တွေးတွေးပြီးရယ်

cobraJuly 20, 20101min420

(၁)
လူတစ်ယောက်ဟာ နိုင်ငံတော်အကြီးအကဲကို “အသုံးမကျတဲ့လူ” လို့ ပြောလို့
အဖမ်းခံရသတဲ့။ ရုံးတင်စစ်ဆေးပြီးနောက် တရားသူကြီးက သူ့ကို ထောင်ဒဏ် ၁ဝနှစ်နဲ့
၆ရက် အမိန့်ချလိုက်တယ်။ ဘာဖြစ်လို့ ဒီလောက်ကြီးလေးတဲ့ အပြစ်ကိုပေးရသလဲလို့
မေးတော့ တရားသူကြီးက “ ပြစ်ဒဏ် ၆ရက်က နိုင်ငံတော်အကြီးအကဲကို
စော်ကားတဲ့အတွက် ပြစ်ဒဏ်
၁ဝနှစ်က နိုင်ငံတော်ရဲ့လျှို့ဝှက်ချက်ကိ
ု ဖော်ကောင်လုပ်တဲ့အတွက်” လို့
ပြောလိုက်သတဲ့။

(၂)
တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။

ပထမ အကြီးအကဲ “ တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက် ပစ်ချလိုက်ရင်
ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ”

ဒုတိယ အကြီးအကဲ “ တကယ်လို့ ငါသာ ၅၀ဝတန်နှစ်ရွက် ပစ်ချလိုက်ရင်
လူနှစ်ယောက်ပျော်ရမယ်”

တတိယ အကြီးအကဲ “တကယ်လို့ ငါသာ ၁ဝတန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက်
ပျော်ရမယ်”

သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို
ပြောလိုက်သတဲ့…

“အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့ လူတွေအားလုံး
ပျော်ကြမှာပဲ” ဟူတည်း။

(၃)
လူတစ်ယောက်ဟာ သေပြီး နတ်ပြည်ရောက်သွားခဲ့တယ်။ နတ်သားတစ်ဦးက သူ့ကိုဦးဆောင်ပြီး
နတ်ပြည်အနှံ့ လိုက်ပြခဲ့တယ်။ နောက်ဆုံးမှာ နာရီအပြည့်ချိတ်ထားတဲ့ အခန်းတစ်ခုကို
ရောက်သွားခဲ့တယ်။ အခန်းထဲမှာရှိတဲ့ နာရီတစ်ချို့က အလုပ်လုပ်နေပြီး၊ တစ်ချို့က
ရပ်နေတယ်။ နတ်သားက “ဒီနာရီတွေက လူ့ပြည်မှာရှိတဲ့ လူတွေရဲ့ ကိုယ်စားပြု
နာရီတွေဖြစ်တယ်။ ခင်ဗျားနာရီလည်း ဒီထဲမှာရှိတယ်” လို့ ရှင်းပြတယ်။
နာရီတစ်ချို့က
မြန်လိုက်၊ နှေးလိုက် ဖြစ်နေတာကို တွေ့တော့ နတ်သားက “ လူတစ်ချို့
မုသားစကားပြောနေတဲ့ အချိန်မှာ သူ့ကိုယ်စားပြု နာရီက အရမ်းမြန်နေတတ်တယ်” လို့
ထပ်ရှင်းပြတယ်။

နတ်သားရှင်းပြတာကို ကြားတော့ သူက စိတ်ဝင်တစား “ဒါဆို ကျွန်တော်တို့
နိုင်ငံတော်အကြီးအကဲရဲ့ နာရီမရှိဘူးလား ကျွန်တော့်ကို ခဏပြလို့ရမလား” လို့
တောင်းဆိုလိုက်တယ်။

နတ်သားပြန်ဖြေလိုက်တာက “ရှိတယ်။ ဒါပေမဲ့ ခဏနေမှကြည့်လို့ရမယ်။ နတ်မင်းကြီးက
ပူလို့ဆိုပြီး အဲဒီနာရီကို ပန်ကာလုပ်ဖို့ ယူူသွားလို့ပါ” ဟူသတည်း။

(၄)
တစ်ခါက နိုင်ငံ အကြီးအကဲ သုံးဦးဟာ ဘုရားသခင်ကို တွေ့ဖို့
အခွင့်အရေးရခဲ့တယ်။ ဘုရားသခင်က
သူ့တို့ကို မေးခွန်းတစ်ခုစီ မေးဖို့ ခွင့်ပြုလိုက်တော့…

ပထမနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ
ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် “ အနှစ် ၅ဝ စောင့်ရလိမ့်မယ်”
ပထမနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) “ဒါဆို ကျွန်တော်
မမီတော့ဘူးထင်တယ်”

ဒုတိယနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ
ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် “နှစ် ၁၀ဝ စောင့်ရလိမ့်မယ်”
ဒုတိယနိုင်ငံ အကြီးအကဲ (စိတ်ပျက်ဝမ်းနည်းစွာနဲ့) “ဒါဆို ကျွန်တော်
မမီတော့ဘူးထင်တယ်”

တတိယနိုင်ငံ အကြီးအကဲ “ဘုရားသခင် ကျွန်တော့်နိုင်ငံက ပြည်သူလူထုတွေ
ကောင်းစားဖို့ ဘယ်နှနှစ်စောင့်ရဦးမလဲ”
ဘုရားသခင် (စိတ်ပျက်ဝမ်းနည်းစွာနဲ့) “ အကျွန်ုပ် မမီတော့ဘူး ထင်တယ်” ဟူတည်း။