU ပြင်ပမှာ သုံးမှာပါ ။

EU ကနောက်ဆုံး ထွက်ခွာတဲ့အချိန်မှာ ၊

Custom Duty အကောက်ခွန် ကို Claim လုပ်ပါမယ်လို့ ၊

တစ်ခါတည်း ပြောခဲ့ရပါတယ် ။

 

အဲဒီအခါ ဆိုင်က ၊

၁ ။ ပစ္စည်းရောင်းတဲ့ ပြေစာ အပြင် ၊

၂ ။ Custom Duty အကောက်ခွန် ကို Claim လုပ်တဲ့ စာ ရယ် ၊

၃ ။ Custom Duty အကောက်ခွန် ကို Claim လုပ်ဖို့ စာအိတ် တစ်အိတ် ရယ် ပေးပြီး ။

၄ ။ သူတို့ဆိုင်မှာ ဝယ်ခဲ့ကြောင်း ၊ အကောက်ခွန် ကို Claim လုပ်မှာဖြစ်ကြောင်း ၊

အကောက်ခွန် Web Page ကို Internet ထဲက တစ်ဆင့် လှမ်း သတင်းပို့ပါတယ် ။

 

ဆိုင်က ပေးထားတဲ့ Item ၁ ၊ ၂ ၊ ၃ နှင့် ဝယ်ခဲ့တဲ့ အိတ်တွေ နှင့်  လေဆိပ်က ၊

Custom VAT Refund ( VAT = Value Added Tax ) ရုံးမှာ သွား Refund လုပ်ရပါတယ် ။

( အကြမ်းဖျင်းအားဖြင့် Value Added Tax ဟာ ၈ % နှင့် ၁ဝ % ကြား ရှိပါတယ် )

Refund လုပ်ရမယ့် Custom VAT Refund ( VAT = Value Added Tax ) ရုံး ။
Refund လုပ်ရမယ့် Custom VAT Refund ( VAT = Value Added Tax ) ရုံး ။

 

သတိထားဖို့က Item ၁ ၊ ၂ ၊ ၃ slip စာရွက်တွေ မပျောက် ဖို့နှင့် ၊

ကိုယ် VAT Refund လုပ်မယ့် ပစ္စည်းတွေကို ၊

လေယာဉ်ပေါ်ကို ကိုယ်နှင့်မကွာ လက်ဆွဲသယ်သွားမယ့် Hand Carry နှင့် သယ်ဖို့ပါ ။

 

ဘာကြောင့်လဲ ဆိုတော့ ၊ Check in လုပ် ၊ Luggage အပ်ပြီး ၊

လေဆိပ် အထွက် Security ကို ဖြတ်ပြီး Departure Hall / Gate ထဲကို ရောက်တော့မှ ၊

Custom VAT Refund ရုံး ကို ဝင်တွေ့ရမှာပါ ။

 

Custom VAT Refund ရုံးမှာ Custom အရာရှိက ၊

slip စာရွက်တွေ VAT Refund လုပ်မယ့် ပစ္စည်းတွေကို သေချာ စစ်ဆေးပြီး ၊

အကောက်ခွန် ကို Claim လုပ်တဲ့ စာ မှာ Custom Approved / Recognized Seal ထုပေးလိုက်ပါတယ် ။

 

တစ်ခါတစ်လေ အဲဒီ Custom ရုံးမှာ စောင့်နေတဲ့ လူတန်း တော်တော် ရှည်ပါတယ် ။

အဲဒါကြောင့် လေဆိပ်ကို စောစော ထွက်လာတာပါ ။

 

Custom Approved / Recognized Seal ထုပေးလိုက်တဲ့ စာရွက် ရရင် ၊

VAT Refund လို့ရေးထားတဲ့ Approved Money Changer မှာ ၊

ပိုက်ဆံကို တစ်ခါတည်း သွားထုတ်ရုံ ပါပဲ ။

VAT Refund လို့ရေးထားတဲ့ Approved Money Changer မှာ ပိုက်ဆံကို သွားထုတ်ရမယ် ။
VAT Refund လို့ရေးထားတဲ့ Approved Money Changer မှာ ပိုက်ဆံကို သွားထုတ်ရမယ် ။

