အမေရိကန်၏ GPS (Global Positioning System) စနစ်ကို အစားထိုးနိုင်မည့် “ဘေဒူး” ဟုခေါ်သည့် စနစ်တစ်မျိုးကို တရုတ်နိုင်ငံမှ အာရှဒေသရှိပြည်သူများ အသုံးပြုနိုင်ရန် ခွင့်ပြုခြင်း

Mr WorldWideFebruary 1, 20131min1188

 

chgps

တရုတ်နိုင်ငံသည် အာရှ-ပစိဖိတ်ဒေသအတွက် အရပ်ဘက်လုပ်ငန်းများအတွက် အသုံးပြုရန် ၎င်း၏ ဂြိုလ်တုလမ်းညွှန် ကွန်ရက်များကို ဖွင့်ချပေးခဲ့ပါသည်။ ဘီဒူး(Beidou)ဆိုသည်မှာ တရုတ်စကားဖြစ်ပြီး အမေ ရိကန်၏ GPS စနစ်ကို အစားထိုးနိုင်မည့်စနစ် ဖြစ်ပါသည်။

၂၀၂ဝခုနှစ်တွင် ”ဘေဒူး” အနေဖြင့် တရုတ်ဈေးကွက်၏ ၇၀-၈ဝ ရာခိုင်နှုန်းအထိ ရရှိလိမ့်မည်ဟု ပြော ရေးဆိုခွင့်ရှိသူမှ ပြောကြားခဲ့ပါသည်။ ထို့ပြင်၎င်းအချိန်တွင် တစ်ကမာ္ဘလုံးသို့လည်း ဖြန့်ကြက်ဝန်ဆောင်မှု ပေးနိုင်လိမ့်မည်ဟုလည်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။

တရုတ်အရာရှိများက ”ဘေဒူး”စနစ်သည် အသုံးပြုသူ၏ တည်နေရာကို ၃၃ ပေ အကွာအဝေးမှ ဖော်ပြ ပေးနိုင်ပြီး တစ်စက္ကန့်လျှင် ဝ.၂ မီတာနှုန်းဖြင့် ကြည့်ရှု့နိုင်မည်ဖြစ်သည်။ အချိန်တိကျမှုမှာ ၅ဝ နာနိုစက္ကန့် အတွင်း ဖြစ်ပါသည်။

လက်ရှိကာလတွင်မူ ဤစနစ်၏ Receiver Chips တန်ဖိုးမှာ GPS စနစ်ထက် ပိုမိုဈေးကြီးလျှက် ရှိပါသည်။ ကမာ္ဘ့ပတ်လမ်းကြောင်းထဲသို့ ဂြိုလ်တုခြောက်လုံးကို လွှတ်တင်ထားပြီး လာမည့်ဆယ်စုနှစ် အတွင်း တွင်ထပ်မံ၍ အလုံးရေ ၄ဝ  လွှတ်တင်ရန်စီမံထားကြောင်း တရုတ်နေ့စဉ်သတင်းစာကို ကိုးကား၍ ဖော်ပြထား ပါသည်။ စီမံကိန်းကို တိုးတက်အကောင်အထည်ဖော်ရန်အတွက် တွန်းအားတစ်ခုမှာ တရုတ်နိုင်ငံအနေဖြင့် အ ခြားနိုင်ငံများနှင့် စစ်ရေးတင်းမာမှုများ ရှိချိန်တွင် ပြည်ပဂြိုလ်တုလမ်းညွှန်စနစ်များအပေါ် မှီခိုမှု ကင်းလွတ် ရေးဟူသော အချက်ပင်ဖြစ်ပေသည်။

Source: 27 December,BBC News

 

8 comments

  • kai

    February 1, 2013 at 4:02 pm

    စိတ်ထဲ..နောက်နေတယ်ထင်ပြီးဝင်ဖတ်တာ.. တကယ်ကြီးဖြစ်နေတာကိုး…
    ပြောရရင်.. ယူအက်စ် ဂျီပီအက်စ်စနစ်က.. စစ်တပ်သုံးဆို.. လက်မကွက်လောက်… အတိအကျရတယ်ဆိုတာပဲဗျ..
    ဒါပေမယ့်ဘီဒူးက.. ချိုင်းနားထုတ်မို့..ဈေးကတော့.. သက်သာမယ်သေချာတယ်..။
    ဈေးသက်သာပြီး..ကောင်းရင်တော့.. ဝယ်သုံးကြမှာပါပဲ…

  • E T

    February 1, 2013 at 4:16 pm

    မနောက်ပါဘူးဗျာ…တကယ်ကြီးပါ။ အမေရိကန်က ကမာ္ဘစစ်များဖြစ်လာခဲ့ရင် သူ့ရဲ့ဂျီပီအက်စ်စနစ်ကို ဖြုတ်ချလိုက်ရင် ကျန်တဲ့နိုင်ငံတွေအနေနဲ့ဒုက္ခရောက်နိုင်တာကြောင့် တရုတ်နိုင်ငံအနေနဲ့ ဒီအစီအစဉ်ကိုကြိုတင်ကြံစည်နေခဲ့တာကြာခဲ့ပါပီ။

