ဆမ်ဆောင်းကုမ္ပဏီမှ ၂၀၁၃ ခုနှစ် အီလက်ထရောနစ်ပြပွဲတွင် ၅.၅ လက္မအရွယ်ရှိ “Flexible Phone Screen” ကိုထုတ်ဖော်ပြသတော့မည်

Mr WorldWideFebruary 1, 20131min1256

 

သုံးစွဲသူများအတွက် အီလက်ထရောနစ်ပြပွဲ (Consumer Electronic Show-CES)သည် ကမာ္ဘ ပေါ်တွင် နည်းပညာအသစ်များကိုပြသသည့် အကြီးမားဆုံးပြပွဲများထဲမှ တစ်ခုဖြစ်ပါသည်။ ၂၀၁၃ခုနှစ် တွင် ကျင်းပမည့်ပြပွဲအား လတ်ဗီးဂတ်ရှိ Consumer electronic associationမှ ဦးစီး၍ ဇန်နဝါရီလ ၈ ရက်မှ ၁၁ ရက်အတွင်း ကျင်းပမည်ဖြစ်ပါသည်။ ခိုင်လုံသောသတင်းများအရ ၎င်းပြပွဲတွင် ဆမ်ဆောင်းကုမ္ပဏီမှ ၎င်းတို့၏  ၅.၅ လက္မအရွယ်ရှိ “Flexible Phone Screen “ကို ပြသလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ ဆမ်ဆောင်း ကုမ္ပဏီသည် ယနေ့စမတ်ဖုန်းလောကတွင်

yoummain_2447820b

ခြေတစ်လှမ်းလှမ်းနိုင်ခဲ့ပြီဖြစ်ပါသည်။

ယနေ့စမတ်ဖုန်းလောက၏ အနာဂတ်မျှော်မှန်းချက်များကို ပြည့်မီရန် ကြိုးပမ်းသည့်အနေဖြင့် ကုမ္ပဏီ သည် ၎င်း၏ကွေးနိုင်ဆန့်နိုင်သောဖန်သားပြင် (Bendable Screens)တစ်စုံကို ၂၀၁၃ခုနှစ် CES  ပြပွဲတွင် ပြသ ရန်ဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါသည်။ ၅.၅ လက္မ အရွယ်ရှိ Flexible Phone Screenတွင် ပုံရိပ်ကြည်လင်ပြတ်သားမှုမှာ ၁၂၈၀×၇၂ဝ – pixel ဖြစ်ပါသည်။ ထို့အပြင် အဆိုပါကုမ္ပဏီအနေဖြင့် ၅၅ လက္မရှိ တီဗွီဖန်သားပြင်ကိုလည်း ပြသလိမ့်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Source: http://thetechjournal.com/electronics/computer/software/mobile-software-computer/ samsung-confirms-to-introduce-5-5-inch-flexible-phone-screen-at-ces-2013.xhtml

သတင်းကနည်းနည်းနောက်ကျသွားတယ်ဗျာ…

 

6 comments

  • ခညား စို့လင့်ခ်က ဘာမှလည်း တွေ့ရဝူးးး
    ပေ့ချ် နော့ ဖောင်း …. ဒဲ့ …
    ဒဒင်းက နောက်ကျဘာဘူး ..
    ကျုပ်ဆို ခုမှ သိဒယ် ..

  • မောင်ပေ

    February 1, 2013 at 12:45 pm

    ကွတ်ကိုး ပဲ ဖြစ်မယ်ထင်တယ်နော
    ဈေးနှုန်း တို ့ ၊ ကင်မရာပစ်ဇယ်တို ့ ဘာညာသာရကာ တွေ ထပ်ရရင် ထပ်တင်ပေးပါဦး
    ဒီပုံအတိုင်းဆို
    နုတ်တူး ဝယ်မယ့်အစီအစဉ် ခဏဆိုင်းထားမှပါပဲ

    • panpan

      February 1, 2013 at 1:05 pm

      သများတို့လည်း နုတ်သရီးအစီအစဉ် ခဏဆိုင်းပါတယ်
      မှတ်စုစာအုပ် ၃အုပ်ဝယ်ဖို့ပါ :mrgreen:
      ဒါနဲ့ သများတို့လိုလူတန်းစားတွေအတွက် အဲ့လာက ဘယ်လောက်နဲ့ရောင်းမလဲဆိုတာက အဓိကကျပါတယ်
      :buu:

  • E T

    February 1, 2013 at 1:05 pm

    ဟုတ်တယ်ဗျာ..ကျနော်ပြန်ရှာတာတောင်မတွေ့တော့ဘူး..သတင်းကတော့ ရှိပါတယ်။ အချိန်မပေးနိုင်ဘူးဖြစ်နေလို့ပါ။ ဒီသတင်းက ကျနော်ပြန်ထားတာတော်တော်ကြာပါပီ။ ပြပွဲတောင်မပြီးခင်ကဆိုတော့လေ..

    ပြန်ရှာပေးပါ့မယ်..

  • Mobile

    February 1, 2013 at 10:47 pm

    မိုက်ဒယ်ဗျို့ ကံကောင်းရင်တော့ ဆမ်းဆောင်းကိုင်နိုင်မယ်ထင်တာဗဲး
    အခုဒေါ့ဂါ ချိုင်းနားထုတ် ဘလု့တု့ မပါ Mp3 Mp4 no ကန်မရာ နိုး
    ဆိုတဲ့ဟန်းဆက် အစုက်လေးဂိုသာ ကိုင်နေရဒယ်(ဒါပေမယ့် တစ်ခုကောင်းတာက
    ကျနေရစ်ရင် နှမျှေားစရာမလိုတာတစ်ခုတော့ အခြားဖုန်းတွေ ထက်အားသာတယ်)

Leave a Reply