အလွမ်း တွေ တနင့်တပိုးနဲ့..
လမ်းလျှောက်ထွက်ခဲ့သူပါ..
လက်ညိုးထိုး ဟားတိုက်ရုံသက်သက်နဲ့တော့..
ဒီလမ်းကို နင်မခင်းခဲ့သင့်ဘူး…

နင် တစ်ခါတစ်လေ ပျော်ဖို့ အတွက်လောက်ပဲ..
ငါ့ အတွေးအခေါ်တွေကို မိတ်ကပ်လူး စင်ပေါ်တင်..
ပြက်လုံးတွေပြော ခိုင်းခဲ့တာမှ မဟုတ်တာ..

နွေရာသီ အလယ်မှာ နှင်းကျအောင်တော့..
ငါလည်းမစွမ်းနိုင်ဘူးလေ…
ပူဖောင်းထဲ လေမှုတ်ရတာလောက်ပဲ ဖြစ်ဖြစ်ခိုင်းပေါ့…
ဒါမှမဟုတ်..တစ်ခုခု ပေါ့…

ငါခင်းမယ့်လမ်းအတွက် နင်ဆိုတဲ့ အရာ..
ခင်းမှ ဖြစ်မယ်ဆိုလည်း…မတက်နိုင်ဘူးလေ…
ငါ့နှလုံးသားမှာ.. အပေါက်တစ်ပေါက်တော့..
လေဝင်လေထွက်ရှိနေမှာပဲ….

About မောင်တင့် တယ်

မောင်တင့် တယ် has written 20 post in this Website..

စကားများသည်. သဘောကောင်းသည်. နည်းနည်းပေါသည်. သူများနားမလည်သောစာများရေးတတ်သည်. သူများနားမလည်သည်ကိုလည်း တလွဲတွေးထင်နားလည်တတ်သည်

   Send article as PDF