ရွာသူရွာသားများအားအသိပေးတောင်းပန်ခြင်း

ဂေဇက်မှရွာသူရွာသားများကိုအရင် ဆုံးတောင်းပန်ပါရ စေ။ကျွန်တော်သော်ဇင် နဲ့ မိခင်ဖြစ်သူမှာ မန္တလေးပြည့်သူ့ဆေးရုံကြီး မျက်နာနှင့် မေးရိုး ခွဲစိတ်ဌာတွင် တက်ရောက် ကုသမှုခံ

ယူနေရပါတယ်။ ဒါ့ကြောင့် လတ်တ လော ကျွန်တော့်အ နေနဲ့ စာများရေးတင်နိုင်ဦးမည် မဟုတ်ပါ။ ဖြစ်စဉ်မှာ ၂၅့  ၁့  ၂၀၁၃နေ့ တွင် လွိုင်ကော် မှ မိထီ္တလာသို့ ထွက်ခွာလာသော ကိန္နရာရှမ်း ယာဉ်သည် ယင်းမာပင် သံလမ်းကွေ့ ကုန်းဆင်းတွင် ဘရိတ်ပေါက် တိမ်းမှောက်သွားခဲ့ရာ ကျွန်တော်နှင့် မိခင်ဖြစ်သူမှာ ထိခိုက်ဒဏ် ရာများ ရရှိခဲ့သည်။ ကျွန်တော်၏ မိခင် မှာ ဒဏ် ရာပြင်းထန်သဖြင့် ယင်းမာပင် တိုက်နယ်ဆေးရုံမှ လွဲစာဖြင့် မိထီ္တလာဆေးရုံသို့ရောက် ရှိခဲ့ရာ ထိုမှတဆင့် မန္တလေးဆေးရုံကြီးကိုလွဲပြောင်း ခဲ့သဖြင့် လက် ရှိတက်ရောက်ကုသနေပါသည်။ ခုချိန်ထိ ယာဉ်အုံနာမှာ ဆက်သွယ်စုံစမ်းမေးမြန်းခြင်းမပြုဘဲ တာဝန်မယူနိုင်ကြောင်း တရားစွဲနိုင်ကြောင်း ပြောဆိုနေပါသည်။ မည်ကဲ့သို့ တရားစွဲဆိုရမည်ကို ဝိုင်းဝန်းအကြံပေးကြပါရန် ဂေဇက် ရွာသူ ရွာသားများအား အသိပေးအပ်ပါသည်။ မန်းတွင် ရှိသော မန်ဘာများနှင့်တွေ့ဆုံလိုပါသည်။ ခု စာရေးတင် ခြင်းသည် ဖုန်းနှင့်ရေးတင်နေရခြင်းကြောင့် စာလုံးပေါင်း မှားယွင်းပါက သည်းခံဖတ်ပေး စေလိုပါကြောင်း

သော်ဇင်

 

1-Feb-2013

27 comments

  • Wow

    February 1, 2013 at 11:55 am

    သတင်းကြားရတာ စိတ်မကောင်းပါဘူး ကိုသော်ဇင်…
    မန်းလေးက မန်ဘာများ … ဒီမှာခေါ်နေတယ်..

  • P chogyi

    February 1, 2013 at 12:14 pm

    စိတ်မကောင်းဖြစ်ရပါသည်။ မန်းမှ မန်ဘာများသိပါက
    အမှန်တကယ်ကူညီပါလိမ့်မည်။

  • Mobile

    February 1, 2013 at 12:27 pm

    ကားပေါ်မှာ အခြားလူတွေကောပါမှာပေါ့ သူတို့လည်း ဒီလိုဆိုရင် ကျေနပ်မှာမဟုက်ပါဘူး
    သက်ဆိုင်ရာတရားရုံးသွားပြီးတော့ အမှုဖွင့်ထားလိုက်ပေါ့ဗျာ ဒါပေမယ့် ဆေးရုံရောက်ပြီးပြီ
    ဆိုတာနဲ့ အမှုကဖွင့်ထားပြီးသားနေမှာပါ။ ကိုကမကျေနပ်ရင်တော့ ဆော်ထည့်လိုက်ပေါ့
    အနည်းဆုံး ကားအုံနာတော့ နည်းနည်းပိုက်ဆံကုန်သွားပါလိမ့်မယ်။
    မန်းမှာရောက်နေတာဆိုတော့ မန်းလေးက သဘေားကောင်းလှတဲ့ မန်ဘာတွေ
    အမြောက်အမြားရှိမှာပါ။

