“နွေနှောင်းမိုး – အပိုင်း ၂”

“နွေနှောင်းမိုး – အပိုင်း ၂”

ရိုင်ရမ် ကျွန်မအိပ်ခန်း ပြတင်းပေါက်ကို ကျောက်စရစ်ခဲနဲ့ ပစ်ပြီး ကျွန်မကိုနိုးတဲ့ မနက်သုံးနာရီအချိန်မှာ ကျွန်မက အိပ်နေဆဲပဲ။ တကယ်တော့ အပြင်မှာ မှောင်နေဆဲပဲ၊ ဒါပေမယ့် ကျွန်မ သူအပြင်က တိုးတိုးလုပ်နေတဲ့အသံကို ကြားနေရတယ်။
ကျွန်မ တံခါးဖွင့်ပြီး အပြင်ကိုမထွက်ခင် ဝရံတာကို ထွက်ပြီးကြည့်လိုက်တယ်။
အပြင်မရောက်သေးဘူး ရိုင်ရမ်က “မင်္ဂလာနံနက်ခင်း” ပါလို့ လှမ်းနှုတ်ဆက်လိုက်တယ်။
လရောင်အောက်က သူဟာ ပိုပြီးခမ်းနားနေပြီး သူ့ရဲ့မျက်နှာမှာလည်း အပြုံးနဲ့။
“ခု ည ပဲ ရှိသေးတယ်” “သွား ..ပြန်အိပ်ဦး” လို့ ကျွန်မ ညည်းငြူလိုက်တယ်။
ကျွန်မ ဝရံတာ တံခါးကိုဖွင့်ပြီး စောင်ခြုံအောက်ကို ပြန်ဝင်လိုက်တယ်။
ကျွန်မ သူအပြင်ကနေ ကျွန်မကို အိပ်ယာကနေထဖို့ အော်နေတဲ့ အသံကို ကျွန်မကြားနေရတယ်။
တကယ်လို့သာ ကျွန်မ သူ့ကို မတားဘူးဆိုရင် အိမ်နီးနားချင်းတွေ နိုးလာတော့မယ်။
“ထ.. ထ” သူအော်တယ်။
“ဒီနေ့က အရမ်းသာယာမယ့်နေ့တစ်နေ့ပဲ၊ နေထွက်တာကို သွားကြည့်ကြမယ်”
“ငါး မိနစ် ပဲ” .. လို့ ကျွန်မ ခေါင်းအုံးထဲ ခေါင်းစိုက်လို့ တောင်းပန်လိုက်တယ်။
ရိုင်ရမ် ရယ်တယ် . ဒါပေမယ့် ကျွန်မကို ထွက်လာဖို့ ဇွတ်အော်နေဆဲပဲ။
“လာစမ်းပါ .. ရိုမီယိုက ကျောက်ခဲတွေ ကို ပြတင်းပေါက်ကနေဆက်ပစ်နေမှာ ၊ ကျောက်ခဲတစ်ခဲ မင်းကို မှန်သည်အထိ”
ကျွန်မ လက်လျော့ပြီး ဝရန်တာကို ပြန်ထွက်လာတယ်။ ဝရန်တာလက်ရမ်းကိုလက်ထောက်ပြီး လက်ဖဝါးပေါ်မျက်နှာအပ်ပြီး ရယ်ချင်စိတ်နဲ့ရိုင်ရမ်ကို စိုက်ကြည့်ရင်းပြောလိုက်တယ်..
“ရိုမီယို ..ဟုတ်လား ..ဘယ်မှာလည်း ..ငါတွေ့တာတော့ ဂျူးလိယက်” ပါလို့ ကျွန်မ သူ့ကို စ လိုက်တယ်။
အလင်းရောင်မှိန်မှိန်လေးထဲမှာတောင်မှ နှုတ်ခမ်းစူပြီး စူပုတ်နေတဲ့ ရိုင်ရမ်ရဲ့မျက်နှာအမူအရာက ကျွန်မကို ရယ်ချင်စေနေတယ်။
“အေးပါ .. အေးပါ”
“အဝတ်အစားလေး လဲလိုက်ဦးမယ်၊ ငါးမိနစ်နေရင် ငါဆင်းလာမယ်” လို့ ကျွန်မရေရွတ်လိုက်တယ်။
ကျွန်မအစ်ကို ကျွန်မကိုပေးထားတဲ့ အဝတ်အစားတစ်ချို့ကို အမြန်ဝတ်လိုက်တယ်။ ငါးမိနစ်တောင်မကြာသေးဘူး ကျွန်မ တံခါးပေါက်ကိုရောက်နေပြီ။
