၂၀၁၁ ခုနှစ် ၁ဝ တန်းမြန်မာစာမေးခွန်းလွှာ

cobraJuly 20, 20101min632

၂၁၀ဝ ခုနှစ် ၁ဝ တန်းမြန်မာစာမေးခွန်းလွှာ
၁။ (က) အောက်ပါမေးခွန်းများကို ဖြေချင်သလိုဖြေပါ။

အင်္ဂလိပ်နာမ်၊ ကုလားဝိသေသန၊ ဂုဏ်ရည်မပြတပြကြိယာ၊ နဖူးဋ္ဌာန်၊ ခြေမကရိုဏ်း။

(ခ) အောက်ပါနာမ်တို့ကို “ကွက်လပ်” တစ်ခုစီ၌ လစ်လျှင်လစ်သလို အသုံးပြုပါ။

နှာဘူးကြီး၊ နင့်ကြီးတော်၊ ဂျီပုန်း၊ မျောက်မျက်နှာ၊ ကောင်မလေး။

(ဂ) အောက်ပါတို့မှ သုံးခုကို ဆရာမအား မေး၍ဖြေပါ။

အနမ်း၊ အချစ်၊ အလွမ်း၊ အမုန်း၊ အပြုံး။

၂။ (က) အောက်ပါဝေါဟာရတို့အနက်မှ ငါးခု၏ အနက်အဓိပ္ပါယ်ကို ဆရာမလစ်မှခိုးချပါ။

အပျိုကြီး၊ ကြက်ငှက်တုပ်ကွေး၊ သူလှတယ်၊ အမုန်းကြီးသူ၊ အကြီးကြီး၊
မနည်းဘူးဟ၊ မခံနိုင်ဘူး။

(ခ) အောက်ပါတို့မှ ငါးခုကို ဝါကျတစ်ခုစီ၌ နည်းမျိုးစုံဖြင့် ထည့်လာသော
စာရွက်အချို့မှခိုးချပါ။

ကန်တော်ကြီး၊ စုံတွဲ၊ အားရပါးရ၊ အမုန်းဆွဲ၊ မရှက်မကြောက်၊ အလွမ်းပြေ၊
အိမ်ကိုပြန်ခဲ့တော့။

(ဂ) အောက်ပါအလင်္ကာတို့အနက်မှ ငါးခု ကို သက်ဆိုင်ရာ သင်ခန်းစာများတွင်
မည်သို့သုံးထားကြောင်း နှင့်

အဘယ်ကြောင့် ထိုအလင်္ကာမြောက်ကြောင်း မိတ္တူဆိုင်မှ ချုံ့လာသော စာရွက်ဖြင့်
ကူးဖြေပါ။

ဘူ……ဘွတ် (မြည်သံစွဲ)၊ ပုရွက်ဆိတ်ခေါင်းလောက် (အတိဿယ)၊ ဆင်နင်းမြင်းကန် (ရူပက)၊

လင်းတထိုင်သကဲ့သို့ (ဥပမာ)၊ အခြောက်တို့မာယာ (ရူးမတတ်)၊
ပိုးပြောင်ကြီးပုဆိုး ပေါက်သကဲ့သို့ (ဥပမာ)။

၃။ (က) အောက်ပါတို့အနက်မှ ငါးခုကို ဖြေချင်ဖြေ မဖြေချင် အိပ်နေပါ။

(၁) “ငါ့သမီး …… စာကျက်နေတယ်” ကဗျာကို မည်သူရေးသနည်း။

(၂) “ဟို… အတုံး၊ ထိန်ထိန်ဝါ” ဟူသည် အဘယ်နည်း။

(၃) နာနတ်သီး ကဗျာမှ ဆရာမ၏ “တင်” ပြပုံကို ဖော်ပြပါ။

(၄) ရှင်မဟာကောင်းမြတ်သည် ဆရာမအား မည်သည့်ဂါထာ ချီးမြှင့်သနည်း။

(၅) “ငါ့ရုပ်သည် သာချော၏” ကဗျာမှ ဆရာဇော်ဂျီ၏ ကိုယ်နေဟန်ထား
ပျော့ပြောင်းပုံကို ဖော်ပြပါ။

