Android ဖုန်း တစ်လုံး ၀ယ် မယ် ဆို လျှင် သိသင့်တဲ့ အချက် တွေ ကို ဖော် ပြ ပေးပါမယ် ။ဝယ် ပြီး မှ စိတ်ညစ် မနေ ရ အောင် ဒါ လေး ဖတ် ပြီး မှ ၀ယ် ကြပါ လို့ တိုက်တွန်း လိုက်ပါ တယ် ။

 

မိမိ ၀ယ် မယ် ဆိုပြီး ရည်ရွယ် ပြီ ဆို ရင် အဲ့ ဖုန်း ရဲ့ ဈေး ကို အရင် ဆုံး Brand တွေ နဲ့ နှိုင်းယှဉ် ကြည့် ပါ ။ အောက် ထစ် Huawei အမျိုး စား နဲ့ နှိုင်း ယှဉ် ကြည့် ပါ တန် မ တန် ဆိုတာ ကို ။ ဥပမာ – ကိုယ်ဝယ် ချင် တဲ့ ဖုန်း က ၅၀၀၀၀ ဆို ပါ တော့ သူ ရမဲ့ အရည်အသွေး ဆို လို တာ က camera Megapixel ဘယ်လောက် ရ မလဲ ။CPU speed ဘယ် လောက် ရ မလဲ ? နာမည် မရှိ တဲ့ ဖုန်း အများ စု ကတော့ 600mhz နဲ့ 800mhz ကြား ထဲ ၀န်းကျင် တာ ရှိ ပါတယ် ။ 800mhz လောက် မှ သာ လျှင် အသုံး ပြုရတာ မြန်ဆန် မည် ။ဂိမ်း ကို မထစ် ပဲ ဆော့နိုင် မည် ဖြစ် သည် ။ဒါ တောင် ဂိမ်း အကြီး တွေ ဆို cpu speed 1Gb လောက် မှ သာဆော့ လို့ အဆင်ပြေ မည် ဖြစ် သည် ။၃၀၀၀၀ လောက် ကွာ တာ ကို မကြည့် သင်ပါဘူး ။ဖုန်းတစ် လုံးဝယ် ပြီးရင် အနည်းဆုံး ၆လ ကနေ ၁ နှစ် ထိ တော့ သုံးကြ မှာပါ ပဲ ။အဲ့ လို သုံး တဲ့ ချိန် မှာ သုံးမကောင်း လို့ နောင် တ မရ စေချင် ဘူး ။ထို့ကြောင့် ရေးပြီး တင် လိုက် ရခြင်းဖြစ် ပါတယ် ။

 

စစ် ဆေးရ မည့် အချက်များ

1 . Camera Megapixel 2.0 အထက် ရှိ သင့် သည် ။( မှတ်ချက် – တရုတ်ဖုန်း များတွင် ရေးထားသည် များ မှာ မှန်ကန်ခြင်းမရှိ သော ကြောင် စမ်း ကြည့် မှ သိနိုင်မည် )


2. မြန်မာ ဖောင့် ထည့် ရမရ ။ ရ လျှင် တခါတည်း ထည့် ခိုင်းရန် ။ပိုက်ဆံ ပေးရလဲ ပေးလိုက်ပါ ၅၀၀၀ နှငိ့ ၁၀၀၀၀ ထပ်မ ပိုပါဘူး ။ပြီး မှထည့် မရလျှင် မိမိ ပဲ နောင်တရ လိမ့် မည် ။  (မှတ်ချက် -အထူးသဖြင့် တရုတ် ဖုန်း အများစု ထည့် လို့ မရကြပါ )


3. internal storage ( ဖုန်းအတွင်း ပါဝင် သော မှတ်ဥာဏ် ) နည်းလား ။100,000 Ks ၀န်းကျင် ဖုန်း များ တွင် နည်းလေ့ ရှိ သည် ။ နည်းပါ က ဆော့ဝ် နှင့် ဂိမ်း အများကြီး သွင်း မရပါ ။ (မှတ်ချက် – ၁၀၀,၀၀၀ လောက်  ၀န်းကျင် ၀ယ် လျှင် နည်းသည် မှာ အပြစ် တော့မဟုတ် )


4. CPU speed ၊ ဒါ ကတော့ အရေးကြီး ဆုံး ဖြစ် သည် ။ Android ဖုန်း တစ် လုံး သုံးကောင်း မကောင်း ဆို တာ ဒါ ပေါ် မှာ အများ ကြီး မူတည် ပါတယ် ။ဂိမ်း အတွက် ရော တခြား လုပ် ဆောင် ချက် တွေ ကို ကော ပေါ် မှာ သက်ရောက် မူ ရှိ ပါတယ် ။ဖုန်း တစ် လုံး ရဲ့ cpu speed ကို ဆိုင် တွေ ကလဲ မသိကြပါ ဘူး ။ ဒါ ကို စစ် ဆေး  နိုင် မည့် ဆော့ဝ် တင်ပေး ထားပါတယ် ။ link http://moiblehouse.blogspot.com/2012/10/blog-post_5.html ဒီမှာဒေါင်းပါ ။

Cpu speed 800 မှ စပြီး သုံး ရအဆင် ပြေ ပါတယ် ။မြင့် လေ မြန်လေ ပဲ ပေါ့ ။

 

5. မိမိ ၀ယ် မဲ့ ဖုန်း ရဲ့ အပို ပစ္စည်း ရှိမရှိ လဲ စဉ်းစား သင့် ပါတယ် ။ တရုတ် ဖုန်း အများ စု ဟာ အပို ပစ္စည်း (ဥပမာ – LCD , Touch ) စတာ တွေ အပို မလာပါဘူး ။ ဆော့ဝ် ပြန် ရေးမရ ပါ ဘူး ။ အဲ့ ဒါတွေ လဲ စဉ်းစား သင့် ပါတယ် ။

 

 အပေါ် မှာ ရေးထားတာ တွေ က တော့ အဓိက စစ် ဆေး သင့် သည့်  အချက်လက် တွေ ဖြစ် ပါတယ် ။တခြား စစ်ဆေး လို့ သင့် တာ တွေ အများကြီး ပါ ။ ဥပမာ – ဖုန်းလိုင်း ဆွဲ အားကောင်းမကောင်း ( အဲ့ ဒါ က တော့ ထည့် စမ်းကြည့် ပါ ) ၊ Wifi လိုင်း ကောင်းမကောင်း စသဖြင့် ပေါ့ ဗျာ ။ 

 

   Android ဖုန်း ၀ယ် ချင် တဲ့ သူ တွေ ဒါ လေး ဖတ် ပြီး အ၀ယ်မှား ပဲ ကောင်းကောင်း ကိုင် နိုင် ကြ ပါ စေလို့ ဆုတောင်းပေး လိုက်ပါ တယ် ။



Mobile House

ဆိုဒ်တွင်ပြန်ရှယ်ပါက credit ပေးပါရန် ။
Http://www.MobileHouse.co.nr

About Mobile House

Mobile House has written 82 post in this Website..

Mobile House ဖုန်း ပြုပြင်ရေး နှင့် အရောင်း ဆိုင် လမ်း ၃၀ ။ ၇၃ -၇၄ ကြား ။ဆေးကျောင်း ရှေ့ ။မန်းလေး မြို့