  • မောင်ပေ

    February 1, 2013 at 12:37 pm

    တရားစွဲဖို ့အတွက်တော့ အကြံမပြုနိုင်လို ့
    ကိုသော်ဇင့် အမေ ရရှိခဲ့တဲ့ ဒဏ်ရာများမှ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ လို ့ပဲ
    ဆုတောင်းမေတ္တာပို ့သလိုက်ပါတယ်ဗျာ

  • မိုချို

    February 1, 2013 at 12:52 pm

    ကြား ရတာစိတ် မကောင်း ပါဘူး ကိုသော်ဇင် ရေ။ ဒဏ် ရာတော်တော် ပြင်း ပါသလား ။ ဘာပဲ ဖြစ်ဖြစ် အသက် အန္တရာယ်မထိခိုက် မိတာ တော် သေး တာပေါ့ ။ အဲဒီ ရက် ကတောင် အိမ်မှာ နေ တဲ့ လွိုင်ကော် သူလေး တစ်ယောက်နဲ့ လွိုင်ကော် သွားတဲ့ ကား လမ်း က ကျဉ်း ပြီး အန္တရာယ် များတဲ့ အကြောင်း ပြောဖြစ် ကြသေးတယ်။
    ယာဉ်လိုင်း က တော်တော် တာဝန် မဲ့ လွန်း ပါတယ်။ ကိုယ်က အကြံမပေးတတ်တော့ အားပေးရုံ လောက်ပဲ တတ်နိုင်တယ်။ အကြံ ပြု နိုင်သော ရွာသူားတွေ ဖတ်မိပြီး အကြံ ပေး နိုင် ကြ ပါစေ။

  • မင်းနန္ဓာ

    February 1, 2013 at 1:18 pm

    တော်တော်စိုးရိမ်ရလား ကိုသော်ဇင်ရေ
    ခွဲစိတ်ရမှာ ဆိုတော့ သွေးလိုရင် ကျောင်းတိုက်တွေက ဘုန်းဘုန်းတွေဆီသာ ဆက်သွယ်ပါ
    သွေးလိုတယ် အသံကြားတာနဲ့ ဘုန်းဘုန်းတွေက သွေးအမျိုးအစားတူသူ လှူနေကျကိုယ်တော်တွေ ထွက်လာကြတာပဲ.. ကျနော့်ညီမ သုံးခါခွဲစိတ်ဖူးတာမို့ ကိုယ်တွေ့ပြောပါတော့
    အမေကရော ဘယ်အရွယ်လဲဗျာ..
    တရားစွဲတာတော့ အကြံမပေးတတ်ဘူး
    အမေ အမြန်သက်သာ ပျောက်ကင်းပါစေ..

  • ကိုသော်ဇင်ရေ ကျနော့်ဖုန်းကိုဆက်သွယ်လိုက်ပါဗျို့။
    တရားစွဲတာကတော့ အုံနာက ဒုတိယလူ တကယ်ဆိုင်ကတာက ငှားစီးတဲ့ ဂိတ်နဲ့ဆိုင်တာပါ။
    နောက်လက်မှတ်ဝယ်တုံးက အာမခံပါမ ပါ သေချာပေးဘို့လိုပါတယ်။

