ဆယ်လမွန်ငါး ချဉ်စပ် ဟင်းရည်

ဇီဇီJanuary 31, 20131min21718

ခု တလော မိုးလည်း နည်းနည်းအေးသလိုမို့ ဟင်းရည် အလေးထားပြီး ချက်စားဖြစ်နေတယ်။
အဲဒါနဲ့ ဒီမှာတင်ဖို့သတိရလို့။

ဆယ်လမွန်ငါး သိတယ်မဟုတ်လား။ ဒီမှာတော့ အသားကို လွှာပြီး အစိမ်းစားကြတယ်။ အစကတော့ ကိုယ်လည်း အဲလိုပဲစားတတ်တယ်။
နောက်တော့ အစ်မ တစ်ယောက်က ဆယ်မွန်ငါးရိုးကို ဟင်းရည်ချက်နည်းပြောလို့ လိုက်စမ်းသပ်ရင်း ခုတော့ ငါးအသား ရလည်း အဲဒီလိုပဲ ချက်ဖြစ်နေတယ်။
ဆယ်လမွန်ဆို အစိမ်းစားရမှ ဆိုသော သူတစ်ယောက်နဲ့ ငြင်းခုန်ပြီးမှ ချက်ရသောဟင်းပဲ ဆိုပါစို့။  

တခြား ငါးလည်း သုံးလို့ရပါတယ်။ ကိုယ်တိုင်လည်း ငါးဖယ်ရိုးနဲ့ စမ်းချက်ပြီးပါပြီ။ ကောင်းတာပါပဲ။

ဆယ်လမွန်ကျတော့ ငါးအသားတွေလွှာပြီးရင် ကျန်တဲ့ အရိုးအကောင်လိုက်ကြီးမှာ ကျန်တဲ့ အသားတွေရယ်၊ ဘေးဘက်က ကျန်တဲ့ အရေခွံတို့ အဆီတို့ကို ကြိုက်လို့ ရွေးဖြစ်တဲ့သဘောပါ။

ပေရှည်နေပြီ။   :mrgreen:

– ဂျင်းနဲ့ ကြက်သွန်ဖြူကို ညက်အောင် ထောင်းထား..
– ငါးရိုးတစ်ခုလုံးကို ဟင်းရည်အိုးထဲ ဆန့်အောင်ထည့်..
– ခုဏက ထောင်းထားတဲ့ ဂျင်း/ဖြူ ကိုထည့်..
– ရေမြုတ်ရုံနဲ့ ဆားနည်းနည်း၊ ငံပြာရည်နည်းနည်း နဲ့အရင်ပြုတ်..
– တစ်ပွက်ဆူရင် သံပုရာသီး ကြီးရင် တစ်ချမ်း၊ သေးရင် တစ်လုံး အရည်ညှစ်ထားတာကို ထည့်လိုက် (အချဉ်က အကြိုက်ပေါ် မူတည်ပြီး လိုတိုးပိုလျှော့ရှိပါတယ်)
– ပြီးရင် ရေထပ်ထည့်လိုက်ပြီး နောက်တစ်ပွက်ထိတည်ထား..
– ရေဆူ ရင် ရှောက်ရွက်၊ ငရုတ်သီးစိမ်းတောင့် ခွဲထားတာလေးတွေ ထည့် (အစပ်ကြိုက်ရင် ပိုထည့်)
– အရသာ လို သလိုရရင် ပူပူလေး သောက်လို့ရပါပြီ။

ချဉ်ရည်ဟင်းရယ်လို့ မကြိုက်တဲ့ ကိုယ့်အတွက်တော့ ဒီ ဟင်းရည်နဲ့အတော်အဆင်ပြေပါတယ်…

photo
ကျန်တဲ့ဟင်းစပ်နဲ့ ထမင်းနဲ့စားစား။ ဒီတိုင်း သောက်သောက်ပါ။ 

ဒီ ဟင်းရည်အကြောင်း သိပြီးသားသူတွေတော့ သည်းခံပါနော့။
မေ့တော့မလို့။ သံပုရာသီးပါနော်။ သံပုရိုသီးမဟုတ်ပါ။

ချက်ကျွေးမဲ့ မိန်းမ မရှိသော လူပျိုကြီးများလည်း ကိုယ်တိုင်ချက်စားနိုင်ပါ၏။ အကူမလိုပါ။    :harr:

