ကျော်မကောင်း ကြားမကောင်းတဲ့ ဝါးခယ်မမြို ့နယ် ရပ်ကွက်အုပ်ချုပ်ရေးမှုးတွေပါ

Thet AungFebruary 5, 201324min1298

ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို ့နယ် တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ရပ်ကွက်အုပ်ချုပ်ရေးမှုးများသည် နိုင်ငံတော်နှင့်နိုင်ငံသားတို ့၏ဂုဏ်သိက္ခာကို ကျဆင်း

စေရန် လုပ်ဆောင်လျက်ရှိကြောင်းကို သတင်းရရှိခဲ့ပါသည်။ဝါးခယ်မမြို ့နယ်အတွင်းရှိ ရပ်ကွက်အုပ်ရေးမှုးများမှာ အလွန်ပင်မိန်းမလိုက်စား၍ အပျော်အပါးမက်ကြ၏။ထိုသို ့

သောအကျင့်ပျက် ရပ်ကွက်အုပ်ချုပ်ရေးမှုးများ ကြောင့် မြန်မာလူမျိုးတို ့၏ တစ်လင်၊တစ်မယားစနစ်နှင့် မြန်မာလူမျိုးတို ့၏ဂုဏ်သိက္ခာကို ထိခိုက်ပျက်ပြားစေခဲ့ရသည်။

ထိုရပ်ကွက်အုပ်ချုပ်ရေးမှုးများသည် ဗုဒ္ဓဘာသာမြန်မာလူမျိုး ခေါင်းဆောင် များဖြစ်ကြပါလျက်နှင့် နောင်လာမည့် အနာဂတ်မျိုးဆက် လူငယ်တို ့အတွက်  နည်းပေးလမ်းပြ

စံထားစရာ များဖြစ်သွားမည် ကို ကျွန်ုပ်  အလွန်ပင် စိုးရိမ်မိရ  သည်။ထို ရပ်ကွက်  အုပ်ချုပ်ရေးမှုးများ  အကြောင်းအား ဝါးခယ်မမြို ့နယ်ရှိ  လူငယ်တို ့မှ   Facebook ပေါ်တွင်

သရော်ကာ ဖွန်ကြောင်ဆု ၊တနည်းအားဖြင့်မိန်းမပွေသောဆုများ ပင်ပေးအပ်ခဲ့၏။ထိုဆုပေးသည့် အောက်တွင်လည်းရစရာမရှိအောင် Comment များကိုရေးထားကြပါသေး

၏။အပြင်တွင်လည်း ဝါးခယ်မမြို ့ရှိ   မြို့သူ၊မြို့သား အပေါင်းတို ့မှ ကဲ့ရဲ့ရှုံ ့ချလျက်  ရှိပါသည်။ အလွန်ပင် ရှက်စရာကောင်းရပါ၏။ထိုသို ့သော   အကျင့်ပျက် ဥက္ကဋ္ဌများ ကြောင့်

ဝါးခယ်မမြို ့ရှိအုပ်ချုပ်ရေးအဖွဲ ့အစည်းများ ကို ပြည်သူတို ့မှ တနေ ့တခြား အထင်အမြင်သေးသိမ် လာကြသည်။လူငယ်တစု Facebook ပေါ်တွင် တင်ထားသော အကြောင်း

အရာလေးများမှာ အောက်ပါ အတိုင်းဖြစ်သည်။

ကျွန်တော့်ရဲ့ ချစ်ပရိတ် သတ်ကြီးတို ့အတွက်ဝါးခယ်မမြို ့မှ ၂၀၁၂ခုနှစ်အတွင်း တွင်
ဖွန်အလွန်ကြောင် သော ဖွန်ကြောင်ဆုကြီးကို ထိုက်ထိုက်တန်တန် ရွေးချယ်ပေးလိုက်
ပါပြီခင်ဗျာ။
ဒီဆုကိုတော့ လေးစားရပါသော မြို ့နယ်ဥက္ကဋ္ဌ ကြီး အပါအဝင် မြို့ပေါ်ရပ်ကွက် ၁၄
ရပ်ကွက်မှ ရက်ကွက် ဥက္ကဋ္ဌ ကြီးများထဲမှ သာရွေးချယ်ပေးလိုက်ပါသည်။ဒီနှစ် ရတဲ့ သူ
ကထိုက်ထိုက်တန်တန်ရသွားတာနော်…
ကဲကြေငြာပါတော့မယ်…၂၀၁၂ ခုနှစ်အတွင်း အများဆုံးဖွန်ကြောင်ဆုကိုရရှိသွားသူ
ကတော့…
သန် ့ဆွေအောင် ဘဲဖြစ်ပါတယ် ခင်ဗျား….အားလုံးဘဲလက်ခုပ်
တီးပေးပါ…
ဟုတ်ကဲ့ လှေကျင်းကုန်းရပ်ကွက် အုပ်ချုပ်ရေးမှုးကြီး ဦးသန် ့ဆွေအောင် ပါခင်ဗျ..
သန် ့ဆွေအောင်သည် ဦးကျော်စွာ ၏ချမ်းမြေ ့နေ ့တိုးပေးစားသည့် လုပ်ငန်းကြီးစတင်
သည့် ၆လခန် ့အတွင်းတွင်ပီပီပြင်ပြင် ဖွန်ကြောင်နိုင်ခဲ့သောကြောင့်အခြားဖွန်ဥက္ကဋ္ဌကြီး
များကိုပြတ်ပြတ် သားသားနောက်ကောက်ချနိုင်ခဲ့ပါသည်ခင်ဗျ။
သူ၏ဖွန်ကြောင်စွမ်းရည် အံ့မခန်းများမှာအလွန်ပီပီပြင်ပြင် နှင် ့မျက်နှာပြောင် တိုက်ရဲ
သည့်သူ၏မျက်နှာမှာ မိတ်ဆွေတို ့ပင်အားကျနိုင်လောက ် ပေသည်။ထို ့ပြင်သူသည်
ချမ်းမြေ ့လုပ်ငန်း၏ ဝန်ထမ်းအမျိုးသမီးများထဲမှတယောက်ထဲမဟုတ် ရှိသမျှဝန်ထမ်း
အားလုံထဲမှဘယ်သူ ့ရရ အကုန်ရလည်းအကုန် စားမည့် ရုပ်။ထိုဝန်ထမ်းအမျိုးသမီးများ
ကလည်း သူနှင့်ပနံမသင့်လို ့မဖြစ် အလိုက်အထိုက်ဆက်ဆံရမည့်အလုပ်သဘောအရ
သူ၏ဖွန်ကြောင် မှုကိုသည်းခံနေရပါသည်။ဒါကြောင့် သူကတအားအကြိုက်တွေ ့နေရပါ
သည်။ကဲ…ဒီလို အကြောင်းအရာများနှင့် သူ၏လုပ်ဆောင်ချက်များက ဒီဆုကိုရရှိစေခဲ့
ပါသည်။ဒီလောက်ဆို ပရိသတ်တို ့ကန် ့ကွက်စရာရှိပါသလား….။
နောက်ထပ်ဒုတိယနှင့်တတိယ ဆုများကိုလည်း ထပ်မံကြေငြာပါဦးမည်…ဒန်တန် ့တန့်
ဘယ်သူတွေလို ့ထင်ပါသလဲ ပရိတ်သတ်…..
ဒုတိယဆုကတော့ မျိုးမင်းဇော် ဘဲဖြစ်ပါတယ်ခင်ဗျား…
ဟုတ်ပါတယ်…သူကတော့ သန် ့ဆွေအောင်လို မျက်နှာပြောင်သိပ်မတိုက် သည့်အ
တွက်ဒီဆုနှင့်သာ နှစ်သိမ့် ပေးလိုက်ရပါသည်…
အော်…ပြောဖို ့မေ့သွားတယ် သူကတော့မြသိန်းတန် ရပ်ကွက် ဥက္ကဋ္ဌ ကြီးပါ။
သူ၏လုပ်ဆောင်ချက်ကြီးကတော့ ပြောက်ကျားစစ်ဆင်ရေးပေါ့။ဟုတ်ပါတယ်။
ဘယ်လိုစစ်ဆင်ရေးဆင်းလဲဆိုတော့ ကိုယ့်အိမ်မှာဘဲကိုယ်ဆင်းပါသည်။ထိုဥက္ကဋ္ဌကြီး
မှာ မိမိအိမ်တွင်GTIကျောင်းသူများအဆောင်ဖွင့်၍ချောင်းမြောင်းစစ်ဆင်ပါသည် ခင်ဗျ ့
ထို ့ပြင်မုဆိုးမဖြစ်နေသော ခယ်မချော ကိုလည်းကျားချောင်း ချောင်းလျက်ရှိပါသည်ဟု
ခိုင်လုံသော သတင်းပေးသူမှပေးလာခဲ့ပါသည်။ဒီလို ဆိုရင်တော့ သူလည်း ပထမဆုရဖို ့
အနည်းငယ်လေးကပ်လွဲသွားရပါသည်။
နောက်တတိယဆုကိုရရှိသူကတော့ မိုးဆွေ ဘဲဖြစ်ပါတယ်…
ဟုတ်ကဲ့ မင်းပိုင်းရပ်ကွက် ကဆရာကြီးပါ…
သူကတော့ စားနေကြ ကြောင်ဖားကြီး ပေါ့။ဟိုးအရင့် အရင် ခေတ်အဆက်ဆက် က
တည်းက စားလာခဲ့တဲ့ ဖွန်ခေါင်းဆောင်ကြီးပါ…ပြောရမယ်ဆိုရင ်ဖွန် ရာကူဇာကြီးပေါ့။
သူရဲ့ဆိုင်မှာခိုင်းထားတဲ့ အမျိုးသမီးပါမကျန် သူ ့ရဲ့စာရေးမတောင် လွတ်ပါ့မလားဘဲ။
အဲ့လောက်ထိပါဗျာ…ဒါပေမယ့် သူကနာမည်ကြီးပြီး ထမင်းမငတ်ပါဘူးဗျ…နပ်မှန်ပါ
တယ်…တကယ်ဆို သန် ့ဆွေအောင်သာ မျက်နှာပြောင်မတိုက်ခဲ့ရင် မိုးဆွေက ပထမ
ဆုကိုရခဲ့ မှာ…ခုတော့သူလည်းပြောက်ကျားစစ်ဆင်ရေးကြောင့်ဘဲ တတိယဆုကိုရသွား
ခဲ့တာပါ။
ဒီလို ပါဘဲ အလွန် သိုသိပ်၍ လူသိမခံ ဘဲကြိတ်စားသူတယောက်ကတော့ ဆုတော့
မချိတ်ခဲ့ ပါဘူး။သူကတော့ လွင်မျိုးဦး ဘဲဖြစ်ပါတယ်…ဆေးရုံရပ်ကွက် ဥက္ကဋ္ဌ ကြီးပါ။
သူကတော့ ပုံမှန်ဘဲ ချီတက်ဆဲ ပါ…ဟိုတလောကတောင် သူ ့ဇယားလေးကို တရုတ်
နိုင်ငံလုပ် ဆိုင်ကယ်လေး တစီးတောင် ရော်လိုက် တယ်တဲ့…ဟဟ…ကဲကဲ
ဒီလောက်ပါဘဲ…
နောက်နှစ်များမှာလည်း ယခုကဲ့သို ့ဖွန်ကြောင်ဆု ကြီးကို ကြီးကျယ်ခမ်းနားစွာနဲ ့အစဉ်
အလာ အတိုင်း ဆက်လက်၍ ပေးသွားပါဦးမည် မိတ်ဆွေတို ့ခင်ဗျား….
ယခု ဆုရရှိ သူများ သည် မြို ့နယ် ဥက္ကဋ္ဌ ကြီးထံ သို ့သွားရောက်၍ဆုများ ကိုထုတ်ယူ
နိုင်ပါသည် ခင်ဗျားဆုမရရှိသောလူကြီးမင်းများအနေဖြင့်လည်း စိတ်ဓါတ် မကျဘဲဆက်
လက်၍ ကြိုးစားကာ နောင်နှစ်များတွင် ရရှိအောင်သာ ဖွန်ကိုတစိုက်မတ်မတ် ကြောင်
ကြပါခင့်ဗျ…မောင်လွင်မျိုးဦးသည်လည်း မြို ့နယ်ဥက္ကဋ္ဌ ၏နှစ်သိမ့် ဆုလေးတော့ စေတ
နာရှိလျှင် ပေးပါလိမ့်မည်။စိတ်မပူပါနှင့် ခင်ဗျ…
ကျေးဇူးတင်ပါသည်……………………….။
ကြိုးစားလျက်…(ဝါးခယ်မ ငပွကြီး)

