အရောင်ရင့်မှတ်တမ်း ( Feb 2013 )

kaiFebruary 2, 20135min49531

*************************************************************
BURMA RELATED NEWS – FEBRUARY 01, 2013
*************************************************************
AP – Myanmar aims to leave least-developed status
AP – Myanmar’s first international literary festival opens amid newfound freedoms of expression
AFP – Myanmar festival celebrates new literary freedom
AFP – Myanmar’s Suu Kyi urges ‘more human’ democracy
Reuters – Carlsberg returns to Myanmar after sanctions eased
IANS – Myanmar opening new economic era: Thein Sein
UPI – HRW: Myanmar reforms over-hyped
The Nation – Myanmar welcomes peace overture from Kachin rebels
Rappler.com – Visa credit cards make Myanmar debut
Quartz – Investors, beware: It’s a bumpy ride on the new Burma Road
Contify Investment – L&T signs $100-mln contract with Petronas Carigali Myanmar for offshore project
Eleven Myanmar – Myanmar: second most cervical cancer in Southeast Asia
WSLS – Probe: Pilot error may have caused Myanmar crash
Shanghai Daily – Myanmar, Paris Club creditor countries begin new era of relationship
VOA News – Copper Mine Controversy Tests Burma’s Leaders
Bangkok Post – Surapong plans Myanmar visit
Asahi Shimbun – Myanmar opens retailing sector to foreign investors
The Irrawaddy – Buddhists Leaving Bangladesh Welcomed in West Burma
The Irrawaddy – KIO Offers to Halt Hostilities
The Irrawaddy – KNU Marks 64 Years of Resistance
Mizzima News – Higher wages will keep Burmese migrants in Thailand, say researchers
Mizzima News – World-famous authors come to Rangoon
Mizzima News – HRW director criticizes ‘international oversell and hasty praise’ for Burma govt
DVB News – Parliament approves new religious affairs minister
DVB News – Burma’s human rights record remains ‘poor’ despite reforms
*************************************************************
AP – Myanmar aims to leave least-developed status
Myanmar leader says clearing debt is first stage in escaping least-developed nation status
By Aye Aye Win, | Associated Press – 9 hours ago
YANGON, Myanmar (AP) — Myanmar’s reformist president said Friday that his country’s recent clearing of billions of dollars of foreign debt is its first step toward ending its least-developed nation status.
Thein Sein said in his second radio address to the nation that his government has successfully negotiated with international financial institutions and donor countries to clear more than $6 billion in decades-old debt.
He said he told parliament he would try his best to help Myanmar’s economy grow and end its least-developed nation status, and clearing the debt was the first move in achieving this.
Since taking power in 2011 as an elected president, Thein Sein has instituted political reforms after almost five decades of repressive military rule. That has prompted Western countries to ease long-standing political and economic sanctions against Myanmar.
Thein Sein has declared that his government’s second stage of reforms will focus on economic growth.
Clearing the debt will allow Myanmar access to new much-needed aid to jump-start its lagging economy.
Myanmar, then called Burma, was declared a least-developed nation by the United Nations in 1987. The status is given to countries with the lowest indicators of socio-economic development according to the U.N.’s Human Development Index.
Myanmar had one of the region’s strongest economies in the 1950s but plunged into a decline after a coup in 1962 instituted military rule with a socialist bent.
In his speech, Thein Sein said Norway, Japan and other countries that agreed to write off part of Myanmar’s debt burden “have proved themselves as good friends of Myanmar in crucial times and we have to acknowledge their assistance.”
The World Bank and the Asian Development Bank cleared Myanmar’s outstanding debt to them of about $900 million with a bridge loan from the Japan Bank for International Cooperation on Jan. 27. It allows them to make new development loans to Myanmar.
The deal was a major breakthrough for Myanmar, with the new loans likely to go to upgrading its dilapidated infrastructure, including electricity and ports. The knock-on effect would be to bring in more foreign direct investment.
Thein Sein pledged that the new funds will be used in a transparent manner for reducing poverty and improving infrastructure.
*************************************************************

31 comments

  • Mobile

    February 2, 2013 at 7:57 pm

    ကူးယူထားလိုက်တယ်ခင်ဗျ။
    မတောက်တစ်ခေါက် ပညာလေးနဲ့ ဘာသာပြန်ကြည့်လိုက်ဦးမယ်ဗျာ။
    နောက်နေ့မှပဲ ကွန်မန်း ပြန်ရေးတော့မယ်။

  • kai

    February 6, 2013 at 6:22 am


    Last-stand Neanderthals queried
    Jonathan Amos By Jonathan Amos Science correspondent, BBC News

    We may need to look again at the idea that a late Neanderthal population existed in southern Spain as recently as 35,000 years ago, a study suggests.
    http://www.bbc.co.uk/news/science-environment-21330194
    ==
    Did Neanderthals and modern man really co-exist? New study casts …
    New York Daily News-5 hours ago
    BERLIN — Theories about when the last Neanderthals walked the Earth may have to be revised, according to a study that suggests they …

  • မောင်ပေ

    February 6, 2013 at 9:13 pm

    ဦးသိန်းစိန် တက်ကတဲက ဆင်းရဲမွဲတေမှု ပပျောက်ရေး နဲ ့ ၊ အက်စ်အမ်အီး တွေ ကို ဆက်ပို ့လုပ်မယ်ဆိုတာ
    ကြာခဲ့ပါပီခင်ဗျာ

  • kai

    February 7, 2013 at 7:22 am

    အီးမေးလ်နဲ့ပို့လာတာလေးပါ..
    ဆိုင်ရာသူများအာဘော်ဖြစ်ပါကြောင်းနဲ့.. ခရက်ဒစ်ပေးပါကြောင်း..

    =
    —– Forwarded Message —–
    Subject: Duel citizenship မလို..ချစ်ယင် ကျေနပ်ယင်ပြန်လာ..လှေနံနှစ်ဖက်နင်းယင်ကားသွားမယ်..

    Duel citizenship မလို..ချစ်ယင်
    ကျေနပ်ယင်ပြန်လာ..လှေနံနှစ်ဖက်နင်းယင်ကားသွားမယ်..(facebook
    မှဆွေးနွေးချက်)

    အိုးဝေအောင် အိုးဘားမား
    Gandawin Mee း Duel citizenship ကိုစဉ်းစားမယ်ဆိုရင် ဘယ်သူတွေကို
    ဥိးတည်ပြိး စဉ်းစားမှာလဲ ။ စဉ်းစားမိတဲ့ ၂ချက်က လျှောက်ထားသူဟာ
    မြန်မာပြည်မှာမွှေးပြီး ပြည်ပကို မီသားစုနဲ့ဖြစ်စေ …တယောက်ထဲဖြစ်စေ…
    ရောက်/ထွက် သွားတဲ့သူဖြစ်ရမယ်။ မိဘ ၂ ဦးစလုံး မြန်မာပြည်မှာ
    မွေးတာဖြစ်ရမယ်။
    Toung Chay းဒီကိစ္စက လွတ်တော်က IQ ၃ဝ သမားတွေကိုပြောယူရမယ် ၁။
    အခြားနိုင်ငံတွေဘာကြောင့် လုပ်ရသလဲ ၂။ ၂နိုင်ငံသားခံယူခွင့်ပေးခြင်း
    ဘာပြဿနာရှိလဲ ။ မူလဇစ်မြစ်ကို အခြေခံဥပဒေက ကာကွယ်ပေးပါ။
    မြန်မာစကားပြောတဲ့ မြန်မာ ဘယ်နည်းနဲ့မှ နိုင်ငံခြားသားမဖြစ်နိုင်ဘူး ။သူ
    ့ရဲ ့ကောင်းကျိုးကြောငိ့
    သူ ့ကို အခြားနိုင်ငံသားခံယူခွင့်ပေးရမယ်။ ပြန်လာရင်
    သူမြန်မာနိုင်ငံသားပဲ ။အခြားနိုင်ငံသားကို စွန့်လွွှတ်စရာ မလိုဘူး ။

    Aung Khin Myint ပြည်ပရောက်တွေ အိမ်ပြန်ဖို့ duel citizenship ဆိုတာ
    ရှိလား မလား … း))
    ဒီနေ့အဖို့ ဖေဘွတ်က မဆင်းခင် ကျနော့်စတေးတပ်မှာ ကူးယူ ဖော်ပြထားတဲ့
    “ကိုVictor Feng” အဆိုနဲ့ ပက်သက်ပြီး နည်းနည်းတော့ ကျနော်
    ပြောပြချင်ပါတယ် …
    ကိုးလေးလုံး လှုပ်ရှားမှု (၉.၉.၁၉၉၉) ခုနှစ်က ရန်ကုန် စိန်ပေါ
    ကျောင်းရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သံကြိုးတွေနဲ့ တုပ်နှောင်ပြီး ဆန္ဒပြတဲ့
    အဂ်လန်- ဩစီ နှစ်နိုင်ငံသား ခံယူထားတဲ့ ဂျိမ်းမောစလေ ဆိုတာ ရှိပါတယ်။
    ကျနော် ဆိုလိုချင်တာက အနောက်နို်င်ငံတစ်ခုခုမှာ နိုင်ငံသားအဖြစ် ခံထားတဲ့
    အဝေးရောက် မြန်မာတွေကို ပြည်တွင်းမှာ ရင်းနှီးမြုပ်နှံဖို့ ဖိတ်ခေါ်တဲ့
    နေရာမှာ အဲဒီ duel citizenship ဆိုတဲ့ နှစ်နို်င်ငံသား ခံခွင့်ကို
    စဉ်းစားပေးဖို့ လိုပါတယ် … အဲဒါဆိုရင် အနောက်နိုင်ငံရောက်နေတဲ့
    အဝေးရောက် အများစု ပြန်လာမယ်လို့ ကျနော်တော့ ထင်ပါတယ် … အခုတော့
    ကျန်းမာရေး အာမခံ၊ နေထိုင်မှု အာမခံ စနစ်တွေအကြား ကျင့်သားရနေတဲ့
    သူတို့အဖို့ အလွယ်တကူ ပြန်လာဖို့ဆိုတာ ချက်ချင်းတော့ မလွယ်နိုင်ပါဘူး …
    ပြီးတော့ နယ်စပ်နဲ့ အနောက်နိုင်ငံတွေမှညာ မွေးဖွားခဲ့ကြတဲ့ သားသမီးတွေရဲ့
    အနာဂတ်ကိုလည်း သူတို့ ထည့်သွင်း စဉ်းစားရမှာပါ … ဒါကြောင့် duel
    citizenship ဆိုတဲ့ ပုံစံဟာ ကျနော်တို့ လူ့အဖွဲ့အစည်းကို တံခါး
    ခေါက်သင့်ပါပြီ …

    Kyaw Than အမြင်က ကြောင်တယ်.ကျဉ်းတယ်၊ ဒီနေ့
    နှစ်နိုင်ငံသားဖြစ်ခွင့်ပေးထားတဲ့နိုင်ငံတွေကိုကြည့်ယင်အုပ်ချုပ်ရေးယန္တယားအဆောက်အအုံ
    ( state apparatus) ခိုင်လုံပြည့်စုံပြီး
    အဲဒီအုပ်ချုပ်ရေးယန္တယားအဆောက်အအုံက အသားကျမောင်းနှင်နေတဲ့ ဖွံ့ဖြိုးပြီး
    နိုင်ငံတေါပဲဖြစ်တယ်။ ဒီနေ့ ကိုယ့်တိုင်းပြည်ထက် အစစ အရာရာသာလွန်နေတဲ့
    တရုတ်လို အိန္ဒိယလိုတိုင်းပြည်တွေတောင်
    ဒီနှစ်နိုင်ငံသားဖြစ်မှုကိုခွင့်ပြုမထားဘူး၊ ဒီနေ့
    တရုတ်.အိန္ဒိယနိုင်ငံတွေရဲ့ ခေတ်မှီဖွံ့ဖြိုးရေးတွေ
    တဟုန်ထိုးတိုးတက်နေတာတွေမှယ သူတို့ရဲ့ ပင်လယ်ရပ်ခြားအမျိုးသားတွေရဲ့
    အခန်းကဏ္ဍက သိပ်ကိုအခရာကျပါတယ်။ ဒါပေမယ့်သူတို့ကို တရုတ်ကော.အိန္ဒိယပါ
    နှစ်နိုင်ငံသားအဖြစ် မပေးပါဘူး။ အထူးသတ်မှတ်ချက်နဲ့ အခွင့်အရေးတချို့တော့
    ပြဌာန်းပေးထာပါတယ်။ ဥပမာ အိန္ဒိယဆိုယင် ဝေးမြေရပ်ခြားက ကုလားတွေကို
    မူလအိန္ဒိယအမျိုးသားများ PIO ( People of Indian Origin)
    ဆိုပြီးသတ်မှတ်ပြဌာန်းပေးထားပါတယ်၊ တရုတ်လဲ ထိုနည်းလည်းကောင်းပါဘဲ။
    တိုင်းပြည် နိုင်ငံနဲ့ဆိုင်တဲ့ကိစ္စတွေကို ကိုယ်ကြားဖူးတဲ့ စကားလုံးရဲ့
    နောက်ကွယ်က အဓိပ္ပာယ် အကျိုးအပြစ်ကို ပြည်စုံအောင်မလေ့လာပဲ
    တတ်ယောင်ကားပြောဆိုလုပ်ကိုတာဟာ ရေရှည်အမျိုးသားအကျိုးစီးပွားအတွက်
    အန္တရာယ်ဖြစ်တတ်ပါတယ်။ အနိဌာရုံပစ္စလက် သေတ္တာ ( Pandora Box)
    ကိုဖွင့်သလိုပါဘဲ။
    ကျနော်ကိုယ်တိုင်က တိုင်ပြည်အပြင်ဖက်မှာ ဘယ်နိုင်ငံသားမှမဟုတ်ဘူး၊
    နိုင်ငံမဲ့ဒုက္ခသည်..တိုင်ပြည်ကိုချစ်လို့ဒီလိုနေတယ်.ဒါပေမယ်လက်ရှိအခြေနေတွေကိုမကျေနပ်ဖူး..မယုံဘူး..လက်မခံနိုင်ဘူး.
    ဆိုတော့ မပြန်ဘူးကိုယ့်အရိုးလဲကျချင်ရာကျပဲ။

  • kai

    February 9, 2013 at 4:01 am

    လူသားက.. ဗြဟ္မာကနေ.. မြေဆီစားဖြစ်လာတာလည်းမဟုတ်..။ အာဒံဧဝကလည်းမဟုတ်ဖူးဗျ..
    အောက်က ပုံထဲက..အင်းဆက်စာတဲ့ အကောင်ကနေ.. ပြောင်းလာတာတဲ့..
    သက်သတ်လွတ်စားတဲ့အကောင်မဟုတ်ဖူးနော..။ လူသားရဲ့ဗီဇကိုက.. အသားအသက်စားတဲ့အကောင်…
    အဲဒါ.. လူသားတို့ရဲ့.. ဘိုးဘေးဘီဘင်ဘောင်ဘောကြီးတဲ့…။ :kwi:


    Meet your mama: Ancestor of all placental mammals revealed

    Artist’s rendering of the hypothetical placental ancestor, a small, insect-eating animal with a long, furry tail. Researchers reconstructed the anatomy of the animal by mapping traits onto the evolutionary tree most strongly supported by the combined phenomic (physical traits you can see) and genomic data and comparing the features in placental mammals with those seen in their closest relatives. / Carl Buell

    A tiny, furry-tailed creature is the most complete picture yet as to what the ancestor of mice, elephants, lions, tigers, bears, whales, bats and humans once looked like, researchers say.

    These new findings also suggest this forerunner of most mammals appeared shortly after the catastrophe that ended the age of dinosaurs, scientists added.

    “Species like rodents and primates did not share the Earth with nonavian dinosaurs, but arose from a common ancestor — a small, insect-eating, scampering animal — shortly after the dinosaurs’ demise,” said researcher Maureen O’Leary at Stony Brook University in New York.

    • တောတွင်းပျော်

      February 11, 2013 at 10:20 pm

      ကျနော ့
      အဘရဲ ့ အဘရဲ ့………………………………………
      ………………………………………………………..
      ………………………………………………………..
      အဘပုံကို အခုမှပဲ မြင်ဖူးတော ့တယ်။

      • kai

        February 12, 2013 at 4:10 am

        ဗဟုသုတအတွက်ပါ…

        ဆွေ ရ ဆက်၊ မျိုး ရ ဆက်။ ။ ပါရာဇိကဏ်၊ ပါ။ ၃၀၇။ ဋ္ဌ။ ဒု- ၂၀၀။ ၎င်းင်း ပါ။ ၃၃၃။ ဋ္ဌ။ ၂၆၄။ မိမိ၏အထက်နှင့်အောက် ၇-ဆက်တိုင် ရေတွက်၍ရသူကို ‘ဉာတိက- ဆွေမျိုးတော်သူ’ဟု ဝိနည်းပိဋကတ်တော်၌ အသိအမှတ်ပြုထား၏။ ၇- ဆက်တွင် အထက်, အောက်မှ မပါဝင်သူကို ‘အညာတိက-ဆွေမျိုးမတော်သူ’ဟု ယူရ၏။
        အထက် ရဆက်ရေတွက်ပုံ။
        (၁) ဘ ဘိုး ဘေး ဘီ ဘင် ဘောင် ဘော ဟူ၍လည်းကောင်း၊
        (၂) ဘ ဘိုး ဘေး ဘီ ဘင် ညှောက် စေ့- ဟူ၍လည်းကောင်း၊
        (၃) ဘ ဘိုး ဘေး ဘီ ဘဲ့ ဘော့ ဘွေးဟူ၍လည်းကောင်း၊
        (၄) အဖ အဖိုး အဘွေး အဘဲ အဘီ အဘော အဘောင် ဟူ၍လည်းကောင်း၊
        ဤသို့ ဆရာအမျိုးမျိုးတို့ ကျမ်းအမျိုးမျိုးတို့၌ တစ်မျိုးစီ ဝေါဟာရသုံးစွဲပုံ ကွဲကြောင်းနှင့်မှတ်သားကြ၏။
        အောက် ၇-ဆက်ရေတွက်ပုံ။
        (၁) သား, မြေး, မြစ်, တီ, တွတ်, ကျွတ်, ကျွတ်ဆက်-ဟူ၍လည်းကောင်း၊
        (၂) သား, မြေး, မြစ်, တီ, ကျွတ်, ဆတ်, ဆက်-ဟူ၍လည်းကောင်း၊
        (၃) သား, မြေး, မြစ်, တီ, မြှော့, ကျွတ်, ကျွတ်ဆက်-ဟူ၍လည်းကောင်း၊
        ဤသို့ မူကွဲသုံးမျိုးစီ တွေ့မှတ်ရဖူး၏။
        ‘မဃဒေဝလင်္ကာ’ ဆရာအလိုသော်ကား၊
        ‘ဆွေစုမျိုးစစ်၊ ခုနစ်ဝင်ထ၊ ကိုယ့်ထက်မှလျှင်၊ အဘç အဘိုး၊ ခေါ်ရိုးစဉ်ရှေး၊ အဘေး အဘဲး၊ တစ်ကွဲ အဘွေး၊ တရေး အဘော်၊ အောက်သော် တခြား၊ သားနှင့် မြေး, မြစ်၊ တစ်ဆစ် တီ, မြှော့၊ မှတ်လော့ ကျွတ်, ဆက်၊ ကျမ်းဂန်ထွက်၏။’ဟူ၍ ဖြစ်၏။

        • တောတွင်းပျော်

          February 12, 2013 at 12:08 pm

          ဆွေ ရ ဆက်ကို ၄မျိုုး ၄မည် ခေါ်ရင်၊ မျိုး ရ ဆက်ကိုလည်း ၄မျိုး ၄မည်ပြည် ့သွားအောင်
          အသား၊ အမြေး၊ အမြစ်၊ အတီ၊ အတွတ်၊ အကျွတ်၊ အကျွတ်ဆက် လို ့ ကျနော်တို ့
          ထပ်ဖြည် ့လိုက်ရင်မကောင်းပေဘူးလား…. အဟဲ!!!!
          မှတ်သားသင် ့တာလေးသိရတဲ ့ ကျေးဇူးတင်ပါတယ်။