 

အဲဒီ Approved Money Changer မှာ ၊

ဝယ်ခဲ့တဲ့ဆိုင်က အကောက်ခွန် Web Page ကို လှမ်း သတင်းပို့ထားတာကို စစ်ပါတယ် ။

အဘတို့ ဝယ်ခဲ့တဲ့ အိတ်တွေထဲက LV တစ်လုံး ၊ Prada တစ်လုံး နှင့် Gucci တစ်လုံး က ၊

Web Page ကို လှမ်း သတင်းပို့ထားလို့ ချက်ချင်း ပိုက်ဆံ ထုတ်ပေးလိုက်ပါတယ် ။

 

တခြား Gucci အိတ် တစ်လုံး ကတော့ Web Page ကို သတင်းပို့ထားတာ မတွေ့လို့ ၊

ချက်ချင်း ပိုက်ဆံ ထုတ် မ ပေးနိုင်ပါဘူးတဲ့ ။

တော်တော် ပေါ့လျော့တဲ့ Gucci က အရောင်း စာရေးမတွေ ။

 

ဒါနှင့်ပဲ ။

Item  နံပါတ် ၂ ။ Custom Duty အကောက်ခွန် ကို Claim လုပ်တဲ့ စာ မှာ

ကိုယ့်ရဲ့ Bank Account နံပါတ် ကို ဖြည့်ပြီး ၊

Item  နံပါတ် ၃ ။ အကောက်ခွန် ကို Claim လုပ်ဖို့ စာအိတ် ထဲကိုထည့်ပြီး ၊

ဘေးနားက အကောက်ခွန် Claim လုပ်တဲ့ သေတ္တာထဲ ထည့်ခဲ့ရပါတယ် ။

 

Web Page ကို သတင်းပို့ထားတာ တက်လာခဲ့လို့ရှိရင်တော့ ၊

အဘ ရေးထားခဲ့တဲ့ Bank Account နံပါတ် ထဲကို ပိုက်ဆံ ပို့ပေးလိုက်မယ်တော့ ပြောတာပဲ ။

အခု ထက်ထိတော့ ပိုက်ဆံ မဝင်သေးပါဘူးကွယ် ။ ဆုံးပြီ ထင်ပါရဲ့ ။ အဟီး ဟီး ဟီး ( Crying ) ။

သူတို့ Luggage ကျောပိုးအိတ်ထဲက အခိုးခံရမှာ စိုးလို့ သံပိုက်ကွန် အုပ်ထားတာ ။
သူတို့ Luggage ကျောပိုးအိတ်ထဲက အခိုးခံရမှာ စိုးလို့ သံပိုက်ကွန် အုပ်ထားတာ ။

 

အောက်တိုဘာ ၁၃ ရက်နေ့ ။

 

အောက်တိုဘာ ၁၂ ရက်နေ့ ကတည်းက လေယာဉ် စီး ရတာ ၊ ၁၃ ရက်နေ့ မနက်ကျမှ ၊

ဩဇီ ပြန်ရောက်ပြီး ဒီခရီးစဉ်ကို အဆုံးသတ်လိုက်နိုင်ပါ တော့တယ် ။

 

Sydney အိမ် ပြန်ရောက်တဲ့အခါ ၊ တစ်လ နှင့် ၃ ရက် ခွဲနေခဲ့ရတဲ့ ၊

အဘ ရဲ့ ချစ်စဖွယ် ခွေးလေး ၂ ကောင်ရဲ့ ကြိုဆိုမှုကတော့ ၊

တကယ့်ကို ကြည်နူးစရာပါပဲကွယ် ။

ဘာတွေ ဘယ်လိုပဲ ပြောပြော နောက်ဆုံးမတော့ Home Sweet Home ပါပဲကွယ် ။

 

