မောင်တို့ မယ်တို့ ဘာများပြောကြမလဲဟင်!

ခင္ခFebruary 4, 20131min20439

မောင်တို့ မယ်တို့ ဘာများပြောကြမလဲဟင်!

 

ခင်ခ ဖေ့ဘုတ်ထဲမှာ ကျန်းမာရေးသတင်းလေးတစ်ခုဖတ်လိုက်ရတယ်။

အဲဒီဖတ်လိုက်ရတဲ့ သတင်းလေးကို ကျန်းမာရေးအမြင်ဖြင့် ဗဟုသုတ မျှဝေတင်လိုက်မယ်။

မောင်တို့ မယ်တို့ ဘာများပြောကြမလဲဟင်!

 

 

Facebook မှာတောင် ပျံ့သွားတဲ့ အမျိုးသမီးတွေရဲ့ ရင်သားကို တနေ့၁၅မိနစ် ကြည့်ရင် ကျန်းမာရေး ပိုကောင်းစေနိုင် တယ်ဆိုတာကို အမှတ်မဲ့ မြင်ဖူးလိုက်မယ် ထင်ပါတယ်။ အခု ကြည့်တာတင် မဟုတ်ပဲ ညှစ်ရတော့ မှာပါ။

သိပ္ပံပညာရှင် တွေက အမျိုးသမီး တွေရဲ့ ရင်သားကို ညှစ်ပေးချင်း အားဖြင့် Cancer ဖြစ်စေနိုင်တဲ့ အန္တရာယ်ရှိတဲ့ Cell တွေဖြစ်ပေါ် ခြင်းက ကာကွယ် နိုင်တယ်လို့ ပြောလိုက်ပါတယ်။

ကဲကောင်လေးနဲ့ ကောင်မလေးတွေ ရင်သားကင်ဆာ တားဆီးရေး အတွက် ကိုယ်စွမ်း ရှိသလောက် ကူညီကျတာပေ့ါ ဟုတ်တယ်မလား 😀 California ပြည်နယ်က Berkeley တက္ကသိုလ်မှာ ဒီသုတေသန ကိုဦးဆောင်တဲ့ သူတွေထဲက တစ်ယောက်ဖြစ်တဲ့ Gautham Venuhopalan က Cell တွေအပေါ် ဒြပ်ရှိတဲ့ ဖိအားပေး မှုက နဂိုမူလ ဖွံ့ဖြိုးမှု လမ်းကြောင်းထဲ ပြန်ထိမ်း ပေးနိုင်တယ် ဆိုတာ စမ်းသပ်မှုတွေက တစ်ဆင့် တွေ့ရှိ ရတယ်လို့ ပြောပါတယ်။ ဆန့်ကျင်ဘက် အနေနဲ့ ဆိုရင်တော့ Cancer ဖြစ်နိုင်မယ့် ဖွံ့ဖြိုးမှုကို အားသာ စေပါတယ်။