    • ဦး ကျောက်ခဲ

      February 15, 2013 at 3:04 pm

      မြန်မာနိုင်ငံမှာ ရှာတွေ့တဲ့ “ပုံတောင် ပုံညာ ပရိုင်းမိတ်” ဆိုတာ အဲသည့်အကောင်ရဲ့မြေး ပေါ့ဗျာ။ အိမ်မွေးကြောင်အရွယ်လောက်ပဲ ရှိသတဲ့။ တွေ့ကရာအကုန်ဝါးတဲ့ အစုံစားသတ္တဝါပါ။

      ဆက်ပွါးရရင် အဲသည့် ဘိုးဘေးဘီဘင်ဘောင်ဘောကြီး နဲ့ လူသားရဲ့ကြားထဲမှာ ကွင်းဆက်တစ်ခုပျောက်နေသေးပါတယ်။ အဲဒီကွင်းဆက်ကို “ပုံတောင် ပုံညာ”က “ကျစ်ချောင်” တွေမှာ တွေ့မလားလို့ လာရှာကြတာပါ။

      • kai

        February 15, 2013 at 4:18 pm

        အမှတ်မမှားရင်.. အဲဒီပုံတောင်ကအရိုးတခုနဲ့.. ဦးကျောက်တို့ဆရာဦးသော်တင့်ယူအက်စ်လာ.. ဆွေးနွေးခဲ့ဖူးတာပဲ..
        မြန်မာပြည်က.. ဘိုးဘွားအမွေ.. သတ္တုတွေတူးနေ..ရောင်းစားနေမယ့်အစား.. အဲဒီအရိုးတွေနဲ့.. ပြစား.. စီးပွားရှာလို့ရနိုင်တာ.. :bar:

  • kai

    February 11, 2013 at 3:52 pm

    အယ်ဒီတာ့အာဘော်ရေးနေတာ.. အဲဒါ.. မြစေတီကျောက်စာက..နှစ်၉၀ဝ တင်းတင်း ပြည့်နေတာ..သတိထားမိသွားလို့..
    သခင်မျိုးဟေ့.. ဒို့ဘားမင်န်း… :kwi:
    =

    မြစေတီကျောက်စာကို ကျန်စစ်သားမင်းကြီး နတ်ရွာစံပြီးနောက် တနှစ်ခန့်အကြာ၊ မြန်မာသက္ကရာဇဖ် ၄၇၅-ခုနှစ်၊ ခရစ်နှစ် ၁၁၁၃-ခုနှစ်တွင် ရာဇကုမာရ်မင်းသားက ရေထုးခဲ့သည်။ ထိုကျောက်စာကို ပုဂံမြို့၊ မြင်းကပါရပ်၊ မြစေတီဘုရားအနီးတွင် တွေ့ရ၍ မြစေတီကျောက်စာ-ဟု လူသိများပါသည်။ ဤကျောက်စာ၌ မျက်နှာလေးဖက်ပါရှိသည်။ မျက်နှာတဖက်စီတွင် မြန်မာ၊ မွန်၊ ပါဠိ၊ ပျူ တဘာသာစီဖြင့် ရေးထိုးထားခြင်းဖြစ်သည်။

  • PEACEMAKER

    February 11, 2013 at 9:47 pm

    သူကြီးမေးလ်မရှိတော့လို့ ဒီကနေလှမ်းမေးတာပါ။ သူကြီးကလက်တံရှည်တော့ သိနိုင်မလားတွေးမိလို့ပါ။ မေးလ်ကနေပဲ မေးပါရစေ။ မေးလ်အကောင့်လေးထပ်ပေးပါဦး။

  • kai

    February 12, 2013 at 5:36 am

    ပြောရရင်.. ခရစ်ယန်ရဲ့..ကက်သလစ်နဲ့..ပရိုတက်စတန့်က… မြန်မာထေရဝါဒနဲ့.. မဟာယာနဗုဒ္ဓဘာသာ.. အစ္စလမ်ရဲ့.. ရှီးယားနဲ့.ဆွန်နီ..စတာတွေနဲ့. သဘောတရား .တော်တော်ဆင်ပါတယ်..
    အခြေခံကျကျပြောရရင်..
    ကွဲချက်က.. ဆိုင်ရာဘာသာရေးခေါင်းဆောင်စကားကို လိုက်နာနားထောင်တာနဲ့.. ဘုရား(တမာန်တော်)စကားတိုက်ရိုက်လိုက်နာလေးစားတာမျိုးပါ..။

    ဒီနေ့သတင်းမှာတေ့ာ.. ပုပ်ရဟန်းမင်းကြီး. နှုတ်ထွက်တဲ့သတင်းပေါ့…
    မြန်မာထေရဝါဒနဲ့ဆို.. သံဃာ့မဟာနာယကအကြီးအကဲပေါ့… :harr:
    အဲ.. အမေရိကားမှာ..အမေရိကန်တွေက.. ပရိုတက်စတင်န့်များပါတယ်..

    US Catholics Surprised by Pope’s Resignation
    Wall Street Journal – ‎29 minutes ago‎

    American Catholics—who have been pummeled by secularism and scandal in recent years—said they were both stunned and heartened by Pope Benedict XVI’s decision to step down because of ill health, calling the action selfless and steeped in humility.

  • kai

    February 13, 2013 at 6:09 am

    ဖေဖေါ်ဝါရီ ဆယ်သုံးဟာ ဗိုလ်ချုပ်မွေးနေ့ပါ၊

    ဗမာသူရဲကောင်း (ဗိုလ်ချုပ်အောင်ဆန်းသီချင်း)
    တေးရေး-သဟာယ ဆရာတင်

    ( မြန်မာ ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ ့ဖို ့ ဂျပန်ပြည်မှာကွယ်
    တစ်ကယ်ဘဲ အသက်နဲ ့လဲလို ့ ဆင်းရဲ ဒုက္ခ ခံကာ ကြံစည်တယ်..
    သူရဲကောင်းနဲ ့ ဗိုလ်အောင်ဆန်းနဲ ့ အာဇာနည်တွေရယ်…) ၂

    ငါတို ့ မြန်မာပြည်..မိဘတိုင်းကရယ်.. ဗိုလ်အောင်ဆန်း လို သူရဲကောင်း မွေးရမယ်..
    ငါတို ့ မြန်မာပြည်..မိဘအပေါင်းတို ့ကရယ်..အာဇာနည် အစစ် ကို ရှိဖို ့ မွေးရမယ်.
    အော်.. ဘုရင် ့နောင် နဲ ့ ရာဇာဓိရာဇ် တို ့လို.. မင်းရဲကျော်စွာ ပမာ ပုံ ဆောင်.. အလောင်းဘုရားတို ့လိုကွယ်. မြန်မာတိုင်း မြန်မာမျိုး အားကိုး လောက်ပေတဲ ့
    မကြောက်တမ်း မရွံ ့တမ်း မြန်မာတွေ အောင်ပန်း ဆွတ်ကြရှာလေတယ်..

    * * * [( ရာဇဝင် အတ္ထုပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ်
    မြင့်မြတ်တဲ ့ ဗိုလ်အောင်ဆန်း ရယ်..)၂

    တိုင်းပြည်အကျိုး စွန် ့ခဲ ့တဲ ့များဇာနည်နွယ်..လွတ်လပ်ဖို ့ဒို ့အများကို ကျွန်အတွင်းမှ ကယ်.. တို ့မြန်မာတွေ စိုးမိုး ဖို ့ မျှော်ကြရှာလို ့ပေါ်လာတယ်..]

    ( မြန်မာနိုင်ငံ ထူထောင်ရန်နဲ ့ မျိုးရိုးမတိမ်အောင် ကြံဆောင်လေတယ်..
    နေမျိုးသာဂီ ဗမာပြည် လက်ရုံး . ဗမာနိုင်ငံ အလုံး ထင်ပေါ်စေတယ်..
    စိတ်အားသန်သန် မာန်ကိုမလျော့တယ်..ငါတို ့လူမျိုး တန်ခိုးရှိဖို ့.. သူရဲကောင်းတွေ စုံညီတယ် တစ်ကယ်ပင် သူတိုးမဟာဗန္ဒုလနှယ် စွမ်းသတ္တိ ရာဇဝင်ပြောင်တယ်
    သားကောင်းများလို ့ ခေါ်ရလောက်ပေတယ် ဥဒါန်းတွင်စေဖွယ်..
    မြန်မာသူရဲကောင်း အပေါင်းတွေရယ်) ၂

    * * * [( ရာဇဝင် အတ္ထုပတ္တိလည်း ရှိရမယ် မော်ကွန်းလည်း ထိုးလောက်တယ်
    မြင့်မြတ်တဲ ့ ဗိုလ်အောင်ဆန်း ရယ်..)၂

    တိုင်းပြည်အကျိုး စွန် ့ခဲ ့တဲ ့များဇာနည်နွယ်..လွတ်လပ်ဖို ့ ဒို ့အများကို ကျွန်အတွင်းမှ ကယ်.. တို ့မြန်မာတွေ စိုးမိုး ဖို ့ မျှော်ကြရှာလို ့ပေါ်လာတယ်.. ]

  • kai

    February 13, 2013 at 6:14 am

    သင့်ခန္ဓာကိုယ်၏ အံ့မခန်း လှည့်ကွက်များ
    =====================

    ၁) သင့်လည်ချောင်းထဲက ယားနေတယ်ဆိုရင် နားရွက်ကိုကုတ်လိုက်ပါ… နားရွက်မှာရှိတဲ့ အာရုံကြောတွေကိုလှုံ့ဆော်မိတဲ့အခါ အဲ့ဒီအာရုံကြော တွေဟာ လည်ချောင်းထဲက ကြွက်သားတွေကို အလိုအလျောက် ရုတ်တရက် တုံ့ပြန်စေပြီး ယားယံမှုကို ပျောက်ကင်းပါလိမ့်မယ်….

    ၂) လူတွေဆူညံနေတဲ့ နေရာမှာ ဒါမှမဟုတ် ဖုန်းပြောတဲ့နေရာ တစ်ယောက်ယောက်ရဲ့ အသံကို မကြားနိုင် ဖြစ်နေပါသလား…. ရုတ်ချည်း ပြောလိုက်တဲ့အသံကိုကြားဖို့ဆိုရင်တော့ ညာဘက်နားကို အသုံးပြုပါ… ဂီတသံစဉ်တွေကိုနားထောင်ဖို့ဆိုရင်တော့ ဘယ်ဘက်နားကို အသုံးပြုပါ….

    ၃) သန့်စင်ခန်း ဒါမှမဟုတ် တခြားသင့်တော်တဲ့ တစ်နေရာရာနဲ့ အလှမ်း ဝေးနေတဲ့အချိန်မှာ သင့်အနေနဲ့ အလွန်အမင်း အခင်းကြီးငယ် သွားချင် နေတယ်ဆိုရင် သင့်ရဲ့ ချစ်သံယောဇဉ်လေးတွေအကြောင်း စိတ်ကူးယဉ် လိုက်ပါ… ဒါက သင့်ဦးနှောက်ကို အာရုံလွှဲပြောင်းပေး နိုင်ပါတယ်….

    ၄) ဆရာဝန်က သင့်ကိုဆေးထိုးတော့မယ်ဆိုရင် ဆေးထိုးအပ်ဝင်တာနဲ့ ချောင်းဟန့်လိုက်ပါ… ချောင်းဆိုးချောင်းဟန့်တာဟာ သင့်ရဲ့ ကျောရိုးပြွန် ထဲက ဖိအားကိုမြင့်တက်စေပြီး ဦးနှောက်ကို နာကျင်မှုဝေဒနာ ပေးပို့တဲ့ အခါမှာ ကန့်သတ်ထားစေနိုင်ပါတယ်…

    ၅) နှာစေးနေလို့ နှာခေါင်းပိတ်နေတဲ့အခါမျိုး… အသက်ရှူ လမ်းကြောင်း ပိတ်နေတဲ့ အခါမျိုးမှာ သင့်လျှာကို ခံတွင်းအပေါ်ဘက်နံရံမှာဖိကပ်ထားပြီး မျက်ခုံးနှစ်ခုကြားမှာ လက်တစ်ခေါင်းနဲ့ဖိထားလိုက်ပါ… ဒီအနေအထား အတိုင်း စက္ကန့် ၂ဝ လောက် ထားလိုက်ခြင်းဖြင့် သင့်နှာနုရိုးကို လှုပ်ခါ စေနိုင်ပြီး ပိတ်ဆို့နေတာတွေ လျော့ပါးပြီး ရှင်းလင်းသွားစေနိုင်ပါတယ်….

    ၆) အစားကောင်း အသောက်ကောင်းတွေ အားပါးတရစားပြီး အရမ်းပြည့် အင့်ကာ အိပ်ချင်လာပြီဆိုရင် ဘယ်ဘက်ကို စောင်းပြီး လှဲလျောင်းပါ… ဒီပုံစံဟာ သင့်အစာအိမ်ကို အစာပြွန်ထက်ပိုနိမ့်တဲ့ အနေအထားမှာ ရှိတဲ့အတွက် အစာချေရည်အက်ဆစ်ပြောင်းပြန်စီးဆင်းမှုကို တားဆီးပေးပြီး အစာချေရည်တွေ သင့်လည်ချောင်းထဲက မထွက်လာအောင် ထိန်းပေးထား နိုင်ပါတယ်…

    ၇) သင် သွားကိုက်တယ်ဆိုရင် ရေခဲတုံးတစ်တုံးနဲ့ လက်မနဲ့လက်ညိုး ကြားက လက်ဖမိုးနေရာလေးကို ပွတ်ပေးခြင်းဖြင့် ပျောက်ကင်းနိုင် ပါတယ်… အဲ့ဒီနေရာက အာရုံကြောဟာ ခံတွင်းကနာကျင်မှု ဝေဒနာကို သိတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို ပိတ်ဆို့အောင် လှုံ့ဆော်ပေးနိုင် ပါတယ်…

    ၈) သင်အလွန်အကျွံအရက်မူးတဲ့အခါ အခန်းတစ်ခုလုံးချာချာလည်လာပြီး ဟန်ချက်ထိန်းနိုင်အောင် တစ်ခုခုကို ဆုပ်ကိုင်ထားရပါတယ်… ဘာကြောင့် လဲ ဆိုတော့ အရက်ဟာ cupula လို့ခေါ်တဲ့ နားထဲက ဟန်ချက်ထိန်းတဲ့ အစိတ်အပိုင်းရဲ့ သွေးကို ရေဓာတ်လျော့ပါးပြီး အားနည်းစေလို့ပါပဲ… တစ်ခုခုကို ဆုပ်ကိုင်လိုက်တဲ့အခါ ဦးနှောက်က နောက်ထပ်ရည်ညွန်း မှတ်တစ်ခုကို ရရှိသွားပြီး ချာချာလည်ခြင်းကရပ်အောင် လုပ်ဆောင် ပေးပါတယ်….

    ၉) နှာခေါင်းသွေးယိုတဲ့အခါ နှာခေါင်းအောက်နားမှာရှိတဲ့ အပေါ်ဘက် သွားဖုံးပေါ်က အခွက်လေးထဲမှာ ဂွမ်းနည်းနည်းကိုခုပြီး ခပ်နာနာလေး ဖိပေးပါ… နှာခေါင်းကယိုတဲ့သွေးအများစုဟာ နှာခေါင်းအလည်က အရိုးနု (နှာနုရိုး) ကနေ လာတာဖြစ်တဲ့အတွက် ဒီလိုဖိလိုက်ရင် သွေးယိုရပ်သွား စေနိုင်ပါတယ်…

    ၁၀) စိတ်လှုပ်ရှား ထိတ်လန့်နေသလား… သင့်နှလုံးခုန်နှုန်းကို လက်မကို မှုတ် (စုပ်) ရင်း လျှော့ချနိုင်ပါတယ်… vangus လို့အမည်ရတဲ့ အာရုံ ကြောဟာ နှလုံးခုန်နှုန်းကို ထိန်းချုပ်ပေးပြီး အသက်ရှူခြင်းဖြင့် သင် တည်ငြိမ်မှု ရလာပါလိမ့်မယ်…

    ၁၁) ရေထဲမှာ ခဏလောက် အသက်ရှူချင်သလား… ရေထဲကိုမဆင်းခင် အသက် တဝကြီးရှူတာ ပုံမှန်ထက် မြန်မြန်ပြင်းပြင်း ရှူတာမျိုး လုပ်မယ့် အစား ရှူသွင်းရှူထုတ်ခြင်းကို အချိန်တို အတွင်းများများ လုပ်ဆောင် လိုက်ပါ… ဒီလိုလုပ်ခြင်းဟာ သင့်ဦးနှောက်ကို အောက်ဆီဂျင် ပိုရသလို ခံစားရစေပြီး အချိန် ၁ဝ စက္ကန့်လောက် ပိုကြာကြာနေနိုင် ပါလိမ့်မယ်….

    ၁၂) ရေခဲမုန့်တွေ အအေးတွေ စားသောက်ပြီးတဲ့ အခါမှာ ပါးစပ်အပေါ် နံရံကနေပြီး ခေါင်းထဲထိ ထိုးကိုက်တာမျိုး ဖြစ်တတ်ပါတယ်… အဲ့ဒါကို Brain freeze လို့ခေါ်ပါတယ်… အဲ့လိုဖြစ်တဲ့အခါ သင့်လျှာကို ပါးစပ်အပေါ်နံရံ အတိုင်း အပြားလိုက် ဖိကပ်ထားပါ… လျှာနဲ့ နေရာများများ ထိနိုင်သမျှ ထိအောင် ကပ်ထားပေးရပါမယ်… brain freeze ဟာ ခံတွင်းနံရံမှာရှိတဲ့ အာရုံကြောကို အလွန်အမင်း အေးစေတဲ့အခါ ဦးနှောက်က ခန္ဓာကိုယ် တစ်ခုလုံး အေးနေတယ်လို့ ယူဆသွားတဲ့ အတွက် ဖြစ်လာတာပါ… ဒါကြောင့် သင့်ဦးခေါင်းကို နာကျင် ကိုက်ခဲတဲ့အထိ အပူပေးတဲ့ လုပ်ဆောင်ချက်တွေ လုပ်နေတာဖြစ်ပါတယ်… ခံတွင်း အပေါ်နံရံကို လျှာနဲ့ကပ်ပြီး အနွေးဓာတ် ပေးခြင်းဖြင့် သင့်ဦးနှောက်ကို ပြန်အေးစေပြီး ကိုက်ခဲမှုက သက်သာစေ ပါတယ်….

    ၁၃) သင့်ရဲ့လက်တွေ အိပ်ပျော်တဲ့အခါမှာ လက်တွေဟာ ဘေးတစ်ဘက် တစ်ချက်ကို လွှဲပြီးလှုပ်ရမ်းနေပါတယ်… ဒီအခါမှာ လက်တွေက ပြန်နိုးလာပြီး တစ်မိနစ်အတွင်းမှာပဲ အပေါ်ပြန်တက် လာပါတယ်… လက်တွေ ဘာကြောင့် အိပ်ပျော်လဲဆိုတော့ လည်ပင်းမှာရှိတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပြီး လည်ပင်းကို အသာအယာ နှိပ်နယ် ပေးခြင်းဖြင့် ကုသနိုင်ပါတယ်… သင့်ခြေထောက်တွေ အိပ်ပျော်တယ်ဆိုတာ ခန္ဓာကိုယ် အောက်ပိုင်းကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေကြောင့် ဖြစ်ပါတယ်… ဒီလိုမဖြစ်အောင် ရပ်ဖို့နဲ့ လမ်းလျှောက်ဖို့ လိုပါလိမ့်မယ်….