အဘ အတွက် ဒီ ခရီးစဉ်ကြီးဟာ ၊ အရမ်းပင်ပန်းခဲ့ရတာ မှန်ပေမယ့် ၊

အမှန်တကယ်လဲ ပျော်ရွှင်ခဲ့ရတဲ့ ခရီးတစ်ခုပါပဲကွယ် ။

တစ်သက်လုံးလဲ သတိရနေတော့မှာ အမှန်ပါပဲ ။

 

အဘ ရဲ့ ပေါက်တတ်ကရ ဟိုမရောက် ဒီမရောက် စိတ်ကူးပေါ်ရာ တွေ လျှောက်ရေး ခဲ့တဲ့ ၊

ဥရောပ ပေါ်တာ တောလား တွေကို ( ၂၁ ) ရောက်တဲ့အထိ ၊

စိတ်ရှည် လက်ရှည် နှင့် ဖတ်ပေးခဲ့တဲ့ ရွာသူား အားလုံးကို အထူး ကျေးဇူး တင်ပါတယ် ။

 

ပြီးပါပြီ ကွယ် ။

 

အဘ ဖေါ  ( F R ) ။

15 comments

  • kai

    January 31, 2013 at 5:13 am

    ခရီးနဲ့.. စာအားဖြင့်တောက်လျှောက်လိုက်လာတာ.. မောသွားတာပဲ..
    စာရှည်ကြီးအတွက်..ကျေးဇူးပါခင်ဗျား..
    သတင်းစာထဲ ခရီးသွားဆောင်းပါးအနေနဲ့ထည့်ဖို့.. ဘယ်လိုလုပ်ရမလည်း.. တွေးနေတာ..။

    ဆေးခြောက်နဲ့..ဆက်စ်ကိစ္စ.. ဥပဒေအရပွင့်လင်းမြင်သာရှိတဲ့.. မြို့ကို. ကြိုက်တယ်..။
    အမှတ်မမှားရင်.. တချိန်က.. အမ်စတာဒမ်က.. စိန်မြို့တော်ခေါ်တာ..။
    ရေမြို့တော်က.. ဗင်းနစ်…။
    စိန်တန်းတွေဖက်မရောက်တာလား.. မရှိတော့တာလား…မသိ..။

    • Foreign Resident

      January 31, 2013 at 6:49 am

      ” တချိန်က.. အမ်စတာဒမ်က.. စိန်မြို့တော်ခေါ်တာ..။
      စိန်တန်းတွေဖက်မရောက်တာလား.. မရှိတော့တာလား…မသိ..။ ”

      အမ်စတာဒမ်က.. စိန်မြို့တော် ဖြစ်နေတုန်းပါပဲ ။
      အဖွဲ့ထဲပါတဲ့ ရတနာ ရောင်းဝယ်သူ တစ်ယောက်ကိုမေးကြည့်တော့လည်း ၊
      အမ်စတာဒမ်မှာ.. စိန် ဝယ်တတ်ရင် ( ဝယ်တတ်ရင် ) တန်တယ်လို့ ပြောပါတယ် ။
      အဓိက က ၊ စိန် ဝယ်ဖို့ ပိုက်ဆံ cash ကလည်း မပါခဲ့တော့ မရောက်ဖြစ်ခဲ့တာပါ ။

      ဒီနှစ်ပိုင်းတွေ အတွင်းမှာ မိန်းမကို စိန် ဝယ်ပေးဖို့ ကတိပေးထားမိလို့ ၊
      စိန် အကြောင်းကို တော်တော် စုံစမ်းဖြစ်နေပါတယ် ။
      စိန် အကြောင်း စုံစမ်းရင်း သိဖြစ်တာလေးတွေကို ၊
      ရွာသူားတွေ ဗဟုသုတ အတွက် ဖေါ်ပြရရင် ။

      ၁ ။
      Cartier / Tiffany ဆိုင်တွေမှာ သူတို့ရဲ့ standard စိန်
      ( Near Colorless ( G, H, I, J ) & Very Slightly Included ( VS 1, VS 2 ) )
      0.8 Caret ( တစ်ရတီ ) ကို 10000 $ လောက်ပေးရပါမယ် ။
      ( 0.8 Caret က အမြင်မှာ နဲနဲ သေးတယ် ၊ 1.5 Caret လောက်မှ လှ တယ် )

      ၂ ။
      တခြား နာမည် သိပ်မကြီးတဲ့ စိန်ဆိုင်တွေမှာ ၊
      ငါတို့က နာမည်ကို ဝယ်ဝတ်တာ မဟုတ်ပါဘူး ( Cartier / Tiffany ဖြစ်စရာ မလိုဘူး )
      ဒါပေမယ့် သူတို့ ( Cartier / Tiffany ) standard နှင့် တန်းတူ စိန် ကို ၊
      မင်းတို့ဆိုင်က ဈေး သက်သက်သာသာ နှင့် ရောင်းပေးနိုင်မလား မေးကြည့်တော့ ။

      မရောင်းနိုင်ပါဘူးတဲ့ ။
      သူတို့ နာမည် သိပ်မကြီးတဲ့ စိန်ဆိုင်တွေဟာ ၊
      နဲနဲ အမျိုး အစားညံ့တဲ့ စိန်တွေကို ရောင်းရတာပါတဲ့ ။
      Cartier / Tiffany standard စိန် ကို ဝယ်ချင်ရင် ၊
      Cartier / Tiffany ဈေးလောက် နီးနီးပေးမှသာ ရနိုင်ပါတယ်တဲ့ ။
      ( အင် ၊ ဒါဆို နာမည် မကြီးတဲ့ ဆိုင်က ဘယ်ဝယ်တော့ မလဲ ၊
      Cartier / Tiffany ကပဲ ဝယ်တော့မှာပေါ့ )

      ၃ ။
      London မှာ Cartier / Tiffany ဆိုင်တွေမှာလည်း ဈေး စနည်းနာခဲ့တယ် ။
      သူတို့က ပြောတာတော့ တစ်ကမာ္ဘလုံးက Cartier / Tiffany ဘယ်ဆိုင်က ဝယ်ဝယ် ၊
      စိန် အရည်အသွေး တူရင် ၊ ဈေး အတူတူပါပဲ တဲ့ ။

      အကြမ်းဖျင်းအားဖြင့် တစ်ကမာ္ဘလုံးမှာ စိန်ဈေး က အတူတူလောက်ပါပဲတဲ့ ၊
      De Beer က သတ်မှတ်ထားပြီးသားပါတဲ့ ၊
      အစိုးရတွေရဲ့ အကောက်ခွန်ပေါ်မှာ မူတည်ပြီး ဈေး နဲနဲပဲ ကွာတာပါတဲ့ ။

      ၄ ။
      အဲဒီတော့ အဘ တို့အတွက်က ဈေး သက်သက် သာသာ နှင့် ရနိုင်ဖို့က ၊
      အပေါ်မှာပြောခဲ့တဲ့ အကောက်ခွန် ( Custom VAT Tax ) မပေးရတဲ့နည်းပဲ ရှိတော့တယ် ။
      စိန် ဝယ်ချင်ရင် နိုင်ငံခြားထွက်ပြီး Duty Free ဝယ်ဖို့ပဲ ရှိတော့တယ် ။

      ရွာထဲက စိန်အကြောင်း နားလည်တဲ့သူများကလည်း ၊
      အဘ ပြောတာ မှားနေရင် ထောက်ပြ ၊ အကြံပေးကြပါအုံး ။