    • Mobile

      February 1, 2013 at 7:21 pm

      ကိုသောဇင်ရေ မင်္ဂလာပါ မန်းကအကူအညီပေးမည့် ကိုပေါက်ကိုတွေ့ရတော့
      အင်မတန်မှဝမ်းမြောက်မိပါတယ် ကူညီလိုစိတ် ရှိတဲ့လူ ကိုပေါက်ကိုလဲ လေးစားမိပါတယ်။
      ကျနော်က မန်းမှာရှိမနေပေမယ့် မန်းမှာ ညီအကိုလိုပေါင်းတဲ့ ဘော်ဒါတွေ အသိမိတ်ဆွေတွေရှိပါတယ်။
      လိုအပ်ခဲ့ပါက အစစ ကျနော်ကိုယ်စား ကူညီပေးဖို့ ကျနော် လုပ်ပေးနိုင်ပါတယ်။
      mobilemobile130@gmail.com မှာကျနော် အချိန်ပြည့်နီးပါ ရှိပါတယ်။
      မတွေ့ရင်လဲ စာချန်ထားခဲ့လိုက်ပါ ကိုသော်ဇင်ကို ကျနော် ဆက်သွယ်လိုက်ပါ့မယ်။
      ကိုယ်သော်ဇင် ရဲ့မိခင် အမြန်ဆုံး ကောင်းမွန်လာပါစေလို့ ဆန္ဒပြု့ပါတယ်။

  • cobra

    February 1, 2013 at 2:20 pm

    အခုလိုကြားရတာ တကယ်ကိုစိတ်မကာင်းစရာပါပဲ။
    ကိုသော်ဇင်အမေ ကျန်းမာရေးအမြန်ကောင်းပါစေလို့
    ဆုတောင်းပေးပါတယ်။

  • Foreign Resident

    February 1, 2013 at 2:34 pm

    ကိုသော်ဇင် ရေ ။
    အဘ သိသလောက် ပြောမယ်နော် ။

    ၁ ။ ကား ပိုင်ရှင်ကို တရားစွဲလို့ မရပါဘူး ။
    ကား ပိုင်ရှင်မှာ က အပြစ် မရှိလို့ပါ ။

    ၂ ။ ကား ဒရိုင်ဘာကိုပဲ တရားစွဲလို့ ရပါတယ် ။
    အကြမ်းဖျင်းအားဖြင့် ကား ဒရိုင်ဘာ က ဆင်းရဲသားဖြစ်တဲ့အတွက် ၊
    မ လျှော်နိုင်ပါဘူး ။ လာ တောင်းပန် ၊ ငို ပြလေ့ ရှိပါတယ် ။

    ၃ ။ ကား ဒရိုင်ဘာ က မ လျှော်နိုင်ရင် တရားစွဲလို့ ရပါတယ် ။
    ကား ဒရိုင်ဘာ ထောင်ကျပါလိမ့်မယ် ။

    ၄ ။ အမူစွဲတဲ့ အချိန်မှာ ကိုယ့်ဘက်က နဲနဲ ညစ်ချင်စိတ်ရှိရင်တော့ ၊
    အမူဖြစ်တဲ့ ကား ကို ၊ သက်သေခံ ပစ္စည်း အနေနှင့် ၊
    ရဲစခန်းမှာ သိမ်းထားခိုင်းပြီး ၊ အမူပြီးမှ ပြန်ပေးအောင် လုပ်လို့ ရပါတယ် ။
    ဒါ ဥပဒေ ဘောင်အတွင်းက ကိုယ် လုပ်နိုင်တာ လက်ကုန်ပါ ။

    ၅ ။ ခရီးသည်တင်ကား ဖြစ်တဲ့အတွက် အာမခံ ထားတတ်ပါတယ် ။
    အဲဒါဆိုရင် ၊ မြန်မာ့ အာမခံက လျော်ကြေး မဖြစ်စလောက် လာပေးပါလိမ့်မယ် ။