    ၁၄) ကြို့ထိုးနေသလား… လက်မနဲ့လက်ညိုးကို ကြို့ထိုးမရပ်မချင်း မျက်ခုံးပေါ်မှာဖိထားပါ… မကြာပါဘူး… ခဏနေရင် ရပ်သွားပါလိမ့်မယ်….

    Source from – ဒင်(မြန်မာ့ဟာသနှင့်သတင်းများ)
    ————————————–
    Ref: Amazing Facts
    Credit:Aye Chan Mon

    • MaMa

      February 13, 2013 at 7:18 am

      အတော်အဖိုးတန်တဲ့ အကြောင်းအရာလေးတွေပဲ။
      ဖတ်ရှု့မှတ်သားဖြန့်ဝေလိုက်ပါတယ်။
      ကျေးဇူးအကြီးကြီးတင်ပါတယ်။ :hee:

  • kai

    February 13, 2013 at 9:56 am

    အခုတင်ပြီးသွားတဲ့.. သမ္မတအိုဘားမားရဲ့..State of the Union Address မှာ မြန်မာပြည်အကြောင်းပြောသွားတယ်ဟေ့…
    အောက်မှာ.. transcript ထုတ်ပေးထားတယ်..။
    http://www.nytimes.com/2013/02/13/us/politics/obamas-2013-state-of-the-union-address.html?pagewanted=8&_r=1

    Above all, America must remain a beacon to all who seek freedom during this period of historic change. I saw the power of hope last year in Rangoon – when Aung San Suu Kyi welcomed an American President into the home where she had been imprisoned for years; when thousands of Burmese lined the streets, waving American flags, including a man who said, “There is justice and law in the United States. I want our country to be like that.”

  • kai

    February 14, 2013 at 12:01 am

    ကျုပ်နားလည်တဲ့ မြန်မာတို့ရဲ့ ရှေးဘဝနောက်ဘဝ ကုသိုလ်ကံ..
    ခရစ်ယန်တို့ရဲ့ ထာဝရဘုရားသခင်အလိုတော်..
    မွတ်စလင်တို့ရဲ့.. အလာဟ်အရှင်မြတ်အလိုတော်..

    ( အရှည်ကို.. လိပ်ပြာအတောင်ပံခတ်တာနှင့် မုန်တိုင်းဆက်စပ်ပြခြင်းဖြင့်တွဲဖတ်ပါ.. :kwi: )

    Asteroid to Miss Earth by 15 Minutes on Feb. 15 – Belmont, CA Patch
    belmont-ca.patch.com/…/asteroid-to-miss-earth-by-15-minutes-on-fe…
    1 day ago – Bill Nye, a.k.a. “The Science Guy,” explains the affect and impact could have on Earth.
    On Friday, Feb. 15, asteroid 2012 DA14 will pass within 17,200 miles — or 15 minutes — of Earth, according to scientist Bill Nye.

    While the asteroid, which Nye said is comparable in size to the one responsible for the 1908 Tunguska event, is expected to pass harmlessly by, Nye said it is a very close shave relatively speaking.

    “This one will miss us by about 15 minutes,” Nye explained. “Fifteen minutes difference and that’s it.”

    If it were not for those 15 minutes, life for millions of people could end.

    “If such a meteor were to hit Atlanta or New York City or Boston, that would be it for those municipalities,” Nye said. As much as 1,200 square miles would be destroyed, Nye added.

    According to Nye, there are approximately 100,000 “Earth-crossing” asteroids and, for the first time in human history, the possibility exists that something could be done should one threaten Earth.

    “It is something that we as humans all over the world ought to get involved in,” he said.
    =
    Fly-by asteroid said to be worth $195b in materials
    Craig Lloyd, Feb 13th 2013
    Late last month, we told you about an asteroid that will fly by the Earth at close proximity on February 15. Essentially, it will squeeze it’s way in between the Earth and the Moon, which is actually really close, and one company is saying that the asteroid is worth $195 billion in materials, such as metals and propellants. However, others aren’t so sure about that figure.

    • တောတွင်းပျော်

      February 15, 2013 at 2:24 pm

      ဂြိ ုလ် 2012 DA14 ရဲ ့ကမ္ဘာနားကိုကပ်လာတဲ ့လမ်းကြောင်းကို မြင်ရတော ့
      သေခြင်းရဲ ့ အခြားတဖက်ကို အလိုလို မြင်ယောင်မိတယ်ဗျ။
      ဒီ ့ထက်မက လမ်းကြောင်းလေးနည်းနည်းလေး ထပ်လွဲပြီး ကမ္ဘာကိုများဦးတည်ခဲ ့ရင်
      ဒီ comment ကိုတောင်ရေးနိုင်ပါ ့ဦးမလားမသိ။
      အခုတော ့..
      နီးနီးလေးနဲ ့ကပ်လွဲသွားလို ့။ ဟင်း…………

  • kai

    February 15, 2013 at 1:39 am

    လူကိုဝစေတဲ့ ဆိုဒါတွေအပေါ်.. အခွန်တိုးကောက်ဖို့လုပ်နေပြီဖြစ်တဲ့အကြောင်း…. :kwi:
    ဆိုတော့.. အမေရိကန်တွေအလုပ်လုပ်ပုံ.. တွေးနိုင်အောင်ပါ..။
    .. မြန်မာတွေက အသည်းရောဂါနဲ့ သေတာများသမို့.. အသည်းရောဂါဖြစ်စေတဲ့ ဇစ်မြစ်တွေကို.. အခွန်တိုးကောက်သင့်တယ်..
    ဥပမာ..။ ရေစိုမှိုတက်ငရုပ်သီးမှုန့်..။ အကျီ အဝတ်ဆိုးဆေးတွေ..။
    =
    Field Poll: Ethnic Voters Support Soda Tax, Obesity Prevention
    New America Media, News Report, Anna Challet, Posted: Feb 14, 2013

    SAN FRANCISCO — A majority of California voters support taxing sugar-sweetened beverages if those taxes are used for school nutrition and physical education programs, according to the results of a new Field Poll. The survey also revealed that obesity prevention measures like this have greater support among ethnic voters.

    When initially asked if they would support taxing sugary drinks, 53 percent of all voters stated that they would oppose such a tax. But when asked if they would support a soda tax if the revenues would go to obesity prevention programs in schools, a larger majority – 68 percent – stated that they would support the tax.

    The percentage of those in favor of a soda tax is higher among ethnic voters than among white non-Hispanics. 79 percent of Latino voters would support the tax, as would 73 percent of Asian Americans, 70 percent of African Americans, and, at the lower end of the spectrum, 62 percent of white non-Hispanics.

    http://newamericamedia.org/2013/02/field-poll-ethnic-voters-support-soda-tax-obesity-prevention.php?utm_source=Daily+Headlines+2%2F14%2F2013&utm_campaign=Monday+Headlines+11%2F26%2F12&utm_medium=email

  • Foreign Resident

    February 15, 2013 at 6:50 am

    မြန်မာမလေးတွေ တော်တော့်ကို ဈေးပေါသွားတာပဲ ။
    မလေးငွေ 10 ဆိုတော့ ၄ ဒေါ်လာ လောက်ပဲ ရှိတာပဲ ။

    သို့ ….. ညီမလေး

    တစ်လောက အင်တာနက်မှာ ပျံ့နှံ့ခဲ့တဲ့ ဗွီဒီယိုဖိုင်နဲ့ ပက်သက်ပြီး
    မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့ အနည်းငယ် ပြောလိုပါတယ် ။

    မြန်မာဆိုတာ ခေတ်အဆက်ဆက်က အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သူတွေပါ ။
    အမျိုးထိရင် မချိအောင်နာတတ်တာ မြန်မာလူမျိုးပါ ။
    မြန်မာဆိုတာ ကိုယ့်လူမျိုးကို မဆိုထားနဲ့ ၊ လူမျိုးခြားတွေ ကိုယ့်မျက်စိရှေ့မှာ ဒုက္ခရောက်နေတာတွေ့ရင်တောင် ၊
    ကိုယ်နဲ့မဆိုင်သလို မနေတတ်ပဲ ၊ စိတ်ရောကိုယ်ပါ ဝင်ရောက်ကူညီတတ်သူတွေပါ ။

    မြန်မာလူမျိုးတွေရဲ့ စိတ်ထားကို မြန်မာလူမျိုးချင်း ပြန်ပြီး တရားချနေတာ မဟုတ်ပါဘူး ။
    မြန်မာပြည်ကို အင်္ဂလိပ် အုပ်ချုပ်တဲ့ခေတ်က အင်္ဂလိပ် အရေးပိုင်မင်းတစ်ယောက်ဟာ ၊
    မီးရထားလမ်းဖောက်လုပ်ဖို့အတွက် ၊ မာန်လည်ဆရာတော်ဘုရားကြီးကို လျှောက်ထားခဲ့ဖူးပါတယ် ။

    ဖောက်လုပ်မယ့် မီးရထားလမ်းဟာ ကျောင်းဝင်းနဲ့ မလွတ်တဲ့အတွက် ဆရာတော်ကြီးရဲ့ ကျောင်းတော်ကို ရွှေ့ပေးဖို့ ကိစ္စပါ ။
    ဆရာတော်ကြီးက ရွှေ့မပေးနိုင်ကြောင်း မိန့်တော်မူတဲ့အခါမှာ
    အရေးပိုင်မင်းက ၊ ဒီနိုင်ငံဟာ အင်္ဂလိပ် အုပ်ချုပ်နေတဲ့ နိုင်ငံ ဖြစ်တဲ့အတွက် ရွှေ့ပေးရမယ်လို့ ဆိုပါတယ် ။

    အဲဒီတော့ ဆရာတော်ဘုရားကြီးက ….
    ” တကာတော်ရဲ့ မိခင်က တကာတော်ရဲ့ ဖခင်ကို မချစ်မနှစ်သက်တော့လို့ ၊
    တရုတ်ကို ယူလိုက်တယ် ဆိုပါစို့ ။
    တကာတော့်မိခင်ဟာ တရုတ်ဖြစ်သွားပါသလား….. ”

    ” မဖြစ်ပါဘူး ဆရာတော်
    အမေကတော့ အမေပါပဲ ။ ”

    ” ဒါဆိုရင် တရုတ်ကလည်း ဝက်သားစားလွန်းလို့ဆိုပြီး
    ကုလားကိုပြောင်းယူလိုက်တော့ရော ၊
    တကာတော့်မိခင်ဟာ ကုလားဖြစ်သွားရောလား….. ” ။

    ” မဖြစ်ပါဘူး ဆရာတော်
    အမေကတော့ အမေပါပဲ ။ ”

    ” အေး….. အဲဒီလိုပဲ တကာတော်…..
    ဘယ်မင်းတက်တက် ဘယ်အစိုးရတက်တက်…..
    သာသနာ့ နယ်မြေဟာ သာသနာ့ နယ်မြေသာ ဖြစ်တယ် ” ။

    ကျောင်းကပြန်အဆင်းမှာ စိတ်ထဲ မကြည်လင်တဲ့ အရေးပိုင်မင်းက ဆရာတော်ကြီးကို လျှောက်တယ် ။

    ” အရှင်ဘုရား….. ဒီအုတ်လှေကားထစ်တွေကိုလည်း အုတ်နဲ့လုပ်တာပါပဲ ၊
    ဟိုမှာမြင်နေရတဲ့ အိမ်သာကိုလည်း အုတ်နဲ့လုပ်တာပါပဲ ။
    ဘုရားဆင်းတုတော်တွေကိုလည်း အုတ်နဲ့လုပ်တာပဲဖြစ်လို့ ၊
    အုတ်နဲ့လုပ်ထားတဲ့ လှေကားထစ်တွေ အိမ်သာတွေကို ရှိခိုးကန်တော့ရင်ရော ၊
    အတူတူပဲ မဟုတ်ဘူးလား ဘုရား ။ ”

    ” အေး….. တကာတော်…. တကာတော့်မှာ အမေရှိလား ”

    ” ရှိပါတယ် ဆရာတော် ”

    ” အမ နှမတွေရော ရှိလား ”

    ” ရှိပါတယ် ဆရာတော် ”

    ” ဇနီးမယားရော ရှိလား ”

    ” ရှိပါတယ် ဆရာတော် ”

    ” အေး….. ဒါဆိုရင်….. အားလုံးဟာ မိန်းမ အမျိုးအစားချည်းပဲ ဖြစ်တဲ့အတွက် ၊
    ဇနီးမယားအပေါ် ဆက်ဆံပြုကျင့်သကဲ့သို့ …..
    အမေ အမနဲ့ နှမတွေကိုပါ တစ်တန်းထားပြီး ဆက်ဆံပြုကျင့်လို့ ရနိုင်ပါ့မလား ”

    ” အဲဒီလိုတော့ မရပါဘူး ဆရာတော် ”

    ” အမေကို အမေလို…. အမကို အမလို….. နှမကို နှမလို…. သူ့နေရာနဲ့သူ ဆက်ဆံရပါတယ် ”

    ” အေး….. အဲဒီလိုပါပဲ တကာတော် ”

    ” အုတ်ချင်းတူပေမယ့် ဘုရားအုတ် သိမ်အုတ်နဲ့ ၊ အိမ်သာအုတ် လှေကားအုတ်တို့ဟာလည်း ၊
    သူ့နေရာနဲ့သူ တန်ဖိုးချင်းကွာတယ် တကာတော် ” ။

    ဒီနေရာမှာ…. ကျွန်တော့်အနေနဲ့ အခုလက်ရှိဖြစ်ပျက်နေတာတွေကို သုံးသပ်မိတာ တစ်ခုရှိပါတယ် ။

    ဘာလည်းဆိုတော့ …..
    ပထမအချက်အနေနဲ့
    ဘယ်လိုနေရာပဲရောက်နေနေ ….. ဘယ်လိုအခြေအနေပဲရောက်နေနေ…..
    ဘယ်လိုခေတ်မျိုးပဲ ရောက်နေနေ ၊
    မြန်မာမိန်းကလေးဟာ မြန်မာမိန်းကလေး ဆိုတာပါပဲ ။

    ဒုတိယအချက်အနေနဲ့
    အမျိုးသမီးချင်းအတူတူ
    မြန်မာ အမျိုးသမီးကောင်းလေးတွေကို တန်ဖိုးရှိတဲ့ အုတ်ကလေးတွေပဲ ဖြစ်စေချင်ပါတယ် ။

    မြန်မာဟာ မြန်မာပါပဲ ။
    ကမာ္ဘပေါ်မှာ အရှက်အကြောက်ကြီးတဲ့ လူမျိုးဟာ မြန်မာပါ ။
    မိန်းမတို့အိန္ဒြေ ရွှေပေးလို့မရ ဆိုတာ မြန်မာမိ်န်းကလေးတွေကို တင်စားခဲ့တာပါ ။

    အထူးသဖြင့် ပြည်ပမှာ …..
    လစာနည်းလို့ …. အကြွေးနဲ့လာခဲ့ရလို့ …..
    မိသားစုတွေကို ထောက်ပံ့ချင်လို့ ….
    အဲဒီလို အကြောင်းတရားတွေကြောင့် ၊ တိုင်းတပါးသားတွေနဲ့ Living Together နေနေရတာပါတဲ့လား ။

    ဒါတွေက မလုံလောက်တဲ့ အကြောင်းပြချက်တွေပါ ။
    မိသားစု အဆင်မပြေတာကို ထောက်ပံ့ချင်တိုင်းသာ လူမျိုးခြားတွေနဲ့ ၊
    Living Together နေကြစတမ်းဆိုရင် ၊
    မြန်မာတစ်ပြည်လုံးက မြန်မာမိန်းကလေးတွေ နိုင်ငံထဲမှာ ရှိရှိသမျှ လူမျိုးခြားတွေကို ၊
    အပြေးအလွှားနဲ့ကို Living Together အမြန်ဆုံးနေရမယ့် ကိန်းပါပဲ ။

    ဆင်ခြင်နိုင်ကြပါစေ ညီမလေးတို့ရယ် ။
    မလေးရှားက အဖြစ်အပျက်တစ်ခုအကြောင်း နားထောင်ကြည့်ပါ ။

    မလေးရှားမှာ မြန်မာမိန်းကလေးအချို့ နီပေါလူမျိုးတွေနဲ့ ရည်းစားဖြစ်ပြီး သွားအိပ်တယ် ။
    မလေးရှားမှာပဲ အလုပ်လုပ်နေတဲ့ အကိုဝမ်းကွဲလုပ်သူက သိတော့ ၊
    နီပေါတွေနဲ့ ပြဿနာတက်တယ် ။ ရိုက်ကြ နှက်ကြ ဖြစ်တယ် ။
    နောက်ဆုံး အဲဒီကောင်လေး နီပေါတွေဆီမှာ ဓားထိုးခံရတယ် ။

    သူ့သူငယ်ချင်း မြန်မာအမျိုးသားလေးတွေက မခံနိူင်တော့ ၊ နီပေါတွေနဲ့ ရိုက်ပွဲတွေ ဆက်ဖြစ်တယ် ။
    နောက်ဆုံး ဒီပြဿနာရဲ့ အစ ဖြစ်တဲ့ နီပေါတွေနဲ့ သွားအိပ်ခဲ့တဲ့ မြန်မာမိန်းကလေး အချို့ကို ၊
    ကိုယ်ထိ လက်ရောက် ၊ ဒေါသ အလျောက် လက်နဲ့ ရိုက်ခဲ့ကြတယ် ။

    အခု You Tube မှာ ပျံ့နှံ့နေတဲ့ အဲဒီ ဗွီဒီယိုဖိုင်ထဲမှာ ဒီမိန်းကလေးတွေရဲ့ မိဘတွေ မဟုတ်ပါပဲနဲ့ ၊
    မဆိုင်ပါပဲနဲ့ ဝင်ရိုက်တဲ့ မြန်မာ ယောင်္ကျားလေးတွေကို ၊
    ကျွန်တော်အပါအဝင် တော်တော်များများက လက်မခံနိုင်ကြတာ အမှန်ပါပဲ ။

    သူတို့ ဘာကြောင့် ဒီလို လုပ်ခဲ့ရတာလဲ ။
    ကျွန်တော်တို့ တစ်ချက်ပြန်ကြည့်ရအောင်ပါ ။
    သွေးမတော် သားမစပ်လို့ မဆိုင်ပေမယ့် အမျိုးဂုဏ် ဇာတိဂုဏ်ကို အပွန်းပဲ့ မခံနိုင်လို့ ၊
    ဒီလိုအဖြစ်တွေ ဖြစ်သွားခဲ့တယ်ဆိုတာတော့ သေချာလွန်းနေပါတယ် ။
    ကိုယ့်ထမင်းကိုယ်စားပြီး လူမုန်းမယ့်အလုပ်ဆိုတာလောက်တော့ သူတို့ သေချာပေါက် သိနေပါလိမ့်မယ် ။

    သူတို့တွေ မှန်တယ်လို့ မဆိုလိုပါဘူး ။
    မှားတယ်ကွာ….. ဆိုရင်တောင်…..
    စေတနာ အမှားဆိုတာ သေချာ သုံးသပ်ကြည့်ရင် မြင်နိုင်ပါတယ် ။

    ဗွီဒီယိုဖိုင်ထဲမှာ မြန်မာမိန်းကလေးတွေ အရိုက်ခံနေရတာ မြင်တော့ စိတ်မကောင်းပါဘူး ။
    အဲဒီဗွီဒီယိုဖိုင်ကိုကြည့်ပြီး ကျေနပ်ဝမ်းသာ ပီတိဖြစ်နေမယ့်သူတွေ တစ်ယောက်မှမရှိတာတော့ သေချာပါတယ် ။

    ကျနော်တို့ မလေးရှားရောက်ခါစက မြန်မာ မိန်းကလေးဆိုတာ
    မူးလို့ ရှူစရာတောင် မရှိတဲ့ အနေအထားပါ ။