    • Foreign Resident

      February 1, 2013 at 2:43 pm

      ” သတင်းစာထဲ ခရီးသွားဆောင်းပါးအနေနဲ့ထည့်ဖို့..
      ဘယ်လိုလုပ်ရမလည်း.. တွေးနေတာ ”

      အဲဒီ ကိစ္စကိုတော့ သူကြီး စိတ်ကြိုက် ၊
      ကြိုက်သလိုသာ ဖြုတ် ဖြတ် edit လုပ်လိုက်ပါတော့ ။
      သူကြီးကို လုပ်ပိုင်ခွင့် အပြည့် ပေးပါတယ်ဗျာ ။

  • pooch

    January 31, 2013 at 8:52 am

    အဲ့ဒီပြတိုက်က Big Eye Show ထက် အမျျားကြီးပိုဆိုးသလားအဘ
    Big Eye ကတော့ မျက်လုံးတွေ ကြီးရုံမက ပြုတ်ထွက်မတတ်ပဲ
    ဟို ကြည့်ဖူးတဲ့သူတွေကပြောတာပါ အဘရယ်
    :mrgreen:

    • Foreign Resident

      February 1, 2013 at 2:49 pm

      ” Big Eye Show ထက် အများကြီး ပိုဆိုးသလားအဘ ”

      နဲနဲ ယဉ်တဲ့ Sex Museum ပါဆို ။ ဘယ်က ဆိုး ရမှာတုန်း ။
      ပုံလေးတွေကို ကြည့်ပါလား ၊ ဘယ်လောက် ယဉ် သလဲ ။

      ပြောလိုက်ရရင် မကောင်းဘူး ။
      pooch ၊ ညည်း ယိုးဒယားမှာ Big Eye Show ကြည့်လာပြီ ထင်တယ် ။

      အဘ တို့ ၊ ဗဟုသုတ ရအောင် ပြန်ပြောပြပါလား ။ 😛

      • pooch

        February 1, 2013 at 6:38 pm

        တောက်တီးတောက်တဲ့ အဘရယ် သိချင်ရင် ကြည့်လာတဲ့ သူမေးပေးမယ် ဟီး

  • ခိုင်ဇာ

    January 31, 2013 at 8:54 am

    ၁ဝတန်းတုန်းကတော့ ဆရာမက စစ်ဖြစ်တဲ့ အကြောင်းတွေ သင်တော့ ဂျာမန်တွေက ဖြူဖြူမြင့်မြင့်နဲ့ နှာတံပေါ်လေးတွေနဲ့ချောတယ်လို့ ပြောတာကလား။
    (ဟီး၊ အဲဒါတော့မှတ်မိတယ်။ စာတွေတော့မေ့ပြီ။ :mrgreen: )
    ကိုယ်ကတော့ သမိုင်းစာအုပ်အဖြူအမဲထဲက ဟစ်တလာကြီးပဲ မြင်ဖူးတာဆိုတော့ ဘယ်နဲ့ ဒီလိုရုပ်မျိုးကြီးများ ချောသလား လို့မှတ်တာရယ်။
    ဂျာမန် ဘောလုံးသမားလေး Marco Resus ကို မြင်ဖူးလိုက်မှ ဟုတ်နိုင်ပါပေတယ်လို့ ပဲ။ :kwi:

    ဘဖောရေ။ ခရီးစဉ်တစ်လျှောက် စိတ်ရှည်လက်ရှည် ပြောပြ၊ ရေးပြခဲ့တာတွေ အတွက် ကျေးဇူးတင်ပါတယ်။

  • အရီးခင်လတ်

    January 31, 2013 at 4:26 pm

    ကိုအဘဖော ရေ

    Anne Frank ရဲ့ The Diary of a Young Girl စာအုပ် အကြောင်းသိပါတယ်။
    ကျောင်းလိုင်ဘရီ တွေမှာ အတော်ပေါ်ပြူလာ ဖြစ်တဲ့ စာအုပ်ပါ။
    အဲဒီအကြောင်း ကို ပြဇာတ်တွေလဲ ကပါတယ်။
    Happy Ending မဟုတ်တဲ့ ဝမ်းနည်းစရာဇာတ်လမ်းလေးပါ။
    တကဲ့အဖြစ်အပျက် ဆိုတော့ ပိုပြီး ခံစားရတယ်။

