မောင်ရမ်းကားများ…

နွေဦးJanuary 31, 20132min20717

ရန်ကုန်မြို့က မောတော်ကားများ  စည်းမဲ့ ကမ်းမဲ့ မောင်းနေလိုက်တာများ ..

facebook က page တခုမှာတွေ့လို့ ကူးယူတင်ဲပလိုက်ပါတယ် .

ဒီပုံတွေအတွက် ခွင့်ပြုချက် ယူပြီးသားပါ..

 

IMG_20130114_124002a
လမ်းလယ်မှာ ကားရပ်ပြီး ပစ္စည်းတင်နေတာ
IMG_20130107_092812
မီးပွိုင့်မှာလည်း အတင်းကျော်မှာဘဲ
လမ်းပြောင်းပြန် အတင်းကျော်တက်လာတဲ့ကားတွေ
လမ်းပြောင်းပြန် အတင်းကျော်တက်လာတဲ့ကားတွေ

 

ကျောင်းကား စပယ်ယာကမိန်းမ  မောင်းတော့ လမ်းပြောင်းပြန်..
ကျောင်းကား စပယ်ယာကမိန်းမ မောင်းတော့ လမ်းပြောင်းပြန်..

 

လမ်းလယ်မှာ ကားရပ်ရောင်းတဲ့ ကြံရည်သည် ။
လမ်းလယ်မှာ ကားရပ်ရောင်းတဲ့ ကြံရည်သည် ။

 

သင်္ကြန်မကျခင်  ဒီလိုစီးသလား..
သင်္ကြန်မကျခင် ဒီလိုစီးသလား..

 

ဌာနဆိုင်ရာကားပေမဲ့ နံပါတ်လေးတော့ပါစေချင်
ဌာနဆိုင်ရာကားပေမဲ့ နံပါတ်လေးတော့ပါစေချင်

 

ဒီလောက်ဆို ရန်ကုန်က ကားတွေ ဘယ်လို စည်းမဲ့ကမ်းမဲ့ ဖြစ်နေလဲလို့ မြင်မှာပါ..

ပိုပြီးသိချင်မြင်ချင်ရင်တော့ facebookက “စည်းမဲ့ ကမ်းမဲ့ မော်တော်ကားများ” page မှာ ကြည့်ပါဗျာ…

တနေ့တနေ့ လမ်းမပေါ်မှာ စိတ်ဆင်းရဲလွန်းလို့ပါ။

 

 

နွေဦး မျှဝေပေးသည် ။

 

 

 

 

 

17 comments

    • နွေဦး

      February 1, 2013 at 10:04 am

      ဒီလို page တွေ များမျာရှိလေ ကောင်းလေဘဲ ပေါ့ဗျာ..
      ဒါမှ မမြင်ချင်ယောင်ဆောင်နေတဲ့သူတွေ မြင်ပြီး ဘယ်လိုလုပ်ရကောင်းမလဲလို့ တွေးတတ်လာမျာလေ..

  • မောင်ပေ

    January 31, 2013 at 8:35 pm

    ပုံတွေကြည့်ပြီး
    ရန်ကုန်မှာ ကားမောင်းတဲ့လူတွေကို ချီးကျူးမိတယ်
    တော်တော်လေးကို စိတ်ရှည် သည်းခံ မောင်းကြရတာကလား

    • နွေဦး

      February 1, 2013 at 10:09 am

      ကျွန်တော်ကတော့ မှန်ပိတ်ပြီး မောင်းတယ်
      အမြင်မတော်ရင် အော်အော် ဆဲတတ်တော့ ပြဿနာ မဖြစ်အောင် မှန်ပိတ်ထားတယ်..
      ကိုယ်ဆဲတာ သူမကြားရင် ပြဿနာ မဖြစ်သလို
      ကိုယ် ကိုယ်တိုင်လဲ ဆဲလိုက်ရလို့ ကြေနပ်သွားတယ်လေ..း))

  • Mr. MarGa

    January 31, 2013 at 9:04 pm

    နာမည်နဲ့ လိုက်ပါပေ့
    မောင် ရမ်းတဲ့ ကားတွေပါလားဟရို့
    အသက် ဉာဏ်စောင့် သတဲ့
    သတိလေးသာ ထားကြပါဗျို့

    • နွေဦး

      February 1, 2013 at 10:12 am

      ဘတ်စကားတွေဆို ဝေးဝေးရှောင်မောင်းပါတယ်..
      သူတို့လောဘနဲ့သူတို့ကြားမှာ ကိုယ်ညှပ် မပါသွားရအောင်..
      ဝေါင်ဝေါင် ရှေး…ဝေးဝေးရှောင်မောင်းပါကြောင်း…

  • uncle gyi

    January 31, 2013 at 10:55 pm

    ဒီလိုစည်းမရှိမောင်းနေသမျှ
    ကားလမ်းတွေဘယ်လိုချဲ့ချဲ့
    လမ်းတွေကပိတ်မြဲပိတ်နေမှာအမှန်ပါနွေဦး

