ကျွန်တော် cobra မပျင်းတော့ပါ

cobraFebruary 3, 20131min15912

ကျွန်တော့်ရဲ ့ခေါင်းစဉ်နဲ့ညီအောင်မပျင်းတော့ဘူးလို့ဆုံးဖြတ်ထားပင်မယ့် ဒီစာကိုအကြမ်းရေးနေတဲ့ပုံစံကိုကခုတင်ပေါ်မှာမှောက်လျက်လေးခွေခေါက်ပြီးအကြမ်းရေးနေတာပါ။အဲ့လောက်ပျင်းတဲ့ကျွန်တော်ပါ။

အရင်ကလိုစာပြန်ရေးပြန်တင်တော့မယ်လို့စိတ်ကူးလိုက်ရတဲ့အချက်ကတော့မနေ့ညနေကတိုက်ဆိုင်မှုနဲ့အားပေးမှုတွေကြောင့်ပါပဲ။

မနေ့ညနေကပေါ့……..

ကျွန်တော့်သူငယ်ချင်းကလည်းလခလေးထုတ်ခါစငွေလေးရွှင်နေတော့ဘူတာရုံလမ်း ဝင်းမှာ တိုက်မယ်ဆိုပြီး အိမ်လာခေါ်ရော အဲ့ဒါနဲ့ပဲ၂ယောက်သားသွားကြတာပေါ့လေ။ဝင်းဘီယာဆိုင်ထဲလဲဝင်ရော…..အဲ့ဒီမှာစတွေ ့တာပဲ ခပ်လှမ်းလှမ်းကနေစတွေ ့လိုက်တာကတော့လေးမိုက်(ခေါ်)ကြီးမိုက်ပါပဲ၊လေးမိုက်ဘေးမှာထိုင်နေတာကတော့အသားညိုညိုရုပ်ခန့်ခန့်နဲ ့
လူကိုတော့ကျွန်တော်မသိသေးပါ။ကျွန်တော့်ကိုကျောပေးထိုင်နေတာကတော့သေချာတယ်ကြောင်ဝတုတ်(ခေါ်)ဖက်တီးကတ်ပါ။လေးမိုက်ကနှုတ်ဆက်တာနဲ ့
ဝင်ထိုင်မိလိုက်ပါတယ်။အဲ့တော့မှဘေးကတစ်ယောက်ကိုလေးမိုက်မိတ်ဆက်ပေးလိ့သိလိုက်ရပါတယ်။လေးဘလက်(ခေါ်)ဘလက်ချောပါတဲ့၊
တွေ ့ဆုံပွဲတုန်းကတောင်မတွေ ့လိုက်ရတဲ့သူကိုတိုက်တိုက်ဆိုင်ဆိုင်ဘီယာဆိုင်မှာလာတွေ့နေပါတယ်။ကျွန်တော့်အဖေအရွယ်၊ကျွန်တော့်ဦးလေးအရွယ်တွေနဲ ့တစ်ဝိုင်း
ထဲထိုင်ပြီးတူတူသောက်ဖို့ဆိုတာကျွန်တော်ဝန်လေးနေမိပါတယ်။လေးဘလက်က အားပေးစကားပြောတော့မှကျွန်တော်သောက်ရဲတာ “မင်းပုံစံကြည့်ရတာငါတို့ကိုအသက်ကြီးလို့မင်းကတစ်ခုခုဖြစ်နေသလိုပဲ၊ငါတို့ကအသက်တွေသာကြီးတာစိတ်တွေကငယ်သေးတယ်လွတ်လွတ်လပ်လပ်သာချပါ”
တဲ့အဲ့တော့မှဒီကကောင်ကလည်းသောက်လိုက်တယ်၂ခွက်၊ပျော်ဖို့ကောင်းပါတယ်မှတ်သားစရာစကားတွေလည်းရလိုက်ပါတယ်။ကျွန်တော့်ကိုလည်းစာရေးဖို့
တင်ဖို့တိုက်တွန်းအားပေးကြပါတယ်။ကျွန်တော်အိမ်ရောက်တော့ပြန်စဉ်းစားလိုက်တယ်ငါလည်းပျင်းမနေတော့ဘူး စာပြန်ရေးတော့မယ်လို့….။
ကျွန်တော်စာမတင်ဘူးဆိုတာကလည်း ကျွန်တော်ကတင်ချင်တာပဲသိတာလေစာရေးတတ်တာမှမဟုတ်တာ၊အဲ့တော့စာကဖတ်နေရင်းနဲ့ဟိုရောက်လိုက်ဒီရောက်လိုက်
ဖြစ်နေတာဆိုတော့ဖတ်ပေးတဲ့သူတွေကိုလည်းအားနာတယ်၊အရင်တုန်းကသိပ်မရှက်ပင်မယ့်နောက်ပိုင်းကျတော့
တကယ့်အရေးအသားရောဖတ်လို့ကောင်းအောင်ဆွဲဆောင်မှုရှိအောင်ရေးနိုင်တဲ့သူတွေရွာထဲမှာများလာတော့ကျွန်တော်လည်းရှက်လာတယ်အဲ့ဒါကြောင့်မရေးတော့ပဲ
သူများရေးတာဖတ်တယ်၊ပညာယူတယ်၊commentပေးတယ်။ကျွန်တော်ကအသက်ငယ်တော့ပညာနုသေးတယ်လေ အသက်လေးကခုမှ ၂ဝ ရယ်၊ဘေးမှာကလည်း
ထိန်းကျောင်းပေးမယ့်ချစ်သူ၊ရည်းစားကလဲမရှိသေးဘူးဖြစ်နေတော့……………………………..
တစ်ချို့လူတွေရဲ ့အကြောင်းလေးတွေနည်းနည်းတော့သိလိုက်ရတယ် ကျွန်တော်လည်းဖောက်သည်ပြန်ချ ချင်လို့ပါ။
red label4.5clကိုတစ်ညထဲနဲ့ကုန်အောင်သောက်တယ်ဆိုပဲ၊ဘယ်သူတွေလဲတော့မသိတော့ပါဘူး။green label လည်းထောင်သေးတယ်တဲ့။
နောက်ဆိုအဲ့လိုပွဲမျိုးတွေရှိရင်လက်တို့လိုက်ကြပါဦး။
သားလည်းသောက်တတ်တယ်ဗျ………။နော်…………နော်လို့………………။

