မသုံးသင့် သော Android ဆော့ဝ် များ

Mobile HouseFebruary 2, 20132min18112

Solar Charger

 

 

 

လက် ရှိ  ဒီ နေရောင် နဲ့ အား သွင်း တာ ဆို ပြီး ဖုန်း ကို နေပူ ထဲ ထားလို့ LCD ပျက် တဲ့ ဖုန်း တွေ များ နေ ပါတယ် ။ ဒီ app ကို အောက် မှာ funny လို့ ရေး ထား တာ ကို မဖတ် ကြပဲ ဘာ မှ မစဉ်းစား ပဲ အဟုတ် မှတ် နေ ပြီး စမ်းကြ ရင် ပျက်စီး မှု တွေ ဖြစ် ပေါ် စေပါတယ် ။

တခြား Charger တွေ အများ ကြီး ရှိပါသေး တယ် အကုန် လုံး စ ဖို့ သက်သက် ထုတ် ထား တာ ပါ အစစ် အမှန် မဟုတ် ပါဘူး ။

 

Launcher

 

Launcher များ ကို လဲ သုံးသင့် ဘူး လို့ ယူ ဆ ပါတယ် ။နဂို ထက် ပို လေး စေ ပါတယ် ။ရေရှည် မှာ ကောင်း ဖို့ ထက် ဆိုးဖို့ ပို များပါတယ် ။ပြောသာ ပြော ရတာ ဆိုင်လာတဲ့ ဖုန်း ၁ဝ လုံး မှာ ၆ လုံး လောက် က Launcher တွေသုံး ကြပါတယ်။အထူး သဖြင့် Go Launcher ပါ ။ အဲ့ ဆော့ဝ် က တခြား မူရင်း ဆော့ဝ် နဲ့ ညှိ ပြီး ဖုန်း ဆော့ဝ် ကြောင် သလိုဖြစ် တာတွေ လဲ ရှိ ပါတယ် ။

 

 

Cpu

 

နောက် တစ်မျိုး က တော့  cpu speed ကို မြင့် ပေးတဲ့ ဆော့ဝ် ပါ ။ Root လုပ် မှ ရတာ နဲ့ root မလို တာ နှစ် မျိုးရှိ ပါတယ် ။ဘယ် ဟာ ဖြစ်ဖြစ် မသုံးသင့် ပါဘူး ။ cpu speed ခဏ နဲ့ ကျ သွား နိုင် ပါတယ် ။ကျ သွား ရင် ဖုန်း ကလေး တာ တွေ ဟန်းတာ တွေ ဖြစ် လာ နိုင်ပါတယ် ။ဆော့ ဝ် နာမည် က အမျိုးမျိုး ထွက် တာ ကြောင့်  CPU speed ကို မြင့်ပေး တဲ့ ဘယ်ဆော့ဝ် ကို မှ မသုံး ကြ ပါနဲ့ လို့ အကြံ ပေးချင်ပါတယ် ။

 

တခြား မိမိ မလိုအပ် တဲ့ ဆော့ဝ် များ Antivirus ဆော့ဝ် များ ကို ဖျက်ထား ပါ ခြင်းဖြင့် လဲ ဖုန်း ကို ကြာ ရှည် အသုံးပြု နိုင်အောင် ဂရုစိုက် သင့် ပါတယ် ။Virus က Android အတွက် နည်းပါတယ် ။များ သောအား ဖြင့် ဆော့ဝ် ကြောင် ခြင်း ကို လူတွေ အများစု က Virus ကိုက်တယ် ထင် နေကြတာပါ ။

Antivirus ဆော့ဝ်က နောက်ကွယ် က နေ လိုက်စစ် ပေးနေ တော့ ဖုန်း ကို လေး စေ ပါတယ် ။

မိမိ မသုံး ဖြစ် သော ဆော့ဝ်များ ဖြတ် ထားခြင်း ဖြင့် ဖုန်း ကို မြန်ဆန် စွာ ကြာကြာ သုံး ရပါတယ် ။

 

