ဠ = ဠ လား… သူ …. မှားနေတယ်

alinsettJanuary 31, 20131min23319

ဝ = ဝါသနာ မပါဘူး လို ့. … မပြောပါနဲ ့….။

သ = သူ ့မှာတမ်း နှင့် ကိုယ့် စာ အလွမ်း …

ဟ = ဟန်ဆောင်တတ်သော အလင်းဆက်တို ့ သားအမိ

666

ဒီ စာ ဖတ်မယ့်သူကို..ကြိုတင်ပြီး…ပြောချင်တာကေတာ့…..

ဒီစာသားတွေကို…

ဆရာကြီး လုပ်ချင်လို့..ရေးတာ မဟုတ်ပါဘူး..။ အလင်းဆက် ဆိုတာ ဘာ မှလည်း.မဟုတ်သေးပါဘူး ။

လူတတ်ကြီး.လုပ်ချင်လို့..ရေးတာလည်း.. မဟုတ်ပါဘူး ။

အလင်းဆက် ဘာမှလည်း.မတတ်ပါဘူး

ဒီစာကို ရေးရခြင်း .အကြောင်းရင်း ရည်ရွယ်ချက် နှစ်ခု တော ့ရှိပါတယ် ။

အဲဒီ အကြောင်းရင်း…နှစ်ခုကတော့…….

………………………………

………………………………..

+++++++++++++++++++++++++++++++++

က = ကသာ ကပါ… ကနေ…

အ = အထိ..ချီ တက် လာရာ… လမ်း တစ်လျှောက်မှာ…..ခေါင်းရှုပ်ရတဲ ့ အက္ခရာ ကြီးတွေ…ကြုံရပါတယ် ။

အရှေ ့နားမှာလည်း…. ဋသန်လျင်းချိတ် ၊ ဌဝမ်းဘဲ ၊ ဍရင်ကောက် ၊ ဎရေမှုတ် ၊ ဏကြီးအက္ခရာ တွေက်ို…

ခုန်ပျံ ကျော်လွှား လိုက်သေးတော့….

အခုကြုံ ရတဲ ့….အက္ခရာကြီးကို… ထပ် မကျော်ချင်တော့ပါဘူး ။

အခု ကြုံရတဲ ့အက္ခရာကလည်း..တော်တော် ခေါင်းမူးအောင် စဉ်းစား ရတဲ ့ အက္ခရာပါ ။

အားလုံး..သ်ိ ကြတဲ ့အတိုင်း.. …ပါ ။ ဠကြီးအက္ခရာ လို ့.. မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ..ရေးပါတယ် ။

ဠ နဲ ့ ပက်သက်တာလေး..ဘာရေးရင် ကောင်းမလဲ…????????????????

စဉ်းစားလို ့မရတဲ ့အဆုံးမှာ………………

ကျွန်တော့် မိတ်ဆွေ တစ်ယောက်နဲ ့.. စကားစမြည် ပြောဖြစ်ပါတော့တယ် ။
555
++++++++++++++++++++++++++++++++++++

“ ဠ ( လကြီး ) နဲ ့ပက်သက်တဲ ့စကားလုံးတစ်ခုခုလောက် ပြောကြည့်ပါလား..ဗျ ”

လို ့.. ကျွန်တော် မေးတော့.. သူက ပြန်မေးပါတယ် ။

“ လကြီး..ဆိုတာ ဘာလဲ…” တဲ ့…..။

အဲဒီ မေးခွန်းကြောင့်…. ကျွန်တော်.. အံ့တစ်အံ့ ဩတစ်ဩ ဖြစ်သွားပြီး… စာရွက်ပေါ်မှာ.. ချရေးပြရပါတော့တယ် ။

“ ဠ လေ..။ .လကြီး လို ့.. အသံထွက်တာ လေ…..”

အဲဒီလို ရေးပြတော့မှပဲ.. မိတ်ဆွေက…

“ အမ်…ကိုယ် သိတာက… အဲဒါကို.. နကြီးလို ့.. အသံထွက်ခေါ်တာပါ. ” .တဲ ့…။

လက်စသတ်တော့…သူ က.. ကို… နကြီး.လို ့.. အသံ ထွက်.. မှတ်ထားတာကိုး….။

သူက… ဘွဲ့ရ ပညာတတ် တစ်ယောက်ပါပဲ ။

သူ..မှားနေတယ်..တို ့….

ကျွန်တော်..မှန်တယ်…တို ့….

ဘာမှ ပြောမနေတော့ပါဘူး ။

ကျွန်တော်.. မှတ်ထားခဲ့တာကိုပဲ… ပြောပြလိုက်ပါတယ် ။

လကြီးလို ့အသံထွက်တာက.. ဒိင်္ အက္ခရာ =

နကြီး..လို ့.. အသံထွက်တာက.. ဒီ အက္ခရာ =

1111
+++++++++++++++++++++++++++++++++++++++++++++++++

အဲဒီလိုပါပဲ….

မြန်မာစာ / စကားနဲ ့ ရေးကြ ပြောကြ ရာ မှာ…မကြာခဏ ဆိုသလို…. အမှားလေးတွေ..တွေ ့ ရ /ကြားရ တတ်ပါတယ် ။

သူများတွေ… ရေးတဲ ့ စာကို.. ဖတ်ပြီး သတ်ပုံအမှားတွေ…

ဝါကျအထားအသိုအမှာေးတွ….

စကားပြေ / စကားပြော ရေးထွေး ရေးသားတဲ ့အမှားလေးတွေကို…..တွေ ့တိုင်းလည်း…

ကျွန်တော့် စိတ်ထဲမှာ…….

မမှားစေချင်တဲ ့ ဆန္ဒ ပေါ်လာတတ်ပါတယ် ။

+++++++++++++++++++++++++++++++++++++++++++++++++++

အမှန်တော့…ကျွန်တော်က

ကိုယ့်မျက်ချေး ကိုယ် မမြင်တတ်သေးတဲ ့ ခပ်ညံ့ညံ့ကောင် တစ်ကောင်ပါ ။

ကိုယ် ့မျက်ချေး ကိုယ် မမြင်တတ်ဘူး ဆိုတဲ ့စကားနဲ ့ပက်သက်ပြီး……

ထပ် တွေးမိတာလေးက…….

လောကမှာ… လူ ( ၄ ) မျိုး.ရှိတယ်လို ့..တွေးမိပါတယ် ။

( ၁ ) ကိုယ့် အမှား ကိုယ် မမြင်တတ်တဲ ့သူ ( ဘယ်သူ ့အမှားကိုမှလည်းမမြင်တတ်တဲ ့သူပေါ့ ။ ခပ်ညံ့ညံ့ ခပ်တုံးတုံးပေါ့ )

( ၂ ) ကိုယ့်အမှားတော့.. ကိုယ် မမြင်ပဲ.. သူများအမှားတွေပဲ..လိုက်မြင်တတ်တဲ ့သူ

( ၃ ) ကိုယ့်အမှားပဲ… ကိုယ် မြင်ပြီး.. သူများအမှားကို.. မမြင်တတ်တဲ ့သူ

( ၄ ) ကိ်ုယ့် အမှားရော… သူများ အမှားတွေပါ… မြင်တတ်တဲ ့သူ ( တော်တဲ ့သူပေါ့ )

အဲဒီ လေးမျိုးထဲမှာ….ကျွန်တော်က နံပါတ် ( ၂ ) ကနေ… ( ၄ ) အထိ ရောက်ဖို ့..ကြိုးစားနေတဲ ့လူ ဖြစ်ချင်ပါတယ် ။

ကျွန်တော်က…..ကိုယ့်မျက်ချေး ကိုယ် မမြင်ပဲ….

သူများ မျက်ချေးကို သွား..သွား..မြင်တတ်လွန်းလို ့..

ကိုယ့် ကိုယ်ကို ပြန် .သတိပေးနေရပါတယ် ။

နံပါတ် ( ၂) ကို… အောင်အောင်မြင်မြင်နဲ ့… ကျော်..နိုင် ချင်ပါတယ် ။.

နံပါတ် ( ၃ ) နဲ ့လည်း… ရပ်မနေချင်ပါဘူး ။

ကိုယ့် အကြောင်းလေးပဲ..ကိုယ် ကွက် သိပြီး… ပြင်ပလောကကြီးအကြောင်း… ဘာမှ မသိတဲ ့လူ တော့ မဖြစ်ချင်ပါဘူး ။

နံပါတ် ( ၄ ) အထိ ရောက်ချင်လှပါတယ် ။

ကိုယ့် အမှားလည်းမြင်တတ် ….

သူများ…အမှားတွေလည်း.. မြင်တတ်တဲ ့သူ.. ဖြစ်ချင်ပါတယ် ။

++++++++++++++++++++++++++++++++++++++++++

တကယ်တော့….

အမှားတွေ… မြင်တတ်နေရုံနဲ ့လည်း….. မရသေးပါဘူး ။

အမှားကို… ပြင်နိုင်တဲ ့သူ….

အမှားကို..ပြင်ရဲတဲ ့သူ….

