ရည်ရွယ်ချက်ဖြင့် ဘဝကို ဖြတ်သန်းခြင်း

ရည်ရွယ်ချက်ဖြင့် ဘဝကို ဖြတ်သန်းခြင်း

…………………………………………………………………….
တနေ့တနေ့ တနေဝင်တနေထွက်နဲ့ အချိန်ရဲ့လည်ပတ်မှုကြီးဟာသိသာသလိုနဲ့ မထင်ရှုားဘူးဖြစ်နေတယ်။  မနက်လင်းလာပြီဆိုလာလျှင်ဖြင့်ကိုယ့်ဘဝကိုသံပတ်ပေးထားသလိုလည်ပတ်နေတာမှန်ပေမယ့်
ဘာတွေလည်ပတ်နေတာမှန်းကိုယ့်ကိုယ်ကိုသတိမထားမိခဲ့ဘူး။ နံနက်ခင်းမျက်စိနှစ်လုံးအလင်းရပြီဆိုတာနဲ့ ဘဝရဲ့စားဝတ်နေရေးအတွက်လုပ်နေရသူတွေတိုးတက်ရေးကျန်းမာရေးဘာရေးညာရေးစသည်
လုပ်နေသူတွေအားလုံးလိုလိုလုပ်နေကြတာပါပဲ။ဒါပေမယ့်ကျွန်ုပ်ကိုယ်တိုင်ကတော့
ဘာအတွက်လုပ်နေတယ်ဆိုတာမသိခဲ့ဘူး၊မလုပ်ခဲ့ဘူးလားဆိုတော့မဟုတ်ပါဘူးလုပ်နေပါတယ်။
အရင်ကလုပ်နေကျအလုပ်တွေရောခုမှပေါ်လာတဲ့အလုပ်တွေရောလုပ်နေတယ်။
သို့ပေမယ့် တစ်ယောက်ယောက်ကကျွန်ုပ်ကို“မင်းဘာလုပ်နေတာလဲ”လို့မေးခဲ့ရင် အလုပ်လုပ်နေတယ်ဆိုတာကလွဲပြီးဘာမှဖြေစရာမရှိ။
နောက်တစ်ခု“ဘာအတွက်လုပ်နေတာလဲ” လို့ထပ်မေးရင်ကျွန်ုပ်ဖြေတတ်မှာမဟုတ်ဘူး။
ဘာလို့လဲဆိုတော့ကျွန်ုပ်ကို ကျွန်ုပ်ဘာအတွက်လုပ်နေတယ်ဆိုတာမသိလို့ပါပဲ။
လူတစ်ယောက်မှာရည်ရွယ်ချက်တစ်ခုတော့ ထားသင့် တယ်လို့ ပြောကြတယ်။
ရည်ရွယ်ချက်မရှိတဲ့သူဟာတိုးတက်မှုဆိုတာမရှိဘူးတဲ့။ သေနေတဲ့သူ၊ ဒီစကားတွေ တကယ်မှန်တယ်ဗျ၊ဦးတည်ချက်သို့မဟုတ်ရည်ရွယ်ချက်မရှိသောသူဟာဘယ်ကိုသွားပြီးဘာတွေလုပ်ရမှာလဲ၊ ဘာအတွက်လုပ်ရမှာလည်းဆိုတာတွေသူ့မှာအမြဲရှိနေတယ်။ငါဘာလုပ်ရမှာလဲ၊ဘယ်သွားရမှာလဲ၊ ဘာအတွကအလုပ်လုပ်ရမှာလဲစသည်သူ့မှာမေးခွန်းပေါင်းမြောက်များစွာမေးနေရလိမ့်မယ်။
အဲဒီမေးခွန်းတွေမေးနေရင်းနဲ့ပဲသူ့ရဲ့ဘဝတွေကုန်ဆုံးသွားရတာပါ။
ဦးတည်ချက်သို့မဟုတ်ရည်ရွယ်ချက်ရှိသောသူမှာတော့ဘာမေးခွန်းမှမေးစရာမလိုသလိုဖြေစရာလည်းမလိုဘူး။ သူ့မှာသွားရမယ့်ဦးတည်ချက်သို့မဟုတ်ရည်ရွယ်ချက်ရှိနေတော့သူ့ရဲ့ဦးတည်ချက် သို့မဟုတ် ရည်ရွယ်ချက်မရောက်မချင်းသွားနေမှာပါပဲ၊
ရောက်နေရင်လည်းနောက်ထပ်တစ်ခုသွားနေမှာမလွဲဧကန်ပါ။