    ဒီနေ့လို အနေအထားမှာတော့ နေရာတိုင်းမှာ မတွေ့ချင်မှ အဆုံး မြန်မာမိန်းကလေးတွေ ဒုနဲ့ဒေးပါပဲ ။
    စားဝတ်နေရေးကြောင့် ၊ အကြောင်းကြောင်းကြောင့် ပြည်ပမှာ မိဝေး ဖဝေး ငွေလာရှာနေကြတယ် ဆိုပါတော့ ။

    အဲဒီတော့ ထမင်းစားရင် ငရုပ်သီးလေး ကိုက်စားပြီး တစ်ပြားကို နှစ်ပြားခွာတတ်တဲ့ ၊
    ဘင်္ဂလားလို နီပေါလို လူမျိုးခြားတွေဟာ ၊
    မြန်မာမိန်းကလေးတွေသာ ရမယ်ဆိုရင် လစာပါ အပြုတ်ခံတဲ့အထိ Living Together ဇာတ်လမ်းတွေ
    မမြင်ချင်မှ အဆုံး ဖြစ်လာပါတော့တယ် ။
    အဲဒီတော့ ….. မြန်မာယောင်္ကျားလေးတွေရဲ့ စိတ်ထဲမှာ မချိအောင်နာပါတယ် ။

    ဂျိုဟိုးဘာရူးမြို့လေးမှာ မြန်မာမနဲ့အတူ တစ်ခါ ဆက်ဆံရင် မလေးငွေ မလေးငွေ 10 တဲ့ ။
    ဈေးပေါလွန်းလို့ဆိုပြီး ဘင်္ဂလားတွေ ၊ နီပေါတွေ ၊ အင်ဒိုတွေ ၊ ဗီယက်နမ်တွေများ
    ကြက်ပျံမကျ စည်ကားနေသတဲ့ ။

    ကျွန်တော်တို့ နှလုံးသားမှာ ကျွန်တော်တို့ စိတ်ထဲမှာ မချိအောင်နာပါတယ် ညီမလေးတို့ရယ် ။

    မလက္ကာမြို့မှာ မြန်မာမတစ်ယောက် ဘင်္ဂလားနဲ့ Living Together နေရင်း …..
    သေလုမျောပါး အရိုက်ခံနေရတာတွေ့လို့ ၊ အဲဒီ မြန်မာမိန်းကလေးနဲ့ စက်ရုံ တစ်ခုထဲအတူလုပ်နေတဲ့ ၊
    မြန်မာ ယောင်္ကျားလေးတွေက မခံနိုင်လို့ အဲဒီဘင်္ဂလားကို ဝင်ရိုက်ကြရင်း ၊
    မြန်မာ ၊ ဘင်္ဂလားရိုက်ပွဲဖြစ်ခဲ့တယ် ။

    အဆုံးသတ်တော့ မြန်မာယောင်္ကျားလေး ၄ ယောက် ဆေးရုံရောက်တယ် ။
    ၂ဝ ကျော်ပြန်ပို့ခံရတယ် ။

    ဒီလိုမျိုး အလားတူ ဇာတ်လမ်းတွေဟာ မလေးရှားမှာ အချိန်တိုလေး အတွင်းမှာတင် ၊
    မရေမတွက်နိုင်လောက်အောင် ဖြစ်ခဲ့ပြီးပါပြီ ။

    ငါပစ္စည်းနဲ့ ငါ (…..) တာ နင်တို့ကဘာဝင်ပြီး (…..) ကြိမ်းနေတာလည်းလို့ ၊
    မပြောလိုက်ပါနဲ့ ညီမလေးတို့ရယ် ။

    ဘယ်နေရာပဲရောက်နေနေ….. အမျိုးဂုဏ် ဇာတိဂုဏ်ကို ထိန်းသိမ်းနေထိုင်တဲ့ ၊
    မြန်မာမိန်းကလေးတွေလည်း ရှိနေတယ် ဆိုတာကို ကျွန်တော်တို့ အကြွင်းမဲ့ လက်ခံပါတယ် ။

    ဒါပေမယ့် …..
    ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးအပုတ်မခံနိုင်သလို ၊
    ငါးခုံးမတွေက မမြင်မတွေ့ချင်တော့လောက်အောင် သိပ်ကို များလာတော့လည်း ၊
    ကျွန်တော်တို့ အကြိမ်ကြိမ် စိတ်ထိခိုက်ရပါတယ် ။

    အမျိုးမတူတဲ့အပြင် ဘာသာပါ မတူသူတွေနဲ့ အခုလို Living Together ဆိုတာတွေကို ၊
    ကျွန်တော်တို့ ဘယ်လိုစိတ် ဘယ်လို နှလုံးသားနဲ့ လက်ပိုက်ကြည့်နေရမလဲ ။

    မြန်မာမိန်းကလေးတစ်ယောက် နီပေါ လူမျိုးနဲ့ Living Together နေရင်း နီပေါကို လိုက်ပါသွားခဲ့တယ် ။
    နီပေါမှာ သူတို့အတွဲ ပျော်ရွှင်နေတဲ့ ဓာတ်ပုံတွေကို နီပေါတွေက အင်တာနက်ပေါ်မှာ ၊
    အကြိမ်ကြိမ်တင်ပြခဲ့တယ် ။
    ကျွန်တော်တို့ ဘယ်လို နှလုံးသား ဘယ်လိုစိတ်နဲ့ ကြည့်ရမလဲ ညီမလေးတို့ရယ် ။

    ကျွန်တော်တို့ မလေးရှား ရောက်ခါစက မလေးရှားမှာ မြန်မာမိန်းကလေးတွေရဲ့ ညစ်ညမ်းခွေဆိုတာ ၊
    ရွှေပေးရင်တောင် ကြည့်လို့မရနိုင်ပါဘူး ။
    ရှိလည်း မရှိခဲ့ပါဘူး ။

    အခုများတော့ Home Made လို့ခေါ်တဲ့ မြန်မာလူမျိုးချင်း လိင် ဆက်ဆံနေတဲ့ ပုံတွေ ဗွီဒီယိုတွေ ၊
    လူမျိုးခြားနဲ့ ဘာသာကွဲတွေနဲ့ လိင် ဆက်ဆံနေတဲ့ ပုံတွေ ၊ ဗွီဒီယို်ဖိုင်တွေဟာ ၊
    အွန်လိုင်းပေါ်မှာ ဖုန်းတိုင်းလိုလိုမှာ မမြင်ချင်မှ အဆုံးပါ ။

    ကျွန်တော်တို့တွေ အရင်က တစ်ခြား လူမျိုးခြားတွေကို ပြောခဲ့တဲ့ ၊
    ” ငါတို့ မြန်မာတွေဆိုတာ ညစ်ညမ်းခွေမရှိဘူးကွ ….. ”
    ” ငါတို့ မြန်မာမိန်းကလေးတွေ ပါတဲ့ ညစ်ညမ်းအခွေတွေ ဘယ်တော့မှ မရှိဘူးကွ ….. ”
    ဆိုတဲ့ စကားတွေကို အခုလိုအချိန်မှာ ၊ ကျွန်တော်တို့ ဘယ်လိုနှလုံးသားနဲ့ ဘယ်လိုစိတ်နဲ့ ငြင်းလို့ရနိုင်ဦးမှာလဲ ။

    ဆင်ခြင်ကြပါ….. သတိဝင်ကြပါ…..
    ကိုယ်ပြုလုပ်လိုက်တဲ့ အမှားတစ်ခုဟာ ….. ကိုယ့်တစ်ယောက်သာ ထိပါးနိမ့်ကျရုံတင်မကပဲ ၊
    တစ်မျိုးသားလုံးကို တန်ဖိုးမဲ့စေတယ်ဆိုတာ သတိရကြပါ ။

    မြန်မာယောင်္ကျားလေးတွေအနေနဲ့လည်း ကိုယ့်ရည်းစားနဲ့ကိုယ် အတူဆက်ဆံတဲ့ ကိစ္စကို ၊
    ဗွီယိုဒီနဲ့ မှတ်တမ်းတင်တာဟာ ၊
    ကိုယ့်အဆင့်အတန်းနဲ့ ကိုယ့်ချစ်သူရဲ့ ဂုဏ်သိက္ခာကို ကိုယ်ကိုယ်တိုင် နင်းချေရုံသာမကပဲ ၊
    မြန်မာတစ်မျိုးသားလုံးရဲ့ သရဖူဖြစ်တဲ့ ယဉ်ကျေးမှု နဲ့ ဟီရိဩတပ္ပတရားကိုပါ နင်းချေ ဖျက်ဆီးပစ်လိုက်တာပါပဲ ။

    ကျွန်တော့်ကို အကူအညီတောင်းလို့ အလုပ်သွင်းပေးခဲ့ဖူးတဲ့ Living Together နှစ်ယောက်အကြောင်း အနည်းငယ်ပြောပြပါမယ် ။

    ကောင်မလေးက သိပ်လှတယ်….. ရန်ကုန် ကြို့ကုန်းကပါ ။
    သူ့အဖေက ရှေ့နေတစ်ယောက် ဖြစ်သလို မုဆိုးဖိုကြီးပေါ့ ။
    ညီအမနှစ်ယောက်ထဲ ရှိတာမှာ သူကအကြီး….. အဲဒီတော့ တိုတိုပြောရရင် မလေးကို ရှိတာလေး ထုခွဲရောင်းချပြီးလာတယ် ။
    တစ်နေ့လုပ်ခ ၁၈ ရင်းဂစ်နဲ့ မလုံလောက်တော့ စက်ရုံကနေ ထွက်ပြေးပြီး အိုဗာစတေးနဲ့ အပြင်မှာ အလုပ်ရှာလုပ်တယ် ။

    အဲဒီတော့ ဘာသာခြား မြန်မာနိူင်ငံသား တစ်ယောက်နဲ့ ငြိစွန်းတယ် ။
    သူ့ချစ်သူ ကောင်လေးက ကတိပေးတယ် ။
    သူ့ကိုယူရင် ကိုရင် ဝတ်ပြပါ့မယ် ၊ ဗုဒ္ဓဘာသာထဲ ဝင်ပါ့မယ်…. တဲ့…..။
    ကောင်မလေးက ယုံလိုက်တယ် …. နှစ်ယောက်ထဲသာ နားလည်တဲ့ Living Together နေကြတယ် ။

    မကြာပါဘူး ။
    ကိုရင် ဝတ်ဖို့မပြောနဲ့ ….. ကောင်မလေးကိုပါ သူတို့ဘာသာထဲ မဝင်လို့ဆိုပြီး နေ့စဉ်ပြဿနာရှာတယ် ၊ ရိုက်တယ် ။
    ကောင်မလေးကတော့ ဒူးနဲ့ မျက်ရည်သုတ်ပေါ့ ။

    အဲဒီတော့ သူတို့ ရန်ဖြစ်တိုင်း ကျွန်တော်က မြင်တွေ့နေရတယ် ။
    နောက်ဆုံး….. ကျနော် လူကြီးစိတ် မမွေးနိုင်တဲ့တစ်နေ့ ပြဿနာဖြစ်လာနိုင်တာမို့ ၊
    စိတ်မကောင်းစွာနဲ့ပဲ နှစ်ယောက်လုံးကို အလုပ်ကနေ ထွက်ခိုင်းလိုက်ပါတယ် ။

    ကောင်မလေးရဲ့ နောက်ဆက်တွဲ ပြဿနာတွေနဲ့ သူ့ဘဝအနေအထား ဘာတွေများ ဆက်ဖြစ်နေမလဲ ဆိုတာကိုတော့ ၊
    ကျွန်တော် မသိတော့ပါဘူး ။
    ဒီဘဝကို သူကိုယ်တိုင်ရွေးချယ်ပြီး သူပဲ စီရင်ခဲ့တာဖြစ်လို့ သူစိုက်ပျိုးခဲ့တဲ့အတိုင်း သူရိတ်သိမ်းနေလောက်ပါပြီ ။

    အချုပ်ပြောရရင်တော့ …..
    မြန်မာအမျိုးသမီးကောင်းလေးတွေ အနေနဲ့ ဘယ်လို ဘဝမျိုးပဲရောက်နေနေ ၊
    ဘယ်နေရာမှာပဲ ရောက်နေနေ ၊
    အမျိုးကိုစောင့်ရှောက်ပြီး ၊ မိန်းမတို့အိန္ဒြေ ရွှေပေးလို့မရ ဆိုတဲ့ မြန်မာမလေးတွေအဖြစ်ပဲ မြင်တွေ့ချင်ပါတယ် ။

    ညီမလေးတွေကို ထိရင် မချိအောင် နာတတ်တဲ့ မြန်မာနှလုံးသားတွေကို
    နင်တို့နဲ့ ဘာဆိုင်လို့လည်းဆိုတဲ့ စကားနဲ့တော့
    ရိုက်ချိုးမပစ်လိုက်ပါနဲ့ ညီမလေးတို့ရယ် ။

    ညီလင်းနိူင်

    • တောတွင်းပျော်

      February 15, 2013 at 2:57 pm

      အဘရေ..
      ကျနော်လည်း မလေးကပါ။
      မြင်ရ ကြားရ စိတ်မချမ်းသာရတာတွေလည်းအများကြီးပါ။
      နိုင်ငံခြားတိုင်းပြည်ရောက်မှာရယ်လို ့ မဟုတ်ဘူး၊ ဘယ်နေရာ၊ ဘယ်ဒေသ ရောက်ရောက်
      ကိုယ် ့ကိုကိုယ် တန်ဖိုးထားလေးစားတတ်တဲ ့ အမျိုးကောင်းလေးတွေဖြစ်စေချင်တယ်။
      ကျနော် မလေးရောက်စ ဟိုတုန်းက ဒါမျိုးတွေ မကြားဘူးခဲ ့၊ မရှိဘူးခဲ ့…
      ဒေသခံ မိတ်ဆွေတွေက ဒီလိုဒီလို မြန်မာမတွေ ဒီမှာရှိသလား မေးရင် တစ်ယောက်မှမရှိဘူးလို ့
      ရင်ကော ့ဖြေခဲ ့တာချည်းပဲ။
      အခုတော ့..
      အခုတော ့……
      သတင်းစာထဲမှာ….
      သတင်းစာတွေထဲမှာ….

    • kai

      February 15, 2013 at 4:14 pm

      ကယ်တင်ပါရစေ.. ကူညီပါရစေခင်ဗျ..
      ဖြောင်း.. ဗြွတ်.. :saut:

  • nozomi

    February 16, 2013 at 4:18 am

    ကမ္ဘာကျော် အမေရိကန်ကြက်ကြော်ဖြစ်တဲ့ KFC ဆိုင်ခွဲကို မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လာမယ့် ဧပြီလလောက် ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်နေတယ်လို့ ဆိုင်ပိုင်ရှင်က ပြောဆိုလိုက်ပါတယ်။
    ရန်ကုန်မြို့ ဒဂုံမြို့နယ်က နဝဒေးလမ်းမှာ ဖွင့်လှစ်မယ့် KFC ကြက်ကြော်ဆိုင်အတွက် ပြင်ဆင်မွမ်းမံမှုတွေကို ပြုလုပ်နေပြီး အတွင်းပိုင်းပြင်ဆင်မှုကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုင်ပိုင်ရှင်က ဆိုပါတယ်။ မလေးရှားနိုင်ငံက KFC ကြက်ကြော်ကုမ္ပဏီကနေ တိုက်ရိုက်ဆိုင်ခွဲဖွင့်မှာဖြစ်ပြီး ဆိုင်အတွက် လိုအပ်တဲ့ နည်းပညာနဲ့ သင်တန်းတွေ၊ ပစ္စည်းတွေကအစ မလေးရှားကနေ ပို့ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။

    Voice ကတွေ ့လို ့ ပါ
    ကိုနိုင်ကြီးရော ဘယ်တော့ပြန်လာမလဲမျှော်နေပါသည်

  • kai

    February 19, 2013 at 3:56 am

    မှတ်တမ်းကျန်ရစ်အောင် ကူးယူပါသည်။

    တည်ဆဲဥပဒေမှ နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်းအခန်းကဏ္ဍ

    အခန်း (၄) နိုင်ငံသားပြုခွင့်ရသူဖြစ်ခြင်း

    ၄၂။ ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့မတိုင်မီကာလတွင် နိုင်ငံတော်အတွင်း ရောက်ရှိနေထိုင်သူနှင့်
    ထိုသူတို့မှ နိုင်ငံတော်အတွင်း မွေးဖွားသည့် သားသမီးသည် ၁၉၄၈ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်မှု
    အက်ဥပဒေအရ လျှောက်ထားရန် ကျန်ရှိနေကြောင်း ခိုင်လုံသော အထောက်အထားများဖြင့် ဗဟိုအဖွဲ့သို့
    နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည်။

    ၄၃။ ဤဥပဒေအာဏာတည်သည့်နေ့မှစ၍ နိုင်ငံတော်အတွင်းဖြစ်စေ၊ နိုင်ငံတော်ပြင်ပဖြစ်စေ မွေးဖွားသည့်
    အောက်ပါသူတို့သည်လည်း နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားနိုင်သည် …
    (က) နိုင်ငံသားနှင့်နိုင်ငံခြားသား မိဘနှစ်ပါးမှ မွေးဖွားသူများ၊
    (ခ) ဧည့်နိုင်ငံသားနှင့် နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှမွေးဖွားသူများ၊
    (ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊
    (ဃ) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးမှ မွေးဖွားသူများ၊
    (င) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသားမိဘနှစ်ပါးမှ မွေးဖွားသူများ၊

    ၄၄။ နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားသူသည်အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည် —
    (က) ပုဒ်မ (၄၂) သို့မဟုတ် ပုဒ်မ (၄၃) ပါ ပြဋ္ဌာန်းချက်နှင့် ကိုက်ညီသူဖြစ်ခြင်း၊
    (ခ) အသက်တစ်ဆယ့်ရှစ်နှစ် ပြည့်ပြီးသူဖြစ်ခြင်း၊
    (ဂ) တိုင်းရင်းသား ဘာသာစကား တစ်မျိုးမျိုးကို ကောင်းမွန်စွာပြောတက်ခြင်း၊
    (ဃ) အကျင့်စာရိတ္တကောင်းမွန်ခြင်း၊
    (င) ရူးသွပ်သူမဟုတ်ခြင်း၊

    ၄၅။ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော
    ဤဥပဒေအာဏာတည်သည့်နေ့ မတိုင်မီက နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည်
    နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားလျှင်အောက်ပါအရည်အချင်းနှင့် ပြည့်စုံရမည် —
    (က) အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီးသူဖြစ်ခြင်း၊
    (ခ) အကျင့်စာရိတ္တကောင်းမွန်ခြင်း၊
    (ဂ) ရူးသွပ်သူမဟုတ်ခြင်း၊
    (ဃ) တစ်လင်တစ်မယားဖြစ်ခြင်း၊
    (င) တရားဝင်ဇနီး သို့မဟုတ် တရားဝင်ခင်ပွန်းအဖြစ် နိုင်ငံတော်အတွင်း အနည်းဆုံးသုံးနှစ်
    အဆက်မပြတ် နေထိုင်ခဲ့ခြင်း။

    ၄၆။ (က) နိုင်ငံသားပြုခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏
    သတ်မှတ်သည့် အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး နိုင်ငံတော်၏သစ္စာကိုခံယူကြောင်း၊
    နိုင်ငံတော်၏ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော တာဝန်နှင့်
    အခွင့်အရေးများကို သိရှိကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာ ပြုရမည်။
    (ခ) နိုင်ငံသားပြုခွင့်ရသူအဖြစ် ဗဟိုအဖွဲ့က သတ်မှတ်သော နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ်
    ကိုင်ဆောင်သူသည်ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်အဖွဲ့အစည်းရှေ့သို့
    ကိုယ်တိုင်လာရောက်ပြီး နိုင်ငံခြားသားအဖြစ်ကို စွန့်လွှတ်ကြောင်း၊ နိုင်ငံတော်၏သစ္စာကို
    ခံယူကြောင်း၊ နိုင်ငံတော်၏ဥပဒေများကို ရိုသေလိုက်နာမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသော
    တာဝန်နှင့် အခွင့်အရေးများကိုသိရှိကြောင်း စာဖြင့်ရေးသား၍ ကတိသစ္စာပြုရမည်။