ချဉ်/စပ်လေးနဲ့ ခံတွင်းရှင်းလို့ နလန်ထ လူမမာနဲ့လည်း သင့်တော်ပါရဲ့။

 

18 comments

  • Mr. MarGa

    January 31, 2013 at 6:43 pm

    ချက်ကျွေးဖို့ နတ်သမီးတွေကို တာဝန်ခွဲပေးလိုက်ပြီ
    သို့သော်
    ဘာတွေ ဘယ်လိုကောင်းကောင်း
    မြန်မာ့ရိုးရာ ဟင်းစပ်တွေကိုသာ လျှာက စွဲနေသောကြောင့်
    သိပ် ကြိုက်လောက်ဖူး ထင်ပါ့
    စမ်းသပ်ကြည့်ဦးမဗျို့

    • Mr. MarGa

      January 31, 2013 at 6:47 pm

      ရှင်းရှင်းလေး ငါးရိုးဟင်းရည်ဆိုလဲ ပြီးနေတာကို ပေရှည်နေတယ်
      ဘာငါးဖြစ်ဖြစ် အဆင်ပြေတယ်မလား

  • မောင်ပေ

    January 31, 2013 at 8:30 pm

    အိုခေ
    လောလောဆယ် နံပါတ် 1 ကို အရင်ချက်ကျွေးခိုင်းမယ်
    နံပါတ် 2 ပြန်ရောက်မှ နံပါတ် 2 ကို ထပ်ချက်ခိုင်းမယ်
    ကျေးကျေးပါ

  • marblecommet

    February 1, 2013 at 1:33 am

    ချဉ်စပ် ချဉ်ဖြုန်းသောက်ဆမ်းလေးပေါ့
    မှတ်သွားပါပြီ ခီညော်…..

  • ဦး ကျောက်ခဲ

    February 1, 2013 at 4:48 am

    ခက်တာပဲ….

    အပျိုဂျီးများ ငါးရိုးပြုတ်သောက်တာ လူသိအောင် ဂန္ဓဝင်မြောက်ချင်သေးတယ်…
    ကျုပ်တို့လို အစားကောင်းကြိုက်သူတွေ ဘယ်လိုစားတယ်ဆိုတာ…
    ဓာတ်ပုံနဲ့ တိုင်းသိပြည်သိ ကြေငြာရရင်ဖြင့်…
    သူရို့ပဲ မနာလိုတိုရှည် ဖြစ်ကြဦးမယ်…
    :harr:

  • lele

    February 1, 2013 at 5:52 am

    ခိုုင်ဇာရေ ကျမလဲ ဆယ်မွန် တုုံယမ်းလုုပ်သောက်တယ်။ အချိန်မပေးနိုုင်တော့ တုုံယမ်းပေ့စ် ဝယ်ထားတယ်။ ပြီးတော့ cherry tomato လိုု ့ခေါ်တဲ့ခရမ်းချင်သီးသေးသေးလေးတွေရယ် ငရုုပ်သီးစိမ်းကိုုချိုးပြီးထည့်လိုုက်တယ်။ တခါတလေ ပြော့ပြောင်းတဲ့အစိမ်းရောင်အရွက် နာမည်မေ့သွားပြီ၊ အဲဒါလဲထည့်တယ်။ ဟီး သတိရသွားပြီ ပြန်ချက်စားအုုံးမယ်။

  • Mon Kit

    February 1, 2013 at 9:21 am

    ခိုင်ဇာရေ…
    အကြိုက်ချင်းတူကြတယ်နော်…
    မွန်ကစ်တို့က ငါးကြင်း အသား ရော.. ငါးကြင်းခေါင်းနဲ့ရော ခိုင်ဇာ ချက်ပုံဆန်ဆန် လုပ်စားဖြစ်တယ်..
    စပါးလင်လေးပါ ထောင်းထည့်ရင် အညှီသက်သာတယ်.. တရုပ်နံနံ (သို့) ရှမ်းနံနံ လေးနဲ့ အုပ်…
    အိုးးးးးးးးးးးး……….ကောင်းမှ ကောင်းပါ ခိုင်ဇာရေ..
    နက်ဖန်ပိတ်ရက် ချက်စားအုံးမယ်ကွယ်… :hee:

  • panpan

    February 1, 2013 at 9:36 am

    စားတော့စားချင်တယ်
    မချက်ချင်တာလေးတစ်ခုပဲ
    လောလောဆယ် ဗိုက်ဆာနေတာ
    အေးလည်းအေး ချမ်းလည်းချမ်း
    ရုံးခန်းထဲမှာ ဝမ်းကလည်းဟာ
    အဲ့ဟင်းရည် ပူပူလေးသောက်လိုက်ရရင်ဖြင့်…….
    မခိုင်ဇာ ဒတ်ပုံနှင့်တကွ နှိပ်စက်ပီ :byae:

  • Wow

    February 1, 2013 at 9:59 am

    ဒီမှာဆိုရင်တော့ ငါးဖယ်အကောင်လိုက်လေးနဲ့ ချက်ရင် ချိုမယ်နော် ဆွိ…

  • ဆူး

    February 1, 2013 at 10:29 am

    ဒါနဲ့ စကားမစပ်.. ဆီ မသတ်တော့ မညှီဘူးလားဟင်..
    ဒီမှာတော့ ငါးဖယ်ပေါတယ်.. ဈေးသွားဝယ်ပြီး ချက်ကြည့်လိုက်မယ်..

  • Ma Ei

    February 1, 2013 at 10:33 am

    ခိုင်ဇာရေ..
    ဒီမှာက ဆယ်လမွန်ငါး ဆိုတာကြီးကို
    Hotel,Restaurant တစ်ချို့မှာဘဲရနိုင်တာမို့
    ငါးကြင်း၊ကကတစ်တို့ကြက်တောင်ပံတို့နဲ့ ချက်ဖြစ်ပါတယ်…
    စပါးလင်၊ရှမ်းနံနံ၊ပင်စိမ်းရွက်လေးတွေပါထည့်
    ကောင်းမှကောင်းနော်…

  • ခိုင်ဇာ

    February 1, 2013 at 11:07 am

    မောင်မာဃ – သေချာမဖတ်ဘူး။
    မောင်အံစာ – ဟိုတစ်ယောက်ကို ချက်ခိုင်းလေ……
    ကပေ – နံပတ်တွေ အရမ်းများနေပြီ။
    ဦးကျောက် – ဟွန့်။ ငရုတ်သီးတစ်တောင့်အတွက် ဂန္ဓဝင်မြောက်တာ ဖတ်ချင်သေးလား။
    လီလီ – ကျနော်က အဲ့ဒီ အနှစ်ကို မကြိုက်ဘူး။
    မွန်ကစ် – တခြားငါးက စပါးလင်လိုတယ်။ ဒီငါးက မလိုဘူး။
    ပန်ပန် – အစ်မလည်း လွယ်ပြီး မြန်တဲ့ ဟင်းမို့ ကြိုက်တာ….
    Wow – ငါးဖယ်ရိုးနဲ့ အရည်တည်ပြီး ငါးဖယ်လုံး ထည့်ရင် စားလို့ကောင်းပေါ့။ ဒါပေမဲ့ စပါးလင်လိုလိမ့်မယ်။
    ဆူး – ဆယ်လမွန်က ညှီဘူး။။
    မွအိ – ဟုတ်တယ်။ တခြားအသားနဲ့ဆိုရင် အဲ့ဒါတွေအကုန်ထည့်ရင် ကောင်းတယ်။ ကျနော်က ခံတွင်းမရှင်းလို့ မကြိုက်။

    :hee:

      • ခိုင်ဇာ

        February 1, 2013 at 11:24 am

        ဟိုတစ်ယောက်လေဟာ။
        ညီးပဲ ခိုးပြေးမယ်ဆိုလား။
        လူဇိုးကြီး ဦးဆာမိနဲ့ တိုင်ပင်နေတဲ့ တစ်ယောက်ဟာလေ။

        :mrgreen:

  • အလင်းဆက်

    February 2, 2013 at 7:51 pm

    သားကတော့.. ကိုယ်တိုင်လည်း..မချက်တတ် ။ ချက်ကျွေးမယ် ့ ချစ်ဇနီးလည်းမရှိ တဲ ့ လူပျို နုနုလေး ။

    ဆိုတော့……
    မေမေ့ကိုပဲ.. ပူဆာရတော့မယ် ။
    🙂

  • ဦးကြောင်ကြီး

    February 3, 2013 at 8:30 am

    အဲလို အိမ်ရှင်မကောင်း ပီသမှ ကြိုက်တာ။
    ဆွိဟင်းချို
    ရှိမငြင်းလို
    အိဒင်းဟို
    ကွိမြင်းဖို :kwi:

Leave a Reply