ဦးတည်ချက်သို့မဟုတ်ရည်ရွယ်ချက်ရှိသောသူတွေမှာဘာချို့ယွင်းချက်မှမရှိပေတော့ဘူးလားဆိုတော့ မဟုတ်ပေဘူးရှိပါတယ်။သူတို့ရဲ့ချို့ယွင်းချက်ကတော့ဦးတည်ချက်သို့မဟုတ်ရည်ရွယ်ချက်ရွေးချယ်တဲ့နေရာမှာမှားယွင်းခြင်းပါပဲ။
ကိုယ့်ရည်ရွယ်ချက် ယုံကြည်ချက်ဖြင့်လုပ်နေသောအရာဝတ္ထုတစ်ခုခုမှာရွေးချယ်မှုမမှားဖို့အရေးကြီးသောအရာတစ်ခုပင်။
ရွေးချယ်မှုမှားယွင်းပြီးလမ်းဘေးရောက်သွားသူတွေ ပျက်စီးသွားရတဲ့သူတွေအများသားတွေ့မြင်နေရသည်။ ကိုယ်ရွေးချယ်လိုက်သောအရာဝတ္ထုမှာမှန်ကန်မှုရှိရဲ့လားဆိုတာဆန်းစစ်မှုရှိဖို့ လိုပေတယ်။ မှန်ကန်မှုရှိခဲ့ရင် ရည်မှန်းချက်ရောက်အောင်သွားဖို့အရေးကြီးသလို၊မှားယွင်းမှုတစုံတရာရှိခဲ့ရင်လည်းရပ်တန့်ပစ်ဖို့ အင်မတန်မှအရေးကြီးလှပါတယ်။တချို့ကမိမိလုပ်နေသောအရာဝတ္ထုဟာမှန်ကန်မှုမရှိမှန်းသိပါလျှက်နဲ့
တွယ်တာမှုသံယောဇဉ်တွေဖြစ်ပေါ်လာပြီးမိုက်ရူးရဲဆန်ဆန်လုပ်တတ်ကြတယ်။ ဒါဟာမိမိကိုယ်ကိုမိမိဖျက်စီးရာရောက်နေသလိုဖြစ်နေတယ်။
“ကောင်းလျှင်တွယ်၊ မကောင်းလျှင်ပယ်” ဆိုသည့်အတိုင်း               မိမိလုပ်နေသောအရာဝတ္ထုသည်ကောင်းမွန်သောအလုပ်ဖြစ်လျှင် မိမိလုပ်နေသောအရာဝတ္ထုအပေါ်ခင်မင်တွယ်တာမှုသံယောဇဉ်ထားပြီးမလုပ်ချင်လည်းလုပ်၊ လုပ်ချင်လည်းလုပ်နေရမည်။
မိမိလုပ်နေသောအရာဝတ္ထုက မကောင်းမှန်းသိလျှင် မပယ်ချင်လည်းပယ်၊
ပယ်ချင်လည်းပယ်နိုင်အောင်ကြိုးစားရမည်။ဒါမှသာလျှင်တိုးတက်ခြင်းဆိုတာဖြစ်လာမှာဖြစ်ပါ။
တကယ်တော့လူတစ်ယောက်မှာရည်ရွယ်ချက်ရှိဖို့်လိုအပ်လှပါတယ်။
ရည်ရွယ်ချက်ထားရှိသူဟာလမ်းမပျောက်တော့သလို၊ဘေးကိုလွင့်သွားစရာလည်းမလိုတော့ပေ။
သူဟာသူ့ရည်ရွယ်ချက်အတိုင်းသွားနေမှာမလွဲဧကန်ပါ။  ကျွန်ုပ်တို့တတွေဟာလုပ်ဆိုလုပ်ချလိုက်တာဘာရည်ရွယ်ချက်မှမထားဘူး ရပ်ချင်တဲ့နေရာရပ်ပစ်လိုက်ပြီးလုပ်ချင်ရင်ထလုပ်လိုက်တာပါပဲ။     ရည်ရွယ်ချက်ကင်းမဲ့နေခဲ့သည်။ရည်ရွယ်ချက်ဖြင့်အလုပ်နေသူဟာ သူ့ရဲ့ရည်ရွယ်ချက်မရောက်သေးသမျှကာလပတ်လုံးရပ်တန့်သွားခြင်းမရှိခဲ့ပေ။