    ၄၇။ နိုင်ငံသားပြုခွင့်လက်မှတ်တွင် လျှောက်လွှာ၌ဖော်ပြထားသော သားသမီး၏အမည်ကိုဗဟိုအဖွဲ့က
    ထည့်သွင်းနိုင်သည်၊ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူဖြစ်သည်။

    ၄၈။ ပုဒ်မ (၄၇) အရ အမည်ထည့်သွင်းပေးခြင်းခံရသော သားသမီးသည် အသက် တစ်ဆယ့်ရှစ်နှစ်
    ပြည့်ပြီးသူ ဖြစ်ပါက မိဘနှင့်အတူ ပုဒ်မ (၄၆) ပုဒ်မခွဲ (က) ပါအတိုင်း ကတိသစ္စာပြုရမည်။

    ၄၉။ (က) ပုဒ်မ (၄၇) အရ အမည်ထည်သွင်းပေးခြင်း ခံရသော သားသမီးသည် အသက်တစ်ဆယ့်ရှစ်နှစ်
    မပြည့်သေးပါက အသက်ပြည့်သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏
    သတ်မှတ်သည့် အဖွဲ့အစည်းရှေ့သို့ ကိုယ်တိုင်လာရောက်ပြီး ပုဒ်မ (၄၆) ပုဒ်မခွဲ (က) ပါအတိုင်း
    ကတိသစ္စာပြုရမည်။
    (ခ) ပုဒ်မခွဲ (က) ပါအတိုင်း လိုက်နာရန်ပျက်ကွက်သူသည် ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်
    အဖွဲ့အစည်းသို့ တစ်နှစ်လျှင် ကျပ်ငါးဆယ်ကျစီ ဒဏ်ငွေကို ပေးဆောင်စေရမည်။

    ၅၀။ တစ်နှစ်အတွင်း ကတိသစ္စာမပြုနိုင်ပါက ခိုင်လုံသောအကြောင်းပြ၍ ပြည်ထဲရေးဝန်ကြီးဌာန၏
    သတ်မှတ်သည့် အဖွဲ့အစည်းများမှတဆင့် ဗဟိုအဖွဲ့သို့ လျှောက်ထားရမည်။ခိုင်လုံသော
    အကြောင်းမရှိပဲ အသက်နှစ်ဆယ့်နှစ်နှစ် ပြည့်သည့်နေ့မှကျော်လွန်လျှင် နိုင်ငံသားပြုခွင့်ရသူအဖြစ်
    ဆုံးရှုံးသည်။

    ၅၁၊ (က) နိုင်ငံသားပြုခွင့်ရသူ မိဘနှစ်ပါးလုံးသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူ၏
    နိုင်ငံသားပြုခွင့်လက်မှတ်တွင် ပါဝင်သော အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသည့် သားသမီးနှင့်
    အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြုရသေးသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူ
    အဖြစ်မှ ရပ်စဲသည်။
    (ခ) နိုင်ငံသားနှင့်နိုင်ငံခြားသားမိဘနှစ်ပါးအနက် နိုင်ငံသားအမိ သို့မဟုတ် အဖသည် နိုင်ငံသားအဖြစ်ကို
    ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်မှတ်တွင်ပါဝင်သည့် အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသော
    သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာမပြုရသေးသော သားသမီးသည် နိုင်ငံသား
    ပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
    (ဂ) ဧည့်နိုင်ငံသားနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် ဧည့်နိုင်ငံသား အမိ သို့မဟုတ် အဖသည်
    ဧည့်နိုင်ငံသားအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သော လက်မှတ်တွင်ပါဝင်သည့် အသက်
    တစ်ဆယ့်ရှစ်နှစ်မပြည့်သေးသော သားသမီးနှင့် အသက် တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာ
    မပြုရသေးသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။
    (ဃ) နိုင်ငံသားပြုခွင့်ရသူနှင့် နိုင်ငံခြားသား မိဘနှစ်ပါးအနက် နိုင်ငံသားပြုခွင့်ရသူ အမိ သို့မဟုတ်
    အဖသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်ကို ဆုံးရှုံးလျှင် ထိုသူကိုင်ဆောင်သောလက်မှတ်တွင် ပါဝင်သည့်
    အသက်တစ်ဆယ့်ရှစ်နှစ် မပြည့်သေးသော သားသမီးနှင့် အသက်တစ်ဆယ့်ရှစ်နှစ်ပြည့်ပြီး ကတိသစ္စာ
    မပြုရသေးသော သားသမီးသည် နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲသည်။

    ၅၂၊ နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသား သို့မဟုတ် နိုင်ငံသားပြုခွင့်ရသူနှင့် အိမ်ထောင်ကျခဲ့သော
    ဤဥပဒေအာဏာတည်သည့်နေ့ မတိုင်မီက နိုင်ငံခြားသားမှတ်ပုံတင်လက်မှတ် ကိုင်ဆောင်သူသည်
    နိုင်ငံသားပြုခွင့်ရရန် လျှောက်ထားပြီး နိုင်ငံသားပြုခွင့်မရမီ ယင်း၏ဇနီး သို့မဟုတ် ခင်ပွန်း
    သေဆုံးလျှင်ဖြစ်စေ၊ ကွာရှင်းလျှင်ဖြစ်စေ ထိုသူ၏နိုင်ငံသားပြုခွင့် လျှောက်ထားခြင်းသည်
    ပျက်ပြယ်သည်။

    ၅၃။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်—
    (က) နိုင်ငံတော်၏ ဥပဒေများကို ရိုသေလိုက်နာရမည်။
    (ခ) နိုင်ငံတော်၏ ဥပဒေပါ တာဝန်များကို ထမ်းဆောင်ရမည်။
    (ဂ) နိုင်ငံတော်ကောင်စီက အခါအားလျော်စွာ သတ်မှတ်သော အခွင့်အရေးများမှအပ နိုင်ငံတော်၏ ဥပဒေပါ
    နိုင်ငံသားအခွင့်အရေးများကို ခံစားခွင့်ရှိသည်။

    ၅၄။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကိုပါ ခံယူခွင့်မရှိစေရ။

    ၅၅။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်းနိုင်ငံသားပြုခွင့်ရသူ
    အဖြစ်ကို စွန့်လွှတ်ခွင့် မရှိစေရ။

    ၅၆။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်နို်င်ငံသား သို့မဟုတ် ဧည့်နို်င်ငံသားနှင့် အိမ်ထောင်ပြုကာမျှဖြင့်
    နိုင်ငံသား သို့မဟုတ် ဧည့်နိုင်ငံသားအဖြစ် အလိုအလျောက် မရှိစေရ။

    ၅၇။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်နို်င်ငံတော်မှ အပြီးအပိုင်ထွက်ခွာလျှင်ဖြစ်စေ။အခြားနိုင်ငံ၏ နိုင်ငံသား
    အဖြစ်ကိုခံယူလျှင် သို့မဟုတ် မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံကူးလက်မှတ် သို့မဟုတ်
    အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားပြု့ခွင့်ရသူအဖြစ်မှ ရပ်စဲသည်။

    ၅၈။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်အောက်ပါပြဋ္ဌာန်းချက်တစ်ရပ်ရပ်နှင့် ငြိစွန်းလျှင်
    နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ဗဟိုအဖွဲ့က ရုပ်သိမ်းနိုင်သည် —
    (က) နိုင်ငံတော်ပါဝင်နေသော စစ်မက်ကာလအတွင်းရန်သူနိုင်ငံများနှင့်ဖြစ်စေ၊ ရန်သူနိုင်ငံကို
    အထောက်အကူပြုသည့် နိုင်ငံများနှင့်ဖြစ်စေ၊ ထိုနိုင်ငံများ၏နိုင်ငံသားများ၊
    အဖွဲ့အစည်းများနှင့်ဖြစ်စေ ကုန်သွယ်ခြင်းသို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ်
    ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို အားပေးကူညီခြင်း။
    (ခ) နိုင်ငံတော်ကို ဆန့်ကျင်နေသည့် အဖွဲ့အစည်းနှင့်ဖြစ်စေ၊ ထိုအဖွဲ့အစည်း အဖွဲ့ဝင်နှင့်ဖြစ်စေ
    ကုန်သွယ်ခြင်း၊ သို့မဟုတ် ဆက်သွယ်ခြင်း သို့မဟုတ် ထိုသို့ပြုလုပ်ခြင်း တစ်ရပ်ရပ်ကို
    အားပေးကူညီခြင်း။
    (ဂ) နိုင်ငံတော်၏ အချုပ်အချာအာဏာနှင့် နိုင်ငံတော်၏ လုံခြုံရေးကိုဖြစ်စေ၊ အများပြည်သူတို့၏
    အေးချမ်းသာယာရေးကိုဖြစ်စေ ထိပါးစေမည့်အန္တရာယ်တစ်ခုခုကို ပြုလုပ်နေသည်၊
    ပြုလုပ်တော့မည်ဟု ယုံကြည်လောက်သောအကြောင်းရှိခြင်း။
    (ဃ) နိုင်ငံတော်ကို အကြည်ညိုမဲ့ကြောင်း သို့မဟုတ် သစ္စာမဲ့ကြောင်းကို ကိုယ်အမူအရာ ဖြင့်ဖြစ်စေ၊
    နုတ်အမူအရာဖြင့်ဖြစ်စေ၊ အခြားနည်းဖြင့်ဖြစ်စေ ပြသခြင်း။
    (င) နိုင်ငံတော်၏ လျှို့ဝှက်ကိစ္စတစ်ရပ်ရပ်ကို သူတစ်ဦးကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ခုခုကိုဖြစ်စေ၊
    အခြားနိုင်ငံတစ်နိုင်ငံကိုဖြစ်စေ၊ အခြားနိုင်ငံများကိုဖြစ်စေ သတင်းပေးခြင်း၊ ထိုသို့ပြုလုပ်ခြင်းကို
    အားပေးကူညီခြင်း။
    (စ) အကျင့်စာရိတ္တပျက်ပြားခြင်းနှင့်စပ်လျဉ်းသည့် ပြစ်မှုတစ်ခုခုကို ကျူးလွန်သောကြောင့်
    အနည်းဆုံး ထောင်ဒဏ် တစ်နှစ် သို့မဟုတ် အနည်းဆုံး ငွေဒဏ်ကျပ် တစ်ထောင်
    အပြစ်ပေးခံရခြင်း။

    ၅၉။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်မဟုတ်မှန်ဖော်ပြခြင်း သို့မဟုတ် ဖုံးကွယ်ခြင်းဖြင့် နိုင်ငံသားပြုခွင့်ရသူ
    အဖြစ်ကို ရရှိပါက နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ် တစ်ဆယ်နှစ်နှင့်
    ငွေဒဏ် ကျပ်ငါးသောင်းကိုလည်း ကျခံစေရမည်။

    ၆၀။ နိုင်ငံသားပြုခွင့်ရသူတစ်ဦးသည်မသမာသောနည်းလမ်းဖြင့် နိုင်ငံသားလက်မှတ် သို့မဟုတ်
    ဧည့်နိုင်ငံသားလက်မှတ် သို့မဟုတ် နိုင်ငံသားပြုခွင့်လက်မှတ်ကို သူတစ်ဦးရရှိရန်အားပေးကူညီလျှင်
    နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရုပ်သိမ်းခြင်းခံရမည့်အပြင် ထောင်ဒဏ်ခုနစ်နှစ်နှင့် ငွေဒဏ်
    ကျပ်တစ်သောင်းကိုလည်း ကျခံစေရမည်။

    ၆၁။ နိုင်ငံသားအဖြစ်ရသူတစ်ဦးသည် ပုဒ်မ (၅၉)။ ပုဒ်မ ၆၀။ အရ သူတစ်ဦးကျူးလွန်သော အမှုကိစ္စကို
    ကိုယ်တိုင်သိရှိလျှင်ဖြစ်စေ၊ ကိုယ်တိုင်ပါဝင်ကူညီ ဆောင်ရွက်ခဲ့လျှင်ဖြစ်စေ ဤဥပဒေအာဏာတည်သည့်
    နေ့မှစ၍ တစ်နှစ်အတွင်း သို့မဟုတ် ကျူးလွန်ခဲ့သည့်နေ့မှစ၍ တစ်နှစ်အတွင်း ပြည်ထဲရေးဝန်ကြီးဌာန၏
    သတ်မှတ်ထားသော အဖွဲ့အစည်းများ၌ဖော်ထုတ်ဝန်ခံပါက ဤအမှုကိစ္စနှင့်စပ်လျဉ်းသော ပြစ်မှုပြစ်ဒဏ်မှ
    လွတ်ငြိမ်းခွင့်ရရှိစေရမည်။

    ၆၂။ (က) နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူ၏နိုင်ငံသားပြုခွင့်လက်မှတ်ကို
    ပယ်ဖျက်ထားသောလက်မှတ်ကို ကိုင်ဆောင်သူသည်ပြည်ထဲရေးဝန်ကြီးဌာန၏ သတ်မှတ်သည့်
    နည်းလမ်းနှင့်အညီ ပြန်လည်အပ်နှံရမည်။
    (ခ) ပယ်ဖျက်ထားသော နိုင်ငံသားပြုခွင့်လက်မှတ်ကို ပြန်လည်အပ်နှံရန်ပျက်ကွက်လျှင်ဖြစ်စေ၊
    ဆက်လက် အသုံးပြုလျှင်ဖြစ်စေ၊ သူတစ်ဦးအား မသမာသောနည်းလမ်းဖြင့် လွှဲပြောင်းပေးအပ်လျှင်
    ဖြစ်စေ ထောင်ဒဏ် တစ်ဆယ်နှစ်နှင့်ငွေဒဏ် ကျပ်နှစ်သောင်းကို ကျခံစေရမည်။
    (ဂ) မည်သူမဆို ပယ်ဖျက်ထားသော နိုင်ငံသားပြုခွင့်လက်မှတ်ကိုဖြစ်စေ၊ သေဆုံးသူ နိုင်ငံသားပြုခွင့်
    ရသူ၏ လက်မှတ်ကိုဖြစ်စေ ကိုင်ဆောင်အသုံးပြုလျှင် ထောင်ဒဏ်တစ်ဆယ်နှစ်နှင့် ငွေဒဏ်
    ကျပ်နှစ်သောင်းကို ကျခံစေရမည်။

    ၆၃။ မည်သူမဆို နိုင်ငံသားပြုခွင့်လက်မှတ်အတု ပြုလုပ်လျှင်ဖြစ်စေ၊ ထိုသို့ပြုလုပ်ရန် အားပေးကူညီလျှင်
    ဖြစ်စေ ထောင်ဒဏ် တစ်ဆယ့်ငါးနှစ်နှင့် ငွေဒဏ် ကျပ်ငါးသောင်းကို ကျခံစေရမည်။

    ၆၄။ နိုင်ငံသားပြုခွင့်ရသူအဖြစ်မှ ရပ်စဲခံရသူ သို့မဟုတ် ရုပ်သိမ်းခံရသူသည် နိုင်ငံသားပြုခွင့်ရသူ
    အဖြစ်ကို ပြန်လည်လျှောက်ထားခွင့် မရှိစေရ။

  • ဦးကြောင်ကြီး

    February 26, 2013 at 10:34 am

    အရင့်ယောင်မှတ်တမ်းကို စတစ်ကီပိုစ်လုပ်ဖို့ မေ့နေသလား သဂျီး…..
    မိုးသီးဇွန်မုန်းသူများ ဖတ်ပြီး စားမဝင်အိပ်မပျော် ဖြစ်စေလိုတဲ့ စေတနာနဲ့ပါ :harr:
    ကိုမိုးသီးဘလော့ဂ်မှ……. ကူးယူသည်။

    Monday, 25 February 2013
    ကိုုမိုုးသီးဇွန် နှင့် မော်နီတာ ဂျာနယ် အင်တာဗျုူး
    မိုုးသီးဇွန် နှင့်အင်တာဗျူး
    စစ်နဲ့ ငြိမ်းချမ်းရေး ဆိုုင်ရာ မေးခွန်းများ

    ဝေမှူး- ကိုုမိုုးသီး ဘယ်တော့လောက်ပြန်လာဦးမလဲ။ ၂၀၁၂ စက်တင်ဘာလာတုုံးက ကိုုမိုုးသီးတိုု ့နဲ ့ အစိုုးရဝန်ကြီးတွေ ဆွေးနွေးမှုတွေက အဆင်ပြေလား။

    မိုုးသီး- ကျနော်ကိုု ဗီဇာထုုတ်ပေးမယ်ဆိုုတာနဲ့ ပြန်လာဖိုု ့အဆင်သင့်ပါပဲ။ ကိုုလှမောင်ရွှေကို
    ကျနော်တိုု ့ဆက်သွယ်တယ်။ နောက်တချိန် မြန်မာပြည်လာဖိုု ့ ဗီဇာကိစပါ။ သူတိုု ့ဖက်ကအကြောင်းမပြန်ဘူး။ ကျနော်တုို ့ပြောနေတာဆိုုနောတာ၊ရေးနေတာတွေကိုု မကြိုက်တဲ့သဘောထားရှိတယ်လိုု ့ဆုိုပါတယ်။ အစိုုးရကြားချင်နေတာတွေကိုု ပဲကျနော်တိုု ့ပြောနေရင် ရေးနေရင် အစိုုးရကိုု ကူညီရာမရောက်တော့ပဲ ဖျက်ဆီးသလိုုဖြစ်နေမှာပေါ့။ သူတိုု ့ကြားခြင်နေတာတွေကိုု နစ်ပေါင်း ၅ဝ ကြားခဲ့ပြီးပြီ၊ နိဂုုံးချုပ်ကိုုလဲတွေ ့ခဲ့ပြီပြီ။ ဒီတခါတော့ အစိုုးရအနေနဲ ့ မကြားချင်တာတွေကိုုနားထောင်နိင်စွမ်း၊ သဘောထားကွဲလွဲမှုတွေကိုု လက်ခံနိင်စွမ်းကိုု လက်တွေ ပြရမဲ့အချိန်ဖြစ်လာပြီ။

    ဒီမိုုကရေစီဆိုုတာ အစိုုးရကိုုလွတ်လပ်စွာဝေဖန် ခွင့်ရှိရမယ်လေ။ အခုုဆိုုရင်တချို့ဂျာနယ် တွေထဲမှာလဲဝေဖန်နေကြတာပဲ။ တချိုု ့ဂျာနယ်တွေမှာ အစိုုးရကိုုဝေဖန်မှုတွေနဲ ့ ကျနော်တိုု ့ပြောတဲ့အချက်တွေနဲ့အတူတူပဲ။ ကျနော်တိုု ့ဝေဖန်တော့ကျနော်တိုု ့ကိုု အမြက်သိုုလိုု ့မရဘူးလေ။ အခုုဆိုုရင် အမျိုးသားဒီမိုုကရေစီအဖွဲ ့ချုပ်၊ ၈၈မျိုးဆက်တွေအစိုုးရနဲ့နားလည်မှုရှိနေကြပြီ၊ ကောင်းပါတယ်။
    ကျနော်တုို ့ကတော့အစိုုးရလုုပ်ရပ်တွေနား မလည်နိင်သေးဘူး။ ဝေဖန်နေဦးမယ်။
    ကျနော်တုု ိ့အတိုုက်ခံလုုပ်လိုု ့မရဘူးလား။ ဒီမိုုကရေစီနိင်ငံတခုုမှာ အစိုုးရကိုုထောက်ခံတဲ့သူရှိတယ်။ ဝေဖန် တဲ့သူ ကန် ့ကွက်တဲ့သူလဲရှိရမယ်လေ။

