တလောက မြန်မာပြည်ပြန်ခဲ့ တယ်။ အိမ်အတွက်လုပ်စရာ ကိုင်စရာတွေကို လုပ်နေရင်းတန်းလန်းက အကြောင်းကိစ္စပေါ်လာလို့ 

ရထားနဲ့  ရန်ကုန်ကိုတက်လာရင်း လမ်းဘေးကမြင်ရတာလေးတွေကို ခလုပ်နှိပ်လာမိတယ်။IMG_7574 - Copy

ထားဝယ် ရန်ကုန် ရထားပေါ်က လမိုင်းဘူတာအလွန် တစ်နေရာက မြင်ကွင်းလေးတစ်ခု

လမိုင်းဘူတာက စထွက်တော့ ညနေ ၄ နာရီကျော်

သံဖြူဇရပ်ဘူတာကိုရောက်တော့ မိုးချုပ်ပြီ

မော်လမြိုင်ဘူတာကို ရောက်တော့  ငိုက်ချင်ပြီ

IMG_7598 - Copy

ခလုပ်နှိပ်မှားသွားတယ်။ (မော်လမြိုင် ဘက်ခြမ်း သံလွင်တံတားပေါ် အတက်က မြင်ရတဲ့ ဘုရား)

ဘီးလင်း၊ကျိုက်ထို ဘက်ရောက်တော့  မနက်၃ နာရီ ဝန်းကျင်၊ လုံးဝ အိပ်မရ ငိုက်မရ။

ဇန္နဝါရီ ၁၂ ညဟာ ဒီနှစ်မြန်မာပြည်ရဲ့ အအေးဆုံးညမှာပါသလားပဲ။ ရန်ကုန်ကိုရောက်တော့  ချောင်း တဟွတ်ဟွတ်။

အေးချက်ကတော့  ကမ်းကုန်၊ ဘေးက ပြူတင်းဘောင်ကလည်းအေးစက်စက်၊ ရထားထိုင်ခုံတွေကလည်း အေးစက်စက်၊

ဘေးနားကခရီးဖော်မျက်နှာတွေကလည်း အေးစက်စက်၊ ဈေးသည်မျက်နှာတွေကလည်း အေးစက်စက်၊

ဈေးသည် ရောင်းတဲ့ ရေနွေးတွေကလည်း အေးစက်စက်…..

မနက်ဝေလီဝေလင်းအချိန် ဝေါ်မြို့ နားကို ကပ်လာပါပြီ။IMG_7617

နေမတက်ခင် အာရုဏ်ဦးက မြင်လိုက်မိတာလေး

IMG_7623

သူတို့ တတွေလည်း တစ်ညလုံးချမ်းနေရှာလိမ့် မယ်။IMG_7633

 

ဝေါ်မြို့ ကိုလည်းကျော်ခဲ့ ပြီ။ နေမင်းကြီးလည်း ပေါ်ထွက်ပြီ။

IMG_7648

တဲရှင်တွေ ချမ်းချမ်းအေးအေးနဲ့  ကွေးနေကြတုန်းပဲလား။

IMG_7651

ရေကန်စောင့်  နတ်သမီးလေးများ တွေ့ မိမလားရယ်လို့ …….

IMG_7654

အိပ်မက် လှလှလေးတွေ ဆက်ပြီး မက်နိုင်ပါစေ လှည်းကလေးရေ။ တာ့ တာ….

မလေးကိုပြန်ဖို့  ရန်ကုန်ကို ဒုတိယအခေါက်အတက်( ၂၈၊၁၊၂၀၁၃မနက်) ရွာသာကြီးဘူတာမရောက်ခင် အမြင်နောက်ကျခဲ့ တာကြောင့် 

IMG_7812[1]

ဒီလောက်လေးပဲ ရလိုက်တယ်။

မလေးကို ပြန်ရောက်ရောက်ခြင်းတင်လိုက်တာ၊ တင်ပြီးပြီးခြင်း တောထဲ ဝင်တော့ မယ်။

ကြည့် ရှုအားပေးကြတာကျေးဇူးတင်ဒယ်နော်။

တောတွင်းပျော်

About တောတွင်းပျော်

has written 51 post in this Website..

ဒေါင်ကျကျ ပြားကျကျ ဒေါင့် မကျိုးတဲ့ လူ