တကယ်ဆိုရင် အလုပ်တော့မယ်လို့ ကြံရွယ်ကာမျှပင် ရည်ရွယ်ချက်ထားဖို့ လိုအပ်လှပါတယ်။
ရည်ရွယ်ချက်နှင့် ယုံကြည်ချက် နှစ်ခုပေါင်းစပ်ပြီးလုပ်ဆောင်ပါက ပြီးစီးအောင်မြင်မှာမလွဲဧကန်ပါ။
အလုပ်မရှိပဲလမ်းပျောက်နေသူတွေ၊ လုပ်နေရင်းနဲ့ လမ်းပျောက်ရသူတွေဟာဦးတည်ချက်
သို့မဟုတ် ရည်ရွယ်ချက် တခုခုကိုမထားလို့သာလမ်းပျောက်ရခြင်းပါ။                                                                                                                                   အမှန်တကယ် ဦးတည်ချက် သို့မဟုတ် ရည်ရွယ်ချက် တခုခုထားကြည့်လိုက်ပါ။
သူ့အလိုလိုလျှောက်ရမည့်လမ်းလမ်းစတစ်ခုပေါ်လာစမြဲပါ။
အလုပ်တစ်ခုခုကိုဦးတည်ချက် သို့မဟုတ် ရည်ရွယ်ချက် ထားပြီဆိုလျှင် “ငါဘာလုပ်ရမှာလဲ၊ ဘာတွေလုပ် နေတာလဲ၊
ဘာအတွက်လုပ်နေတာလဲ” ဆိုတဲ့ မေးခွန်းတွေ အလိုအလျှောက် ဖြေဆိုပြီးသားဖြစ်နေလိမ့်မယ်
ကျွန်ုပ်တို့တတွေဟာနေ့စဉ်နဲ့အမျှ အလုပ်တွေလုပ်နေကြတာဖြစ်သည်။
ထိုလုပ်နေကြသောအလုပ်ထဲမှ တခုခုကိုပဲဖြစ်ဖြစ် ကိုယ်တတ်နိုင်သလိုရည်ရွယ်ချက်ဖြင့် လုပ်ဆောင်မည်ဆိုပါကတွေဝေခြင်း၊ မေ့မောခြင်းတွေပြေပျောက်ပြီးအောင်မြင်မှုပန်းတိုင်ဆီသို့ ရောက်ဖို့ရာမလွဲဧကန်ပါ။
ကျန်းမာရေး၊ စားဝတ်နေရေး၊ လူမှု ရေး၊ ဘာရေးညာရေးစသည်အရေးတော်ပုံများလှတဲ့
သည်လူ့ဘဝကြီးထဲမှာလုပ်နေရတဲ့အလုပ်တွေကိုဦးတည်ချက် သို့မဟုတ်

ရည်ရွယ်ချက် ထားပြီးယုံကြည်ချက်အပြုအမူတွေနဲ့အတူ
စိုပြေလှပတဲ့ ဘဝတစ်ခုကိုဖန်တီးယူကြပါအုံးစို့လို့ ဆန္ဒပြုရင်း ……………………….။ ။

စာဖတ်ပရိတ်သတ်ကြီးအား
အစဉ် လေးစားလျှက်
ဇွဲမာန်(အင်းဝ)

3 comments

  • ဇွဲမာန်(အင်းဝ)

    January 31, 2013 at 4:38 pm

    ရည်ရွယ်ချက်မမှားမိစေနဲ့နော်……….။

    • မောင်ပေ

      January 31, 2013 at 8:30 pm

      ဟုတ်ကဲ့ ၊ ရည်ရွယ်ချက် မမှားစေရပါဘူးခင်ဗျ

  • Mr. MarGa

    January 31, 2013 at 9:02 pm

    မမှားအောင် ကြိုးစားနေပါသည်

Leave a Reply