ကျွှန်တော် ရဲ့ ဖုန်း ထဲ မှာ ဆို အမြဲ သုံးတဲ့ ဆော့ဝ် ၄ ခု လောက် က လွဲ ပြီး မထည့် ထားပါဘူး ။

 

ဆော့ဝ်တွေ များများ ထည့် တာကို တချို့ က ဂုဏ် ယူ နေ ကြပါတယ် ။ တကယ် က တော့ ကိုယ့် ဖုန်း ကို မြန်မြန် လုပ် နိုင် ဖို့ က အဓိက လို့ ပဲ ထင်ပါတယ် ။ ဆော့ဝ် ၂ဝ ထည့် ထားလို့ တကယ် ဆော့ ဖြစ် သုံး ဖြစ် တာ ၅ ခု ထက် မပိုု ပါဘူး ။

 

အကောင်ဆုံး နည်းက တော့ install ဖိုင် တွေ ကို မန်မိုရီ ကဒ် ထဲ မှာ ထည့် ထားပြီး လိုချင် တာသွင်း လိုက် ။ဆော့လို့ ဝ ရင်ပြန် ဖျက် လိုက် လုပ် ပါ ။

 

Android ကိုင် တဲ့ သူ တိုင်း ဒီ ပိုဒ် လေး ဖတ်ပြီး အသိပညာ တစ်ခု ရသွားရင် ကျေနပ်ပါတယ် ။

 

http://www.mobilehouse.co.nr  ( Admin Ye Yint Aung )

12 comments

  • kai

    February 3, 2013 at 5:13 am

    ကိုရင့်အန်းဒရွိက်ဖုံးမှာ ဘာတွေထည့်ထားသလည်း.. ရေးပြပေးပါလား..။
    ကျုပ်မတော့.. ဆော့ဖ်ဝဲ၁၅ခုလောက်နဲ့.. လေးလိုက်နေလေရဲ့..
    နှိုင်းကြည့်ပြီး.. မလိုရင်.. ဖျက်ပစ်မလို့.. :harr:

    • Mobile House

      February 3, 2013 at 4:48 pm

      ကိုလို အပ်တာ ပဲ ထားပါ ။တစ်ယောက်နဲ့တစ်ယောက် တော့ တူမှာ မဟုတ်ပါဘူး ။ ကဲ ကျွှန်တေ်ာ သုံးတာကတော့ Music Sleep , DX battery booster , viber , 1mobile market , mx player ဒါ လောက် ပဲ သုံးပါတယ် ။

  • P chogyi

    February 3, 2013 at 7:22 am

    အဲဒီအန်းဒရိုက်ကြီး မကိုင်နိုင်တော့
    ဘာမှလည်းမတင်ဘူး လေးလည်းမလေးတော့ဘူးပေါ့ဗျာ။

  • Mobile

    February 3, 2013 at 11:54 am

    အဲ့ဒါကြောင့် i ဒဗိုက်တွေကို ကိုင်ကြဗါလို့ ပြောဒါပေါ့ဗျ။
    ကျုပ်လည်းအရင်ကတော့ ဆိုနီအဲ့ရစ်ဆင် အိတ်စပီးရီးယား အန်းဒရိုက်လေးကိုင်ဖူးပါတယ်။
    Mobile House ပြောသလိုပါပဲ ဆော့ဝဲလ်များများတင်ထားမှ လန်းတယ်လို့ထင်တယ်
    ဘာမှဟုက်တိပတ်တိ မထည့်ရသေးဘူး အချိန် ၂ဝ လောက်ရှိတဲ့ ကျောက်ခဲ ထမ်းထားရသလို
    ဖြစ်နေတယ်။ ယခုလို မျှဝေမှုလေးအတွက် ကျေးဇူးပါနော……
    အဆင်ပြေမယ်ဆိုရင် အန်းဒရိုက်ဖုန်းမြန်မာဖောင့်ထည့်နည်းလေးတွေ
    စလယ်ဆုံး ဖော်ပြပေပါအုံးဗျ။