ကျွန်မတို့ ဟိုတစ်နေ့က စကားပြောပြီးကထဲက ရိုင်ရမ်နဲ့ကျွန်မ ကျောင်းမှာ နေ့လည်စာ အတူစားဖြစ်ကြတယ်။ နွေရာသီကျောင်းပိတ်ရက် စတဲ့ နှစ်ပါတ်က စလို့ သူဟာ ကျွန်မအနားမှာ ပျားတစ်ကောင်လိုပဲ ရစ်သီရစ်သီ အမြဲလုပ်နေတယ်။
ပြောရမယ်ဆိုရင်တော့ သူက ခွေးပေါက်စလေး မီးပူမိထားသလိုပဲ၊ ကျွန်မကို သူ့သူငယ်ချင်း ဖြစ်အောင် ဇွတ်အတင်းလုပ် ၊ ကျွန်မအိမ်ကို သူဟာသူ လာလည်၊.. သူက ကျွန်မ အခန်းဟာ ဘယ်လိုမျိုးလဲဆိုတာကြည့်ချင်တဲ့အတွက် ကျွန်မအခန်းထဲကို ဝင်လို့ရသည်အထိ အတင်းပြောနဲ့…
“မင်းအခန်းက ဘယ်လိုနေလည်း” လို့ သူက မြူးမြူးကြွကြွ မေးတယ်။
“အခန်းပေါ့” လို့ကျွန်မ ပြန်ဖြေတယ်။ သူက မဟုတ်ဘူးလို့တောင်မှ ပြန်မပြောနိုင်ဘူး။ သူ့ကြည့်ရတာ ကျွန်မကို သူ့ရဲ့ နွေရာသီ စွန့်စားခန်းတွေကို သူနဲ့အတူ ဆင်နွှဲစေချင်တဲ့ပုံပဲ။
အဲဒါတွေလုပ်ဖို့က မိုက်သားပဲ။ ကျွန်မကတော့ နေထွက်ချိန်သွားကြည့်ဖို့အတွက် မနက်အစောကြီး လာနိုးတာကိုတောင်မှ နည်းနည်းမှ မလန့်ဘူး။
ရိုင်ရမ်တစ်ယောက် ကျွန်မကိုတွေ့တော့ ရယ်တယ်။ “မင်းခေါင်းမှာ ငှက်သိုက်ဖြစ်နေတာလား” လို့ ကျွန်မရဲ့ အိပ်ယာထစ ခေါင်းကိုကြည့်ပြီးပြောတယ်။
“အဲမှာ ငှက်ဥတွေရော ရှိလား?”
“ဟာ..တော်ပါ” လို့ ပြောပြီး သူ့အဖေ သူ၁၆နှစ်ပြည့်အထိန်းအမှတ် လွန်ခဲ့တဲ့နှစ်လလောက်ကဝယ်ပေးထားတဲ့ အမိုးဖွင့်ကားနားမှာ ခုန်စွစွလုပ်နေလိုက်တယ်။
“မတော်ပါဘူး” လို့ ကားစက်ကိုနှိုးပြီး သူပြန်ပြောတယ်။
“ငါပြောခဲ့သားပဲ .. ငါ မြင်တာကို ရိုးရိုးသားသားပြောမယ်လို့ ငါ့ကိုယ်ငါ ကတိပေးထားတယ်ဆိုတာကို မမှတ်မိဘူးလား”
ဟုတ်တယ်..သူပြောခဲ့တယ်။ အဲဒါကလည်း သူ့သူငယ်ချင်းတွေ သူ့ကို ရှောင်ဖယ်ကြတဲ့ အကြောင်းတစ်ခုပဲ။
မလိမ်ညာပဲ နေမယ်ဆိုတာကလည်း ရိုင်ရမ်ရှာဖွေတွေ့ခဲ့တဲ့ ဘဝရဲ့အဓိပ္ပါယ်ထဲကတစ်ခုပဲ။ ဒါကြောင့် သူဟာ သူငယ်ချင်းတွေအကုန်လုံးဆီကို အဲဒီလို လုပ်ဖို့ အီးမေးလ်တွေ ပို့တယ်။ ပို့ပြီးတစ်နာရီ မကြာဘူး အားလုံးက သူ့ကို အဆက်အသွယ်ဖြတ်သွားကြတယ်။
ကျွန်မ အံ့ဩတာက သူအမှားလုပ်ခဲ့တဲ့ ကောင်လေးဟာ ရိုင်ရမ်က လူတွေသူ့ကို စကားမပြောတဲ့ အကြောင်းပြချက်ရဲ့ အဖြစ်မှန်ကိုပြောတဲ့အခါမှာ သူ့ကိုရန်မလုပ်တာကိုပဲ။ သေချာတာကတော့ သူတို့လည်း ကျွန်မ ခံစားမိသလိုပဲ ဖြစ်နေမယ်ဆိုတာ ကျွန်မသိတယ်။
