ဇန်နဝါရီ၂၈ရက်နေ့ထုတ် ကြောင်သူတော် သတင်းစာပါ လူပွေကြီးဦးခိုင် ဖဲမွှေ့ယာကတ္တီပါထက် ချစ်ခန်းဖွင့် ချစ်ရည်လူးနေတဲ့ ဓာတ်ပုံဟာ ဟောလီးဝုဒ်အပြာကားတခုမှ မင်းသားတုပစ် tooth pick (တွမ်ခရုစ်၏ညီ) ရဲ့ ဇာတ်ဝင်ခန်း ဖြတ်ညှပ်ကပ်ဖြစ်ကြောင်း ဟောင်ကောင်တွင် အပြာမင်းသားဖြစ်ရန် ကြိုးစားနေသူ ဦးကျောက်ခဲမှ ယနေ့ ဆက်သွယ်ကြောင်းကြားလာသည်။

နောက်ဆက်တွဲ သတင်းစီစစ်မှု ဆောင်ရွက်ခဲ့ရာ ဂဇက်သဂျီးဦးခိုင် ဆီးဂိမ်းအကြို သွေးပူလေ့ကျင့်ခန်းဆိုကာ အချိန်ပိုင်း မိုတယ်တခုသို့ ခြေများနေသဖြင့် ကျွန်ုပ်တို့ သတင်းထောက်မှ စုံစမ်းခဲ့ရာ အိပ်ယာပေါ်တွင်လူခံ၍ ဒိုက်ထိုးနေခြင်း ဖြစ်သဖြင့် သတင်းဖြစ်စဉ်အရ မှန်ကန်ပြီး၊ ဓာတ်ပုံမှာမူ သတင်းအယ်ဒီတာ ဦးအောင်ပု ရေနှင့် ဖားပြုတ်ချက်အရက် မှားသောက်သဖြင့် မူးနေစဉ် သတိလက်လွတ် ဖြစ်သွားပါသည်။ ဒေါက်တာချက်ကြီးနှင့် ညမင်းသား ဆိုက်များတွင်လည်း မတင်ထား၍ သတင်းစာ သုံးစောင်စလုံး အငိုက်မိကာ ဒို့တာဝမ် အရေးသုံးပါး ရှေးရှုလျက် တညီတညွတ်ထဲ ဖော်ပြမိခဲ့သည်။

နောက်နောင် ထိုသို့ မမှားယွင်းစေရန် ဟောလီးဝုဒ် ရုပ်ရှင်ထုတ်လုပ်ရေး တည်ရှိရာ လော့စ်အိန်ဂျလိစ်မြို့တွင် မြန်မာကောင်စစ်ဝန်ရုံး ဖွင့်လှစ်ရန် စီစဉ်ထားပါသည်၊ ခန့်အပ်ခံရသော ကောင်စစ်ဝန် အနေဖြင့် အပြာကား ဇာတ်ဝင်ခန်း ရိုက်ကူးမှုများကို အနီးကပ် စောင့်ကြည့်လေ့လာမည်ဖြစ်ပြီး ကိုယ်တိုင်ပါဝင် သရုပ်ဆောင်ခွင့်ကိုမူ တားမြစ်ထားပါသည်။ (မြန်မာတွေ သေးသေးလေးဟု အပြောမခံရစေရန် သမဒဂျီး၏ စေတနာဖြစ်သည်)

သဂျီးဂဒေါ်ကွယ်ရာတွင် ဦးခိုင်သွားကြားထိုးနေစဉ်

သဂျီးဂဒေါ်ကွယ်ရာတွင် ဦးခိုင်သွားကြားထိုးနေစဉ်

သတင်းပေးသူ ဦးကျောက်ခဲကိုလည်း ထပ်မံမှားယွင်းပါက ဟောင်ကောင်တွင် မထားတော့ဘဲ တရုတ်နိုင်ငံ ကြေးမုံဂျီး ပြန်လည်ပြုပြင်ရေး ကျောက်ခွဲစခန်းသို့ ပို့မည်ဖြစ်ကြောင်း သတိပေးပြီး ဖြစ်ပါသည်။ ပြည်သူများ၏ ယုံကြည်မှု မထိခိုက်စေရန် သတင်းဇစ်မြစ် ဦးခိုင်သည် ဓာတ်ပုံပါ အပြာမင်းသား တုပစ် (ခ) သွားကြားထိုးတံနှင့် အလုံးအဖန် တူညီကြောင်း ရဲသတင်းတပ်ဖွဲ့ အက်စ်ဘီမှ လျှို့ဝှက် ရိုက်ကူးထားသည့် ဓာတ်ပုံ၊ ဗွီဒီယိုဖိုင်များကို မြန်မာပွန်းဆိုက်များတွင် တင်ဆက်ပေးသွားပါမည်။

ယခုကဲ့သို ပျက်ကွက်မှုသည် သတင်းအုပ်ချုပ်ရေးအဖွဲ့မှာ ချမှတ်ထားသော ပုံမနှိပ်မခင် ကာလာမှင်များအား တတ်နိုင်သမျှ ချွေတာထည့်ဆိုသည့် ပထမဦးစားပေး မူဝါဒနှင့် သွေဖီခြင်း မရှိသော်လည်း ဒုတိယဦးစားပေး သတင်းမှန်ကန်မှုနှင့် ငြိစွန်းလျက်ရှိပါသည်။ အဲဒီအတွက် စာဖတ်ပိတ်သက်ကြီးကို တောင်းပန်ရန်လီးဂေါင်း၊ အလားတူ ထပ်မဖြစ်ရန်လီးဂေါင်း ပြည်ဒေါင်စုဝံကျီးမှ ယဉ်ကျေးစွာ ညွှန်ကြားခိုင်းပါသည်။ နောင်တွင် ဝံကျီးနှင့် ကျနော်ကိုယ်တိုင် အပြာကား၊ အွန်လိုင်း စပိုင်မူဗွီများကို မလွတ်တမ်း ကြည့်ရှုသွားပါမည်။ :kwi: အစိုးရ ပေါရေးစိုဂွင့်ရှိသူ ပြန်ကြွားရေး ဒုဝမ်ဂျီး ဦးကြောင်

ဧရာဝတီဘလော့ဂ်ပါ စပ်ဆက်သတင်း

ဦးကြောင်ကြီး

About ဦးကြောင်ကြီး

အောင်ကြူး has written 645 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး