ဂျန်န၀ါရီလကုန်ပြီ ဖြစ်သောကြောင့်ဟောလီးဒေးများ စပေးသဖြင့် ဘဆွေ နှစ်ပတ်အနားရပါသည်။
တစ်နှစ်တာအတွင်း တင်ရှိနေသော စာကြွေး ၊ ဘုရားတရားကြွေး ၊မိတ်ဆွေအပေါင်းအသင်းကြွေး၊ လူမှုရေးကြွေး၊ အိမ်တွင်းမှုကြွေး အစရှိသော ကြွေးပေါင်းမြောက်မြားစွာ ကိုပြန်လည်ပေးဆပ်ရန် ရရှိသော တိုရေရှားရေ အချိန်ကောင်းလည်းဖြစ်ပါသည်။
စားသောက်ဆိုင် သုံးဆိုင် အား မနက်မိုးလင်း ညမိုးချုပ် ပါတ်ချာလည် လှည့်ကာအလုပ် လုပ်နေရသဖြင့် စားချိန် အိပ်ချိန် မှလွဲလျှင် အချိန်ပိုမရှိသလောက် ရှားပါးခဲ့သောကြောင့် မိဘ၊ မိတ်ဆွေအပေါင်းအသင်း အဖွဲ့အစည်း၊အိမ်နီးနားခြင်း အစရှိသော သူများ အပေါ် လူမှုရေး ပျက်ကွက် ကာ တာဝန်မဲ့မှုကြွေး တင်နေခဲ့ သည်မှာ ကြာပြီဖြစ်သည်။
ထိုအကြွေးများထဲမှ အဓိက ပေးဆပ်ရန် ရှိနေသည်မှာ Mandalay Gazette အပေါ်တင်ရှိနေသော ပေါင်းစည်းပါဝင်မှုကင်းမဲ့ခြင်း အကြွေး ပင်ဖြစ်ပါသည်။
မန်းဂဇက်ချစ်သူများ စာပေဆုပေးပွဲနှင့်မန်ဘာများတွေ့ဆုံပွဲ အောင်မြင်စွာ ကျင်းပပြီးစီး ခဲ့ပါပြီ ။
အဖွဲ့ဝင်များ အားလုံး အင်တိုက် အားတိုက် စိတ်ရော ကိုယ်ပါ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြ သည်။
ရပ်ဝေးမြေခြားမှ လာရောက်ပြီး လူအင်အား ငွေအင်အား စိတ်အင်အား ဖြင့်ပေါင်းစည်း ပါဝင်ဖြည့်စွမ်းကြသည်။ မလာရောက် နိုင်သူတွေက စာအား ကွန်မန့်အားဖြင့် ပူးပေါင်းပါဝင်ကြသည်။
ဘဆွေ ဘာတစ်ခုမှ မလုပ်ခဲ့ မလုပ်နိုင်ခဲ့ပါ။
မဖြစ်စလောက် ထည့်ဝင်သော အလှူငွေ အတွက် ကျေးဇူးတင်ကြောင်း စာဖြင့်ရေးသားဖော်ပြသော အဖွဲ့ဝင်များ (ကိုချော၊မပဒုမ္မာ) အစရှိသော သူများ အပေါ် လည်း လေးစား သမှုပြုသော အားဖြင့် ကွန်မန့်တစ်ကြောင်း ပင်မပြန် နိုင်ခဲ့ပါ။ မန်းဂဇက်ချစ်သူများ စာပေဆုပေးပွဲနှင့်မန်ဘာများတွေ့ဆုံပွဲ ဖြစ်မြောက်အောင် ဖန်တီးခဲ့ကြသော ကော်မတီ အဖွဲ့ဝင်များ (ဦးပါ၊ ကိုကြီးမိုက်၊မမ၊ ရွှေတိုက်၊ အမတ်ကြီး) အစရှိသော သူများအားလည်းကောင်း၊ တစ်သောင်းတန်ဆု အတွက် သိန်း တစ်ဆယ်ကျော် အကုန်ခံ ကာ နိုင်ငံရပ်ခြားမှလာရောက် ပါဝင်ခဲ့သော ကိုကျောက်ခဲ၊ ဆုငွေလည်းထည့် လှူ အကြွေးအမွေးလည်း တာဝန်ယူ ဒါတောင် အားမရလို့ အာသာပြေ ထပ်ပြီး ဆွဲရအောင်ဆိုတဲ့ အဘဖော၊ဗလာမပါကံစမ်းမဲ ဖောက်တဲ့ မနိုဗွီ၊သော့ချိတ်တွေနဲ့ အမြဲတမ်းအမှတ်ရနေစေမယ့် ကို ပီချိုကြီး၊ လက်ဆောင်တွေ ပို့ပေးလိုက်တဲ့သကြီး တို့ အပြင် အခြားသော ကျေးဇူးတင် ထိုက်သော သူများကိုလည်း စာလေးတစ်ကြောင်းနဲ့တောင်လေးစားကြောင်း အသိအမှတ်ပြု ကျေးဇူးတင်စကား မဆိုနိုင်ခဲ့ပါ။
အဲဒီလောက် မသိသားဆိုးဝါးလှတဲ့ ဘဆွေ ကို ကိုဘလက်ချောက သူ့ပိုစ့်တစ်ခုမှာ ဟောဒီလို လူရာသွင်း နေရာထိုင်ခင်း ပေးခဲ့ပါသေးတယ်၊( ကျွန်တော်ကတော့ ဘာမှပြန်မရေးနိုင်တဲ့ အပြင် သူ့မိခင်ကြီးနေမကောင်းတာ ကိုတောင် လူနာမေးဖော်မရခဲ့ပါဘူး။ ကို ဘလက်ချောကိုဒီနေရာကနေ တောင်းပန်လိုက်ပါတယ်)