သူက အရမ်းချောနေတာကိုး..
သူ့ကို ထိုးနှက်ရတာက မိန်းကလေးတစ်ယောက်နဲ့ ရန်ဖြစ်ရသလိုပဲ မတရားသလိုဖြစ်နေတာကိုး။
ကျွန်မ သက်ပြင်းချပြီး ရိုင်ရမ်ကို မျက်နှာလွှဲပြီး ဆံပင်တွေကို လေ လာရိုက်ခတ်နေတာကို အာရုံလွှဲထားလိုက်တယ်။ အဲဒါက ကျွန်မအတွက်တော့ ပထမဆုံးအကြိမ်ပဲ…
လေတွေက ကျွန်မမျက်နှာမူထားရာရဲ့ ဆန့်ကျင်ဘက် ..ကျွန်မရဲ့ ကျောဘက်ကနေ တိုက်ခတ်နေတော့ ကျွန်မ မျက်နှာတစ်ခုလုံးက ဆံပင်ဘုတ်သိုက်ကြီးနဲ့ဖြစ်နေတယ်။ ဂေါ်ရီလာ မျောက်ဝံဆိုပြီး ရိုင်ရမ်က ကျွန်မကို ကမ်းပါးကိုသွားခဲ့တဲ့ လမ်းတစ်လျှောက်လုံး စ နေခဲ့တယ်။
ကျွန်မတို့ အဲဒီကိုရောက်တော့ မနက် လေးနာရီလောက်ရှိနေပြီ။ ရိုင်ရမ်ကတော့ နှစ်စဉ်ကျင်းပတေဲ့ သီချင်းဆိုပြိုင်ပွဲမှာ သူသီချင်းရေးပြီး ဆိုမယ့် အကြောင်းကို ဆက်ပြောနေတယ်။
နေမပွင့်သေးပေမယ့် ကောင်းကင်က အလင်းဖျော့ဖျော့ရှိနေပြီ။ ရိုင်ရမ် ကားပေါ်ကနေဆင်းလိုက်ပြီး နောက်ဖုံးက ဂစ်တာကို ယူလိုက်တယ်။ ကားနောက်ဖုံးပေါ်မှာထိုင်လိုက်ပီး ရိုင်ရမ်က သီချင်းတစ်ချို့ကို ကျွန်မကို ဂစ်တာတီးပြတယ်။
“ဝိုး… မဆိုးဘူး၊ မင်း ဂစ်တာတီးတတ်တာ ငါမသိဘူး”..
“ဟုတ်လား…”
“တကယ်လို့များ ငါ ဝင်ပြိုင်လို့ရရင် သီချင်းဆိုပြိုင်ပွဲဝင်ချင်တယ်။ ငါတစ်ခါမှ သူငယ်ချင်းတွေရှေ့မှာ ဂစ်တာတီးတာတို့ သီချင်းဆိုတာတော့ မလုပ်ဖူးဘူး” …သူပြုံးပြီးပြောတယ်။
“ဘာလို့လဲ…?” .. “မင်းက အတော်ဆုံးမဟုတ်ပေမယ့် မင်းသီချင်းဆိုတာ တော်တော်ကောင်းပါတယ်”
“ဘာလို့လည်း ဆိုတော့ မင်းပြောသလိုပဲ ငါက အတော်ဆုံးမဟုတ်ဘူး။ ပြီးတော့ ငါ အတော်ဆုံးမဟုတ်တာကို ငါမရှက်ပါဘူး၊ ဒါပေမယ့် ငါက လူတွေအမြင်မှာ ငါ ကြိုးစားနေတယ် ဆိုတာကို မသိစေချင်ဘူး” “အဲဒါက ရှက်ဖို့ကောင်းတယ်… ငါဆိုလိုတာက တစ်ခုခုအတွက် မင်းအရမ်းကြိုးစားနေရတယ်ဆိုတာမျိုး က မမိုက်ဘူး”..
“အဓိပ္ပါယ်မရှိလိုက်တာ”
“တစ်ခုခုကို အောင်မြင်ဖို့အတွက် အကောင်းဆုံးကြိုးစားပြီး အောင်မြင်လိုက်ရတဲ့အချိန် ရတဲ့ ခံစားမှုဟာ အကောင်းဆုံးပဲ”
“ငါ သိပါတယ်”
“ဒါကြောင့်လည်း ငါဒီနှစ် နွေရာသီ ပြိုင်ပွဲကို ဝင်ဖို့ ဆုံးဖြတ်တာပေါ့”
“ငါ့မှာ စင်ကြောက်တတ်တဲ့ရောဂါရှိတယ်။ ဘာလို့လည်းဆိုတော့ သူများတွေ ငါ့ကို ဘယ်လိုတွေးမလဲဆိုတာကို ဂရုစိုက်လွန်းလို့”
“ဒါပေမယ့် ငါ ကြိုးစားကြည့်ချင်တယ်။ ပရိသတ်တွေ လက်မခံလည်း ငါ ငါ စင်ပေါ်မှာ ဂစ်တာတီး သီချင်းဆိုမယ်။”
“မင်း တော်တော် စိတ်ကူးယဉ်ဆန်တာပဲ”
“ဘယ်လိုပဲဖြစ်ဖြစ် ငါမင်းကို လာအားပေးမယ်”
သူ့မျက်နှာမှာ အပြုံးတစ်ခုပေါ်လာတယ်။ မျက်လုံးတွေကလည်း လမင်းလိုပဲ တောက်ပလို့။
သေချာတယ်.. သူ ထူးထူးဆန်းဆန်းအတွေးတစ်ခု တွေးနေတယ်။
“မင်း ကို သင်ပေးရမလား” . လို့ ဂစ်တာကိုင်လို့ သူမေးတယ်။
“ဟမ်… ရတယ်…မသင်ချင်ဘူး”
“မင်းကို သင်ပေရမလား”
“ရပါတယ် ဆိုနေမှ”
“မင်းကို သင်ပေးရမလား”
ကျွန်မပြောတာ အဲဒါပဲ။ သူ့အကျင့်က အဲဒီလိုထပ်ခါတလဲလဲလုပ်ပြီး နောက်ဆုံး သူလိုချင်တာကို လိုက်ရောရတဲ့ အထိ ထပ်ခါတလဲလဲ ပြောတတ်တာပဲ။
“အင်း.. ငါသင်ချင်ပါတယ်” ကျွန်မ စိတ်ပျက်လက်ပျက်ပြောလိုက်တယ်။
သူ ကျွန်မကို ဂစ်တာကြိုးတွေအကြောင်းနဲ့ ခပ်လွယ်လွယ်သီချင်းတစ်ပုဒ်တီးနည်းကို သင်ပေးတယ်။
ကျွန်မ ဂစ်တာကိုတောင်မှ ကောင်းကောင်း မကိုင်နိုင်ဘူး။
“ဒီမှာ .. ဒီမှာထိုင်”
“မင်း အဲလိုထိုင်နေရင် ငါမင်းကို ဂစ်တာဘယ်လိုကိုင်ရတယ်ဆိုတာတောင်မှ သင်ဖို့မလွယ်ဘူး” လို့ပြောပြီး သူ့ ခြေထောက်ကြားမှာ ထိုင်ခိုင်းတယ်။
ကျွန်မ ခေါင်းခါလိုက်တယ်။ ကိုးရိုးကားယားတော့နိုင်တယ်။
အမှန်က ဒါက ကိစ္စမရှိဘူး။ ကျွန်မအတွက်က ယောကျင်္ားလေးသူငယ်ချင်းတွေနဲ့ပေါင်းရတာ မိန်းကလေးတွေနဲ့ပေါင်းရတာထက် စိတ်ချမ်းသာတယ်။ ဒါပေမယ့် ရိုင်ရမ်နဲ့ကျတော့ အဲလိုမဖြစ်ဘူး။ သူက ပျော်တတ်ပေမယ့် ရယ်ဖို့ကောင်းပေမယ့် .. သူနဲ့အတူရှိနေရင် ကျွန်မ သက်တောင့်သက်သာ မခံစားရဘူး။ ခံစားချက်တစ်ခုခု ရှိနေသလိုပဲ…
သူ့နေရာမှာ အခြား ကျွန်မရဲ့ ယောကျင်္ားလေးသူငယ်ချင်းဆိုရင် ကျွန်မ စဉ်းစားစရာမလိုဘူး .. ချက်ခြင်းဝင်ထိုင်မိလိုက်မှာပဲ။ ရိုင်ရမ်ကျတော့ မဟုတ်ဘူး။ ကျွန်မသူနဲ့အတူရှိနေရင် ဘာမှန်းမသိဘူး တစ်ခုခုဖြစ်နေသလိုပဲ။
သူ ကျွန်မဆီက ဂစ်တာကိုယူလိုက်ပြီး ကားဘေးမှာ ထောင်လိုက်တယ်။
နောက် ခါးကို လက်နဲ့ဖက်လိုက်ပြီး သူ့ခြေထောက်တစ်ဖက်ပေါ်ကိုဆွဲတင်လိုက်တယ်။ အဲဒီကျမှ ကျွန်မ သတိပြုမိလိုက်တာက ဒါ သူ ကျွန်မကို ထိုင်စေချင်တဲ့နေရာ သူ့ခြေထောက်နှစ်ဖက်ကြားမှာ။
သူ ဂစ်တာကို ယူလိုက်ပြီး ကျွန်မရဲ့ လက်ကြားမှာတင်လိုက်တယ်။ နောက် သူ့လက်နှစ်ဖက်လုံးကို ကျွန်မ လက်ပေါ်မှာ အုပ်မိုးပြီး သီချင်းတစ်ပုဒ်ကို အတူ တီးလိုက်တယ်။
သူကျွန်မကို လွှတ်လိုက်တဲ့အချိန်မှာတော့ နေရောင်ခြည်က ရောင်နီလေးတွေ ဖျော့ဖောျ့ ဖြာကျလာတယ်။
“ငါတကယ်ကိုပဲ ပြိုင်ပွဲကို မစောင့်နိုင်တော့ဘူး”
“ဒါပေမယ့် ပြဿနာက သီချင်းက ငါကိုယ်တိုင်ရေးရမယ်။ သူတို့က တွေ့တဲ့သီချင်းကို ကောက်ဆိုဖို့ ခွင့်ပြုမှာမဟုတ်ဘူး။ ငါ ဘာရေးရင်ကောင်းမလဲ…?”
“ဘဝအကြောင်းရေးပါ့လား”
“ဘာကြောင့် ခု မင်းတွေ့တဲ့ ဘဝသစ်အကြောင်း မရေးတာလဲ”…
“မင်းက ကိုယ်ဟာကိုယ် ဘယ်လိုပျော်ရွှင်အောင်နေရမယ်ဆိုတာသိတာနဲ့ပဲ ငါ့ကို လာ စ မနေနဲ့”
သူက ကောင်းကင်ကိုမော့ကြည့်လိုက်တယ်။
နေရောင်ခြည်က တဖြေးဖြေးနဲ့ စထွက်လာပြီ။
“ငါ စာစီစာကုံးတောင်မှ ဘယ်လိုရေးရမှန်းမသိတာ.. သီချင်းကို ဘယ်လိုရေးရမလဲ”
“ခေါင်းထဲမှာ ရှိတဲ့ စကားလုံးတွေပဲ ချရေးပေါ့”
“သီချင်းကို ဘယ်လိုရေးရမယ်ဆိုတာမေ့ထားပြီး သံစဉ်ကို တီးခတ်လိုက် ၊ စာသားတွေဟာ သံစဉ်နောက်ကို လိုက်ပါစီးမြောသွားလိမ့်မယ်” လို့ ကျွန်မအကြံပေးလိုက်တယ်။
“ပြောတော့လွယ်တယ်” လို့ သူပြန်ပြောတယ်။
ခု နေမင်းကြီးက တောက်တောက်ပပ နဲ့ ထွက်ပေါ်လာပြီ။ ငှက်ကလေးတွေကလည်း တီတီတာတာနဲ့ အစာတောင်းနေကြတယ်။ လေပြေညှင်းလေးကလည်း ကျွန်မကို တိုးဝှေ့တိုက်ခတ်နေတယ်။ ကျွန်မနဲ့ရိုင်ရမ် နှစ်ယောက်သား စကားတစ်လုံးမှ မပြောဘဲနဲ့ ခပ်ကြာကြာ နေထွက်တာကို ထိုင်ကြည့်နေမိတယ်။
“ဒါ ငါ့ နှလုံးသားထဲက သံစဉ်စာသားပဲ” လို့ သူရုတ်တရက်ပြောတယ်။
သူ မျက်လုံးအစုံကို ခဏမှိတ်ထားလိုက်တယ်။ နောက် ခဏကြာတော့ သူ သံစဉ်သွဲ့သွဲ့ကို တီးလိုက်တယ်။
နောက် သီချင်းကို စ ဆိုတယ်။ သူ့အသံက အရမ်းဆွဲဆောင်နိုင်တယ်။
I wouldn’t ask you a single thing
If you just grabbed my hand and ran
Let out just a single word
I’ll do whatever I can
Oh because I’d do anything
Jump off a cliff if it’s for you
Baby, I’d do anything
Anything, if it’s for you… 😀

4 comments

  • ဦးကြောင်ကြီး

    February 3, 2013 at 8:27 am

    သဂျီးတင်ထားတဲ့ ဓာ့ပုံကြည့်ပြီး ဦးကြောင်ကို မလွမ်းဘူးလားဟင်…
    အတိတ်ဖွဲ့ခြေရာ
    နှင်းရဲ့မောင်ဟာ
    ကြောင်တကောင်ပါ
    သဲသောင်ပြင်သာ
    ချစ်ကြည်နူးတာ
    ခုတော့တမြေဆီကွာ
    အီး ဟီး ရွှတ်ဖတ်
    ငိုပါနဲ့ဗျာ
    ပြန်ဆုံကြမှာ..။

  • Hnin Thae Phyu

    September 4, 2013 at 8:19 am

    အဟမ်းအဟမ်း …
    နွေနှောင်းမိုး ကို ပြီးအောင် ဆက်ရေးပါ့မယ်..
    လာပြီ လာပြီ ..အနော် ပြန်လာပြီ.. ^_^

  • lele kyi

    September 4, 2013 at 11:07 am

    အဲ့လိုပြောပြောပြီးပျောက်ပျောက်သွားတာပါပဲလေ။ ပြီးအောင်မရေးရင် အဲ့စာအုပ်တွေ ပိုးဟပ်ကိုက်ပြီးကုန်တော့မယ်။ 🙂

Leave a Reply