အတိအကျ ပြောရရင် ရာစုနှစ်ပေါင်း များစွာ ကတည်းက အားသက်ရောက် မှုကြောင့် ခန္ဓာကိုယ်ကို ပြောင်းလဲ စေနိုင်တယ် ဆိုတာ လူတွေက သိပြီးသားပါ။ ဥပမာ ပေးရရင် ဝိတ်မတယ့် အခါ ကြွက်သားတွေ ကြီးလာ သလိုပေ့ါ။ ကမာ္ဘမြေကြီးရဲ့ ဆွဲငင်အားက ကျွန်တော်တို့ အရိုးတွေကို သန်မာလာ စေဖို့ အဓိက ကျပါတယ်။ အခုဒီမှာ ကျွန်တော်တို့ ပြောချင်တာက ဒြပ်ရှိ အားသက်ရောက် မှုက ဖွံ့ဖြိုးမှု နေရာမှာ အချက်အချာ ကြနိုင်ပြီး Cancel Cell တွေဖြစ်ပေါ် လာမှုကို ကျုံ့စေပါတယ်။ ဒီစမ်းသပ်မှုမှာ Cancer ဖြစ်စေနိုင်တဲ့ Cell တွေကို Silicone ထဲမှာ ဖွံ့ဖြိုးစေပြီး ပထမ Cell ဖွံ့ဖြိုးလာတဲ့ အဆင့်မှာ Silicone ကိုညှစ်တာ ပါဝင်ပါတယ်။ အချိန် ကြာလာတာနဲ့ အမျှ Cell တွေက ပုံမှန်ပြန်လည် ဖွံ့ဖြိုး လာတာကို တွေ့ရပါတယ်။ Venugopalan ကဒီ Cell တွေဟာ ပုံမှန်ကျန်းမာတဲ့ ပုံစံထဲ ပြန်ဝင်လာဖို့ အရိပ်အမြွက် လေးလောက်ပဲ လိုတာပါ။ ဖျစ်ညှစ်ခြင်းက အဲ့ဒီ အရိပ်အမြွက် ပါပဲ။ ကဲ စာဖတ်သူတို့ ရင်သား Cancer ရောဂါ ပပျောက်ဖို့ များများ ညှစ်ကြစို့။
(Source : MYMC)
Posted By Vandever Keneshiroz

 

ဖတ်ရှု့သူအပေါင်းကျေးဇူးပါ။

ခင်ခ။

39 comments

  • Myo Thant

    February 4, 2013 at 11:29 am

    ကျွန်တော့်အတွက်တော့
    ဘယ့်နှယ်မှ မဘယ့်နှယ်နိူင်တဲ့ ကိစ္စကြီးပါလား ၊
    ဖတ်မိတာကိုက ကျွန်တော့်အမှားပါဗျာ

    🙁

  • ဇမ္ဗူ့လောကပါလကြောင်ဝတုတ်

    February 4, 2013 at 11:37 am

    အစ်ကိုရေ…
    ကမ်ပိန်းလေးလုပ်လိုက်ရအောင်လေ…
    လိုဂိုလေးဆွဲ… တီရှပ်လေးဝတ်ပြီးတော့ လမ်းဆုံလမ်းဂွလေးတွေမှာ… မဲရုံလိုကန့်လန့်ကာလေးနဲ့ ရုံသေးသေးလေးတွေဆောက်ပြီး…
    ရင်သားကင်ဆာအတွက် ကမ်ပိန်းလေးလုပ်ရအောင်ဗျာ…
    အစ်ကိုကြီးဦးဆောင်လိုက်…

    ခင်မင်လျက်-
    ဖက်ဖက်ကက်

    • ဟေ့လူ .. ဖက်တီးကပ်ဂျီးး
      ဟိုမှာ ..
      ခညား မိန်းမ ခေါ်နေဒယ် ..
      လာဂဲ့ .. တုတ်ကြီးကြီး ကောက်ခဲ့ .. ဒဲ့ … :mrgreen:

      +++++++++

      ဦးခင်ခဂျီးး

      ဟီးးးဟီးးး
      ဘာပေါရမှန်း သိဝူးး အဟီးး :mrgreen:

      • surmi

        February 4, 2013 at 2:49 pm

        ဘာမှမပြောတာအကောင်းဆုံးပဲ အံဇာဒုံး ရေ…
        ဒုတ်ကြီးကြီး ကောက်ခဲ ့လို ့ မောင်ရင် ့ကိုပြောလိမ် ့မယ် ……
        :harr:

  • panpan

    February 4, 2013 at 11:38 am

    ဒုက္ခော!!!   :O

  • P chogyi

    February 4, 2013 at 11:53 am

    အဟမ်း….အဟမ်း
    ခုတလော ဒီအကြောင်းပဲ ပေါ်ပြူလာဖြစ်နေပါလား
    ဘာမှမပြောတော့ပါဘူး နှာစေးနေတယ်။

