အသိမဲ့ခြင်း

တောက ကိုရင်January 31, 20131min802

အသိမဲ့ခြင်း

ငါချစ်ခဲ့တာတွေလည်း
သဲထဲ ရေသွန်
ငါ့ရဲ့ နိစ္စဓူဝဖြစ်တည်မှုက
အစ္ဇျတ အလွန်…။

သမရိုးမကျတဲ့
နှလုံးသားနွံအိုင်ထဲ
အတ္တတွေနဲ့ လွန်ဆွဲခဲ့ပြီးသည့်နောက်
အသိတွေ ပျောက်
နေ့နဲ့ည ချောက်ချား
အာရုံတွေ မှောက်မှားလို့
ကိုယ့်ကိုယ်ကို ပြန်ကြောက်သွားရတဲ့
အထီးကျန်
အကျည်းတန်ငိုပွဲမှာ
မျက်ရည်တွေကို ရုပ်သိမ်းပေးလို­က်ရသလိုမျိုး
မျိုးပွားဆဲလ်တစ်ခုရဲ့ ပူလောင်မှုက
ရင်ဘတ်ထဲမှာ သန္ဓေတည်ပြီး
တစ်ကိုယ်လုံး ပျံ့နှံ့မွေးဖွား
သွေးသားတွေ သောင်းကျန်းပြီးမှ
ရေပုပ်မြောင်းမှာ တအိအိပြိုကျပျော­­က်ကွယ်သွားတဲ့
တမံကန်သင်းလိုပေါ့
ခြေလှမ်းတွေကျွံလွန်နေသလား
ခြေလှမ်းတွေကျဲ လွဲနေသလား
ခြေလှမ်းကျယ်ကျယ် လှမ်းသွားပြီးမှ
နစ်မွန်းခြင်းရဲ့ ရသကို ခုံမင်လို့
မျက်နှာလွှဲပြီး
ညတွေကို တွန်းလှန်နေရသလိ­­ု
သောက ကွန်ယက်
ကြက်ခြေခတ်တွေ မြင်တိုင်း
ရိုင်းစိုင်း ခက်ထန်
မုန်တိုင်းတွေ ထန်
ဒေါမာန်တွေ ပြင်း
လောကဓံရေ… အားနာပါရဲ့
(ကိုယ့်ကိုယ်ကို/သင့်ကို)
နရင်းတစ်ချက်လောက် အုပ်ခွင့်ပြုပါ.­..။ ။

တောက ကိုရင်
၂၄.၀၁.၂၀၁၃

2 comments

  • မောင်ပေ

    January 31, 2013 at 8:57 pm

    နရင်းအုပ်
    ပုလင်းထုတ်
    အရှင်းဖုတ်
    ကမြင်းကုတ်
    ထမင်းသုတ်

  • အလင်းဆက်

    September 15, 2013 at 5:47 pm

    လောကဓံကို ပဲ အုပ်ပါဗျာ
    🙂

    ဒီကဗျာလေးကို
    တော်တော် ချစ်မိသွားတယ်

Leave a Reply