  • မောင်ပေ

    February 3, 2013 at 7:42 pm

    one day တုန်းက 1 မိုဘိုင်း မားကတ် ထဲ ဝင်တော့
    အပ်ဒိတ် လုပ်ပါ ဆိုတာနဲ ့ လုပ်လိုက်တာ ၊ အပ်ဒိတ်လဲလုပ်ပြီးရော 1မိုဘိုင်းမာကတ် က သုံးလို ့မရဖြစ်ပါရော
    သူ ့ထဲ ဝင်လို ့တော့ ရတယ် ၊ ပေ့ချ် တစ်ခုပြောင်းလိုက်တာနဲ ့ ၊ တန်းပြီး စတော့ ဖြစ်ပါလေရောဗျာ
    အဲဒါကို
    အရင်အတိုင်း ပြန်သုံးလို ့ရအောင် ဘယ်လို လုပ်ရမလဲ ဆိုတာလေး နည်းလမ်းလေး မစပေးပါ
    နောက်ပြီး ကျုပ်က Zd box ကို ၊ ဗားရှင်း အနိမ့်ကတဲက သုံးခဲ့တာ
    အဲဒါကော ကောင်းရဲ ့လား ဆိုတာလေး ၊ အကောင်းအဆိုး သုံးသပ်ချက်လေး လုပ်ပါဦး
    ကျုပ်သုံးနေတာတော့ အဆင်တော်တော်ပြေတယ်ဗျို ့

  • padonmar

    February 3, 2013 at 8:16 pm

    ခုလို သိတာတွေမျှပေးတာ ကျေးဇူးပါ၊

  • ကျုပ်ကတော့ အိုက်ဒီ ဆော့ဖ်ဝဲတွေ သုံးဘူးး
    ကျုပ်ထဲ ချိဒါဂဒေါ့ …
    ဂိမ်းဘဲ … အဟဲ ….
    ဂိမ်းတောင်မှ ဖီးလ်နဲ့ ဆော့ရတဲ့ ဂိမ်းလေးတွေ …

    စကားမစပ် …
    ကျုပ်ဖုန်းထဲလည်း … ဟို လောင်ချာဂျီး ရှိနေဒယ် ..
    သမ ပစ်လိုက်အုံးမယ် .. ကြာသလားလို့ …
    ခုလို ဝေမျှပေးတာ ရှဲရှဲ ကမ္ဘာဘာ …

  • Ghi Ghi ThE KiD

    March 5, 2013 at 7:15 am

    တခါတလေကျတော့လည်း ဒီလို သတင်းလေးတွေဖတ်ရတာ စားလက်စ ပန်းသီးကပဲ ပိုပို ချိုလာသလိုလို …

    အာ..ဟိ

    ThinK DifferenT
    iGhi

    :harr:

  • MobileHouse ရေ ….

    နည်းပညာသမားမို့ ဒီနေရာ အသွားအလာ ကျဲမယ်ဆိုတာ သိပါရဲ့ …
    ဒါပေမယ့် … ခဏတဖြုတ် အပန်းဖြေရုံ ဖြစ်ဖြစ်ပေါ့ ….
    ” မန်းဂဇက်ချစ်သူများစာပေဆု နှင့် ရွာ့ဘုရားပွဲ “ ဆီကို ကြွရောက် အားပေးပါဦးလို့ ….
    (((ထိပ်ဆုံးမှာ စတစ်ကီပို့စ် အဖြစ် တင်ထားပါတယ်)))
    ဘာပြုလို့လဲ ဆိုတော့ MobileHouse ရဲ့ ဒီပို့စ်လေးက …
    ဖေဖော်ဝါရီအတွက် ဇကာတင် ရွေးချယ်မှု ပို့စ်တွေထဲမှာ ပါဝင်ခဲ့လို့ပါပဲ ….
    ကိုင်းဗျို့ .. ကျုပ်ကို ဒီလို လာပြောခ ဆမ်ဆောင်း တစ်လုံး အလကား ပေးဒေါ့ … :mrgreen:

    ဒု – အတွင်းရေးမှူး
    မဟာအံ

Leave a Reply