  • kyeemite

    February 4, 2013 at 11:54 am

    ကိုခတို့ကတော့လုပ်ချလိုက်ပြန်ပီ..ဘာတဲ့..
    “ကဲ စာဖတ်သူတို့ ရင်သား Cancer ရောဂါ ပပျောက်ဖို့ များများ ညှစ်ကြစို့။”..ဆိုပဲ
    သေချာတာကတော့ မဒမ်မိုက်တစ်ယောက် ရင်သားကင်ဆာဖြစ်နိုင်ခြေလုံးဝမရှိတော့တာပဲ..
    အဟိ..လစ်ပီဗျို့… :kwi:

    • ခင်ခ

      February 4, 2013 at 12:40 pm

      ဘယ်နှယ့်မှ မဘယ့်နှယ်နိုင်သူ ကိုမျိုးသန့်ရေ ဦးဆုံးကွန်မန့်အတွက်ကျေးဇူးဗျာ။
      နေစမ်းပါအုံး ဘာလို့ မဘယ့်နှယ်နိုင်တာလဲ စဉ်းစားကာကြိုးစားကြည့်ပါလား သူများကျန်းမာမယ့် အရေးမို့ပါ။

      ကိုဖက်အကြံပေးလေးတော့ကောင်းတယ်ဗျ၊ ဒါပေမယ့် ကမ်းပိန်းက အချိန်နဲ့ဝင်ကြေးကောက်ရမယ် ထင်တယ်နော် တော်ကြာနောက်ကတန်းစီတဲ့သူတွေ ကားလမ်းပိတ်သလောက်ဖြစ်လို့ ပွမ် ပွမ် တွေ မည်ကုန်အုံးမယ်လေ။

      ဪ ကိုအံစာတုံးရယ် တစ်ခုခုတော့ပြောခဲ့ရောပေါ့၊ ပြောချင်ရက်နဲ့ အောင့်ထားတာ မကောင်းမှာစိုးမိတယ်လို့ပါ။

      မပန်ပန်ရေ ဖတ်ပေးတာကျေးဇူးနော်။

      P chogyi ရေ ပေါ်ပြူလာဖြစ်တဲ့ အကြောင်းမို့လည်း တင်မိတာပါ။

      ကိုကြီးမိုက်တို့ မဒမ်ကို ချစ်လိုက်တာနော်၊ ကျွန်တော်လည်း ကျွန်တော်မဒမ်ကို ချစ်ပါ၏။
      သူတို့တွေကို ကျန်းမာပျော်ရွှင်စေချင်ကြတာပါ ဟုတ် တယ်ဟုတ်။

      • Myo Thant

        February 4, 2013 at 1:30 pm

        ဆရာရယ်
        ဘယ့်နှယ်မှ မဘယ့်နှယ်နိူင်တာကတော့ ဘယ့်နှယ်စရာမှ မရှိလို့ပေါ့ဗျာ ၊
        ကိုယ် အသုံးမကျတာတွေလည်း လူသိကုန်ပါပြီ ဆရာရယ် ၊
        သူများ ကျန်းမာရေးဆိုပေမယ့်လည်း
        ကဲ ကဲ ကျန်းမာလိုသူများ ဆက်သွယ်ပါ လို့ ပြောရအောင်ကလည်း မဟုတ်
        လှည်းတန်းမှာ နေထိုင်ကြီးပြင်းသွားသူက လက်ရှိ လှည်းတန်းမှာ နေ နေသူကို ဒုက္ခပေးသလိုပါပဲလားကွယ်

        🙂

  • ဦး ကျောက်ခဲ

    February 4, 2013 at 12:34 pm

    ဆရာခကတော့ လုပ်ချလိုက်ပြန်ပြီ

    ဟောသည့် မောင်ကျောက် ဝိတ်ကျအောင် အနမ်းချွေစရာမရှိသလို…
    ကောင်မလေးတွေကို ရင်သားကင်ဆာမဖြစ်အောင် ကူညီချင်တာမှ အရမ်း…
    သူ့ရို့က မောင်ကျောက် စေတနာကိုသဘောမပေါက်ရင် အချုပ်ထဲရောက်မှာ ဆိုတော့….
    :chit:

  • မောင့်ကျက်သရေ ဂီ့

    February 4, 2013 at 12:39 pm

    ညှစ်ဖူးတယ်… ညှစ်ဖူးတယ်.. ညှစ်ဖူးတယ်… အော်မလွယ်ဝူး ယူးနိုင်ဒယ်…

    :kwi:

    • ခင်ခ

      February 4, 2013 at 12:45 pm

      ကိုကျောက်ရဲ့ စေတာနာကို နားလည်ပေးနိုင်တဲ့သူတွေ ရှိလာမှာပါဗျာ။ ခဏလေးဘဲစောင့်……။

      ယူးလောက်အောင်တော့ မညှစ်နဲ့လေ နည်းနည်းလျော့ပါအုံး ဂီ့ ရေ။

  • ခိုင်ဇာ

    February 4, 2013 at 12:49 pm

    အဟမ်း
    နိုး ကော်မန့်ပါ။

    :mrgreen:

    • ခင်ခ

      February 4, 2013 at 1:01 pm

      ဟုတ်ကဲ့ နိုး ရီပလိုင်းပါဗျာ မခိုင်ဇာရာ။

    • ဗုံဗုံ

      February 4, 2013 at 1:01 pm

      ဟိုက်!!!!!!!! လေးခ ပြေးပေါက်တွေ မွှားကုန်တော့ မှာဘဲ ငါးပါးမှောက်ပါပြီတော့ :mrgreen:

  • kai

    February 4, 2013 at 1:02 pm

    “ဒေါင်းဥခန့်မျှ အိမွမွကို ခွက်ဝပန်းရည် ဆုပ်နယ်သည်သို့ ..” ခုတင် ကိုကြီးကျောက်တုံးရေးထားတာ..
    ဆိုတော့…
    ရှေးမြန်မာတွေတွေ.. လုပ်လေ့ရှိပုံရပါတယ်..။
    တကယ်လည်း.. အပျိုကြီးတွေ.. ရင်သားကို တင်းတင်းကြပ်ကြပ်စည်းထားသူတွေ.. ရင်သားကင်ဆာအဖြစ်များတယ်လို့.. ဖတ်ဖူးတယ်..။
    ဆိုတော့..
    ရင်သားကင်ဆာအဖြစ်လျှော့အောင်လုပ်တဲ့ လေ့ကျင့်ခန်းထဲလည်း.. လှည့်ရစ်ပြီး..ဆုပ်နယ်ရတယ်လို့.. မြင်ဖူးတယ်..။

    လူသားသဘာဝမှာကိုက.. ရင်သားဟာ.. ကလေးသူငယ်တွေနို့ချိုတိုက်ကြွေးဖို့နဲ့.. ဆန့်ကျင်ဖက်လိင်ကိုဆွဲဆောင်ဖို့.. မိန်းမတွေမှာရှိနေတာပါတဲ့လေ..။

    အဟမ်း..
    ဆိုတော့… ပုံကိုကြည့်ကြ..။ :kwi:
    ကဗျာကိုဖတ်ကြ..

    တွင်းသင်မင်းကြီး – “နှစ်ဆူလဝန်း၊ ဝိဒေကျွန်းက၊ ပေါ်ထွန်းသော့ယောင်၊ ရွှေနန်းချောင်ဝယ်၊ အရောင်ပေါင်းစု၊ စောမုဒု၏။ ဖွံ့နုပျို့ပျို့၊ ရွှေရင်စို့ကို ….”
    =
    ဦးယာ – “ပန်းရင်ဝတ်တွင်၊ လက်တော်သွင်း၍၊ မြဆင်းယှက်ဖြာ၊ ကြောစိမ်းမြွှာလျက်၊ လက်ျာရစ်စု၊ မွေရှင်နုနှင့်၊ ဒေါင်းဥခန့်မျှ ၊ အိမွမွကို၊ ခွက်ဝပန်းရည်၊ ဆုပ်နည်သည်သို့ ….”
    =
    ဒေါင်းနွယ်ဆွေ – ရွှေသဗျစ်ခိုင် လေလာယိုင်နွဲ့ မှဲ့မှဲ့ဝင်းဝင်း သီးခင်းပြွတ်ပြွတ် ပင်လုံးညွှတ်ခါ ဆွတ်လာသခင် ခေါ်သည်ပင်သို့ ရွှေရင်မို့မို့ စို့စို့ဖူးဖူး ခူးရန်မဝံ့ ဖွံ့ဖွံ့ထွားထွား ရင်သားဝင်းဝါ နုနုသာတည့် …။