    ကျနော်တုို ့နဲ့အစိုုးရဝန်ကြီးတွေ ပထမအကြိမ် ဆွေးနွေးမှုတွေက ဘာတခုုမှာ သဘောတူညီ ထားမှုမရှိသေးပါဘူး။ ဦးအောင်မင်းတိုု ့အနေနဲ့ သတိပြုသင့် တာကရှေ ့ကနေ တဖွဲ ့ပြီးတဖွ ဲ တယောက်ပြီးတယောက်နဲ့ဆွေးနွေးမှုတွေသလုုပ်နေတာ နောက်ဖက်က ဆက်ပြီးအကောင်ထည်ဖေါ်နိင်တာမရှိသေးဘူး။ ခုုနက ကျနော်ပြောသလိုုပေါ့သူတိုု ့မှလူမရှိတော့တဲ့ပြသနာကြီးကြုံနေတာ ကျနော်တိုု ့တွေ ့နေရတယ်။ အခုု ကျနော်တိုု ့နဲ့ပြောတယ်။ ကျနော်တုို ့ပြန်လာပြီး ဖွင့်ဖြိုးရေးတွေလုုပ်မဲ့ကိစ္စ ဆက်လိုု ့မရဘူး ဖြစ်နေတယ်။ ကျနော်တိုု ့ကိုု ဆွေးနွေးဖိုု ့လာပါ၊ ပြောင်းလဲနေတာ လာကြည့်ပါလိုု ့ပြောတယ်။ ကျနော်တိုု ့ မြင်တာတွေပြောခွင့်ပြုပါလိုု ့ကျနော်ဒီတချက်ကိုု တောင်းဆိုုတယ်။ ကျနော်တုို ့မြင်တာတွေပြောတယ်။ နောက်- ကျနော့်ကိုု လူသတ်မှု အစိုုးရတရားရုုံးတခုုကအမှုဖွင့်လိုုက်တယ်။ ဒီတော့ ကျနော်တိုု ့ က ဘယ်လိုုသဘောထားရတော့မလဲ။ ရှေ ့က ငြိမ်းချမ်းရေးလုုပ်တယ်။ နားလည်မှုတွေလုုပ်တယ်။ နောက်က နေ ဓါးနဲ့ ထောက်ထားသလိုုဖြစ်မနေဘူးလား။ ကျနော်တုို ့လုုပ်မဲ့အလုုပ်တွေတန် ့သွားတယ်။ ကျနော်တိုု ့တန် ့သွားတော့သူတိုု ့လဲတန် ့မှာပဲ။
    အခုုလဲကချင်တွေ၊ကရင်တွေနဲ့အပြစ်ခတ်ရပ်နေတယ်။ ဒီအဖွဲ ့တွေကိုုရော ဘာတွေနဲ ့ကန် ့ထားဦးမလဲဆိုုတာလူတိုုင်းက စဉ်းစားလာတာပေါ့။

    ဝေမှူး- တကယ်လိုု ့ပြန်လာဖြစ်ရင် အကိုု ဘာကိုု အလုုပ်ချင်ဆုုံးလဲ။

    မိုုးသီး- တိုုင်းပြည် ပြန်လည်တည်ဆောက်ရေးတွေကိုုလုုပ်ခြင်တယ်။ နိင်ငံရေးအရ အတိုုက်ခံလုုပ်ခြင်တယ်။ ဦးသိန်းစိန်ရဲ ့ အများစုုပါတီကိုုရော ၊ ဒေါ်စုုရဲ ့အနည်းစုုပါတီကိုုပါ
    ကျနော်တိုု ့ ဝေဖန်သင့်တာတွေဝေဖန်ခြင်ပါတယ်။ သူတိုု ့ကိုုလဲ ပိုုပြီးသတိထားနိင်တာပေါ့။
    ဝေဖန်တဲ့အတွက်ကျနော်တိုု ့ကိုု မုုန်းမှာပါ။ ဒါကိုု ကျနော်တိုု ့ခံပါမယ်။
    ဒီမိုုကရေစီမှာ အတိုုက်ခံ တွေလုိုတယ်လေ။

    ပြည်သူလူထုုတွေအတွက် တော့ သောက်သုုံးရေရရှိနိင်ရေးအတွက် လုုပ်ခြင်တယ်။
    ကျနော်တိုု ့အမိမြေငြိမ်းချမ်းရေးအဖွဲ ့ဝင်တွေထဲမှာလဲ သူတိုု ့နိင်တဲ့တာဝန်တွေကိုု သူတိုု ့ပြန်လုုပ်ပေးချင်တဲ့သူတွေရှိတယ်။ ကျမ္မာရေး၊စီးပွားရေး၊လူမှုရေးလုုပ်ငန်းတွေပေါ့။
    ကျနော်တိုု ့အဖွဲ ့ဝင်တွေထဲက ကိုုထွန်းအောင်ကျော်က လူမှုရေးအသင်းအပင်းတွေကိုုဘယ်လိုု တည်ထောင်ရတယ် ဆိုုတာတွေကိုု ပြန်လည်သင်တန်းတွေလုုပ်ပေးချင်တယ်။
    ကိုုမူးသာက Food နဲ ့ပတ်သက်တဲ့သင်တန်း။ ကိုုကိုုလေးက လဲ ဓါတ်ပုုံသင်တန်းတွေပေးချင်တယ်။ အားလုုံးကတော့လက်ရှိနိင်ငံရေးအခင်းအကျင်းမှာ ပါဝင်ကူညီခြင်ကြတယ်။ သူတိုု ့ ဟာ ၂၄ နစ်လုုံး မြန်မာပြည်ဒီမိုုကရေစီရရှိရေးအတွက် မဆုုတ်မနစ်ကြိုးပန်းဆောင်ရွက်ခဲ့သူတွေဖြစ်တယ်။

    ဝေမှူး – နိင်ငံရေးပြောင်းလဲမှုတွေနဲ့ပတ်သက်လိုု ့အကိုုရဲ ့အမြင်တွေကိုု သိချင်တယ်။
    အခုု အစိုုးရနဲ ့ ကချင်အမျိုးသားအစည်းအရုုံး( KIO) တိုု ့ အပြစ်ခတ်ရပ်စဲရေးလုုပ်ဖိုု ့ ဦးအောင်မင်းနဲ ့ ကချင်ခေါင်းဆောင်တဦးဖြစ်တဲ့ ဂွမ်မော်တိုု ့ ရွှေလီမှာစတင်တွေ ့ဆုုံခဲ့ကြပါပြီ။
    ဒီအပေါ်မှာအလားအလာ ကိုု အကိုုဘယ်လိုုမြင်ပါသလဲ။

    မိုုးသီး- ကျနော်အမြင်ကတော့ စစ်ကိုုအမြန်ဆုုံးရပ်၊ ငြိမ်းချမ်းရေးလုုပ်တာ ကောင်းတယ် လိုု ့မြင်ပါတယ်။ ဦးအောင်မင်း၊ဦးစိုုးသိန်းတိုု ့နဲ ့ကျနော်တိုု ့တွေ ့ဆုုံဆွေးနွေးစဉ်ကလဲ
    စစ်ကိုု အမြန်ဆုုံးရပ်ဆိုုင်းပြစ်ဖုို ့ ငြိမ်းချမ်းရေးလုုပ်ဖိုု ့ တိုုက်တွန်းခဲ့ပါတယ်။
    မြန်မာ ပြည်ဟာပြည်တွင်း စစ်သက်စိုုးအရှည်ဆုုံး၊ ပတိပက္ခတွေကအများဆုုံးနိင်ငံဖြစ်ပါတယ်။
    စစ်ကြောင့် တိုုင်းပြည် စီးပွားရေး၊လူမှုရေး၊ ပညာရေး၊ တိုုင်းပြည်တည်ဆောက်ရေးတွေ ဘယ်လောက်ဆုုံးရှုံးမယ်၊အချိန်၊ လူသားအရင်းမြစ်၊ စွမ်းအင် စတာတွေ ကုုန်ခန်းစေတယ်ဆိုုတာ ကျနော်အထူးရှင်းပြစရာမလိုုတော့ပါဘူး။ မိသားစုုတိုုင်းခံစားနေကြရပါပြီ။
    ဒီအတွက် ကချင်နဲ ့ အပြစ်ရပ်ပြီး နှစ်ဖက် စကားပြောကြတာကောင်းပါတယ်။ ပြောလိုု်က်-တိုုက်လိုုက်မဖြစ်ဖိုု ့လဲလိုုပါတယ်။

    ဝေမှူး- အစိုုးရက ဘာကြောင့်ကချင်ကိုုတိုုက်နေတာလဲ။ ကချင်ကရော ဘာကိုုလိုုချင်သလဲ။

    မိုုးသီး – ဒီအမေးကိုု ပေါင်းချုပ်ပြီးပြေရမယ်ဆိုုရင် ၊ အစိုုးရကချင်ဒေသကိုုထိမ်းချုပ်ဖိုု ့ဆိုုတာက
    နိင်ငံရေး၊ စီးပွားရေးရည်မှန်ချက်ရှိနေတာ လူတိုုင်းသိနေတာပဲ။ ကချင်ဒေသက အရင်းအမြစ်တွေ ကိုု လူတစုုက ကိုုယ်ကျိုးအတွက်အသုုံးပြုချင်နေကြတာပါ။
    အစိုုးရအဆက်ဆက်မှာ တိုုင်းရင်းသားဒေသတွေဆီက အရင်းမြစ်တွေကိုုလိုုခြင်တယ်။ ခေါင်းပုုံဖြတ်တယ်။ ဒီဒေသတွေဖွင့်ဖြိုးမှုကြတော့ ဘာတခုုမှ ထိထိရောက်မလုုပ်ပေးခဲ့ကြဘူး။
    ဒီနေ ့တိုုင်းရင်းသားဒေသတွေကိုုကြည့်ရင် သမိုုင်းဦးဘုုံမြေခေတ် အဆင့် Primitive Stage မှာပဲရှိနေသေးတယ်။ စိုုက်ပျိုးရမယ်။ အမဲလိုုက်ရမယ်။ လောင်စာအတွက် ထင်းခွေရမယ်ဆိုုတဲ့အဆင့်ပေါ့။
    တိုုင်းရင်းသားတွေဟာ ခေတ်သစ်ကမ္ဘာကြီးရ ဲ့ ဟိုုချောင် ကိုုရောက်နေကြရတယ်။
    အလွယ်ဆုုံးပြောရင် ဒီနေ ့ကမ္ဘာကြီးဟာတလုုံးထဲမဟုုတ်တော့ဘူး နှစ်လုုံးဖြစ်နေပြီ။
    တလုုံးက မီးလာတဲ့ကမ္ဘာကြီး ၊ မီးမလာတဲ့ကမ္ဘာကြီး။
    မီးလာတဲ့ကမ္ဘာကြီမှာ ဆူပါမကက်ရှိတယ်။ နိင်ငံတကာ ကျောင်း (International School) ရှိတယ်။ ကျန်းမာရေးလေ့ကျင့်ခန်းလုုပ်နိင်တဲ့နေရာရှိတယ်။ အနှိပ်ခန်းရှိတယ်။ အင်တာနက်ရှိတယ်။

    မီးမလာတဲ့ကမ္ဘာကြီးထဲမှာ တိုုင်းရင်းသားတွေ နေထိုုင်နေရတယ်။ သူတုို ့မှာဘာမှမရှိဘူး။
    ဒါကြောင့်သူတိုု ့ဘာလိုုချင်သလဲ ဆိုုရင် မီးလာခြင်တယ်။ ကျောင်းတွေဖွင့်ခြင်တယ်။ စက်ရုုံတွေအလုုပ်ရုုံတွေဖွင် ့ချင်တယ်။ လမ်းတွေဖေါက်တံတားတွေဆောက်ခြင်တယ်။
    ဖွင့်ဖြိုးရေးတွေလုိုခြင်တယ်။

    ဒါတွေက အစိုုးရအဆက်ဆက် က ဖွင့်ဖြိုးရေးတွေ လုုပ်ပေးမယ်ဆိုု ကတိကဝတ်တွေပြုကြတယ်။ အနော်ရထာမင်းကလဲ သူလုုပ်ပေးမယ်ပြောတယ်။ ဖြစ်မလာဘူး။ ဘုုရင်နောင် ၊အလောင်းဘုုရားတိုု ့ကလဲ သူလုုပ်ပေးမယ်ပြောတယ်။ ဖြစ်မလာဘူး။ ဦးနုု၊ဦးနေဝင်း၊ ဦးသန်းရွေ ခေတ် မှာလဲ ဖြစ်မလာဘူး။

    ဒီနေ ့အထိ ဘာတခုုမှာ ဖြစ်မလာဘူး။ တိုုင်းရင်းသားတွေဟာ
    ပြည်ထောင်စုုနေနီးလာရင် ပြက္ခဒိန် ထဲမှာ ဗမာ စုုံတွဲကိုု အလယ်ကထားပြီး ကျောက်တိုုင် ကိုုဝိုုင်းပြီး ဓါတ်ပုုံအရိုုက်ခံရတာကလွဲလိုု ဘာမှ ရမလာကြသေးဘူး။

    တိုုင်းရင်းသားဒေသတွေကိုု နိင်ငံရေးခေါင်းဆောင်တွေသွားကြတယ်။ တိုုင်းရင်းသားဝတ်စုုံဝတ်ပြီး ဓါတ်ပုုံရိုု်က်ပြီး ပြန်လာကြတယ်။
    ဘာမှဖြစ်မလာဘူး။ ဒီတော့ ဝါဒဖြန် ့ချီမှုတွေရပ်ဖိုု ့အချိန်တန် နေပြီ။
    တိုုင်းရင်းသားဒေသတွေလိုုခြင်နေတဲ့ မီးလာနေတဲ့ကမ္ဘာကြီးကိုု ကျနော်တိုု့ကပေးချင်တယ်ဆိုုရင် အကောင်းဆုုံးကတော့ တိုုင်းရင်းသားတွေကိုု သူတိုု ့ပြည်နယ်ကိုု သူတိုု ့ စီမံခန် ့ခွဲခွင့် ပေးဖိုု ့ပါပဲ။
    ကျနော်တိုု ့ကိုုယ်တိုုင်သွားရောက်လုုပ်ပေးလိုုက်မယ်ဆိုုတဲ့စေတနာထက်စာရင်သူတိုု ့ကိုယ်တိုုင်သူတိုု ့ပြည်နည်းကိုု အုုပ်ချုပ်ပါစေ။
    တိုုင်းရင်းသားဒေသတွေ ့မှာ ပါတီစုုံရွေးကောက်ပွဲတွေ လုုပ်ခွင့်ပေးပါ။ သူတိုု ့ပြည်နယ်အစိုုးရကိုု သူတိုု ့ရွေးကောက်ဖွဲ ့ခွင့်အုုပ်ချုုပ်ခွင့်ပြုဖိုု ့ပါ။

    ဝေမှူး- တခုုဒီမှာကြားနေတာက အစိုုးရက ထိုုးစစ်ကိုုရပ်ဖိုု ့ညွန်ကြားတယ်။ စစ်တပ်က မရပ်တာလိုု ့ဆိုုတယ်။ ဒါကိုု ဘာပြောချင်သလဲ။

    မိုုးသီး- စစ်တပ်ဆိုုတာ သမတရဲ ့အမိန် ့ကိုုနာခံရတာပဲ။ ဒီသမတအမိန် ့တော့မနာခံဘူး။
    ဟိုုသမတအမိန် ့မှာ နာခံမယ်လုုပ်လိုု ့မရဘူးလေ။ အမိန် ့မနာခံရင် အရေးယူရမယ်။
    ဦးစီးချုပ်က မနာခံရင်ဦးစီးချုပ်ကိုု ဖြုတ်၊ တိုုင်းမှုးက မနာခံရင် တိုုင်းမှုးကိုုဖြုတ်ပေါ့။
    သမတအနေနဲ ့ ကလဲ သူအမိန် ့ကိုု တပ်က နာခံတယ်။ မနာခံဘူးဆိုုတာလွှတ်တော်ကိုု တင်ပြသင့်တယ်။ လိုုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကိုု လုုပ်သင့်တယ်။ အင်ဒိုုနီးရှားမှာ
    အီဂျစ်မှာလုုပ်သလိုုပေါ့။ ဒီလိုုမလုုပ်ဘူးဆိုုရင် သမတ ကိုုပါ လူထုုနဲ့နိင်ငံတကာ က အယုုံအကြည်ရှိမှမဟုုတ်ဘူး။

    ဝေမှူး- အခုုဦးအောင်မင်း က တိုုင်းရင်းသားအဖွဲ ့တွေ နဲ ့လုိုက်လံဆွေးနွေးနေပါတယ် ။ အပြစ်ခတ်ရပ်စဲရေးတွေဖြစ်လာပါတယ်။ ဥပမာ ကရင်၊ ဒီကေဘီအေ နဲ ့ အပြစ်ရပ်လုုပ်လိုုက်နိင်ပြီ။ ကေအိုုင်အုိုနဲ ့လဲ အပြစ်ရပ်စဲဖိုု ့စကားစပြောနေပြီ ..ဒီအပေါ်မှာ ကိုုမိုုးသီး ဘယ်လိုု မြင်သလဲ ။

    အန်ကယ်ဦးအောင်မင်းက တိုုင်းရင်းသားအဖွဲ ့တွေနဲ ့ အပြစ်ရပ်စဲဖိုု ့ကြိုးပန်းနေတာကျနော်တုို ့တွေ ့နေရပါတယ်။ သူလဲ ငြိမ်းချမ်းရေးကိုု လုိုချင်တဲ့ဆန္ဒ နဲ ့ပတ်သက်လိုု ့ကျနော် အငြင်းပွားစရာမရှိဘူး။ ငြိမ်းချမ်းရေးကိုု လိုုလားတဲ့စေတနာမရှိဘူးလိုု ့ မပြောဘူး။ ဒါပေမဲ့ချဉ်းကပ်ပုုံက အရေးကြီးပါတယ်။

    တိုုင်းရင်းသားဒေသတွေဖွင့်ဖြိုးချင်တဲ့စေတာနာ၊ ငြိမ်းချမ်းလိုုချင်တဲ့စေတာနာကိုု အသိမှတ်ပြုတယ်။ ဒါပေမဲ့မြန်မာစကားမှာ စေတာနာနဲ့ကိုုယ်ကလုုပ်ပေမဲ့တဖက်သားမှာ ဝေဒနာဖြစ်စေတယ်ဆိုုတာရှိပါတယ်။
    ဒါကြောင့်မူတခုု နားလည်မှု ရှိဖိုု ့လိုုတယ်။ ဦးအောင်မင်း ကြိုးပန်းနေတာက အစိုုးရကချမှတ်ထားပြီးသား လမ်းကြောင်း Guide Line ပေါ်မှာလုုပ်နေတာပါ။
    ဒီလမ်းကြောင်းက ပထမ အဆင့် အားလုုံးအပြစ်ရပ်မယ်။ နားလည်မှုရတယ်ဆုိုရင်
    အားလုုံးပါဝင်တဲ့ ညီလာခံသဘောမျိုးနဲ ့ သဘောတူညီချက်ရေးထိုုးမယ်ဆိုုတဲ့သဘောမျိုးပေါ့။

    တိုုင်းရင်းသားတွေဖက်က စိုုးရိမ်တာက ဦးခင်ညွန် ့လက်ထက်ကလဲ အပြစ်ရပ်မယ်။ ဒေသဖွင့်ဖြိုးရေး ပူးပေါင်းလုုပ်မယ်။ နောင်တက်လာတဲ့အစိုုးရမှာနိင်ငံရေးစကားပြောကြပေါ့။ ဒီတော့ အမျိုုးသားညီလာခံ မှာ တိုုင်းရင်းသားတွေကလိုုလားချက်တွေကိုု ပြောကြ။ သဘောတူညီမှုတွေကိုု အခြေခံဥပဒေမှာပြဌာန်းမယ်။ ဒီလမ်းကြောင်းအတိုုင်း ကချင်အပါအဝင် တိုုင်းရင်းသားအတော်များများ လုိုက်ခဲ့ကြတယ်။ အခုု အရပ်သားအစိုုးရတောင်ဖွဲ ့စည်းပြီးသွားပြန်ပြီ တကယ့် ငြိမ်းချမ်းရေးနဲ ့ဖွင့်ဖြိုးမှုတွေကိုုမလုုပ်နိင်ပြန်ဘူးဖြစ်နေတယ်လေ။ လမ်းပိတ် ( Death End ) ဖြစ်သွားတယ်။

