လေယာဉ်ဆီနှင့်ပလတ်စတစ်များ ထိတွေ့ကိုင်တွယ်အသုံးပြုရခြင်းမှာ နောင်မျိုးဆက်များအတွက် အဝ လွန်ခြင်းနှင့်မျိုးပွားမှုဆိုင်ရာရောဂါများဖြစ်လာနိုင်ခြင်း

Mr WorldWideFebruary 4, 20131min701

ဝါရှင်တန်ပြည်နယ်တက္ကသိုလ်မှ သုတေသနပညာရှင်များသည် သတ္တဝါမျိုးဆက် သုံးဆက်အထိ အန္တရာယ်ဖြစ်စေမည့် သဘာဝပတ်ဝန်းကျင်အဆိပ်သင့်မှု အဆိပ်စာရင်းအား ပြုစုခဲ့ပါသည်။ အွန်လိုင်းဂျာနယ် PIOS ONE ၏ ရေးသားချက်အရ မော်လီကျူးဇီဝပညာရှင် မိုက်ကယ်စကင်နာ (Michael Skiner) ဦးဆောင်သော သိပံပညာရှင်များ၏ စာတမ်းအရ ပလတ်စတစ်ဒြပ်ပေါင်း Plasticizer Biepheno-A၊သို့မဟုတ် BPA၊ DEHP(DiEthyHexyl Phthalate) နှင့် DBP (Dibutyl Phthalate) များအား ကြွက်များတွင် ထိတွေ့စေခြင်းဖြင့် မျိုးပွားမှုဆိုင်ရာရောဂါများနှင့် အဝလွန်ခြင်းအကြောင်း ဖော်ပြခဲ့ပါသည်။

Reproductive Toxocology ဂျာနယ်၏ ဆောင်းပါးခွဲတစ်ပုဒ်တွင် စစ်ဘက်၌ JP8 ဟု သိကြသော ဟိုက်ဒရိုဂျင်ကာဘွန်ဒြပ်ပေါင်း ကျယ်ပြန့်စွာ အသုံးပြုခြင်းကြောင့် မျိုးရိုးဗီဇရောဂါများ ဖြစ်ပွားခဲ့ကြောင်းနှင့် ပတ်သက်၍ ပထမအကြိမ် လေ့လာထားမှုကို တင်ပြရေးသာခဲ့ပါသည်။

Skinner ၏ ဓာတ်ခွဲခန်းစမ်းသပ်ချက်အရ ပတ်ဝန်းကျင်ကို ထိခိုက်စေသော အဆိပ်များဖြစ်သည့် ပလတ်စတစ်များ၊ ပိုးသတ်ဆေးများ၊ မှိုသတ်ဆေး၊ အဆိပ်ဖြစ်စေနိုင်သောဓာတုပစ္စည်း (Dioxin)၊ ဟိုက်ဒရိုကာဘွန်များကြောင့် မျိုးရိုးဗီဇပြောင်းလဲခြင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားကြောင်း သိရှိရပါသည်။ PLOS ONE ၏ လေ့လာမှုအရ ပလတ်စတစ်နှင့် ထိတွေ့ခဲ့သော သတ္တဝါများ၏ ပထမနှင့် တတိယမျိုးဆက်များတွင် ရောဂါများ သိသိသာသာ ပိုမိုဆိုးရွားလာခြင်းနှင့် ပုံမှန်မဟုတ်သော အဖြစ်အပျက်များ ဖြစ်ပေါ်လာခြင်းတို့ကို တွေ့ရှိရပါသည်။ မိခင်မှ ကိုယ်ဝန်ဆောင်နေစဉ်အတွင်း ပလတ်စတစ်ပစ္စည်းများနှင့် တိုက်ရိုက်ထိတွေ့ကိုင်တွယ်ခဲ့ရပါက ပထမမျိုးဆက်တွင် ကျောက်ကပ်နှင့် သုတ်ရည်ဂလင်း (Kidney and Prostate) ရောဂါများ ဖြစ်ပွားနိုင်ပါသည်။ တတိယမျိုးဆက် ရောက်သောအခါ အပျိုဖော်ဝင်ချိန်မမှန်ခြင်း၊ ဝှေးစေ့ရောဂါများ၊ သားအိမ်ရောဂါနှင့် အဝလွန်ခြင်းရောဂါတို့ ခံစားရရနိုင်ပါသည်။

130124183630

Jet Fuel, Plastics Exposures Cause Disease in Later Generations; Reproductive Diseases, Obesity

Jan. 24, 2013 — Washington State University researchers have lengthened their list of environmental toxicants that can negatively affect as many as three generations of an exposed animal’s offspring.

Writing in the online journal PLOS ONE, scientists led by molecular biologist Michael Skinner document reproductive disease and obesity in the descendants of rats exposed to the plasticizer bisephenol-A, or BPA, as well DEHP and DBP, plastic compounds known as phthalates.

 

One comment

  • အဲ …..
    ရေသန့်ဗူးတွေက ပလက်စတစ် လားဟင်င်င် .. 🙄
    အိုက်လို ဆိုရင်ဒေါ့ …
    သေပီချရာဘဲ ….
    နေ့ဒိုင်း ဘယ်နခါ ကိုင်မိလဲတောင် သိဒေါ့ဝူးးးး

Leave a Reply