နိဗ္ဗာန်ဆော် စာတမ်း

loveless. loveless2009February 2, 20131min2283

၁။ ဘဝနော္တ- ရွှေပြည်နိဗ္ဗာန် စိတ်ရည်သန်၍ ထက်သန်ညွှတ်ပြောင်း၊ အို… သူတော်ကောင်းတို့…. ဒုက္ခဝဋ်အတွင်း မလွတ်ကင်း၍ ပူခြင်းအဖြာဖြာ အဝိဇ္ဇာနှင့် တဏှာဩဃ ဤဘဝမှ လွတ်ရန်အသွယ်သွယ် လှည့်လည်နှိုးဆော်(ခေါ်) နိဗ္ဗာန်ဆော်က ရည်မျှော်စေကြောင်း ဆုမွန်တောင်း၍ ပြည်မနိဗ္ဗာန် ရောက်စေရန်အတွက် လူဖွယ်ကပ်၍ ဝပ်တွားကာ အဓိဋ္ဌာန်ထားကြဖို့ နိဗ္ဗာန်တံခါး ဖွင့်ရန် ကြွတော်မူကြပါ ဘဝနော္တ-သပ္ပုရိသအပေါင်း သူတော်ကောင်းတို့…….။

—————————————————————————————————————–

၂။ ဘဝနော္တ- တရားဒေသနာ ရှာဖွေကာဖြင့် နေထိုင်ကြညောင်း အို..သူတောင်ကောင်းတို့၊ အယံကာလော- ဂေါတမမြတ်စွာ သာသနာနှင့် ကြုံကြိုက်လေရာ ယခုအခါကား၊ ဒါနကာလော- နည်းသည်များသည် ခြားမရည်ဘဲ ပွားကြည်နှလုံး တရားအဆီသုံး၍ ရွှင်ပြုံးကြူလျှမ်း လှူဒါန်းကြရမည့် အခါပေတည်း။ တသ္မာ- ထို့ကြောင့်၊ တုမှေ- နိဗ္ဗာန်ဆုတောင်း သင်သူတော်ကောင်း အပေါင်းတို့သည်၊ ဥဋ္ဌေထ- ကုသိုလ်ပြုရန် အချိန်တန်၍ ထတော်မူကြပါ့ ဘဝနော္ထ- သပ္ပုရိသအပေါင်း သူတော်ကောင်းတို့…..။

—————————————————————————————————————–

ဘဝနော္တ- အို,နာ,သေရေး ဒုက္ခဘေးမှ ကင်းဝေးလိုကြောင်း အို.. သူတော်ကောင်းတို့… သံသရာဘုံကြော စုန်ဆန်မျော၍ ဩဃလေးဖြာ ဝဋ်တဏှာမှ လွတ်ရာရည်မျှော် (ခေါ်) နိဗ္ဗာန်ဆော်က ရည်ရော်လမ်းပြ မှန်းကာဆ၍ နန်းအမတရွှေဘုံ ခိုလုံရန်အတွက် လှူဖွယ်ကပ်၍ ဝပ်တွားကာ အဓိဋ္ဌာန်ထားကြဖို့ နိဗ္ဗာန်တံခါးဖွင့်ရန် ထတော်မူကြပါ့ ဘဝနော္တ-သပ္ပုရိသအပေါင်း သူတော်ကောင်းတို့………

—————————-

 

အရှင်ပဏ္ဍိတ(ဒေါင်းဖြူ)

3 comments

  • Mobile

    February 2, 2013 at 10:45 pm

    ဝင်ရောက်လေ့လာသွားပါတယ်ဗျ။
    ကျုပ်အနေဖြင့်တော့ ပါရမီနုနယ်တယ်ပဲပြောရမလား ဘယ်လိုကြောင့်ရယ်ပြောရမလားတော့မသိဘူးဗျ။
    နိဗ္ဗာန် ကိုရောက်ချင်စိတ်နည်းတယ်ဗျ။ ဘာမှအဖြစ်ရယ်လို့မရှိ အပျက်ရယ်လို့ မရှိဘာမှမရှိတော့တာကို
    နိဗ္ဗာန်လို့သိထားပါတယ်။ အိုခြင်းနာခြင်းသေခြင်း ကင်းတဲ့ နိဗ္ဗာန် ဆိုပေမယ့် မရောက်ခြင်သေးတာ
    တော့အမှန်ပဲဗျ။ တဏှာကြောင့်ပဲပြောမလား လူ့စီးစိမ် နတ်စည်းစိမ် ဆိုတာတွေခံစားပြီး
    နေချင်တယ်။ အပ္ပာယ်တော့ မရောက်ချင်ဘူး တိရဈာန် တော့မဖြစ်ချင်ဘူး ဘဝဆက်တိုင်း ဆက်တိုင်း
    လူ ဖြစ်ပြီးပဲ နေချင်တယ်။ ခန္ဓာရှိနေသမျှ မချမ်းသာဘူးဆိုတာမှန်ပါတယ်။ သို့ပေမယ့်
    လူ ဖြစ်ပြီး လူ့ဘဝ မှာနေရတာကို ပျော်နေပါတယ်။

  • Mr. MarGa

    February 3, 2013 at 5:30 pm

    နိဗ္ဗာန်ဆော်
    စိတ်ကြံမျှော်
    ဗိမာန်ပေါ်
    တက်ရန်နော်

  • ဒါတွေတွေ့တော့ …
    ကျုပ် နံနက်တိုင်း နီးပါး ဖွင့်နေကြဖြစ်တဲ့ ..
    အဆိုတော် နီနီဝင်းရွှေရဲ့ …
    “ဘဝနော္တ” သီချင်းလေးကို ပြေးသတိရလိုက်မိတယ် ….
    တကယ် … တကယ် ….

Leave a Reply