ပစ္စည်းသက်သေ

cobraJuly 20, 20101min591

>
> တစ်ခါက
> လင်မယား နှစ်ယောက်သည် ငါးမျှားလို့ရသော အပန်းဖြေစခန်းတစ်ခုကို
> အားလပ်ရက်ခရီးထွက်ခဲ့ကြသည်။ ယောင်္ကျားက ငါးမျှားလျှင် ခဏတဖြုတ်
> ပဲမျှားချင်၏် ။ မိန်းမကတော့ စာဖတ်ဝါသနာ ပါလေသည်။ တစ်ရက်သောမနက်ခင်းမှာ
> အချိန် အကြာကြီး ငါးမျှားရာမှ ပြန်လာသော ယောင်္ကျားက တရေးတမောအိပ်ရန်
> ဆုံးဖြတ်လိုက်သည် ။ မိန်းမ ကတော့ စာဖတ်မည်ဟု စိတ်ကူး၍ ရေကန်ထဲတွင်
> လှေထုတ်လှော်သည်။ ဟိုနားဒီနား လှေလှော် ကြည့်ရင်း ပျင်းလာသောအခါ
> စာအုပ်ထုတ် ၍ စာဖတ်နေလိုက်သည် ။
> ထိုအခါ တာဝန်ရှိသူအရာရှိတစ်ယောက် မော်တော်ဘုတ်ဖြင့် ရောက်လာသည် ။
> လှေအနား ကပ်လာကာ ဒီလိုစမေးလေသည် ……..
> “မင်္ဂလာမနက်ခင်းပါ မိန်းကလေး၊ မင်းဒီမှာဘာ လုပ်နေတာ လဲ”
> မိန်းကလေးက…
> “စာအုပ် ဖတ်နေ ပါတယ်” ဟုပြန်ဖြေရင်း ဒီလူ မျက်စိကန်းနေတာလားဟု တွေးလိုက်သည်။
> “ဒီနေရာမှာ ငါးမျှားခွင့် မရှိဘူး မိန်းကလေး” “ဒီနေရာဟာ ကန့်သတ်နယ်မြေ”
> “ကျမ ငါးမမျှားပါဘူး အရာရှိကြီးရယ် ..စာဖတ်နေတာ ရှင်မမြင်ဘူးလား”
> “မင်းရဲ့ လှေပေါ်မှာ ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ
အစုံအလင်ပါနေတယ်”
> “………”
> “မင်းကို ဒါဏ်ငွေရိုက် အရေးယူရလိမ့်မယ် မိန်းကလေး”
> “ရှင်က ငါးမျှားတံတွေနဲ့ ငါးမျှားတဲ့ ပစ္စည်းကရိယာ အစုံအလင်ပါနေလို့
> ကျမကို ဒါဏ်ငွေရိုက်မယ်ဆိုရင် ရှင့်ကိုလဲ မုဒိမ်းမှု နဲ့တရားပြန်စွဲ
> ရလိမ့်မယ်” ဟု
> မိန်းကလေးက ပက်ခနဲ ပြန်ပြောလိုက်သည် ။
> ” ဟာ…ငါမင်းကို လက်ဖျားနဲ့တောင် မထိဘူးနော်”
> အရာရှိက ကြောက်လှန့်တကြား ပြောလိုက်၏။
> ”မှန်ပါတယ် ၊ ဒါပေမဲ့ ရှင့်မှာလည်း ပစ္စည်းကရိယာ
> အစုံအလင်ပါနေတာပဲမဟုတ်လား” ပာုပြောလိုက်လေသည်။