အမှားကို..ပြင်တတ်တဲ ့သူ… ဖြစ်ဖို ့လည်း..ကြိုစားရပါဦးမယ် ။

++++++++++++++++++++++++++++++++++++++++++

ကျွန်တော်က သူများအမှားကို…. မကြာခဏ မြင်တတ်တော့…..

( မြင်တိုင်းလည်း..အားနာ ပြီး../ ကြောက်ပြီး…/ အထင်လွဲခံရမှာ.စိုးပြီး… မပြင်ပေးရဲခဲ့တော့)

ဒီလိုလေး..စဉ်းစားမိပါတယ် ။

ငါရော……… မမှားဘူးလား ……

အဲဒီမေးခွန်းနဲ ့အတူ…ကျွန်တော်….ရေးခဲ့ဖူးတဲ ့.. စာတွေက်ို.. ပြန် စစ်ကြည့်တော့……

အင်းးးးးးးးး

ကျွန်တော့်မှာလည်း……

မျက်ချေးတွေနဲ ့ပါလား…………

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

ကျွန်တော်..

မှန်နဲ ့ တူတဲ ့….. မိတ်ဆွေတွေ… လိုချင်ပါသေးတယ် ။

ကျွန်တော့်မျက်ချေးကို… ကျွန်တော်..ပြန်မြင်တတ်ဖို ့…. မှန် ကြည့်မှ ဖြစ်မှာမို ့လို့ပါ ။

ကျွန်တော်.. မှန် ကြည့်ချင် စ်ိတ် ရှိပါတယ် ။

+++++++++++++++++++++++++++++++++++++++++++++++++++++++++++++

မြန်မာစာ / မြန်မာစကား အဆင့်အတန်း မနိမ့်ကျဖို့……..

ကျွန်တော်တို ့.. တစ်ယောက်ရဲ ့ မျက်ချေးကို နောက်တစ်ယောက်က…

စေတနာလက် / မေတ္တာ လက်တွေနဲ ့.. အပြန်အလှန်…ဖယ်ရှားပေးဖို ့..

လိုတယ်…လို ့ ထင်ပါတယ် ။

(တစ်ယောက်ရဲ ့အမှားကို… နောက်တစ်ယောက်က…

စေတနာ / မေတ္တာ ရှေ ့ထားပြီး…. အမှန် ပြင်ပေးဖို ့… လိုပါတယ် )

++++++++++++++++++++++++++++++++++++++++++++++++++++++++++++++++

အပေါ်မှာ..ရေးခဲ့တဲ ့….

ဒီစာကို..ရေးရခြင်း ရဲ ့

အကြောင်းရင်း နှစ်ခုကတော့…….

( ၁ ) ဠ = မှာ… ဘာရေးရမှန်းမသိတော့လို ့..ရေးမိရေးရာ ရှာ ကြံ ရေးရခြင်း

( ၂ ) မြန်မာစာ / မြန်မာစကား အဆင့်နိမ် ့သွားမှာ.. စိုးရိမ်ခြင်း

+++++++++++++
တစ်ဆက်တည်း..ပြောချင်သေးတာက…
ဂဇက်မှာ ကျွန်တော်..ပို့စ်တွေ တင်ရင်..
အထောက်အကူ အပေးဆုံး..တစ်ခုက…
ဒီနေရာပါ

အဲဒီအတွက်.. သူကြီးမင်း နဲ ့ တကွ… ဆိုင်ရာ ဂဇက် လူကြီးမင်းများ အားလုံးကို..လည်းကျေးဇူးတင်ပါတယ်လို ့.။

++++++++++++++++++++++++++++++++++++

လေးစားစွာဖြင့်….

အလင်းဆက်

alinsett.art@gmail.com

19 comments

  • Mobile

    January 31, 2013 at 10:19 pm

    ကိုအဠင်းဆက်ရေ သွားပါ၏ လေ့လာဖက်ရှု့
    လကြီးနဲ့ ပတ်သတ်ဠို့ ကျုပ်သိတာလေးတွေကဒေါ့
    ဠင်းတ( အင်းမတန်မှ ကျက်သရေ ရှိလှသော ငှက်)
    အာဠာဝက ကြားဖူးပါသည် စသည်တို့ကို ………………
    တောင်ရှောက်ပျေား မျောက်ရှောက်ပျေား ပျေားခဲ့တာ ကျုပ်ကဗျ။
    :harr:

  • လူလေးမျိုးထဲမှာ ..
    နံပါတ် ၁ အညိုးအစားဘဲ …
    ကိုယ့် အမှားလည်း သိဝူးးး
    သူညား အမှားလည်း သိဝူးးးး
    ဘာဆို ဘာမှ သိဝူးးးး
    ဒါဂျောင့် .. နံမယ်ဂိုဂ အံချာတုံး … လို့ ခေါ်သပေါ့ကွယ်ရို့ …