    ၆ ။ ယာဉ်လိုင်းတွေ ကိစ္စ ကိုတော့ သိပ်မသိဘူး ။

    ရ ။ အဘ တို့ကား ( အစိုးရပိုင် ) လည်း အတိုက်ခံရဘူးပါတယ် ။
    အဲဒီ ခေတ်အခါက အာဏာအရှိဆုံး အဖွဲ့က အရာရှိတွေပါ ၊
    ၅၁ လမ်းရုံးအထိ လိုက်လာပြီး ( အဘ ဖက်က ) ဖိအားပေးကူညီခဲ့ပါတယ် ။
    ဒါပေမယ့် ဟိုဖက်က ကားပိုင်ရှင် မလျော်ပါဘူး ။
    ကား ဒရိုင်ဘာ အဖိုးကြီး သာ ထောင် ၃ နှစ် လား ၊ ၅ နှစ်လား မသိ ကျသွားပါတယ် ။

    ၈ ။ နိုင်ငံခြားမှာတော့ ခရီးသည်တင် ကားတွေဟာ ၊
    Third Party အာမခံ ကိုပါ မထားမနေရ ထားရတဲ့အတွက် ။
    အာမခံ ကုမ္ပဏီက အဲဒီ ကိစ္စတွေကို ကျေလည်သည်အထိ ရှင်းပေးပါတယ် ။
    မြန်မာ နိုင်ငံမှာကတော့ ဆင်းရဲတဲ့အတွက် အာမခံ များများ မထားကြပါဘူး ။
    ဥပဒေ ကလည်း ထားရမယ်လို့ မတောင်းဆိုသေးပါဘူး ။

    ၉ ။ ကိုသော်ဇင့် အမေဟာ ဆေးရုံ တစ်ခုပြီး တစ်ခု ပြောင်းနေရတယ် ဆိုကတည်းက ၊
    ဒါဏ်ရာ ပြင်းထန်တာ သိပါတယ် ။
    သက်သာ ပျောက်ကင်းပါစေလို့ ဆုတောင်းပေးပါတယ် ။

  • ရွာသူ jujuma .

    February 1, 2013 at 3:14 pm

    ကားဒရိုင်ဘာက ရှိနေလား .. ထွက်ပြေးသွားလားဗျ ..
    ဒရိုင်ဘာ ရဲ့ အခြေအနေကြည့်ပြီး ကားအုံနာကဖြေရှင်းရမှာဆိုတော့ …
    ပြီးတော့ ဒဏ်ရာရတဲ့ လူနာက ဘယ်လောက်များလဲ …
    လျော်ကြေးများမယ်ဆိုရင်တော့ ကားပိုင်ရှင်က မရှင်းတော့ဘူးထင်ပါတယ် …

    အမှုကိစ္စက ဥပဒေနားလည်တဲ့သူတွေနဲ့ တိုင်ပင်ပြီး ဖြစ်သင့်တာတွေ ဖြစ်လာမှာပါ ..
    ကိုသော်ဇင့်အမေကိုသာ ခုချိန်မှာ ပိုပြီးဂရုစိုက်ပါဗျာ … ကျန်းမာရေးက ပိုအရေးကြီးပါတယ်…
    အမြန်ဆုံးသက်သာပျောက်ကင်းပါစေ …

  • kai

    February 1, 2013 at 4:20 pm

    ကိုပေါက်နဲ့မန်းသားများတို့ရေ..
    ကိုသော်ဇင်က.. ဒေသခံမဟုတ်တော့..
    နယ်ခံတွေအနေနဲ့.. ကူညီနိုင်သမျှ.. ဝိုင်းဝန်းပေးပါလို့ပဲ… တောင်းဆိုပါရစေခင်ဗျ…

    ဆေးရုံတက်နေရသူအတွက်က.. မေးမြန်းကူညီတာလေးတွေက အင်မတန်အားရှိစေလို့ပါ..။

    • MaMa

      February 1, 2013 at 8:21 pm

      မန်းဂဇက်ရဲ့ မန်းလေး ကိုယ်စားလှယ်တော်ကြီး ပီသပါပေတယ်။
      ရွာသူားအချင်းချင်း လိုအပ်ချိန်မှာ ကူညီလိုစိတ်ရှိတဲ့ ကိုပေါက်ရဲ့စာကိုဖတ်ပြီး သော်ဇင်တို့ သားအမိလည်း အားရှိသွားမယ် ထင်ပါရဲ့။ :hee:

  • အရီးခင်လတ်

    February 1, 2013 at 7:38 pm

    ကိုသော်ဇင့် အမေရော၊ ကိုသော်ဇင်ပါ အားလုံး အဆင်ပြေပြီး မကြာခင် ပြန်လည်ကျန်းမာလာပါစေ ဆုတောင်းပေးပါတယ်။
    ကူညီဖို့ စေတနာအပြည့်နဲ့ offer လုပ်ပေးတဲ့ ကိုပေါက်ကြီး နဲ့တစ်ကွ အားလုံးလဲ အခုလို အများအကျိုး ကို ပိုပြီး ဆောင်နိုင်ဖို့ အခုထက်ပိုပြီး အောင်မြင် တိုးတက် ကြီးပွါးချမ်းသာ ကျန်းမာ ကြပါစေ။

  • ဒီနေ့ ညနေမှာပဲ ဂေဇက် မှ ဗုံဗုံ လာရောက်တွေ့ဆုံအားပေးတဲ့အတွက် ကျေးဇူးတင်ရပါတယ်။ ကိုပေါက်ကလဲ ဖုန်းဆကပြီ လာရောတွေ့ဆုံမယ်လို့ပြောရုံနဲ့တင် အားရှိလှပါတယ် အားလုံးကိုကျေးဇူးပါ ခင်ဗျား

  • padonmar

    February 1, 2013 at 8:55 pm

    ကိုသော်ဇင်နဲ့ အမေ အမြန်ဆုံး ကျန်းမာပါစေ။

  • အလင်းဆက်

    February 1, 2013 at 10:26 pm

    ကိုသော်ဇင်ရေ…
    အားလုံး..အဆင်ပြေသွားမှာပါ ။

    ကျွန်တော်တိ ု့…..ရှိနေပါတယ် ။

  • uncle gyi

    February 1, 2013 at 10:28 pm

    ကိုသော်ဇင်အခြေအနေဘယ့်နယ့်နေသလဲဗျ
    အမေကကော
    ဒါဇင်ပလပ်ကအမတ်မင်းရေ
    အန်ကယ်အလှူထည့်ဝင်မယ်ပြောထားတာ
    ၁လ၅၀၀ဝ ၁နှစ်၆၀၀၀၀
    အခုကိုသော်ဇင်တို့သားအမိကိုဒါဇင်ပလပ်အနေနဲ့လှူဖို့စိတ်ကူးရင်အန်ကယ်
    လှူမယ့်ငွေကိုဒါဇင်ပလပ်ကိုယ်စား
    အန်ကယ်သွားလှူပေးပါ့မယ်
    ဒါမှမဟုတ်ဘယ်လောက်တော့ကူပေးပါ
    ကျန်ငွေကိုအဖွဲ့ကိုလွဲပေးပါဆိုလည်းဖြစ်ပါတယ်

  • ဦးဦးပါလေရာ

    February 2, 2013 at 12:17 am

    အခုမှ ရွာထဲဝင်ဖြစ်တယ်
    (ဒါတောင်မပဒုမ္မာပြောလို့)
    ကိုသော်ဇင်တို့သားအမိ အက်ဆီးဒင့်ဖြစ်တဲ့အပေါ် များစွာစာနာမိပါတယ်။
    လိုအပ်တဲ့အကူအညီရှိရင် တတ်နိုင်သမျှ ဝိုင်းဝန်းဆောင်ရွက်ပါမယ်။
    မန္တလေးဆိုတော့ ကိုပေါက်ရှိလို့ လုပ်သာကိုင်သာရှိပါတယ်။