    • ဦး ကျောက်ခဲ

      February 4, 2013 at 1:23 pm

      အာ… တဂျီးကတော့ခက်ပြီ

      နဂိုကမှ အဲသာဒွေကိုကြည့်မိရင် ရင်တုံပန်းတုံ ဖြစ်ရတဲ့အထဲ….
      ဘာပုံကြီးကိုတင်မှန်းမသိ… မျက်စေ့ရှက်လိုက်တာ…
      မှန်း… သိပ်မမြင်ရဘူး…
      :chit:

      • ဘဆွေ

        February 5, 2013 at 12:39 am

        တဂျီး ကလည်းဗျာ.. နည်းတာပေါ့
        “ဒေါင်းဥခန့်မျှ အိမွမွကို ခွက်ဝပန်းရည် ဆုပ်နယ်သည်သို”့ ..ဆိုတာ ကိုကျောက်က စာအဖြစ်သာရေးတာ..သူတစ်ကယ် စိတ်ဝင်စားတာက…
        ”ကျွဲကောသီးမျှ ခပ်ဝဝကို” ဖြစ်ပါတယ်…..
        “သင်္ဘောသီးဆိုဒ် ခပ်မိုက်မိုက်” တွေလည်း ကြိုက်တယ်တဲ့…
        ”အုန်းသီးလောက်နီး ခပ်ကြီးကြီး ” ကိုလည်း လက်မလွတ် ချင်ပါတဲ့…
        ကိုကျောက်ရေ……………. ပြေးပြီခင် ဗျ….

  • nozomi

    February 4, 2013 at 1:14 pm

    မင်း အတွက် ပါကွာ……………

  • Wow

    February 4, 2013 at 1:49 pm

    ခုတစ်လော ရွာသားဒွေဘာဖစ်… ကျမ်းမာရေးတယ်ဂရုစိုက် :kwi:
    ဟိုဘက်မှာလဲ အူးကျောက်က ဗျို့ဟစ်ထားတယ် …
    ဒီဘက်မှာလဲ…. အူးခ ဆောင်းတွင်းမှာ စိတ်တွေ ကတိမ်းကပါးဖစ်တယ်ထင်တယ်…

    • ခင်ခ

      February 4, 2013 at 2:09 pm

      မိဗုံရယ် ပြေးခိုင်းတာ ဟုတ်ဘူးလေကွယ် ကိုယ့်ချစ်သောသူနဲ့ စကားလေး ဘာလေး အေးအေးဆေးဆေး ပြောပေါ့နော်……..။

      သူကြီးကွန်မန့်ဟာ ပိုစ့်နဲ့ကိုက်ညီလှပါ၏ဗျာ။

      ရင်တုံကင်းဝေး စိတ်သက်လေးမို့ လူတိုင်းရင်မှာ ဂိုးရိုစ့်ပါတဲ့…. ဘာမှဟုတ်ဘူး ကြော်ငြာ ဝင်တာပါ ကိုကျောက်ရေ။