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

12 comments

  • ဟာဟ ၊၊၊၊
    ခညား ဟိုလူဂျီးတွေနဲ့ သွားတွေ့တာပဲ ၊၊၊
    အိုက်စမောလေးတွေ က ၊၊၊ ဟဲဟဲ ၊၊၊၊
    အသက်သာ ကြီးတာ
    မပျက်စီးသေးတဲ့ လူဒွေ ၊၊၊၊
    တကယ် ခင်ဖို့ကောင်းတဲ့ လူဒွေ ၊၊၊၊
    ခညား မိုက်ပြစ်တွေလည်း ခွှေးလွတ်ဘာဒယ် ၊၊၊၊ ဟဲဟဲ ၊၊၊
    ပြန်ရေးဗျာ ၊၊၊၊

  • cobra

    February 3, 2013 at 4:41 pm

    အပြင်မှာ အရမ်းစကားပြောတဲ့အကိုကြီး
    ကျွန်တော်ပထမဆုံးပြန်ရေးတဲ့ ပို့စ်မှာ ပထမဆုံးမန်းသွားတာပဲ။
    ခွေးတော့မလွှတ်ပါနဲ ့အကောင်သေးလို့……။

    • ဟေ့လူ …
      အပေါ်က စာသားဂျီးက ဘာဒုံးဂျ .. အဟီးး :mrgreen:
      ဒါနဲ့ .. ခွေးလွှတ်မယ်ဆိုတာ ..
      ရိုးရိုး အကောင်း မဟုတ်ဘူးနော့ ….
      ခါးထက် မြင့်တဲ့ အကောင်ဂျီးးးး ဟီးး ဟီးးး

  • မောင်ပေ

    February 3, 2013 at 5:05 pm

    green တို ့ red တို ့ ဆိုတော့
    ဘလာဒီမာ တို ့ပွဲကို ပြောတာများလား

  • cobra

    February 3, 2013 at 5:05 pm

    အပေါ်က စာသားဂျီးက ဘာဒုံးဂျ .. အဟီးး တဲ့
    သူမသိသလိုပေါ့
    ခါးထက်မြင့်တဲ့အကောင်ဆိုတော့ ဘယ်သူ့ခါးနဲ့တိုင်းမှာလဲ
    ကိုတိုက်ခါးနဲ့တိုင်းလိုက်

  • Mr. MarGa

    February 3, 2013 at 5:21 pm


    မပျင်းတော့ဘူးဆိုလို့ ဘာများပါလိမ့်လို့
    ဒါမျိုးဆို ရှေ့ဆုံးက ပါလား နော် :hee:

  • padonmar

    February 3, 2013 at 7:05 pm

    အော် ဝရမ်းပြေး မိလာတာကိုး။
    မြွေဟောက်လေးက ကြော်ငြာလည်း ဝင်လိုက်သေး။

    • cobra

      February 5, 2013 at 9:26 pm

      ၁၄ ရက်နေ့နီးလာပီလေ
      ၁၃ရက်နေ့ အလုပ် လုပ်ပေးပြီးရင်
      ၁၄ ရက်နေ့ ပျော်ချင်တာပေါ့ အန်တီရဲ ့

  • surmi

    February 4, 2013 at 12:38 am

    ကဲ ဗျာ …. စောင် ့နေပြီနော် ….
    ကျုပ်တို့က မရေးနိုင်တဲ ့သူတွေဗျ …..။
    ကိုရင် ့ ပို ့စ် အပုဒ်ရေကိုကြည် ့ပြီး ဖျားသွားတယ် …. (၂၀၂)ပုဒ် တဲ့
    ကျုပ်တစ်သက် အဲ့လောက် ရေးနိုင်မယ်မထင်ဘူးဗျု့ိ ့ ……..
    ဒီလောက်ရေးနိုင်ခဲ့တဲ့သူက မရေးဘဲနေခဲ့တာ နှမြှောလိုကတာဗျာ ….
    စောင် ့နေပြီနော ….

  • kyeemite

    February 4, 2013 at 8:55 am

    အရေးထဲ ဖေါ်ကောင်လုပ်မဲ့သူကိုမှ သွားနှုတ်ဆက်မိရက်သား
    ဖြစ်သွားတယ်..ဟီး..
    လူဂျီးဒွေ အပန်းဖြေကြတာပါဗျာ….
    ကော်ပရာကတော့တန်းထဲဝင်နေတဲ့ပုဂ္ဂိုလ်လေးပါ…
    ဆက်ရေးပါလို့ ထပ်မံတိုက်တွန်းပါဂျောင်း.. :hee:

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    February 4, 2013 at 9:25 am

    စဉ်းစားကြည့်ကြစမ်းပါဗျာ…

    ထိုင်နေတဲ့လူက (၃)ယောက်… တစ်ယောက်က ဦးကြီးမိုက်၊ နောက်တစ်ယောက်က ဦးဘလက် ပြီးတော့ ကျွန်တော်… စုစုပေါင်းမှ (၃)ယောက်ထဲရယ်…

    ဒါကို သူက-

    ကျွန်တော့်အဖေအရွယ်၊ကျွန်တော့်ဦးလေးအရွယ်တွေနဲ ့တစ်ဝိုင်း
    ထဲထိုင်ပြီးတူတူသောက်ဖို့ဆိုတာကျွန်တော်ဝန်လေးနေမိပါတယ်…

    အဲ့လိုရေးတော့…
    ကျွန်တော့်ဘဝ ကျွန်တော်စဉ်းစားပြီး အတော်လေးရင်နာမိသဗျာ…
    တစ်ခါလေး လုပ်မိပါတယ်… တစ်ခါပဲ ဖွမယ့်လူနဲ့မိတော့တာပါပဲ…
    ဒီတစ်ခါပဲ ကျွန်တော်တို့ (၃)ယောက်ထည်း စုပြီး အပန်းဖြေမိတာပါဗျာ… (ခရက်ဒစ်တူ ဦးမိုက်ခ်)

    ခင်မင်လျက်-
    ဖက်ဖက်ကက်

  • cobra

    February 5, 2013 at 9:30 pm

    ကိုကြောင်ဝတုတ်ရယ် အကိုအရွယ်လို့ပြောမလို့ပါပဲ
    power ကြီးသွားအောင် ဦးလေး နေရာတင်ပေးလိုက်တာပါ
    သားက ကလေးပဲရှိသေးတယ်လေ ခွင့်လွှတ်ပေါ့
    ဖွတာတော့မဟုတ်ပါဘူးလေ ဒီလိုပဲကြုံတုန်းလေး တင်ပြရတာပေါ့။
    အမ ဝမ်းကွဲ နာရေးတွင် နေ့မအိပ်ညမအိပ် အလုပ် လုပ်နေသောကြောင့်
    ခုလောလောဆယ်တော့ မတင်နိုင်သေးပါကြောင်း
    အားပေးနေသောသူများကိုလည်းအထူးပင်ကျေးဇူးတင်ပါကြောင်းပြောကြားရင်း ပြန်သွားပါပြီ။

Leave a Reply