    ကားအုံနာကိစ္စကတော့
    ကားအုံနာက တိုက်ရိုက်တာဝန်ရှိတာမဟုတ်လို့
    အမှု့မြန်မြန်ပြီး ပြီး ကားပြန်ဆွဲရအောင် ကရုဏာကြေးအမည်တပ်ပြီးပေးလေ့ရှိပါတယ်။
    အဲဒါ အစွမ်းကုန်ပါပဲ..။
    ဒါကြောင့် ကားအုံနာကို (ဘာမှထူးမှာမဟုတ်လို့) ဒီအတိုင်းထားလိုက်ပြီး
    ကျေအေးကြောင်းလက်မှတ်ထိုးခိုင်းတဲ့အခါ မထိုးပဲထားရင်
    တကယ်အပြစ်ရှိတဲ့ ဒရိုင်ဘာ ထောင်ကျပါလိမ့်မယ်။
    ကားကတော့ အမှု့ပြီးတဲ့အထိ အာမခံ မရပဲဖြစ်နိုင်ပါတယ်။
    အမှု့ပြီးသွားရင်လဲ လိုင်းပြုတ် နိုင်ပါတယ်။ အဲဒါအစွမ်းကုန်ပါပဲ။
    တကယ်လို့ ဘာမှမဖြစ်ပဲ အမှု့ရှောရှောရှုရှုပြီးရင်တောင်
    ကားအုံနာက သိန်းဆယ်ဂဏန်းတော့ နစ်နာဆုံးရှုံးသွားပြီးဖြစ်ပါတယ်။

  • etone

    February 2, 2013 at 10:33 am

    ကိုသော်ဇင်ရေ … ကြားရတာ စိတ်မကောင်းလိုက်တာရှင် ။
    ယာဉ်တိုက်မှုနဲ့ ဆိုင်တဲ့ အမှုခင်းဘက်ဆိုတော့ … နီးစပ်ရာကို မေးကြည့်ပြီး ဘာများ လုပ်ကိုင်လို့ မရလဲဆိုတာ အမြန်ဆုံးပြန်ပြောပေးပါ့မယ် ။

    မြန်မာနိုင်ငံမှာလေ…. အာမခံ လုပ်ငန်းတွေ မတိုးတက်သေးလို့ .. အခုလို ပြသနာတွေဖြစ်တဲ့အခါ ခရီးသည်တွေဘက်က နစ်နာကြရတာ …

  • မောင်ထက်ကြီး(မုံရွာ)

    February 2, 2013 at 12:39 pm

    ကြားရတာ စိတ်မကောင်းပါဘူ ကိုသော်ဇင်ရေ.. ကိုသော်ဇင်တို့သားအမိ အမြန်ဆုံးသက်သာပါစေလို့ဆုတောင်းပေးပါတယ်..

  • ကိုသင်း

    February 2, 2013 at 12:41 pm

    ကိုသော် အမှူဖွင့်ထားလိုက်ပါ ကားကိုသက်သေခံအနေနဲ့
    သိမ်းထားပါလိမ့်မယ် ယာဉ်ကိုမဆင်မခြင်မောင်းတဲ့အနေ
    နဲ့ဖွင့်လိုက်ပါ ရဲစခန်းမှာ ကားသိမ်းထားတာကြာလာရင်
    လူပါးဝတဲ့ အုံနာစိတ်ပြောင်းလာပါလိမ့်မယ်။

  • ရွှေအိမ်စည်

    February 3, 2013 at 9:52 am

    ကျနော်ဒီပိုစ့် ကို ….ကူးသွားပြီ….
    ဖေ ့ဘုတ်ကနေ….တင်ပေးလိုက်ပါတယ်.
    ဧဒင်ဥယျာဉ်ကလည်း..အသိပေးလိုက်ပါမယ်

  • athwe lay

    February 4, 2013 at 12:47 pm

    အကိုရေ ကျတော် ဖြစ်နို်င်ရင်မန်းလေးကိုတောင်လာချင်ပါတယ်ဗျာ။
    အခြေနေအရမို့ မလာနိုင်ပေမယ့် ကိုသော်ဇင်အမေ အမြန်ကျန်းမာလာအောင်ဆုတောင်းပေးမယ်နော်။

Leave a Reply