      မင်း အတွက် ပါကွာ……………ဆိုတဲ့ နိုဇိုမိရေ ကျေးဇူးပါဗျဘဲပြောရမယ်ပေါ့။

      Wow ရယ် ဆောင်းတွင်းအိမ်မက် ကယောက်ကယက် ဆိုရိုးရှိတယ်လေ။

      • nozomi

        February 4, 2013 at 3:12 pm

        ကိုခင်ခ ရေ
        မင်း အတွက် ပါကွာ…………… ဆိုတာ
        သူတို့ ကျန်းမာရေး အတွက် ကူညီ ခါနီးကျရင် သူတို့ကို ရှင်းပြပေးဘို့ပါနော

  • myanmarcitizen

    February 4, 2013 at 2:25 pm

    မယ်တို့ ကဘာပြောမယ်မသိပေမဲ့ ….
    မောင်တွေကတော့ “ဆရာဝန်ကလဲညွှန်းတယ်၊ ရောဂါလဲပျောက်မယ်၊ ကြိုက်လဲကြိုက်တယ်” ဆိုတော့ကာ…
    ပြောလိုက်တော့မယ် “ညှစ်ကြမယ်ဟေ့ ကောင်းကောင်း” .. ဒန့် .. တန့် … တန့်

    • ခင်ခ

      February 4, 2013 at 3:48 pm

      myanmarcitizen ရေ ဆရာဝန်ညွှန်းတယ် ဆိုပြီးအနိုင်တော့မကျင့်နဲ့နော် ညှိုညှိုနှိုင်းနှိုင်းလေး လုပ်တတ်ဖို့တော့ လိုတယ်ဗျ။

      • myanmarcitizen

        February 5, 2013 at 5:14 pm

        ဝုတ်ဂဲ့ .. ဝုတ်ဂဲ့ … ပါ … ကိုခင်ခ …

  • kyeemite

    February 4, 2013 at 2:32 pm

    တို့သဂျီးက ဒီလိုဖက်မှာတော့ စပါယ်ရှယ်လစ်ပဲ..ကျမ်းကိုးနဲ့ကိုလာတာ
    ဆိုတော့… ပုံကိုကြည့်ကြ..။ :kwi:
    ကဗျာကိုဖတ်ကြ..
    ဘာပုံမှလည်းမတွေ့ပါလားသဂျီးရဲ့.. :buu:

  • thaung htutsoe

    February 4, 2013 at 4:41 pm

    ကိုခင်ခရေ ကင်ဆာရောဂါ တိုက်ဖျက်ရေးအတါက်တော့ကောင်ပါတယ်
    ကျွန်တော်လည်း ပူးပေါင်းချင်ပါတယ်
    အဓိကကတော့ မမတွေ ညလေးတွေက ကျွန်တော်နားမှာရှဝူးဂျ

  • မောင်ပေ

    February 4, 2013 at 7:56 pm

    လေးခရေ
    အဟဲ
    ညှစ်တယ်ဆိုတဲ့နေရာမှာ
    အကြမ်းပတမ်းကြီး မညှစ်ရဘူးတဲ့
    သာသာလေး ဖွဖွလေး ဆုတ်ကိုင်ပေးရမတဲ့
    နောက်ပြီး
    ချိုချိုစို ့တဲ့အခါ ဇွတ်မလောရဘူးတဲ့
    သစ်ရွက်ပေါ်မှာ တင်နေတဲ့ ပျားရည်စက် တစ်စက်ကို လျှက်ယူသလိုမျိုးပဲတဲ့
    ကြားဖူးနားဝ ဖတ်ဖူးတာလေး ပြန်ရှဲပေးလိုက်ပါတယ်
    ကျန်းမာရေးအတွက် လို ့ပဲ မှတ်ယူဖတ်တော်မူကြပါနော