    ဒါကြောင့်တိုုင်းရင်းသားတွေနဲ ့ ယုုံကြည်နည်းလည်မှုတွေရနိင်ဖိုု ့က
    တိုုင်းရင်းသားဒေသတွေမှာ တပ်ချထားတာတွေကိုု ပြန်ဆုုတ်ပေးဖိုု ့
    တိုုင်းရင်းသား ဒေသ တွေမှာ နိင်ငံရေးလှုပ်ရှားမှုတွေကိုု စတင်လုုပ်ဆောင်ခွင့်၊ ဖွင့်ဖြိုးရေးတွေကိုု စတင်လုုပ်ဆောင်ခွင့်တွေကိုု အစိုုးရက လုုပ်ပေးသင့်တယ်။
    အခုု ပြည်မ မှာ နိင်ငံရေးပါတီတွေ စည်းရုုံးလှုပ်ရှားခွင့်တွေပေးလာသလိုုပေါ့။
    သူတိုု ့ ဒေသတွမှာ လဲ နိင်ငံရေးနဲ ့ ဖွင့်ဖြိုးရေးတွေကိုု လုုပ်ကိုုင်ဆောင်ရွက်ခွင့်တွေကိုု စတင်ပေးခြင်း၊လိုုက်လျောခြင်းတွေနဲ ့ ယုုံကြည်မှုတွေကိုု လုုပ်ပြဖိုု ့လိုုတယ်။

    ဝေမှူး – ငြိမ်းချမ်းရေးလုုပ်တဲ့အပိုုင်းမှာတချိုု ့ကလဲ ပြောနေကြတယ်ဗျ၊ ဥပမာ ကြံ့ခိုုင်ဖွင့်ဖြိုးရေးအမတ်တဦးဖြစ်တဲ့ ဦးလှရွှေ က လုိုအပ်လာရင် ခွန်အားသုုံး (Coercion) ပြီး တော့လဲ ငြိမ်းချမ်းရေးလုုပ်ရ တာပဲလိုု ့ဆိုုပါတယ်။ သူက အမေရိကန်နဲ့သိရိလင်္ကာနိင်ငံတွေကိုု ဥပမာပြထားတယ်။ ဒါနဲ့ပတ်သက်လိုု ့ ဘယ်လိုုမြင်ပါသလဲ။

    မိုုးသီး – ဒါကတော့သဘောတရားရေးအပိုုင်းဖြစ်လာတာပေါ့လေ။
    အမေရိကန် က ဒုုတိယကမ္ဘာစစ်မှာ ဖက်ဆစ်ဂျာမဏီကိုု စစ်ရေးနည်းနဲ ့ အနိင်ယူခဲ့တယ်။ ခွန်အားသုုံးတဲ့နည်းနဲ့ငြိမ်းချမ်းရေးကိုုယူခဲ့တယ်။ ဖက်ဆစ်ဝါဒဟာ အမေရိကန် နိင်ငံရဲ ့ငြိမ်းချမ်းရေးန ဲ စံနှုန်းတွေကိုု ခြိမ်းခြောက်လာတယ်လိုု ့ယူဆလာတဲ့အတွက်
    သူဟာ ခွန်အားကိုုသုုံးခဲ့တယ်။ ဒီလိုုအောင်ပွဲခံတာကိုုလဲ လစ်ဘရယ်ဒီမိုုကရေစီက ဖက်ဆစ်ဝါဒအပေါ်မှာအနိင်ရခဲ့တယ်လိုု ့ဆိုုပါတယ်။
    ဒါကလဲအခြေအနေပေါ်မူတည်သွားပါတယ်။ အမေရိကန် ဟာ အောင်ပွဲခံနိင်တဲ့
    ကမ္ဘာ့နိင်ငံရေးအခြေအနေ၊ ပြည်တွင်း လူထုုထောက်ခံမှုနဲ ့စီးပွားရေးအနေထားတွေရှိနေပါတယ်။
    ဒီတော့ သူဟာ ငြိမ်းချမ်းရေးရဖိုု ့အတွက် စစ်ပွဲ ထဲကိုုပါဝင်လာခဲ့တယ်။ ပထမနဲ့ဒုုတိယကမ္ဘာစစ်ကိုုနိင်တယ်လိုု ့ ဆုုံးဖြတ်ထားတယ်။
    တခါ ဗီယက်နမ်စစ်ပွဲကိုုတော့ရှုံးတယ်လိုု ့ အမေရိကန် နိင်ငံရေးလောကမှာဆုုံးဖြတ်ထားပါတယ်။ ကိုုရီးယားစစ်ပွဲကိုု တော့ မပြီးသေးတဲ့စစ် ( Unfinished war ) လိုု ့ဆုုံးဖြတ်ထားတယ်။

    ဗီယက်နမ်စစ်မှာ ဆက်တိုုက်ရင် အကျဆုုံးများလာမယ်။ အကျိုးသက်ရောက်မှုတွေကြီးလာမယ်။ အကျိုးမရှိဖြစ်လာတယ်။ ၁၉၅၄ ခုုနစ်မှာ အမေရိကန် အိုုက်ဆင်ဟောင်ဝါသတိပေးတဲ့ ဒိုုမီနိသက်ရောက်မှု သီအိုုရီကိုု ခဏ ဘေးချိတ်လိုုက်ရတယ်။

    ဒါကိုုမြင်လာခဲ့အတွက် ၁၉ ၇၆ ခုုနစ် နစ်ဆင်လက်ထက်မှာ ကင်ဆင်ဂျာကိုု တရုုပ်ပြည်ကိုုလွတ်ပြီး ဗီယက်နမ်ကနေ ထွက်ဖိုု ့ စတင်ပြင်ဆင်ရတော့တယ်။
    ဗီယက်နမ်ကျသွားရင် ဒီဒေသမှာ ကွန်မြူနစ်ဝါဒကြီးဆိုုလာမယ်။ ဒေသအတွင်း အမေရိကန်ရဲ ့အကျိုးစီးတွေကိုုထိခိုုက်လာမယ်လိုု ့မြင်ခဲ့ကြတယ်။ ချကြည့်တယ်။ မရဘူး။
    အကောင်သေးတယ်ထင်လိုု ့မျိုမိတဲ့တဲ့သားကောင်ဟာ အဆိပ်ရှိတဲ့အကောင်ကိုုမျိုမိသလိုုဖြစ်သွားတယ်။ ဒီတော့ ပြန်ဆုုတ်ရတာပါပဲ။
    ဒီဒေသကနေ အမေရိကန် ဆုုတ်နိင်ဖိုု ့အတွက် တရုုပ်ကိုုကြိုတင်ဆွေးနွေးခဲ့ရတာပါ။

    သိရိင်္လကာ ကိုုလဲကြည့်ဦး။ သိရိလင်္ကာ၊ နာမည်လေးက လှသလောက် ပတိပက္ခကိုု ရဲ ့ရလဒ်က အရုုပ်ဆိုုးလှတယ်။ ၁၉ ၈၃ ခုုနစ်လောက်က စပြီးအထွတ်အထိပ်ရောက်လာတဲ့ သိရိလင်္ကာ ပြည်တွင်းစစ်မှာ နစ်ဖက်သေဆုုံးသူ တသိန်းလောက်သေသွားကြတယ်။
    သိရိလင်္ကာအစိုုးရရဲ ့ရက်စက်ကြမ်းကြုတ်မှုက နိင်ငံတကာ အော်ချသွားရလောက်အထိဖြစ်ခဲ့တယ်။ ကမ္ဘာကြီးက သိရိလင်္ကဆိုုတာယဉ်ကျေးသိမ်မွေ ့တဲ့နိင်ငံတခုုလိုု ့မြင်လုု ိ့မရအောင်ဖြစ်သွားတဲ့ပေးဆပ်မှုကိုုပေးလိုုက်ရတယ်။ သိရိလင်္ကာအစိုုးရဲ ့ပုုံရိပ်နဲ ့ ဦးသန်းရွှေလက်ထက်ပုုံရိတ် နစ်ခုုဟာ နိင်ငံတကာ မျက်နာစာမှာ တန်းတူရှိခဲ့တဲ့အချက်ကိုု မမေ ့သင့်ဘူး။ အကြမ်းဖက်မှု၊ ရက်စက်မှု၊ ညင်းပန်းနိပ်စက်မှုတွေနဲ ့ ရုုပ်ဆိုုးအကျဉ်းတန်ခဲ့တာကိုုခုုထိချေဖျက်နေရတုုံးဖြစ်တယ်။
    ငြိမ်းချမ်းရေးကိုု စစ်နဲ့ဖြေရှင်းမိခဲ့တာကိုုး။

    သိရိလင်္ကာစစ်ရေးနဲ့ အောင်မြင်တာကိုု အားမကျသင့်ဘူး။ သူတိုု ့အောင်မြင်ခဲ့တဲ့အချက်တွေထဲမှာ..

    ၁။ အမေရိကန် မှာ ၉/ ၁၁ ဖြစ်ရပ်နဲ ့တိုုက်ဆိုုင်သွားတယ်။ အစ္စလန်အခြေခံ လက်နက်ကိုုင်အဖွဲ ့စည်းတွေကိုု တမ္ဘာလုုံးက စိုုးရိမ်သွားတဲ့ကာလ မှာသိရိလင်္ကာ၊ အိနိ္ဒယ၊ တရုုတ်တိုု ့ ဆွမ်းကြီးလောင်းပွဲနဲ့ကြုံသွားကြတယ်။ သိရိလင်္ကာက တမဲလ်တိုုက်ဂါးတွေကိုုနိမ်နင်းတာ၊ အိနိ္ဒယက ကက်ရှမီးယား သူပုုန်တွေကိုု ချေမှုန်းနေတာ၊ တရုုပ်တိုု ့ရဲ ့ရှင်ကျန်း ဒေသ (တရုုတ်မွတ်စလင်ဒေသ) မှာလူအခွင့်အရေးချိုးဖေါက်နေတာတွေကိုု
    အမေရိကန်အပါအဝင် အနောက်အုုပ်စုုက နာစေးပေးလိုုက်တဲ့ ကာလ ဖြစ်ခဲ့တယ်။
    ဆိုုလိုုတာက ကမ္ဘာနိင်ငံရေးမိုုးသက်မုုန်တိုုင်း ဆင်လာတဲ့ကာလ မှာ သိရိလင်္ကာက အခွင့်ကောင်းယူပြီးအသုုံးချလိုုက်နိင်တယ်။ နိင်ငံရေးလှုပ်ရှားမှုဆိုုတာကလဲ ..

    ၂။ တမဲလ်တွေခြေကုုတ်ယူလှုပ်ရှားရမြေဟာ ကန် ့သတ်မြေပြင် ( Limited Terrain) ဖြစ်နေတယ်။ ဒီလိုုဒေသမျိုးမှာ စစ်ရေးလှုပ်ရှားတာဟာ ရေတိုုအတွက်ရောရေရှည်အတွက်ပါအန္တရယ်သိပ်များတယ်။ ဥပမာ ၁၉ ၇ဝ နှောင်းကာလက ဗမာပြည်ကွန်မြူနစ်ပါတီက မြစ်ဝကျွန်းပေါ်ကိုု မဟာဗျူဟာမြောက်စစ်ဆင်ဒေသအဖြစ်ရွေးချယ်ခဲ့သလိုုမျိုး၊ ၁၉ ၄၂ ခုုနစ် မှာ ဗြိတိသျတွေက
    စင်္ကပူကိုု အခိုုင်မာစစ်စခန်းဖွင့်ပြီး ဂျပန်ရဲ ့ထုိုးစစ်ကိုု ခုုခံနေရတဲ့အမှားမျိုး။ ဖေဖေါ်ဝါရီလ ၁၅ ရက် ၁၉ ၄၂နှစ် မှာ ဗြိတိသျ ဗိုုလ်ချုပ် အာသာပါစီဘဲလ် (Lt Gen. Arthur Percival) တပ် တသိန်း ၃ သောင်း ဟာ ဂျပန်ဗိုုလ်ချုပ် တိုုမိုုယူကီ၊ယာမာရှီတာ (Tomoyuki Yamashita ) ရှိတာ ထံမှာလက်နက်ချလိုုက်ရတယ်။ ဒါအင်္ဂလိပ်စစ်သမိုုင်းမှာအဆိုုးဆုုံးဖြစ်ရပ်။ ထိုုးစစ်အသွင်ဆောင်တဲ့ခံစစ်ကိုုမလုုပ်မိတာလိုု့ စစ်ပါရဂူတွေက သုုံးသပ်တယ်။ ဆိုုလိုုတာက ထိုုင်းတောင်ပိုုင်းကဖြတ်ဝင်လာတဲ့ ဂျပန်တပ်ကိုု ထိုုင်း- မလေးရှား အစပ်ကနေထွက်ပြီး စစ်ခံသင့်တာ။ မခံပဲ။ နောက်ဆုုတ်ပြီး အသေစစ်ခံခြင်းဖြင့် အင်္ဂလန်က စစ်ကူလာတဲအထိအချိန်ဆွဲထားနိင်တဲ့ခံစစ်ဗျုဟာမျိုးပေါ့။
    အင်္ဂလိပ်အတွက် Logistic သိပ်ဝေးနေတာတွေက စစ်ရှုံးစေတဲ့ အဓိကအချက်တွေပေါ့။
    တမဲလ်က ဒီထက်ကိုုပိုဆိုုးတယ်။ အင်အားနည်းရတဲ့အထဲမှာ သူစစ်ရေးလှုပ်ရှားနယ်မြေ Killinochchi က ကျဉ်းတယ်။ ဒီနယ်မြေက သိရိလင်္ကာရဲ ့ မြောက်ပိုုင်း အစွန်း။ သိရိလကာနိင်ငံတခုုလုုံးကိုုက ပင်လယ်ပတ်ပတ်လည်ဝိုုင်းရံနေတဲ့နိင်ငံ။ တမဲလ်ရဲ ့ကျားတွေရဲ ့နောက်ဖက်က ပင်လယ်ကြီးဖြစ်နေတယ်။ ဒီတော့ ပြောက်ကျားတပ်ဖွဲ ့တွက် ကံဆိုုးတာပေါ့။
    ၃။ နောက်တခုုက တမဲလ်တွေရဲ ့နိင်ငံရေး တောင်းဆိုုမှု၊ သူတိုု ့က သီးခြား နိင်ငံအဖြစ်တောင်းဆိုုတိုုက်ကြတော့ ပြည်တွင်းနဲ့ပြည်ပ ထောက်ခံမှု နည်းခဲ့တယ်။
    ဒီတော့လဲ တမဲလ်တိုုက်ဂါး တွေအတွက် ရောမခေတ်သမိုုင်းပညာရှင်ကြီး သီရုုဒုု ( Thuydides) ‘’ the strong do as they will and weak suffer what they must’’ ပြောခဲ့သလိုု ဖြစ်ခဲ့ရတာပေါ့။ သင်္ခန်းစာယူစရာတွေပေါ့-