(၆) “သူသာလျှင် အသားအမည်းဆုံး” ကဗျာကို မည်သူရေးသနည်း။

(၇) “တံခါးစောင့် ဗူးလောက်ရှည်၊ ငါ့မှာတော့ လွမ်းလောက်လေ” စာသား၏
အဓိပ္ပါယ်ကို ရေးပါ။

(၈) “ငါ့ရဲ့အချစ် …… ယူပါဦးလား” ကဗျာမှ ကဗျာဆရာကြီး ကောင်းမြတ်၏
ခံစားချက်ကိုရေးပါ။

၄။ (က) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကိုရွှီးပါ။

“အမေပြောတော့ ငယ်သေးတယ်၊ ရေချိုးမှသိကွယ်” ကဗျာ၏ အဓိပ္ပါယ်ကိုှ စာစစ်အဖွဲ့
အကြိုက်တွေ့အောင်

ဖြိီးဖြန်းရေးသားပါ။

(သို့)

“ရင်ထဲမှာ ဘာညာဘာညာ” ကဗျာမှ ခံစားရသော ရသကို ရေးပါ။

(ခ) အောက်ပါတို့မှ ငါးခု ကို အနောက်သို့လှည့်ကြည့်ပြီး ခိုးချပါ။

(၁) မင်းတုန်းမင်း၏ (၆၆) ယောက်မြောက် သားတော်၏အမည် ကို ဖော်ပြပါ။

(၂) မိဖုရားဖွားစော နောက်ဆုံးယူလိုသော ယောက်ျား၏ အမည်ကို ဖော်ပြပါ။

(၃) “မောင့်ဘဝ…..လင်းတနား” ဟူသည် အဘယ်နည်း။

(၄) စီးချင်းတို်က်ပွဲတွင် လောက်လေးဂွ ကိုင်သော သူရဲကောင်း၏အမည်ကို ဖော်ပြပါ။

(၅) သီပေါမင်း၌ ဖွန်ကြောင်နည်း မည်မျှရှိသနည်း။

(၆) “ပညာသင်ခါ ဘောင်းဘီမပါ” ကိုမည်သူရေးသနည်း။

(၇) ကောသလမင်းကြီး၏ နှစ်လုံးအတိတ်ပေးသော အိပ်မက်တစ်ခုကိုဖော်ပြပါ။

(ဂ) အောက်ပါတို့အနက်မှ ကြိုက်နှစ်သက်ရာ တစ်ပုဒ်ကို ဖြီးပါ။

သိင်္ဃသူ့သမီးကျောက်စာမှ သိင်္ဃသူ့သမီး၏ အကြွားကြီးပုံ၊ လေလုံးထွားပုံ၊
သူ့ကိုယ်သူ သက်မွန်မြင့်နှင့်တူပုံ၊

ရဲလေးအား အသေရရ အရှင်ရရ လိုချင်ပုံတို့ကို အစီအစဉ်တကျ ရှင်းပြပါ။

(သို့)

“လင်မယားရန်ပွဲ” မှ လင်မယားနှစ်ဦး၏ ဂုဏ်ရည်ကို ပေါ်လွင်အောင် ရေးသားပါ။

၅။ (က) စကားစပ်နှင့်တကွ ရှင်းပြပါ။

ဘီးတစ်လက်၊ အညည်း တစ်ချက်မညူး၊ အပြီးသတ်အောင်ရှာမယ်ဟဲ့…”သန်း”၊ အချိန်မတော်၊

ကြည့်တော့နေမြင့်ပြီမို့ အိမ်ပြန်ဖို့လမ်း၊ ခြေတော်လှမ်း…ဒီနေ့ဖို့ကာ၊
ဝင်ကြေးသုံးရာတန်ပြီတကား။

(ခ) အောက်ပါတို့မှ နှစ်သက်ရာတစ်ပုဒ်ကို စာစီကုံးပါ။

ကန်တော်ကြီးမှ စုံတွဲများ ပျော်ပျော်ရွှင်ရွှင်ချစ်ကြည်နူးကြပုံ။

(သို့)

“သန်း” ရှာနေသော စုံတွဲနှစ်ယောက် အပြန်အလှန် အတင်းပြောကြပုံတို့ကို
စိတ်ဝင်စားဖွယ်ဖြေဆိုပါ။

2 comments

  • fatty

    July 20, 2010 at 1:46 pm

    …………………After reading…………………
    …………………all stress ……..gone away………..thanks.

Leave a Reply