    ကွန်မန့်အတွက်ကျေးဇူးပါ

    • မောင်ပေ

      February 1, 2013 at 7:22 pm

      ဟိုက်..!!!
      အမေရိကန် က ကမ်ဘာစစ်ဖြစ်ရင် သူ ့ဂျီပီအက်စ် စနစ် ကို ဖြုတ်ချမယ် ဆိုပဲ
      အဲဒီ စကားကို အရင်က မသိပါ မတွေးခဲ့ပါ
      ကျေးဇူးပါပဲ

  • Foreign Resident

    February 1, 2013 at 4:50 pm

    အဘ သိရသလောက် ။
    အခု တစ်ကမာ္ဘလုံး သုံးနေတဲ့ GPS စံနစ် အတွက် ၊
    အမေရိကန် စစ်တပ်ကနေ ဂြိုလ်တု ၇၂ လုံး လွှတ်တင်ထားပါတယ် ။

    အဘ ရဲ့ အသိ တစ်ယောက်ရဲ့ သင်္ဘောဟာ ၊
    ပင်လယ်ကွေ့ စစ်ပွဲတုန်းက Charter အငှားခံရပါတယ် ။
    အမေရိကန် စစ်စခန်း ကို ကုန်သွားပို့ဖို့ပါ ။
    အမေရိကန် စစ်စခန်း အနီးကို ရောက်လာတာနှင့် ၊
    ရှိရှိသမျှ GPS တွေ အားလုံးရဲ့ GPS Signal တွေ ပျောက်ကုန်ပါတယ် ။

    မေးကြည့်တဲ့အခါ အမေရိကန် စစ်တပ်က သူတို့ ဂြိုလ်တု တွေကို ၊
    အမေရိကန် စစ်စခန်း နား ဒေသတွေကို GPS Signal မပေးဖို့ ၊
    Command ပေးထားတာပါတဲ့ ။
    သူတို့ စစ်တပ် က စက်တွေကတော့ ရပါတယ် ။

    အဲဒီတော့ကာ ၊ အမေရိကန် မြို့ကြီးတွေကို ၊
    GPS guided အနုမြူဗုံးတွေ ကျဲချင်တယ်ဆိုရင်တော့ ၊
    ကိုယ့် နိုင်ငံ ပိုင် GPS စံနစ် သပ်သပ် ရှိမှ ဖြစ်မှာပါ ။

    ရုရှား နှင့် တရုတ် ပြည် တွေမှာ ကိုယ်ပိုင် GPS စံနစ်တွေ ရှိပါတယ် ။
    နို့မို့ရင် အမေရိကန် နိုင်ငံကို ICBM တွေနှင့် ၊
    အနုမြူဗုံး မိုး တိတိ ကျကျ ရွာလို့ မရပဲနေမှာပေါ့ ။

  • P chogyi

    February 1, 2013 at 5:25 pm

    ဒါဆိုရင် ကျွန်တော်တို့
    GPS ကိုသုံးရင် US ကိုမလှန်နိုင်
    ဘီဒူးကိုသုံးရင် တရုတ်ကိုမလွန်ဆန်နိုင်ဖြစ်ပြီပေါ့။

  • Mobile

    February 1, 2013 at 8:16 pm

    ပထမ ဂဗာစစ်ပွဲဒို့ ဒုတိယ ဂဗာစစ်ပွဲတို့ကို မကြုံဖူးခဲ့လေတော့
    တတိယ ဂဗာစစ်များဖြစ်လာခဲ့ပါက ဝင်နွဲးခွင့်ရပီပေါ့ …………
    မြန်မာနိုင်ဂံ ဂဗာထိပ်တန်း နိုင်ဂံဖြစ်လာဖို့အတွက် အခွင့်အရေးပဲ
    ဒဂယ်လို့များ အင်အားကြီးနိုင်ဂံအများစု စစ်ဖြစ်ကြပြီး မြန်မာနိုင်ဂံဟာ စစ်မြေပြင်
    မကျခဲ့ဘူးဆိုရင် ဂဗာ နိုင်ဂံအသီးသီးမှ ပညာရှင်များ အကုန်စစ်အတွင်းမှာ ကျဆုံးကုန်ပြီး
    လူပိန်း(အခါတစ်သန်း) မကတဲ့လူတွေချည်းသာ ကျန်နေခဲ့မည်စိုပါဂ မြန်မာနိုင်ဂံသည်
    ဂဗာအင်အားကြီး နိုင်ဂံတစ်နိုင်ဂံဖြစ်လာဖို့ မျှော်လင့်ဂျက် ၁% နှုန်းလောက်တော့ရှိလာမှာပါ။

  • ဦးကြောင်ကြီး

    February 3, 2013 at 8:42 am

    ကျုပ်တို့ မြန်မာပြည်က တရုတ်ကို အဖိုးတန် ကျွန်းသစ်၊ သတ္တု၊ ကျောက်စိမ်းတွင်းထွက် အလကားမူးတင်း ပဲတင်းဈေးနဲ့ ပေးထားတာ ကြာလှပေါ့။

  • captainamerica

    February 3, 2013 at 12:19 pm

    ကျုပ်တို.နိုင်ငံမှာတောင် Baidu Search Engine ကိုသုံးနေတာကြာဘီ ဒီကလူတွေသိပ်မသိလိုသာ
    စစ်ဖက်ကိစ္စတွေမှာအသုံးများတယ် ဒီကိုရောက်လာတဲ့တရုပ်တော်တော်များများက Google ကို
    သိပ်မသုံးဂျဘူး Baidu မှ Baidu …………… 2010 လောက်ကထဲကစနေတာ

Leave a Reply