    နာဇီတွေ ဂျူးတွေကိုဖမ်းပြီး သတ်တဲ့ အချိန် မှာ ပုန်းရင်း ရေးခဲ့တဲ့ စာတွေက မိန်းမငယ်လေးတစ်ယောက်ရဲ့ အာဏာရှင်တွေရဲ့ မတရားမှုတွေ အကြောင်းရင်ဖွင့်ချက်တွေ ပေါ့။
    ဒါပေမဲ့ နောက်ဆုံး သူတို့ ကိုလဲ မိသွားတယ်။
    မိန်းကလေး ရေးထားတဲ့စာတွေက သူပုန်းခဲ့တဲ့ အိမ်မှာကျန်ခဲ့တာ။
    အခု အဘ ရဲ့ ပုံထဲ က အိမ်ဖြစ်မှာပေါ့။
    သူ့ ဒိုင်ယာရီ လေး ကို ၁၃နှစ် က စရေးပြီး အသက် ၁၅နှစ် မှာ အကျဉ်းစခန်းမှာ ဆုံးသွားခဲ့တယ်။
    သူ့အဖေတစ်ယောက်ဘဲ ရှင်ကျန်ခဲ့တာ။
    သူသေဆုံးပြီးမှ သူ့စာအုပ်လေးကို တွေ့လို့ ဖွက်သိမ်းထားတဲ့ သူက တစ်ဆင့် စာအုပ်ထုတ်နိုင်ခဲ့တာ ထင်ပါတယ်။
    အနောက်ဥရောပနိုင်ငံတွေမှာ အာဏာရှင်စနစ် ပြီးဆုံးခဲ့တာ ကြာပါပြီ။
    ဒီတော့ ဒါတွေအားလုံး က ရာဇဝင်ထဲက ဇာတ်လမ်းလေးတွေပေါ့။

    ကျွန်မတို့ နိုင်ငံမှာတော့ မတရားအဖိနှိပ်ခံနေရတဲ့ ပြည်သူတွေ ဟာ လက်ရှိကာလ မှာ ရုန်းကန်နေရဆဲ။
    စစ်ဖိနပ်ရဲ့ အောက်မှာ နိုင်ငံတိုးတက်မှု ဟာ နလံမထူနိုင်ဆဲ။
    ကိုယ့်တစ်ဘို့ထဲ ကြည့်တတ်တဲ့ ဦးနှောက်မဲ့ လူတစ်စုရဲ့ လက်ထဲမှာ အနာဂါတ် ပန်းတွေ ကြွေနေဆဲ။

    ခရီးစဉ်ကို အစ ကနေ အဆုံး ခေါ်သွားလို့ ကျွန်မတို့ ကလဲ ကျေးဇူးတင်ပါတယ်။

  • မောင်ပေ

    February 1, 2013 at 1:25 pm

    ရေငန်ပိုင်ဦးဖောရဲ ့ ဟော်လန်ခရီးစဉ်မှတ်တမ်းတွေကို ကြည့်ရင်း
    ဘော်ဒါဆေးခြောက်ချတဲ့ ချာတိတ်တစ်ဘွေကို သတိရမိတယ်
    ဆေးပေါ့လိပ်တွေကို အထဲမှာပါတဲ့ ဆေးရွက်ကြီးတွေ ထုတ် ၊ ပြီးရင် ဆေးခြောက်တွေ ထိုးထည့်
    ထိုင်ဖွာ
    အားလဲရရော
    ငါ ဟော်လန်မှာ လူဖြစ်ချင်တာ ဆိုပဲ