  • MaMa

    February 1, 2013 at 7:49 am

    အလင်းဆက်ပြောတဲ့ လေးမျိုးထဲ ကိုယ်ဘယ်ထဲပါမလဲလို့ ကြည့်လိုက်တော့…
    နံပါတ်(၁) အညံ့ဆုံးတော့ မဟုတ်ဘူးလို့ ကိုယ့်ကိုကိုယ်သတ်မှတ်လိုက်တယ်။
    ဆက်ကြည့်လိုက်တော့ …
    အင်းးးးးး ပြဿနာရှာတဲ့အမျိုး နံပါတ်(၂) ဖြစ်နေတယ်။ :eee:

  • P chogyi

    February 1, 2013 at 11:14 am

    * ကျွန်တော်က နံပါတ် ( ၂ ) ကနေ… ( ၄ ) အထိ ရောက်ဖို ့..ကြိုးစားနေတဲ ့လူ ဖြစ်ချင်ပါတယ်*
    အဲဒါများလွယ်လွယ်လေး
    (၁) က နေ (၃)အထိ ဖျက်ပစ်လိုက်(Delete)ပေါ့
    အဲဒါဆို(၄)ပဲကျန်မယ်။

  • kyeemite

    February 1, 2013 at 3:59 pm

    အလင်းဆက်ရေ…“ဠ”နဲ့ပါတ်သက်လို့ ပြောကြလေ့ရှိတာလေးတွေကတော့…
    “ဠင်းတ လောက်တော့ငှက်တိုင်းလှတယ်”
    “ဠင်းတမှိုင် မှိုင်နေတယ်”
    :harr:

  • အလင်းဆက်

    February 1, 2013 at 9:49 pm

    တိုတိုမိဘိုင်းရေ…
    ဟို…ငှက်ကြိးကို.. ဠင်းတ လို့မပေါင်းပဲ..
    လင်းတ လို့ရေး ရမယ်ဆိုလို ့.. သား..မှာတော်တော် ခေါင်းမူးသွားတာ ။
    ပထမ စဉ်းစားထားတာက ဠင်းတလောက်တော့ငှက်တိုင်းလှပါတယ်..ဆိုတဲ ့ စာသားကိုလိုက်ပြီးရေးမယ်ပေါ့..။
    ဒါပေ..မယ့်… အခုတော့…
    အဟိ အဟိ ပေါ့နော် ။
    🙂

  • အလင်းဆက်

    February 1, 2013 at 9:53 pm

    အံမယ်..အံချာတုံး က.. ဘာဘာ ဘာမှ မတိဝူး..ဆိုတဲ ့ ပုံနဲ ့ ဆိုတာ..
    တွေ ့ဆုံပွဲလေးမှာ.တွေ ့လိုက်ပါဒယ် ။
    ဒါပေမယ့်… ညည်းက မာယာများပါတယ်အေ. ။
    နာမည်ကိုက ခြောက်မျက်နှာ…
    🙂

    ===========================

    အန်တီမမရေ…
    သားလည်း..နံပါတ်နှစ်ထဲက.. ရုန်းထွက်ရ ခက်နေတုန်း….
    အဟိ ။
    🙂
    ===========================

  • အလင်းဆက်

    February 1, 2013 at 9:58 pm

    လေးလေး ပီချို..ပြောသလို လုပ်ရင်တော့အလွယ်သားနော့် ။
    လေးလေးပီချိုရေ..
    ကြုံတုန်းပြောရဦးမယ် ။
    ဟို.တွေ့ဆုံပွဲနေ ့က.. သားသားနဲ ့.. ဟို ရုပ်ဆိုးဆိုး..ဦးမာဃကြီးနဲ ့ ဖက်ပြီးရိုက်ထားတဲ ့ပုံလေး.လေ
    အဲဒါ..သားသားဆီ ပို့လိုက်တဲ ့ ပုံတွေထဲမှာ ပါမလာသေးလို ့..
    ဦးမာဃကြီးကလည်း..လိုချင်ပါတယ်တဲ ့
    သူက အဲဒီ ပုံ ကို လိုချင်ရှာမှာပေါ့ …။ အရမ်းချောမောလှပနေတဲ ့ မင်းသားချောလေး..အလက်ဆင်းနဲ ့
    တွဲ ရိုက်ထားတာကိုး.. ။ သူလည်း.နဂိုက မလှပေမယ့်..
    အလက်ဆင်းနဲ ့ တွဲရိုက်တော့.. အလှ ရှိတွေ ဟပ် သွားပြီး..လှနေတယ်လေ။ ဒါကြောင့်..သူအဲဒီပုံ လိုချင်နေတာ..။

