ရေခိုးရေငွေ့မှ လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်စေမည့် ပိုလီမာအလွှာတစ်ခုအား မက်ဆာချူးဆက်စက်မှုတက္ကသိုလ်(MIT)မှ တီထွင်လိုက်ခြင်း

Mr WorldWideJanuary 31, 20131min1192

အကယ်၍ ဆားမှ လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်ပါလျှင် ရေခိုးရေငွေ့မှ အဘယ်ကြောင့် မထုတ်ယူနိုင် သနည်းဟူသော မေးခွန်းတစ်ခု ထွက်ပေါ်လာပါသည်။ MIT အင်ဂျင်နီယာအချို့မှ ရေငွေ့ အနည်းငယ်ကို စုပ်ယူလိုက်သောအခါ ပုံသဏ္ဌန်ပြောင်းလဲသွားပြီး ၎င်းရေငွေ့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်ယူနိုင်မည့် ပိုလီမာအလွှာ(Polymer Film)တစ်ခုကို ဖန်တီးလိုက်နိုင်ကြောင်း ကြေငြာ လိုက်ပါသည်။

Moisture-powered-Polymer-Generating-Electricity

တစ်နေ့တွင် David H.koch တက္ကသိုလ်မှ ဓာတုဗေဒပညာရှင်တစ်ဦးသည် အီလက်ထရုတ် (Electrodes)များတွင် အသုံးပြုရန် ပလတ်စတစ်မျိုးနွယ် ပစ္စည်းတစ်ခုကို ပြုလုပ်နေစဉ် ၎င်းပလတ် စတစ်၏ ထူးခြားသော ဂုဏ်သတ္တိကို တွေ့ရှိခဲ့ရပါသည်။ ၎င်းပလတ်စတစ်ကို သူ၏ လက်ဖဝါးပေါ်သို့ တင်လိုက်သောအခါ ၎င်းပလတ်စတစ်သည် ကွေးကောက်လာပြီး လက်ဖဝါးတစ်လျှောက် ရွေ့သွား ကြောင်း တွေ့ရှိရပါသည်။ အကြောင်းရင်းကို စိစစ်လိုက်သောအခါ သူ၏ အရေပြားပေါ်မှ ရေငွေ့များ ကြောင့် ဤသို့ ဖြစ်ရကြောင်း သိရှိခဲ့ရပါသည်။

သုတေသနဆက်လက်ပြုလုပ်ပြီးနောက် သေးငယ်သော ပေါ်လီမာအလွှာ အစိတ်အပိုင်းလေး များကိုပြုလုပ်ကာ လေထက် ရေငွေ့ပါဝင်နှုန်း ပိုများသော မျက်နှာပြင်တစ်ခုပေါ်သို့ တင်ကြည့်လိုက် သောအခါတွင် ၎င်းအလွှာသည် တွန့်ကောက်ရွှေ့လျားကာ ခုန်ထွက်သွားကြောင်း တွေ့ရှိရပါသည်။ အဆိုပါအလွှာအား ရေကိုစုပ်ယူနိုင်သည့် အဆီတစ်မျိုး (Soft Gel) နှင့် ပေါ်လီမာနှစ်ချပ်ကို ပိုက်ကွန် သဖွယ်ချိတ်ဆက်ပြီး တည်ဆောက်ထားပါသည်။ အတူတကွ ပေါင်းစပ်ခြင်းအားဖြင့် အဆိုပါ ပိုလီမာ များသည် ပြင်ပစွမ်းအင်မသုံးဘဲ ရေငွေ့မှ စွမ်းအင်ထုတ်ယူနိုင်စေသော ပစ္စည်းတစ်မျိုး ဖြစ်လာပါ သည်။ ပေါ်လီမာ၏ စိုစွတ်နေသော မျက်နှာပြင်ကို လေနှင့်ထိတွေ့လိုက်သောအခါ အောက်ခြေအလွှာ သည် ကွေးညွှတ်လာပြီး ရေငွေ့ထုတ်လွှတ်ကာ လျှပ်စစ်စွမ်းအင်ကို စတင်ထုတ်လုပ်ပါသည်။

ဤစနစ်မှ လျှပ်စစ်ဓာတ်အား ၅.၆နာနိုဝပ် (5.6 NanoWatts) ထုတ်ယူနိုင်ပြီး ၎င်းဓာတ်အားကို လျှပ်သိုပစ္စည်း (Capacitors) များတွင် သိုလှောင်ထားကာ သေးငယ်သော အီလက်ထရောနစ်ပစ္စည်း များဖြစ်သည့် အပူချိန်၊သို့မဟုတ် စိုထိုင်းဆအာရုံခံကိရိယာများအတွက် စွမ်းအင်ထုတ်ပေးရန် အသုံး ပြုနိုင်ပါသည်။ အခြားအသုံးချနယ်ပယ်များတွင်လည်း မည်သို့အသုံးချနိုင်မည်ကို သုတေသန ပညာရှင် များမှ စီစဉ်လျက်ရှိကြောင်း သိရှိရပါသည်။

MIT Invents Polymer Film That Generate Electricity From Water Vapor

If salt can generate electricity, then why not “water vapor?” Yes, my friend, you heard me right. Some MIT engineers are claiming they have created a polymer film that changes its shape after absorbing tiny amounts of evaporated water, and later can generate electricity using those water vapor.

Source: MIT

2 comments

  • lele

    February 1, 2013 at 3:24 pm

    ကျမက renewable energy ကိုုအရမ်းစိတ်ဝင်စားပါတယ်။ မြန်မာနိုုင်ငံအတွက်သင့်တော်မဲ့နည်းပညာနဲ ့ပေါ့။ ဟီး capital cost သက်သာမဲ့နည်းလေးများမရှိဘူးလား။

  • မောင်ပေ

    February 1, 2013 at 8:57 pm

    မြန်မာနိုင်ငံမှာ ရှိတဲ့ ကမ်ဘာပေါ်မှာ လက်ချိုးရေလို ့ရတဲ့
    ကမ္ဘာ့အပူချိန်ကနေ လျှပ်စစ်ဓါတ်အားထုတ်တာကို ဂျပန်နဲ ့ပေါင်းလုပ်မယ် ထင်ပါရဲ ့ဗျာ

Leave a Reply