    • Foreign Resident

      February 1, 2013 at 2:53 pm

      ” ငါ ဟော်လန်မှာ လူဖြစ်ချင်တာ ဆိုပဲ ”

      ကိုပေ ။
      မြန်မာပြည်က လူတွေလည်း ဟော်လန်မှာ ၊
      ဆေးခြောက် တရားဝင် သုံးခွင့်ရတာ သိကြတယ်ပေါ့ ။
      တော်တော် အကြားအမြင် ကြီးကြတာပဲ ။

      • မောင်ပေ

        February 1, 2013 at 7:18 pm

        အားပါး
        သောက်ကျိုးနဲ ( ခရက်ဒစ်တူ ရေငန်ပိုင်ဦးဖော )
        ဦးဖောရေ အထင်စမောလ်လှချီလားဗျ
        မင်းသိင်္ခကတော့ ဒီလိုလေးရေးခဲ့တယ်ဗျ
        “ ကမ်ဘာပေါ်မှာ ဘိန်းစားမရှိတဲ့နေရာ မရှိသလောက်ပဲ..တဲ့ ။ ဘိန်းစားတွေကို ဘယ်နေရာရောက်ရောက် အဲဒီနေရာက ဘိန်းစားကို တွေ ့အောင်ရှာပါ..တဲ့ ။ ဘိန်းစားချင်းချင်း အကူအညီပေးကြတယ် ဆိုကလားပဲ
        ကျုပ်တို ့နိုင်ငံမှာ ဆေးချတယ် ၊ ဆေးခြောက်ချတယ်ဆိုတာ
        ပညာသင် အရွယ် တက်ကသိုလ်ကျောင်းသား လူငယ်ပိုင်းတွေမှာ ပိုများပါတယ်
        ဆိုတော့ဗျာ
        ခင်ဗျား ဟော်လန် နဲ ့နယ်သာလန် တစ်နိုင်ငံစီလား လို ့ သူရို ့ဆေးချပြီးချိန် လာမေးစေချင်တယ်

  • သကြားလုုံးကြော်

    February 1, 2013 at 4:00 pm

    ဟော ခရီးဆုုံးပြီ။ အဘဖောရဲ့ တောလား ၂၁ပိုုင်းကိုု အကုုန်စောင့်ဖတ်လာတာ။ ခရီး တလျှောက်လုုံး စိတ်ရှည်လက်ရှည် ခေါ်သွားတာ ကျေးဇူးပါ အဘရေ။ အဘကိုု အားကျလိုု့ ခရီးသွား မှတ်တမ်းဓာတ်ပုုံလေးတွေ တင်ဖိုု့ ခဏခဏ စဉ်းစားပေမဲ့ ခရီးတလျှောက်စာ ဇွဲရှိရှိ စာရေးရမှာ ပျင်းလိုု့ မရေးနိုုင်ဘူး။ ဗရာကြော်ပါ အဘရေ။

    တလတောင် ကြာတာဆိုုတော့ ကြားမှာ ပျင်းလာတာတိုု့၊ ငြီးငွေ့လာတာတိုု့ ၊ ခရီးရှည်လွန်းတယ်လိုု့ များ ဖြစ်မိလား။
    အမ်စတာဒမ်မှာ ဘရောင်နီလေးဘာလေး စမ်းစားခဲ့လား။

    • Foreign Resident

      February 1, 2013 at 4:15 pm

      ” ပျင်းလာတာတိုု့၊ ငြီးငွေ့လာတာတိုု့ ၊ ခရီးရှည်လွန်းတယ်လိုု့ များ ဖြစ်မိလား။ ”

      သကြားလုုံးကြော် ရဲ့ ။
      အဘ တစ်ဦးတည်းရဲ့ Personal Feeling က ၊
      ခရီးစဉ် တစ်ခု ဟာ နှစ်ပါတ်လောက်ပဲ ကောင်းတယ်ကွယ့် ။
      နှစ်ပါတ် ကျော်သွားရင် နဲနဲ ပင်ပန်းတယ်ကွယ့် ။