    • နွေဦး

      February 1, 2013 at 10:16 am

      စည်းကမ်းထိမ်းပေးမဲ့ ယာဉ်ထိန်းရဲ တွေကလဲ
      တချို့က ရဲ ဥပဒေကို နားမလည်
      တချို့ကြတော့ ကားသမားတွေပေးတဲ့ ပိုက်ဆံ တရာ နှစ်ရာ မျိုးကို မက်ပြီး မမြင်ချင်ယောင်ဆောင်နေကြတော့
      စည်းကမ်းမဲ့မောင်းတဲ့ ကားတွေက ရှိနေဦးမှာဘဲ..။

  • panpan

    January 31, 2013 at 11:01 pm

    အဲ့ထဲ လမ်းဘေးဈေးသည်တွေကရှိသေး
    နောက် တချို့ကားတွေက လမ်းဘေးချရပ်တာ ပလက်ဖောင်းနဲ့ ၁ဝပေလောက်ကွာတယ်
    ဒီထဲ ယာဉ်၂ထပ်ကရှိသေး :chee:

    အီခရီး နီးသလား….. :mrgreen:

    • နွေဦး

      February 1, 2013 at 10:18 am

      အဲဒီ လမ်းဘေးက ဆိုင်မှာ မုန့်ထိုင်စားတတ်တဲ့သူတွေလဲရှိတာကိုး..
      ပန်းဆိုးတန်းလမ်းက စာပေလောကနားမျာလဲ မုန့်ထိုင်ထိုင်စားနေတဲ့သူတွေကို တွေ့ဖူးသလားလို့..ဟိ..

      • panpan

        February 1, 2013 at 11:21 am

        တိန်…
        အူးနွေ သာမီးကိုဒဲ့ပြောနေပီ
        ဟုတ်ပါတယ်
        ပန်းဆိုးတန်းတဝိုက်ပေ့ါ
        ရုံးဆင်းရင် ဝက်သားဒုတ်ထိုးစားရတာနဲ့ ဘာနဲ့
        နေ့လည်ဆိုလည်း ကုန်ကျသက်သာတဲ့ လမ်းဘေးထမင်းဆိုင်မှာပဲကြိတ်ရတာဆိုတော့ကား….
        အဲ့ဆိုင်တွေမရှိရင် သာမီးတို့ဒုတ်ခရောက်ပီ
        ဒါပေမဲ့ အဲ့ဆိုင်တွေရှိနေပြန်ရင်လည်း သာမီးတို့ဒုတ်ခရောက်တာပါပဲချင့် ဟင့်
        :byae:

  • MaMa

    February 1, 2013 at 6:49 am

    မပြောချင်ဘူး။
    ပြောကို မပြောချင်ဘူး။
    (ဒေါ်မြလေး လေသံဖြင့်ဖတ်ပါ) :harr:

    • နွေဦး

      February 1, 2013 at 10:23 am

      မမရယ်..
      များများပြောမှ မြန်မြန် ပြင်တတ်တဲ့ အကျင့်က ကျွန်တော်တို့ဆီမှာစွဲနေပြီဗျ
      ဒီတော့ တိုင်းပြည်ကောင်းချင်ရင် မပြောချင်လို့ မရတော့ဘူး….
      များများပြောကြပါ..

  • ရွှေတိုက်စိုး

    February 1, 2013 at 11:47 am

    အော် ဘက်စ်ကားက စည်းကမ်းမရှိမောင်း
    လမ်းဘေးဈေးသည်က လမ်းပေါ်တက်ရောင်း
    လမ်းကူးတဲ့သူတွေက ကူးချင်တဲ့နေရာကူး……..
    စည်းကမ်းကိုမရှိကြဘူး……….
    ထူးပါဘူး ငါလဲ ………တောက်တောက်တောက်………ဟိဟိဟိ
    (သခင်မျိုးဟေ့ ဒို.ဗမာ…စည်းကမ်းမရှိတာတူရမည်)……..

  • cobra

    February 1, 2013 at 2:33 pm

    ကျွန်တော်အမြင်ကတော့ ကျောင်းကားတွေ
    ပိုဆိုးတယ်ဆိုတာပါပဲ
    သူတင်ထားတာကကလေး တွေတင်ပြီးတော့ မောင်းတဲ့အရှိန်က
    ပြိုင်ကားလားထင်ရတယ်။စည်းကမ်းလဲမရှိကြဘူး။

  • ရွာသူ jujuma .

    February 1, 2013 at 3:28 pm

    စည်းကမ်းမဲ့တာတော့ ကားတွေပဲ မဟုတ်ပါဘူး လမ်းသွားလမ်းလာ တဲ့ လူတွေလဲ ပါတယ်ဗျာ …

  • ကိုသင်း

    February 3, 2013 at 2:11 am

    “လမ်းစည်းကမ်းကို လိုက်နာဖို့လိုပါသည်၊
    ယာဉ်စည်းကမ်းကို လိုက်နာဖို့လိုပါသည်၊
    ကျွန်တော်တို့လည်း တာဝန်ရှိပါသည်—————-။”
    ဟိ—-ဟိ——အဲ့ဒါ သိချင်းနော်————- ။

Leave a Reply