  • Mobile

    February 4, 2013 at 8:33 pm

    ဒီသတင်းလေးကို ကျုပ်လည်း ဖေ့ဘွတ်မှာတော့တာတော့ ကြာပြီဗျ။
    ကိုယ်တင်တဲ့ ပို့စ်အတွက် ကိုယ်တာဝန်မယူနိုင်သေးလို့ ရွာထဲမှာ မတင်တာပါ
    အခု ကိုခင်ခက တင်ပေးလိုက်ပြီဆိုတော့ ကျုပ်ကပဲ ကြားဝင်ပြီး ဝန်ဆောင်မှုပေးပါ့မယ်။
    အထက်ပါ ပို့စ်အတွင်းမှ အကူအညီများကို မောင်မိုဘိုင်းမှ မြန်မာနိုင်ငံ တစ်နိုင်ငံလုံးသို့
    ဖရီး ဝန်ဆောင်မှုပေးနေပြီး ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးး

    • မောင်ပေ

      February 4, 2013 at 8:55 pm

      ရွှီး ရွှီ ရွှီး
      ဖြောင်းဖြောင်းဖြောင်းးးး (လက်ခုတ်တီးသံများ ၊ အားပေးသံများ )
      မြန်မာတစ်နိုင်ငံလုံး က မန်းဂေဇက်ကို စာလာဖတ်တဲ့
      လိင်တူချစ်သူများအားလုံး မိုဘိုင်းအား လိုက်ရှာကြတော့မည် ဟု သတင်းရရှိပါသည်

    • kai

      February 5, 2013 at 12:51 am

      ကျေးလက်တောရွာက..ကာလသမီးခေါင်း.. ဖွားဖွား..ကြီးကြီး.. ဒေါ်ဘုမ..ဒေါ်ဝက်မတို့.. သားသည်အမေတို့တွေလည်း.. တန်းစီနိုင်ပါပြီတဲ့..။ :kwi:

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2013 at 12:58 am

    ညှစ်တာလည်းညှစ်ကြတာပေါ့
    အရှိန်လွန်ရင်လည်း ဘတ်လတ်ဘတ်လတ်ကြီးဖြစ်သွားမယ်နော :mrgreen:
    တန်ဆေးလွန်ဘေး
    အဟေဟေး
    ( အမြင်မတော်ရင်လည်းဖျက်ဗျာ ဘာရယ်တော့ဟုတ်ပါဘူး အဲ့သည်သဘောကိုလည်းတွက်ရမှာကိုး )

  • ခင်ခ

    February 5, 2013 at 9:04 am

    ဝင်ရောက်ကာ အားပေးကွန်မန့်လေးတွေ အတွက်ကျေးဇူးဗျို့။
    ကိုအောင်ပုရေ အရှိန်မလွန်ခင် ဘရိတ်အုပ်ဖို့တော့ လိုသပေါ့ဗျာ။
    ကိုမိုဘိုင်းတစ်ယောက်တော့ လက်ရောင်လိုက်မှာ မြင်ယောင်သေးသဗျို့။
    thaung htutsoe ရေ အနီးအနား မရှိငြားရင် ရှိသည့်နေရာ သွားပါဗျာ။
    ဆရာပေတစ်ယောက်ကတော့ နည်းလမ်းလေးညွှန်ထား အမိုက်စားပါလား။

  • Thet Aung

    February 5, 2013 at 12:26 pm

    ဟာဂျာ ဦးခင်ခကြီးက ဘာတွေကြော မှန်းရဲတိဘူး၊တားတားကောင်မလေး အယောင်ပျောက်ဆေး တွေဘာတွေလူးရလို ့ကတော့ ဦးခင်ခ ကြီးနဲ ့တွေ ့မယ်။ဟီး……

  • ခင်ခ

    February 5, 2013 at 1:03 pm

    အမလေး Thet Aung ရယ် နမူနာတောင် လာညှစ်ပြရမလိုဘဲ၊ ချင့်ချင့်ချိန်ချိန် ဆို အယောင်ပျောက်ဆေး မသုံးရလောက်ဘူးထင်ပ။

  • Moe Z

    February 5, 2013 at 1:14 pm

    ဦးဦးခင်ခ ပထမအကြောင်းအရာ အမျိုးသားတွေအတွက်ကျန်းမာရေးက အမျိုးသမီးတွေကူညီမှဖြစ်မှာ ကင်ဆာကာကွယ်ရေးအတွက် နှိပ်နည်းတွေက အမျိုးသမီးတွေကိုယ်တိုင်လုပ်လို့ရတယ်ဆိုတာလေး ပြောပါရစေ 😆