    ဝေမှူး- ဆိုုတော့ ကချင်အခြေအနေက တမဲလ်နဲ ့မတူတာတွေက ဘာတွေများလဲ။

    မိုးသီး-ကချင်မှာကြတော့ တမဲလ်နဲ့မတူဘူး။ နိင်ငံရေးအရအသာစီးရနေတယ်။ တရုုပ်နိင်ငံ အတွက် ကချင်က ဘဝတသက် တာမိတ်ဆွေ (Life Long Partner )၊ ကချင်အရေးက အမေရိကန်နဲ့အနောက်အုုပ်စုုရဲ ့ (Moral Issue) ၊ အမေရိကန် သံရုုံးအသစ်ထဲ ဒုုတိယကမ္ဘာစစ်က အမေရိကန် ကိုုကူညီခဲ့တဲ့ကျေးဇူးကိုု မှတ်တမ်းတင်ဂုုဏ်ပြုတဲ့အနေနဲ ့ ဒုုတိယကမ္ဘာစစ်က အမေရိကန်စစ်သား နဲ ့ကချင်စစ်သားကြေးရုုပ်ထုု နှစ်ခုုကိုု သံရုုံးအဝမှာထားဂုုဏ်ပြုထားတယ်။ ဒါက You are always my hart ဆိုုတဲ့သဘော။ နောက်ပြည်တွင်းက လူထုုက ကချင်အပါအဝင်တိုုင်းရင်းသားတွေကိုု စာနာမှုရှိနေကြတယ်။ ကချင်ရဲ ့ မှန်ကန်တဲ့နိင်ငံရေးလမ်းကြောင်းက ခွဲမထွက်ဘူး။ ပြည်ထောင်စုု (ခ) ဖယ်ဒရေးရှင်းထဲမှာပါဝင်ဖိုု ့စိတ်အားထက်သန် တယ်။ စီးပွားရေးအခြေခံကောင်းနေတယ်။
    စစ်ရေးမှာတော့ အင်အားခြင်းကွာနေတယ်။ လိုုင်ဇာက်ိုု ကျမှာသိပ်စိုုးရိမ်ပြီး အသေခံရင်တော့ မနပုုလောလိုုဖြစ်သွားနိင်တယ်။ စင်္ကပူခံတပ်ကိုုအသေခံမိတဲ့ အာသာပရက်စဘဲလ်လိုုဖြစ်နိင်တယ်။ သူတိုု ့ရဲ ့ကျယ်ပြောတဲ့ နယ်မြေတွေကိုုစဉ်းစားထားရမယ်။ ဒါဆိုုရင် သူကိုု ပိတ်ထားလိုု ့မရဘူး။အဆိုုးဆုုံးအခြေအနေမှာအသက်ရှင်နိင်တယ်။ ကချင်စစ်သားတွေက တောင်ပေါ်တိုုက်ပွဲ (High latitude ) တိုုက်ပွဲအတွေ ့အကြုံများတယ်။
    မြန်မာ့တပ်မတော်အနေနဲ့ ဆက်တိုုက်ခြင်ရပါတယ်။ လိုုင်ဇာကိုုရကောင်းရနိင်ပါတယ်။ အကျိုးသက်ရောက်မှုတွေ များမယ်။ နိင်ငံရေး၊ စစ်ရေး ၊ စီးပွားရေးစတာတွေပေါ့။
    စစ်နိင်တိုုင်း နိင်ငံရေးရည်မှန်းချက်တွေ အောင်မြင်လေ့မရှိပါဘူး။ ဂန္ဒဝင် ဥပမာကတော့ ရောမမှာဖြစ်ခဲ့တဲ့စစ်ပွဲ။ အင်္ဂလိပ်နိင်ငံရဲ ့ဖြစ်ရပ်တွေဟာ သက်သေတွေဖြစ်ပါတယ်။ ခေတ်သစ်သမိုုင်း ပညာရှင်တွေ ဖြစ်တဲ့နေလ်ဖါဂူဆန် ကပထမကမ္ဘာစစ်ဟာအင်္ဂလိပ်အတွက်မဖြစ်သင့်ဘူး ရှောင်လိုု ့ရနိင်တဲ့နည်းလမ်းတွေရှာသင့်ကြောင်းထောက်ပြတယ်။ သူပြောတာအမှန်ပဲ။ ပထမက္ဘာစစ်ကထဲက အင်္ဂလပ်စီးပွားရေးဟာ Broke ဖြစ်သွားပြီ။
    ဘာကြောင့်လဲဆိုုတော့အင်္ဂလိပ်ဟာ ၁၉၁၄ ခုုနှစ်မှာ ပထမကမ္ဘာစစ်ကိုု ဖြစ်ခဲ့တယ်။ နိင်တယ်။ အမေရိကန်အကြွေးတွေအဆမတန်တင်သွားတယ်။ ပထမ ကမ္ဘာစစ်မှာ Western Font ဆိုုတဲ့ စစ်မျက်နှာပြင်မှာ မရှုနိင်မကယ်နိင်ဘဝကိုုရောက်နေတယ်။ အမေရိကန် ဝယ်မကယ်ရင် အင်္ဂလိပ်၊ ရုုရှား၊ပြင်သစ် ဟာ အထိနာပြီ။
    အမေရီကန်ကလဲ အင်္ဂလိပ်ကိုု အကြွေးတွေလှိမ့်ပေးထားတော့ အင်္ဂလိပ်သာပထမကမ္ဘာစစ်ထဲက ရှုံးသွားရင် အကြွေးရှုံးတော့အပေါက်ဖြစ်လာတယ်။ ဒီတော့အမေရိကန်ပါ စစ်ထဲဝင်တိုုက်ပေးလိုုက်ရတဲ့အထိဖြစ်လာတယ်။ ဒါကိုုအင်္ဂလိပ်က သခန်းစာမယူဘူး။
    ဒုုတ်ိယအကြိမ် ၁၉ ၄၂ ခုုနစ် ဒုုတိယကမ္ဘာစစ်ကိုု ဂျာမဏီနဲ ့ ထပ်ဖြစ်တယ်။ အမေရိကန်ဆီကအကြွေးတွေထပ်ယူရတယ်။ စစ်ကိုုနိင်ဖိုု ့အတွက် ကမ္ဘာချန်ပီယံဆိုုတဲ့ရွှေ ခါးပတ်ကြီးကိုု ပါ အမေရီကန် ဆီမှာပေါင်ပြီး စစ်တိုုက်ရသလိုုဖြစ်လာတယ်။ ပထမ ကမ္ဘာစစ်ရော၊ ဒုုတိယကမ္ဘာစစ်ပါနိင်လိုုက်သောငြားလဲ ခေတ်သစ် ကမ္ဘာကြီးမှာ ဆူပါပါဝါအဖြစ်နဲ့ မရပ်တည်နိင်တော့ပဲ ချန်ပီယံဘွဲ့ကိုု အမေရိကန်ကိုုပေးလိုုက်ရတယ်။ အင်္ဂလိပ်ဟာ ဒုုတိယတန်းစား နိင်ငံအဖြစ်နဲ ့ကျေနပ်လိုုက်ရပါတယ်။ ဒါဟာစစ်ကြောင့်ပါ။
    စစ်ပွဲတွေအပေါ်မှာအကျိုးမြတ်ရှိခဲ့တာတော့အမေရိကန်ပဲ ထုုတ်လုုပ်မှုတွေဖက်ကပြန်ရတယ်။ နိင်ငံက တခြားဘယ်နိင်ငံနဲ့မတူတဲ့အချက်က ကြီးမားကျယ်ပြန့်တယ်။ သူအိမ်နီးနားခြင်းတွေဖြစ်တဲ့ ကျူးဘား၊ ကနေဒါနဲ ့ မက်ဆီကိုုက သူကိုုမခြိမ်းခြောက်နိင်ကြဘူး။ကနေဒါနဲ ့မက်ဆီကိုုက သူရဲ့မဟာမိတ်တွေဖြစ်နေတယ်။ ကျူးဘားက စကားမပြောကြတဲ့အိမ်နီးနားခြင်းအဆင့်။
    ရောမ၊ အော်တိုုမန်၊ မွန်ဂိုု၊ ပါရှန်း၊ မဂိုု နဲ ့ဗြိတိသျ တိုု ့ဟာ စစ်ပွဲတွေကြောင့် သမိုုင်းအစမှာလျမ်းလျမ်းတောက်တက်လာကြပြီးစစ်ပွဲကြောင့်ပဲ ကျဆုုံးခဲ့ရတဲ့သမိုုင်းသင်္ခန်းစာတွေကိုု ကျနော်တုို ့ ကမ္ဘာသမိုုင်းမှာ လေ့လာတွေ ့ရှိခဲ့ပြီးပြီ။
    စစ်ပွဲတွေကြောင့် ကျဆုုံးသွားရတဲ့ အနော်ရထာ၊ ဘုုရင်နောင်၊အလောင်းဘုုရား ခေတ်မြန်မာနိင်ငံတော်တွေကျဆုုံးခဲ့တာတွေ၊ သူတိုု နဲ ့ခေတ်ပြိုင် မွန်နိင်ငံတော်၊ ရခိုုင်နိင်ငံတော် တွေလဲ အချင်းအချင်းဖြစ်လိုုက်၊ မြန်မာနဲ ့ဖြစ်လိုုက် အဆက်မပြတ်ဖြစ်လာတဲ့စစ်ပွဲတွေကြောင့် ပျက်သုုဉ်းခဲ့ရတဲ့အကြောင်း ကျနော်တိုု ့မြန်မာ့သမုိုင်းမှာအဆက်မပြတ်လေ့လာတွေ ့ရှိခဲ့ပြီးပြီ။
    ကျနော်တိုု ့လိုုနိင်ငံလေးတွေမပြောနဲ့ အမေရိကန်ဟာ အင်ပါယာဖြစ်နေပေမဲ့ စစ်ပွဲတွေကြောင့်အင်ပါယာတွေကျဆုုံးနိင်ကြောင်းကိုု သမိုုင်းပညာရှင်တွေဖြစ်တဲ့ အက်တဝပ်ဂစ်ပွန် ( Edward Gibbon) ၊ အာနိုုးတွိုင်ဘီ ( Arnold Tybee) တိုုလိုု ့ ဆရာကြီးတွေကနေ ခေတ်သစ်သမိုုင်းပညာရှင်တွေဖြစ်တဲ့ ပေါလ်ကနေဒီ (Paul Kennedy) တိုု ့ ၊နေလ်ဖါကူဆန် ( Nill Ferguson) တိုု ့ရဲ ့ အလေးအနက်ထောက်ပြထားချက်တွေဟာ ကျနော်တုို ့မြန်မာပြည်အတွက်လည်း သခန်းစာယူနိင်စရာတွေဖြစ်ပါတယ်။
    ဒီစစ်ပွဲကြီးတွေကိုု ဆင်နွဲ ရတဲ့အကြောင်း ရောမ အင်ပါယာကအစအင်္ဂလိပ်အဆုုံး အကြောင်းပြချက်ကောင်းကောင်းတွေရှိခဲ့ကြတယ်။ ဘာထရန်ရပ်ဆဲလ်ပြောဘူးသလိုုပေါ့ War Does not determine who is right –only who is left.
    စစ်ပွဲ ဆိုုတာအကြောင်းပြချက်ကောင်းနဲ့ စခဲ့ပေမဲ့ အဆုုံးသတ်မှာတော့ ရလဒ်ကောင်းခဲ့ကြပါဘူး။ ချစ်သူနစ်ဦး ခါးဖက်သွားတဲ့ ဇတ်သိမ်းခန်းမဟုုတ်ခဲ့ဘူး။ ပျော်ရွှင်စွာ ဇတ်သိမ်းခန်း (Happy Ending) မဖြစ်ခဲ့ဘူး။
    ၁၉ ၁၈ခုုနစ် ပထမကမ္ဘာစစ်ပွဲကြီးအပြီး မှာ အင်ပါယာနစ်ခုုကိုုနိဂုုံးချုပ်စေခဲ့တယ်။ အော်တိုုမန်အင်ပါယာစစ်ရှုံးလိုုနိဂုုံးချုပ်သွားတယ်။ မရှိတော့ဘူး။ ၁၉ ၂ဝ မှာ တူရီကီနိင်ငံမှာ မွတ်ဖွာကမားက အာဏာလွဲပြောင်းရယူသွားတယ်။ ဒီနေ ့ကျနော်တိုု ့မြင်နေရတဲ့ တူရီကီနိင်ငံသစ်ကိုု မွတ်ဖွာကမား က မွေးဖွားပေးခဲ့တယ်။
    ရုုရှားက ပိုုဆိုုးတယ်။ စစ်နိင်ရဲ့သားနဲ ့ နစ်ပေါင်းရာနဲ့ချီုအုုပ်ချုပ်ခဲ့တဲ့ဇာဘုုရင်စနစ်ချုပ်ငြိမ်းသွားတယ်။ ဇာဘုုရင်ဟာ စစ်ကိုုမဲနေတဲ့အတွက် ပြည်တွင်းကနိင်ငံရေးလှုပ်ရှားမှုနဲ့ဖြုတ်ချတာကိုုခံလိုုက်ရလိုုပဲ။ ၁၉ ၁ရ ခုုနစ် လီနင်ကိုုအာဏာရအောင်လုုပ်ပေးလိုုက်သလိုုဖြစ်သွားခဲ့တာကိုုး။
    မြန်မာပြည်ကိုု ပြန်ကြည့်ရင် အစိုုးရဟာစီးပွားရေးချွတ်ခြုံကျနေတယ်။
    ဒီကြားထဲမှာ စစ်ကိုု မရပ်ကြပဲဆက်တိုုက်နေမယ်ဆိုုရင်တော့ လိုုင်ဇာကိုုသိမ်းလိုု ့ရမယ်။
    စစ်သားတွေရော ၊ ရဲတွေရောစိတ်ဓါတ်တွေကျဆင်းနေတယ်။ အများစုုကတပ်ကနေ ထွက်ခြင်ကြတယ်။ လက်နက်ပုုံက စစ်သားတွေစိတ်ဓါတ်ထက်မြင့်နေတာပဲရှိတယ်။

    နောက်ဆက်တွဲလိုုက်လာမဲ့မမြင်ရနိင်တဲ့ ဖြစ်ရပ်တွေအတွက် သူမှာ စွမ်းအား ( Capacity) ရှိသေးလားလိုု ့ မေးစရာဖြစ်လာမယ်။ နိင်ငံတော်ပြိုကွဲမှာစိုုးလိုု စစ်တိုုက်နေရပါတယ်ဆိုုတဲ့အကြောင်းပြချက်နဲ့ဆက်တိုုက်နေရင် အစိုုးရရဲ့အနာဂတ်ဟာမသေချာတော့ဘူး။ အိပ်ချ်ဝဲလ် ပြောသလိုု If we don’t end war, war will end us. သူရရှိထားတဲ့အခွင့်လမ်းကောင်းတွေကိုု ငြိမ်းချမ်းရေးအတွက် တိုုးတက်မှုအတွက်အသုုံးမချနိင်တဲ့ဘဝကိုုရောက်သွားတယ်။

    ဝေမှူးး- ကိုုမိုုးသီးအနေနဲ ့လက်ရှိအစိုုးရ လုုပ်ကိုုင်ဆောင်ရွက်မှုတွေ ကိုု ဘယ်လိုုမြင်သလဲ။

    မိုုးသီး- ကျနော်ရန်ကုုန်ရောက်တုုံးက သတိပြုမိတာကတော့ အစိုုးရထဲမှာ လူသားအရင်းမြစ်တွေခန်းခြောက်သွားတယ်လိုု ့မြင်တယ်။ ဒါက အရင်အစိုုးရအဆက်ဆက် ရန်ကုုန်တက္ကသိုုလ်ကိုု ရန်သူလိုုသဘောထား ပြီးချေမှုန်းခဲ့တဲ့ဒဏ်ကိုု အစိုုးရကခံလိုုက်ရတယ်။ ရန်ကုုန်တက္ကသိုုလ်၊မန်းတက္ကသိုုလ်တိုု ့ဆိုုတာက ခေါင်းဆောင်တွေ ကိုုမွေးထုုတ်ပေးနေတဲ့ဌာနကြီးတွေပဲ။ သံတမန်တွေ၊ ဝန်ထမ်းတွေကိုု ဒီဌာနကြီးကပဲမွေးထုုတ်ပေးနေတာ။ ၁၉၈၈ခုုနစ်စစ်တပ်အာဏာသိမ်းလိုုက်ကတည်းက ဒီတက္ကသိုုလ်တွေ ဌာနပေါင်းဆုုံးက ဆရာဆရာမတွေ၊ ကျောင်းသားတွေ တသုုတ်ပြီးတသုုတ်နိင်ငံခြားကိုုထွက်သွားကြတယ်။ ပြန်မလာကြတော့ဘူး။ ဒီတော့အစိုုးရမှာ ကျွမ်းကျင်တဲ့ဝန်ထမ်းတွေ မရှိသလောက်ဖြစ်လာတယ်။
    အစိုုးရအတွက် နိင်ငံတော်အတွက် မဟာဗျူဟာမြောက်စဉ်းစား တွေးခေါ်နိင်တဲ့သူတွေမရှိ သလောက်ဖြစ်သွားတယ်။

    အစိုုးရအဖွဲ ထဲမှာ အဓိက သုုံးအုုပ်စုုဖွဲ ့ပြီး မဟာဗျူဟာတွေကိုု ဆုုံးဖြတ်အကောင်တည်ဖေါ်နေတာကိုုတွေ ့ရတယ်။ တခုုက ဦးသိန်းစိန် အုုပ်စုု၊ ဦးစိုုးသိန်းအုုပ်စုုနဲ့ဦးအောင်မင်းတိုု ့သုုံးဖွဲထဲက လက်ရှိအခြေအနေတခုုလုုံးကြီးကိုု အကောင်ထည်ဖေါ်နေကြတာဖြစ်တယ်။ ဒီတော့ လူနဲ့လုုပ်အားမမျှတမှုကြီးဖြစ်နေတယ်။
    အကောင်ထည်ဖေါ်ရမဲ့အပိုုင်းတွေမှာ ပြုပြင်ပြောင်းလဲမှုတွေ နှောင့်နေးတာ၊ အချက်အလက်တွေမသိတာ၊ သုုတေသနတွေ မလုုပ်နိင်တာတွေဖြစ်လာနေတာကိုုတွေ ့ရတယ်။ သူတိုု ကိုု်ယ်တိုုင်မသိကြတော့ ( ဦးစိုုးသိန်းကပိုုသိပုုံရတယ်။ )

    ဝေမှူး- ဒီအတွက်သူတိုု ့ဘာလုုပ်သင့်သလဲ။

    မိုးသီး- နိင်ငံခြားက ပညာရှင်တွေကိုု ငှားသင့်တယ်။ နိင်ငံခြားသား ကျောင်းသားတွေကိုု ဈေးချိုချိုနဲ့ အကူညီတောင်းလိုု ့ရနိင်တယ်။ သူတိုု ့ဖက်က ပိုုပြီး လိုုက်လျောမှုတွေ၊သည်းခံမှုတွေပိုုရှိသင့်တယ်။

    ဝေမှူး- သမ္မတရဲ ့ လက်ရှိဆောင်ရွက်မှုတွေကိုု ဘယ်လိုုမြင်သလဲ။

    မိုးသီး-သမ္မတ တော့ အခြေအနေတွေကိုု ပြောင်းချင်ပုုံရှိပါတယ်။ အောက်ခြေ လူထုုတွေကလဲပြောင်းချင်ကြတယ်။ ဒါပေမဲ့
    အလယ်က လူတွေကမပြောင်းချင်ဘူး ဆိုုတာ သိသာနေတယ်လေ။ ဝန်ကြီးထဲတွေမှာ၊ဒုုဝန်ကြီးတွေမှာ အရည်အချင်းမရှိသူတွေရှိနေတယ်။ တကယ်က မြန်မာသမ္မတစနစ်က အမေရိကန်ကိုုအတုုယူသင့်ပါတယ်။ အမေရိကန်မှတော့သမ္မတ ကိုုလူထုုကယုုံကြည်လိုု ့ရွေးပြီးသွားရင် သမ္မတ က အစိုုးရတဖွဲ ့လုုံးကိုုသူကြိုက်တဲ့သူအရည်အချင်းရှိတဲ့သူတွေကိုုပဲ တိုုက်ရိုုက်ခန် ့တော့တာပဲ။
    ဒီတော့ နိင်ငံတော်အတွက်အကျိူးရှိတာပေါ့။ ပါတီဝင်တွေဖြစ်ချင်မှာဖြစ်မယ်။ ရွေးကောက်ခံသူတွေဖြစ်ချင်မှဖြစ်မယ်။ စနစ်ဆိုုးက အကျင်းဆိုုးတွေမကုုန်တဲ့သူတွေ ဘယ်သူသေသေငတေမာရင်ပြီးရော လူတွေက မပြောင်းလဲပဲ လုုပ်နေကြတာကိုုဦးသိန်းစိန်ပိုုပြီးဖိအားပေးသင့်တယ်။ ဒါမှသမိုုင်းမှာ သူအတွက် Legacy တခုုကျန်ခဲ့နိင်တယ်လေ။ စနစ်ဟောင်းက လူတွေအကြောင်းကိုုသူသိနေပြီပဲ။ ရဲရဲတင်းတင်းပြောင်းဖိုု ့လိုုတယ်။

    ဝေမှူး- အခုလိုဖြေကြားပေးတာကျေးဇူးပါ။

    မော်နီတာဂျာနယ်ရဲ့ (Vol-2 ၊ No-44)တွင်ပုံနှိပ်ခဲ့သောအင်တာဗျူး
    (စာလုံးပေါင်းအမှားများနှင်စာကျန်များကိုသည်းခံဖတ်ရှုပေးပါရန်..)

  • အလင်းဆက်

    February 27, 2013 at 7:48 pm

    ဟမ်းမလေး..
    ဖတ်လိုက်ရတာ…မောသွားတာပဲ…
    ရေးနိုင်လိုက်ကြတာ..
    တွေးနို်င်လိုက်ကြတာ…
    လေးစားဖျားနာမိပါရဲ ့
    🙂

  • lele

    February 28, 2013 at 7:31 pm

    ကျမ မေမေ က ကိုုမိုုးသီးကိုု သိပ်သဘောကျတယ်။နိုုင်ငံရေးအကြောင်းနားလည်လိုု ့လဲမဟုုတ်ဘူး။ မေမေ က အတိုုက်အခံ ပါတီဆိုုရင်သဘောကျတယ်။ အိမ်မှာလဲမေမေ က အတိုုက်အခံ ပါတီပဲ။ ကိုုမိုုးသီးပြောသွားတာလေးတွေ တော်တော်ကြိုက်ပါတယ်။ သူကြီးရဲ့ စုုံစီနဖာတွေကတော်တော်ဗဟုုသုုတရပါတယ်။ ကျမ က ပညာရှင်မဟုုတ်တော့ လူသားအစကို သိပ်မစဉ်းစားချင်ဘူး။ အသားအရောင်နဲ ့လူမျိုးခွဲခြားဆက်ဆံရင်မုုန်းတယ်။ ကိုုယ်ကိုုတိုုင်လဲ အဲလို မဆက်ဆံမိအောင် သတိထားရတယ်။ မြန်မာမိန်းကလေးတွေကိုု ဈေးပေါတယ်ပြောပြီးနှိပ်ချဆက်ဆံတာ မြန်မာအမျိုးသားတွေပါပဲ။

  • M လုလင်

    February 28, 2013 at 11:50 pm

    ကိုစိုးမိုး ရေ ………………… . . . ကွက်တိ ပဲ ဟေ့ . .. (ခွိခွိ)။

  • kai

    March 1, 2013 at 4:33 am

    ရဟန်းမင်းက.. နှစ်၆၀ဝ မှာပထမဆုံးအကြိမ်အဖြစ်… နှုတ်ထွက်လိုက်တာလည်းရှိသွားတယ်…
    နောက်တက်လာတဲ့ရဟန်းမင်းအပေါ်… နာခံပါ့မယ်ပြောတာလည်းရှိတယ်..

    သံဃာ့မဟာနာယကအဖွဲ့သိစေချင်ကြောင်း.. :kwi:
    =
    Pope Benedict quits Vatican with promise to obey successor
    Yahoo! News (blog)-5 hours ago
    VATICAN CITY (Reuters) – Pope Benedict left the Vatican on Thursday after pledging unconditional obedience to whoever succeeds him to ..
    =
    CBS Local

    Benedict Becomes 1st Pope In 600 Years To Resign
    NPR-2 hours ago
    CASTEL GANDOLFO, Italy (AP) — Benedict XVI became the first pope in 600 years to resign Thursday, ending an eight-year pontificate …

Leave a Reply