(မန်းဂဇက် ချစ်သူများ စာပေဆု ပေါ်ပေါက်လာခြင်းပါပဲ…။
၂၀၁၂ ခုနှစ် August လက စတင်ချီးမြှင့်လာခဲ့တဲ့ မန်းဂဇက်ချစ်သူများ စာပေဆု ကို ဒီလ ၂၀ ရက်နေ့မှာပဲ ဆုပေးပွဲ
ကျင်းပတော့မယ်လို့လည်း နားစွန်နားဖျား ကြားထားရပါတယ်…။
အဲဒီ မန်းဂဇက် ချစ်သူများ စာပေဆု ပေါ်ပေါက်လာရာမှာ ကျေးဇူးတင်ရမယ့် ပုဂ္ဂိုလ်တွေ ရှိပါတယ်…။
နာမည်ဖေါ်ထုတ်ပြီး ကျေးဇူးတင်ခွင့်ပြုပါ…။
အရင်ဆုံး ကျေးဇူးတင်ချင်တာက အဘဆွေ ဖြစ်ပါတယ်…။
အဘဆွေ ဟာ ဒီနှစ်ဆုပေးပွဲအတွက် ငွေကျပ် တစ်သိန်း နှစ်သောင်းတိတိ ကို ကူညီထောက်ပံ့ပေးခဲ့ပါတယ်…။
ကျွန်တော် ကျေးဇူးတင်ချင်တာက အဘဆွေရဲ့ ပူးပေါင်းပါဝင်မှုကိုပါ…။
ငွေကြေးထက် တန်ဘိုးကြီးပါတယ်…။
အခု ဖြစ်လာတဲ့ မန်းဂဇက်ချစ်သူများ စာပေဆု မှာ အဘဆွေရဲ့ ပူးပေါင်းပါဝင်မှုဟာ အင်မတန် တန်ဘိုးကြီးခဲ့တယ်လို့
မှတ်မှတ်ရရ ပြောချင်ပါတယ်…။
ကျေးဇူးပါ အဘဆွေ ခင်ဗျား…။)

ပြောင်းပြန်ကြီးခင်ဗျ….
အမှန်က ကျွန်တော်ကသာ လျင် အားလုံးကိုကျေးဇူး တင်ရမှာ ဖြစ်ပါတယ်။ ဘဆွေ ဆိုတဲ့ ဘာမှ မဟုတ်တဲ့နှမ်းတစ်လုံးကိုမန်းလေးဂဇက်မှာ(မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲနှင့်မန်ဘာများတွေ့ဆုံပွဲမှာ) ဆီဖြစ်ခွင့်ပေးတဲ့ အတွက် ကျေးဇူး တင်ရမှာပါ။
(မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲနှင့်မန်ဘာများတွေ့ဆုံပွဲ) အတွက် အင်တိုက် အားတိုက် စိတ်ရော ကိုယ်ပါ ပူးပေါင်း ပါဝင် ဆောင်ရွက်ခဲ့ကြ သည်. အဖွဲ့ဝင်များအားလုံး၊
ကိုယ်တိုင်တက်ရောက်ခဲ့ကြသော ဂဇက်မောင်နှစ်မများ
မတက်ရောက်နိုင်သော်လည်း အဝေးမှ အားပေးကြသောမောင်နှစ်မ များ အားလုံး ခင်ဗျား
ကျွန်တော် ဘဆွေ အခြေအနေ အရပ်ရပ်ကြောင့် ကျေးဇူးတင် ကြောင်းပြောသော သူများအား ပြန်လည် တုန့်ပြန်မှုမရှိခဲ့ခြင်း… ကော်မန့် အားဖြင့်သော်လည်းကောင်း ပိုစ့် အားဖြင့်သော်လည်းကောင်း မပံ့ပိုး ပါဝင်အားပေးနိုင်ခဲ့မှု မရှိခဲ့ ခြင်း အတွက်လည်းကောင်း… ကျေးဇူးတင်ထိုက်သော (ကိုကြိးမိုက်၊ကိုပါလေရာ)တို့ အပြင် အခြားသောမိမိထက် အသက် ၀ါကြိးသော အစ်ကိုများ၊(ရွှေတိုက်၊အမတ်မင်း)အစရှိသောညီငယ်များအားလုံး၊အစ်မကြီးမျာအားလုံး(ဒေါက်တာမကြီး၊အစ်မ မမ)အပါအ၀င် ညီမငယ်များအားလုံး ကိုကျေးဇူးတင်စကား မပြောကြား နှိုင်ခဲ့ခြင်း အတွက်လည်းကောင်း …
အစရှိသော ရိုင်းပြတဲ့ မသိသား ဆိုးရွားမှု များအတွက်
ကျွန်တော်ဘဆွေအားခွင့်လွတ် နားလည်ပေးပါမည့် အကြောင်း
ယခုစာဖြင့်လေးစားစွာအနူးအညွတ်တောင်းပန် အကြွေးဆပ် အပ်ပါသည်။

ဘဆွေ။

About ကူမားရ်

aung swe has written 10 post in this Website..

normal person,like to be free and careless