  • ခင်ခ

    February 5, 2013 at 1:42 pm

    ဟုတ်ပါတယ် မိမိကိုယ်တိုင်ဘဲဖြစ်ဖြစ်၊ မိမိအချင်းချင်းနဲ့ဘဲဖြစ်ဖြစ်၊ မိမိချစ်သူနဲ့ဘဲဖြစ်ဖြစ်၊ မိမိအိမ်ထောင်ဘက် နဲ့ဘဲဖြစ်ဖြစ်၊ အခြားတစ်စုံတစ်ယောက်နဲ့ဘဲဖြစ်ဖြစ် အဓိက ( ကဲ စာဖတ်သူတို့ ရင်သား Cancer ရောဂါ ပပျောက်ဖို့ များများ ညှစ်ကြစို့ ) လို့ဘဲ တိုက်တွန်းတာပါ။
    ဒါပေမယ့် အမျိုးသားတွေက မိမိ ချစ်သူတွေကို ပိုဂရုစိုက် ချစ်တတ်ကြလို့ပါ Moe Z ရေ။

  • Mr. MarGa

    February 5, 2013 at 8:47 pm

    အင်းးးးးးးးးးးးး
    နတ်သမီးတွေသာ ဖတ်မိလို့
    ီဦးမာဃ ကိုပူဆာရင်တော့
    ဘယ်ဘက်က တစ်ထောင် ညာဘက်က တစ်ထောင်
    မိဖုရား လေးပါး
    နိုင်ပါ့မလား ဟရို့ :hee:

  • kai

    February 6, 2013 at 6:43 am

    မူရင်းသတင်းရှာတင်ပေးလိုက်တယ်..
    တကယ်ကြီးဗျ… နော.. :kwi:


    Squeezing Malignant Breast Cancer Cells Could Help Them Return To Normal, Study Says

    The Huffington Post | By Ron Dicker Posted: 12/18/2012 2:57 pm EST | Updated: 12/18/2012 3:53 pm EST

    “Squeezing” malignant breast cancer cells could help to guide them back to a normal growth pattern, according to new research from UC Berkeley and Lawrence Berkeley National Laboratory.

    Instead of the typical drug-focused methods, the manipulation of cell development through physical force shows for the first time that “mechanical” pressure alone can revert and stop the out-of-control growth of cancer cells,” the university wrote in a release.

    The school noted that the genetic mutations behind the malignancy remain, “setting up a nature-versus-nurture battle in determining a cell’s fate.”

    Researchers are not touting compression as a cure or treatment, however. “Compression, in and of itself, is not likely to be a therapy,” cautioned Daniel Fletcher, professor of bioengineering at Berkeley and faculty scientist at the Berkeley Lab, in the statement. “But this does give us new clues to track down the molecules and structures that could eventually be targeted for therapies.”

    For the experiment, scientists grew gelatin-encased malignant breast epithelial cells in flexible silicone chambers. The squishy housing allowed researchers to apply compression in the early stages of cell growth, the university said. The compressed malignant cells grew more organized and healthy-looking compared with the uncompressed malignant cells.

    “People have known for centuries that physical force can influence our bodies,” researcher Gautham Venugopalan explained in the news release. “When we lift weights, our muscles get bigger. The force of gravity is essential to keeping our bones strong. Here we show that physical force can play a role in the growth — and reversion — of cancer cells.”

    The scientists presented their findings Monday at the American Society for Cell Biology in San Francisco.
    http://www.huffingtonpost.com/2012/12/18/squeezing-breast-cancer-cells-compression_n_2323376.html
    =
    http://newscenter.berkeley.edu/2012/12/17/malignant-breast-cells-grow-normally-when-compressed/

Leave a Reply