    အဆင်ပြေရင် သားဆီလည်း..ပို ့ပေးဦးနော် ။
    လေးလေးနဲ ့တွဲ ရို်က်ထားတဲ ့ပုံလည်း.. အမှတ်တရ အနေနဲ ့ ထုတ်ထားလိုက်ပြီ ။

    ကျေးကျေးဗျို ့
    ————————————

  • အလင်းဆက်

    February 1, 2013 at 9:59 pm

    လေးလေးပေ…
    မမကို သွားပြီး..
    စစတအားလိုုက်ရင်…
    မမက…
    ထထ
    ရိုက်နေပါဥိးမယ် .။
    :kwi:

  • အလင်းဆက်

    February 1, 2013 at 10:02 pm

    လေးလေးမိုက်….
    ဝင်ရောက် ဖတ်ရှု အားပေးလို ့ကျေးဇူေးနာ် ။
    ဘာလိုလိုနဲ ့…လေးလေးတို ့ အဆက်မပြတ် အားပေး ဖတ်ရှုလာတာ..အခုဆို..
    အ = တောင်ရောက်တော့မယ် ။
    ကျေးကျေးဘာ….:)

  • padonmar

    February 1, 2013 at 10:17 pm

    အဠက်ဆင်း
    လူုလယ်လေးလုပ်လိုက်လား။
    ဠ အကြောင်းကနေ လူအကြောင်းဖြစ်သွားတာပေါ့။
    ကိုယ်ကိုကိုယ် ဘယ်အမျိုးထဲ ထည့်ရမှန်းတောင် သိတော့ပါဘူး။
    အ ကျရင်တော့ နေရာထပ်ဦးမယ်ကွာ။
    အ အ မ ဆိုပြီးတော့။

  • Mr. MarGa

    February 2, 2013 at 11:05 am

    ဦးမာဃကတော့ နှစ်နဲ့ သုံးမှာ လုံးချာလိုက်နေတယ်
    လေးဖြစ်ဖို့ နည်းနည်းပဲ လိုတော့တယ်

  • အလင်းဆက်

    February 2, 2013 at 7:31 pm

    အန်တီ ပဒုမ္မာရေ..
    ဒီလိုပဲ.. လူလည် ကျလိုက်ရတယ် ။ အဟိ ။
    ရေးစရာ ရှားတဲ ့ အက္ခရာကြီးကိုး…
    🙂

    =================

    ဦးမာဃ ကြီးကတော့….“
    လေးဖြစ်ဖို ့..နည်းနည်းပဲလိုတော့တယ်..တဲ ့ ။
    ရုပ်ဆိုးတဲ ့ နေရာမှာတော့..ဦးမာဃ က နံပါတ် တစ် ပါနော် ။

    🙂

    အဟ်ိ ။ စတာနော် …။
    🙂

    • Mr. MarGa

      February 3, 2013 at 7:51 pm

      ဦးမာဃကို နံပတ်တစ် ပေးရင်
      မြန်မာနိုင်ငံက မင်းသားတွေ အကုန် ရုပ်ဆိုးတွေ ဖြစ်ကုန်မှာပေါ့

  • ဦးကြောင်ကြီး

    February 3, 2013 at 8:58 am

    လကြီး
    တပြီး
    ခွစီး
    ငါ့မြည်း…။

  • လုံမလေးမွန်မွန်

    February 3, 2013 at 12:06 pm

    တကယ်တော့ မွန်မွန်လည်း အဲ့ဒီစာလုံးတွေကို မသိရင် သိပ်စိတ်တိုတာ… :mrgreen:
    ပြောရရင်တော့ မွန်မွန်လည်း နံပါတ် (၂) ပါပဲ..

  • အလင်းဆက်

    February 3, 2013 at 7:48 pm

    ဦးကြောင်က လကြိီးကိုတောင်..
    ခွ စီးချင်သေးသတဲ ့…
    🙂

    ================

    မွန်မလေးလုံလုံရေ….
    နံပါတ်နှစ်..ဆိုတော့.. ဘဝ တူတွေလို ့ပြောလို ့ရပါတယ် ။
    🙂

  • အလင်းဆက်

    February 3, 2013 at 7:59 pm

    ဦးမာဃ က..
    ဒလောက်ပြောတာတောင်
    မလျှော့ဘူးနော် ။
    :kwi:

Leave a Reply