      ဒါပေမယ့် ဥရောပ ဒေသ ကတော့ ၊
      လေယာဉ် စီးရတာတင် တစ်ရက်ကျော် အမုန်း ဖင်ကျိန်းအောင် စီးရတာဆိုတော့ ၊
      လေယာဉ် စီးရတာ ( ဖင်ကျိန်းတာ ) တန်အောင်ဆိုပြီး ၊
      ရောက်တုန်း ရောက်ခိုက် အစုံ လျှောက်ဝင်လိုက်ရတာပါ ။

  • ဦး ကျောက်ခဲ

    February 1, 2013 at 6:47 pm

    ဟီး အဘဖောရယ်

    နဲနဲပွါးပါရစေ…
    မူးယစ်ဆေးကို အကန့်အသတ်နဲ့သုံးစေတာ သဘောကျတယ်ခင်ဗျ…
    ခပ်ရိုင်းရိုင်းပြောရရင် ဘိန်းစား (မူးယစ်ဆေးသုံးစွဲသူ) တွေရဲ့ အနုပညာကို အသိအမှတ်ပြုတာ အဲသည်မှာပဲမြင်ဖူးတာ…
    အဖော်ပါလာတဲ့ ဒေသခံဝန်ထမ်းကို ဘာလို့ ဘိန်းစားကို အားပေးအားမြှောက်ပြု ပိုက်ဆံထည့် ပန်းချီကားဝယ်တာလဲလို့ စပ်စုမိတော့ စိတ်ဆိုးရှာတယ်လေ….
    “နင်ရော သူ့လိုဖြစ်ချင်လား၊ သူဘာလို့ ဒီလိုဖြစ်တယ်ဆိုတာနင်သိလား၊ သူဘိန်းဖိုးမရှိရင် သူများကိုအန္တ္တရယ်ပြုတတ်တာ နင်သိလား” တဲ့….
    ဟုတ်ဗျာ…. ကော်ဖီဆိုင်ဆိုတာ ကော်ဖီထက်စာရင် Cannabis ရောင်းတာပါ…
    လမ်းဘေးက Party Drug ရောင်းတဲ့ဆိုင်မှာ Ecstasy ၁ဝလုံးလောက်ဝယ်ဖို့ တောင်းဆိုမိတော့ ဆိုင်ရှင် “ကိုအမောင်ကဲ” က တင်းတော်မူရှာတယ်….
    “နင့် ဇိ (မျက်စေ့သူငယ်အိမ်) ကိုကြည့်ပြီးမှ ငါ အများဆုံးရောင်းနိုင်ရင် တစ်လုံးပဲ” တဲ့….
    ဘယ်ရမလဲ မောင်ကျောက် အဲသည် ဘလောက်ကို တစ်နေကုန်ပတ်လျှောက်ပြီး ၁ဝလုံးရအောင်ဝယ်တာပေါ့ဗျာ….
    တစ်ခါဝယ် တစ်လုံးနှုန်း… ဟီ ဟိ
    :harr:

    • kai

      February 2, 2013 at 2:42 am

      ဆေးခြောက်က.. ဒီနှစ်ထဲ.. ကယ်လီဖိုးနီးယားလည်း.. တရားဝင်ဖြစ်မယ်ထင်ရပါတယ်..။
      လောလောဆယ်တော့..Colorado and Washington ပြည်နယ်၂ခုက..တရားဝင်နေပြီဗျ..

      မြန်မာပြည် ပြည်နယ်တခုခုက.. တရားဝင်ထလုပ်ဖို့ကောင်းတယ်..။
      ဥပမာ..ဝဒေသပေါ့.. :kwi:

      Marijuana Legalization: Colorado and Washington State Grapple …
      http://www.policymic.com/…/marijuana-legalization-colorado-and-washing...
      A number of developments must take place before the effects of these new laws are fully realized in Colorado and Washington state.

Leave a Reply