“မှားပြီးရင်းမှား”

++++++++++++++++++++++++++++++++++++++

i dont care

++++++++++++++++++++++++++++++++++++++

မှားခဲ့တာ..
တကယ်တော့ ငါမှားခဲ့တာ..

ပကာသနနဲ့ ပြည့်စုံတဲ့ နင့်ကို
လူတော်စာရင်းထဲပါတဲ့ နင့်ကို
အများကအားကျတဲ့ နင့်ကို
သမီးရှင်တွေ ဝိုင်းနေတဲ့ နင့်ကို
ပြောရရင်…
ဘာပြစ်ချက်မှ မရှိဘူးလို့
ထင်နေကြတဲ့ နင့်ကို…

ချစ်မိခဲ့တာလည်း မှားတယ်..
ရူးမိခဲ့တာလည်း မှားတယ်…
ဂရုစိုက်မိခဲ့တာလည်း မှားတယ်..

အမှားဆုံးကတော့…
အချစ်ကို အပြစ်လို့ မမြင်ခဲ့တဲ့
ပတ်ဝန်းကျင်ကို ထီမထင်လုပ်ခဲ့တဲ့
ခပ်ပိန်းပိန်း ငါ့ဦးနှောက်ကြီးပဲ…

နင့်နာမည်ကို ကြားတာနဲ့
ပကာသနကို ပြေးမြင်သူကမြင်
နင့်မိဘပြည့်စုံမှုကို သတိရသူကရ
နင့်ပညာတွေကို တွေ့သူကတွေ့..
အဲဒီလူတွေကြား..
ငါ့အချစ်တွေလည်း ဖုံးသွားခဲ့ပေါ့…

ရယ်ချင်လိုက်တာ…
ငါဆိုတဲ့ မိန်းမက
အဲ့ဒါတွေကို မက်သတဲ့လား…

တားမရတဲ့
နှလုံးသားဆိုတဲ့ ဒင်းကြောင့်
ငါ့မာနတွေ ရိုက်ချိုးခံရ
ငါ့သိက္ခာတွေ လဲဖြိုခံရ
ငါ့အရည်အချင်းတွေ အထင်သေးခံရ
တစ်စတစ်စနဲ့
ခပ်ဟဟတောင် မပြုံးချင်တော့ဘူး…

ငါ့အချစ်မှာ
ဘာတပ်မက်မှုမှ မရှိဘူး..
ရအောင်မကြိုးစားတာ
အစကတည်းက မလိုချင်လို့
နင်ကတော့ မြင်နိုင်ကောင်းရဲ့…

မရလို့ ပြောတာပါတဲ့..
မက်မောတတ်တဲ့ ပတ်ဝန်းကျင်
တကယ်ကို ဟားတိုက်လိုက်ချင်တယ်..
နင့်မိဘပေးသမျှ
ငါ့အစွမ်းအစနဲ့ အကုန်ရတယ်..
မတွေ့ကြတာ အံ့ဩပါရဲ့…

မာနကြီးတယ်..
မာန်တက်တယ်..
ဘဝင်မြင့်တယ်..
ပြောချင်တာပြောကြပါတော့..
အထင်သေးခံရတာထက်
အမြင်ကတ်ခံရတာ တော်မလားလို့…

တရားလည်းကျပါတယ်..
သံဝေဂလည်းရပါတယ်..
မိတ်ဆွေဆိုတာလည်း ကြောက်ပါတယ်..
နောက်ကျောက ဓားကြောင့်
ငါ့နှလုံးသားလည်း ဆတ်ဆတ်ခါလို့
အနာတောင် မကျက်ချင်သေးဘူး..

နေတတ်နေပါပြီ…
ကိုယ့်ဘဝနဲ့ကိုယ်ပေါ့..
တစ်နေ့တော့ ကြုံဦးမှာပါ..
ငါ့ကိုသာ ပြုံးပြနိုင်ကြပါစေ..။ ။

+++++++++++++++++++++++++++++++++++++++++++++

**(အနီးငယ် ပေါက်ကွဲထားဘာတီ… စုံဇမ်းမေးမြန်းဂျင်း တီးခံဘာ… :mrgreen: )

+++++++++++++++++++++++++++++++++++++++++++++

40 comments

  • နေတတ်နေပါပြီ…
    ကိုယ့်ဘဝနဲ့ကိုယ်ပေါ့..
    တစ်နေ့တော့ ကြုံဦးမှာပါ..
    ငါ့ကိုသာ ပြုံးပြနိုင်ကြပါစေ..။ ။

    ဆိုတော့ ……..။
    :kwi: :kwi: :kwi:

    မပြုံးပြဘဲ ဂလိုလုပ်ပြမယ်ဆိုရင် …
    ဘိုလုပ်မှာဒုံးဟင်င်င် …. :mrgreen:

    ကဗျာလေးက ကောင်းဘာဂျောင်းးး
    သို့ပေသိ … ပေါက်ကွဲသံဂျောင့် …
    အနီးငယ် လန့်မိဘာဂျောင်းးးး :mrgreen:

    • လုံမလေးမွန်မွန်

      February 6, 2013 at 10:34 am

      ပထမဆုံး ကွန်မန့်အတွက် ကျေးဇူးပါလို့…

      အိုက်လိုလုပ်ပြမယ်ဆိုရင်တော့ စိတ်ထဲပေါက်လာတဲ့အတိုင်း ပြန်လုပ်မိမှာဘာလို့.. ဖောင်း… ဗောင်း..အုံး.. တွေ ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်.. :mrgreen:

      • အဟမ်းးးး
        ” ဖောင်း… ဗောင်း..အုံး..” အစား …
        အာဘွားးးလေးများ ဖစ်မယ်ဆိုရင်ဒေါ့ဖင့် ..
        အဲ့ဂလို အခါ ထောင်သောင်း မက လုပ်ပြလိုက်ချင်စမ်းဘာရဲ့ … :mrgreen:

        • ဘိုဖစ်မလဲ တိချင်လား… အစမ်းလုပ်ပြလိုက်လေ… လက်တွေ့သိတွားအောင်လို့… :mrgreen:

        • အမငီးး
          ဒီဂမှာ အရပ်ကတို့ရယ် …
          အစမ်း လုပ်ပြလိုက်လေ …… ဒဲ့ …
          ဘာကြောဒါမှန်းလည်း သိဝူးးး
          တားတား ချက်ချက် … :mrgreen:

  • ဘဆွေ

    February 4, 2013 at 11:57 pm

    လုံကလေး..
    သူမသိရင် ..သူ ညံ့လို့..ဒင်းကို နားရွက်ဆွဲလိမ်ပြီး… ဒါကဒီလို ဟိုဟာကဟိုလို ဆိုတာရှင်းပြလိုက်..
    ပြီးရင် နားရင်းနှစ်ချက်လောက် အုပ်ပြီး ပညာပေးလိုက်…သူ သမီးရဲ့ သူရဲကောင်း အလိုလိုဖြစ်သွားလိမ့်မယ်
    ခင်တဲ့
    ဘဆွေ။

  • pooch

    February 5, 2013 at 12:38 am

    အထင်မှားရင် ပြင်ထားကွယ်လို့ ပြောလိုက်ပါ့လား မွန်မွန် 😆

    အမလည်း သနားစိတ်နဲ့ စိတ်မကောင်းဖြစ်မိနေတာ ရှိလို့ တခါထဲ ရင်ဖွင့်ပါရစေ :mrgreen:

    နောက်ကျောကို ဓားနဲ့ ထိုးမဲ့မိတ်ဆွေကို မသိပဲ
    ကိုယ်ကိုယ်တိုင် သူတပါးရဲ့ လက်ကိုင်တုတ် ဖြစ်မှန်းမသိ ဖြစ်နေတာကို မသိပဲ

    သူ့ကိုယ်သူ အသုံးချခံလို့ ခံရမှန်းမသိအောင်ကို ဉာဏ်မွဲပြီး ဆင်ခြင်တုံတရားမဲ့စွာ သူတပါး ကြိုးဆွဲရာ ကနေတဲ့သူ့ကို

    သနားတယ် တကယ်ပါ

    ကြည့်လေ စိတ်မကောင်းလေပဲ

    မျှော်လင့်မိတယ် အနှုတ်ကနေ အပေါင်းပြတဲ့ အတွေးဘက်ကို ရောက်အောင် တွေးခဲ့ဖူးလားလို့

    ကိုယ်တိုင် နားနဲ့ ဆတ်ဆတ်ကြားခဲ့ရတဲ့ စကားတခွန်းကို သူကိုယ်တိုင်ပြန်ကြားမိရင် ဘယ်လိုနေမလဲ တခါတခါ တွေးမိတယ်

    လက်ကိုင်တုတ် ဘဝ ကြိုးဆွဲရာ အဆင်ခြင်မဲ့ ကတတ်တဲ့ ဘဝကနေ လွတ်မြောက်နိုင်ပါစေ ဆုတောင်းပေးတယ်

    အရာရာကို ကိုယ့်ဦးနှောက်နဲ့ စဉ်းစားချင့်ချိန်ပြီး ယုံတတ်ပြောတတ်တဲ့သူဖြစ်လာပါစေလို့

    • amatmin

      February 5, 2013 at 9:17 am

      ဟိုအပေါ်က ကဗျာဖတ်ကြည့်ပီး ..
      ဘာတွေပေါက်ကွဲနေမှန်းစဉ်းစားမရတာကို..
      ဒီဒေါ်ပုချ် ကြီးကလည်း ဂလိုပေါက်ကွဲနေတယ်ဆိုတော့..
      ဒီကဗျာကို ဝင်ဖတ်မိတာကိုက.. မှားပီးရင်း မှားမိတာပါပဲ။ 🙂
      ဆိုတော့ အထင်မှားခြင်း အခြင်းခြင်း ကင်းရှင်းကြပါစေ နော့.. 🙂

      • အစ်မပုရေ..
        မွှန်နေတဲ့အချိန်မှာ ခဏလောက် လွှတ်ထားလိုက်ရင် ကောင်းမယ်ထင်တယ်.. လူဆိုတာ ပေါင်းတာကြာရင် အကြောင်းသိသွားမှာပါပဲ …. အရမ်းနစ်နာမယ့်အခြေအနေဆိုရင်တော့ တစ်မျိုးပေါ့.. ထားလိုက်ပါ.. သူ့ထိုက်နဲ့သူ့ကံ.. ခံရပြီးရင် သိသွားလိမ့်မယ်…

        ဟိုဘိုလေးသား…
        ဒါတောင် အနီးငယ်ပဲ ပေါက်ကွဲထားတာနော်.. အကြီးအကျယ်ပေါက်ကွဲပစ်လိုက်ရင် ဖတ်ရင်းနဲ့ ရူးတွားလိမ့်မယ်.. :mrgreen:

  • kyeemite

    February 5, 2013 at 8:38 am

    မှားပီးရင်းမှား
    ထားပီးရင်းထား(ရီးစား)
    ညားပီးရင်းညား..ကြစေကုန်သတည်း..။
    :kwi: :kwi: :kwi:

    • ဦးမိုက်…
      ထားတော့ မထားပါရဇေနဲ့ဦး..
      ထားပြီးရင် ပြောမယ်နော်.. ညားအောင် ဆုတောင်းပေးဖို့.. :kwi:

  • ခင်ခ

    February 5, 2013 at 9:15 am

    လုံမလေးမွန်ရေ
    အနီးငယ်ပေါက်ကွဲ
    မေးမြန်းခြင်းမပြုရလဲ
    ရေးစပ်ပါကဗျာဘွဲ့
    တေးထပ်ကာ ဆိုပါအမြဲ
    အဝေးရပ်က သူပါဘဲ။

    • လေးလေးခရေ…
      ဒီတေးထပ်ကတော့ နောက်ဆုုံးဖြစ်မယ်ထင်ပါတယ်…
      အဝေးရပ်က သူသိအောင် ဖွဘုတ်မှာလည်း ဖွထားတယ်.. :mrgreen:

  • Ghi Ghi ThE KiD

    February 5, 2013 at 10:42 am

    ကိုယ်ဂျင်းဆာဘာဒယ်ဂျာ…
    :byae:

  • DEPARKO DEPARKO

    February 5, 2013 at 10:48 am

    အင်း မယ်သီလရှင်ဝတ်မယ်ဆိုလည်းကြိုပြောနော် ပစ္စည်းလေးပါးဒါယကာခံချင်လို့ ဒါ့ကြောင့်ကိုး

  • Shwe Ei

    February 5, 2013 at 11:15 am

    I Don’t Care ဆိုတဲ့အတိုင်း ဆက်လက်ပြီး Don’t Care လိုက်ပါကွယ်။
    တချို့အထုပ်တွေက ပုခုံးပေါ်ထမ်းထားရတာ ဝန်လေးသလောက် လွှတ်ချလိုက်ဖို့လဲ နဲနဲမှစဉ်းစားစရာမလိုလောက်အောင် တန်ဖိုးမဲ့နေတာမျိုးလေ။ ဘဝကို ချစ်သူခင်သူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်ရှေ့ဆက်နိုင်ပါစေကွယ်။

    • Yes..sir!! မမချွေအိ…
      အနော့်ကိုချစ်တယ်မို့လား… မုန့်ဝယ်ကျွေးပီး ပျော်အောင်ထားပေးနော်.. 🙂

  • thaung htutsoe

    February 5, 2013 at 11:30 am

    တားမရတဲ့
    နှလုံးသားဆိုတဲ့ ဒင်းကြောင့်
    ငါ့မာနတွေ ရိုက်ချိုးခံရ
    ငါ့သိက္ခာတွေ လဲဖြိုခံရ
    ငါ့အရည်အချင်းတွေ အထင်သေးခံရ
    တစ်စတစ်စနဲ့
    ခပ်ဟဟတောင် မပြုံးချင်တော့ဘူး…ဆိုရင်
    မမွန်မွန်ရေ ဟားတိုက်ပြီး ပိုးဆိုးပတ်ဆက် ရယ်ပစ်လိုက်ပါ
    သက်ရှည်က်းမားလာပါလိမ့်ပါမယ်…………..ဂယ်ပြောတာ

  • moonpoem

    February 5, 2013 at 11:47 am

    အပြစ်မမြင်ပါဘူး ချစ်ချင်တာပဲ မသိတော့ဘူးပေါ့နော် မွန်မွန်။ မျက်လှည့်ပြသွားတော့လည်း ခံစားလိုက်ရတာ ကိုယ်ပါပဲလေနော်။ စာနာပါတယ်ကွယ် ။

  • Wow

    February 5, 2013 at 2:31 pm

    ကိုယ့်ဟာကိုယ် အခြောက်ယီးမှန်းမသိ အစိုယီးမှန်းမသိ ယောက်ကျားယူရမှန်းမသိ မိန်းမယူရမှန်းမသိတဲ့ သူဂိုလဲသနားဒယ် (ဘပု၊ကြောင်ရီး တို့ လုံးဝမဟုတ်) အစစ်အမှန်ရင်တွင်းဗြစ် :mrgreen: :mrgreen:
    အမလေး… အခြောက်ယီးကို ကြိုက်မိဒါနာ့အမှား.. အစကတော့ ကိုကိုတည်ငြိမ်လှချည်လားလို့… ခုတော့ သူဂ ယောက်ကျားလိုချင်နေဘီ… :mrgreen: :mrgreen:
    နင်ပြော်ရင်ပီးတာပဲ.. နင်ပြော်ရင်ပီးဒါပဲ…. သူ့ဟာသူ ယောက်ကျားယူယူ မိန်းမယူယူ :kwi:

  • Mobile

    February 5, 2013 at 8:14 pm

    အရေးအသားကောင်းလေးပါလား။
    အမှားတစ်ရံတွေရဲ့ နောက်မှာ အမှန်တရားတွေရှိတယ်ဆိုလားပဲ။
    ပွဲလန့်တုန်းထိုင်ခုံလာချတယ်လု့ိတော့ မထင်ပါနဲ့။
    လုံမလေးကို(———-) တယ်ဆိုတဲ့အကြောင်းလေး ပြောချင်လို့ပါ။

  • Mr. MarGa

    February 5, 2013 at 8:21 pm

    မှားပြီးရင်းမှားနေတော့
    ဆက်လို့သာ မမှားအောင်
    အမှားကို အမှန်ပြင်လို့
    အမြန်ပင် ဆုံးဖြတ်ပါတော့
    အို တောထွက်မယ့်အကြောင်း
    ( လက်နက်ကြီးသံတွေကြားတယ် ပြေးပြီ) :kwi:

    • သဂျား..
      ကိုယ့်ဘာသာ နတ်ပြည်မှာနေ..
      တူများကို တောမထွက်ခိုင်းနဲ့ဦး… နတ်ပြည်မလိုက်ချင်တေးဝူး…
      နာ့ဂို တနားရင်.. နာ့ချစ်တူ ဘေယောင်ဂျွန်းလေးနဲ့ အဆင်ပြေအောင် လုပ်ပေးဘာလား.. :kwi:

      • Mr. MarGa

        February 8, 2013 at 8:29 pm

        ဘေယောင်ဂျွန်းက အိုပြီလေကွယ်
        တခြားတစ်ယောက် ထပ်ရှာ
        (ဘေယောင်ဂျွန်းထက် သိကြားကမှ ပို ချောသေး) :mrgreen:

  • လူကလေး

    February 5, 2013 at 11:52 pm

    ကောင်းတယ် . . ပေါက်ကွဲပစ်လိုက် . . . တစ်ခါတည်းနဲ့အပြီးနော်. .
    အေး . . ဝမ်းနည်းနေတာမျိုးတော့မဖြစ်စေနဲ့ သယ်ရင်း . . . .
    နေ့်ငဒါသတွေနှမျောစရာကာင်းတယ်

    • ဒါနောက်ဆုံးပဲ သယ်ရင်း… ဂယ်တော့ တော်တော်လေးပေါက်ကွဲထားသေးတာ.. ရက်ကြာသွားလို့ အနီးငယ်ဘဲ ဖစ်တွားဒါ…

  • padonmar

    February 6, 2013 at 12:18 am

    လုံမလေးရေ
    ပေါက်ကွဲလိုက်တော့လည်း ကဗျာကောင်းလေးရလိုက်တာပေါ့။
    မိန်းမမှာလည်း မာနနဲ့ပါနော်။
    (မြှောက်ပေးလိုက်ပြီ)
    မယ်ပုရော မွန်မွန်ရော
    ရင်ဖွင့်လိုက်ရရင် စိတ်ချမ်းသာသွားကြပါစေ။
    ဟိုဖက်မှာတော့ စွံချင်တဲ့သူ၊စွံသွားတဲ့သူ၊မစွံတော့တဲ့သူတွေလည်း ရင်ဖွင့်နေကြတယ်။
    သွားဖတ်ကြည့်ကြပါအုံး။

    • ဟုတ်..တီတီဒုံ..
      သမီးလည်း အဲ့ကဗျာကိုကြိုက်နေတာ.. ဟီးးးး…
      မာနကြောင့်ပဲ ပေါက်ကွဲခဲ့တာပေါ့နော်…
      ဆုတောင်းပေးတာ ကျေးဇူးပါချင့်….
      ဗျို့ဟစ်တာတော့ ဖတ်ပီးဘီ…သွားမန့်လိုက်ဦးမယ်…

  • ခိုင်ဇာ

    February 6, 2013 at 5:54 pm

    “””မာနကြီးတယ်..
    မာန်တက်တယ်..
    ဘဝင်မြင့်တယ်..
    ပြောချင်တာပြောကြပါတော့..
    အထင်သေးခံရတာထက်
    အမြင်ကတ်ခံရတာ တော်မလားလို့…”””

    သဘောတူတယ်။ လက်ခံတယ်။ ထောက်ခံတယ်။
    ကဲရီးအွန်။ ဂိုးအဟက်

    :harr: :harr:

  • ဦးကြောင်ကြီး

    February 8, 2013 at 11:35 am

    သီးခံပါ
    အီးမှန်ရာ
    ထီးပျံလာ
    မီးဖန်ဝါ
    နီးကြံသာ
    ဂျီးနံစွာ
    ဂီးဟန်ဖြာ
    ဘီးတံခါ..။

    • သည်းခံခိုင်းရင် ရပါပြီ.. အီးတော့မမှန်ခိုင်းဘာနဲ့ အူးကြောင်ရယ်… စိတ်တိုတိုနဲ့ ပြန်ပေါက်ပလိုက်မယ်…

  • အလင်းဆက်

    September 14, 2013 at 1:41 pm

    တခါတခါကျတော့လည်းကျွန်တော်တို့ဟာ
    အမှားတွေထဲမှာ
    စနစ်တကျ မှန်ကန်သလိုကို ဖြစ်လို ့။

    မွန်မွန် ရေ
    ကဗျာဟောင်းလေးတွေ လိုက် ဖတ်ရင်း
    မျက်စိလည် ရောက်လာတယ်
    အခုမှ
    🙂

  • TNA

    September 14, 2013 at 10:14 pm

    မွန်မလေးလုံလုံပေါက်ကွဲသံဇဉ်တွေပြင်းလှချည်လား။ ပေါက်ကွဲလိုက်ရတော့သက်သာသွားပီမှတ်တယ်။

Leave a Reply