Like · · · February 1 at 8:10pm

  • Maythu Soe …ဆေးရုံရပ်ကွက် ဥက္ကဋ္ဌ ကြီးပါ။ မုဆိုးမတောင်အလွှတ်မပေးဘူး
  • Maythu Soe သန် ့ဆွေအောင် သူကတော်မလွယ်ပါလှေကျင်မုာခွေမတောင်ချမ်းသာမပေးဘူးပြီးတော.အင်္ဂပူဇတ်လမ်းတွဲလည်ရှိပါတယ်သိတဲသူတွေလည်သိပါတယ်နော်
  • Maythu Soe မြသိန်းတန် ရပ်ကွက် ဥက္ကဋ္ဌ ကြီးပါ မျိုးမင်းဇော် အင်းရေချိူးတာချောင်းတာနဲပြီးတောငွေမတရားစားနေတယ်မြသိန်းတန်ဘုရားစီန်ဖူတောင်ပြုတ်မလားပဲ
  • Chit Thu Lay ဟုတ်ကဲ့…ကျွန်တော်တို ့မြို ့မှာ ဥက္ကဋ္ဌ လုပ်ရင် ဘက်စုံတော်မှ ရမှာပါ။ဟဲဟဲ သိတယ်မလား အကုန်လုံးက ဇရှိတယ်။နှစ်တိုင်း ကျွန်တော် ဒီဆုကို မပျက် မကွက်ပေးပါ့မယ်။
  • Maythu Soe မိုးဆွေ မင်းပိုင်းရပ်ကွက် ကဆရာကြီးပေါ.နားရေးကငွေနဲလုပ်စားနေသူပါသူဆိုင်ကစာရေးမလေးတွေအခုအားလုံးမြင်တဲအတိုင်ဘူးသီးအမွှေသပ်ပုံဖြစ်နေပါတယ် အဲဒီလိုလူတွေဘယ်လိုများလူကြီးဖြစ်သွားတာြျမို.နာပါတယ်
  • Hnin Htethtet ထောက်ခံ ပါတယ် ဆရာတို ့ရယ် ဒီ့ထက်ကောင်းတဲ့ ဆုလေးတွေလည်း ချီးမြှင့်ပေးပါဦး….
  • Chit Thu Lay မကြာမီ လာမည်…မျှော်…
  • သာ ကီ မျိုး ဆော်လှချည်လားကွယ်………..
  • ကာရံမဲ့ မင်းသားကြီး လွင်မျိုးဦးကို ပထမပေးရမှာဂျးးးးD
  • Thant Zin သန့်ဆွေအောင်မိန်းမယင်းမာတော့အမှု့စစ်ရပြီ
  • Hnin Htethtet အေးဗျာ ကြားရတာစိတ်မချမ်းမြေ ့စရာ ပါလား…
  • Phyo Kyawaung လှေကျင်းဥက္ကဋ္ဌကဒီထက်ဆိုးတာဇတ်ထဲလိုက်ပြီးဇတ်သားစားတာမင်းတို့မသိလိုက်ဘူးမလားဟား ဟား
  • Phyo Kyawaung ငါကွလှေကျင်းသား
  • Chit Thu Lay ဒါပေါ့ ဗျ ပထမဆုကို ရပါတယ်ဆိုမှတော့ ထိုက်တန်မှ ရမှာပေါ့။ခုတော့ထိုက်ထိုက်တန်တန်ရသွားတာပေါ့။
  • Chit Thu Lay ဒီ ဆုလေးကို ဒီလူတွေ တကယ်ထိုက်တန်ပါတယ် ဆိုရင် Like ပေးကြပါ ပရိတ်သတ်တို ့ရေ…
  • Maythu Soe 2.2.2012 ညနေပိုင်းမုာ မြို ့နယ် ဥက္ကဋ္ဌရဲဇနီဈေးပွဲတော်လာပါတယ်ကွင်ထဲမုာပေါ ရက်ကွက် ဥက္ကဋ္ဌ ကြီးများထဲတစ်ဦကကြည်လိုက်ပုံးက ကြာကူလီးမျက်လုံးနဲစားမတတ်ဝါးမတတ်ပါလားခလုပ်တောင်ဝင်တိုက်တယ်ဖြစ်မုဖြစ်ရလေ
  • Maythu Soe ပီးတော.၄.၂.၂၀၁၂နေညနေမုာ မြို ့နယ်ဥက္ကဋ္ဌရဲဇနီးကမ်းနားလမ်းမုာစက်ဘီးစီးနေတာကိုအငန်းမရကြည်သွားသောနံမည်ပါကြာကူလီးတစ်ဦမုကြည်သွားသောဖြစ်ရပ်များ မြို ့နယ်ဥက္ကဋ္ဌသတိထားပါနော်ဇနီးကလည်ချော်ချော်လေးအင်းအဲဒီးကောင်တွေကရာဇဝင်မင်သားတွေနော် သတိပေးရတာပါ
  • YaMin Thu ရာဇဝင်းတနာရူးတွေလည်းဝိုင်းနေတယ်မော်ကွန်း မထိုးဘဲချော်ချော်လေး ရက်ကွက် ဥက္ကဋ္ဌ နေက်ပါလေအုံးမည် ….D
  • Chit Thu Lay အဲဒါရှော့ရှိတယ် ဗျ…ခုရက်ပိုင်းမှာတောင် ဥက္ကဋ္ဌကြီးရှိရဲ့လားမသိဘူး…ဒီတနာရူးတွေကတော့ သူတို ့ဂွင်ရောက်နေပြီ ဆရာတို ့ရေ…
  • Chit Thu Lay ဒီလို ဆိုရင်တော့ ကျွန်တော်က ဒီလိုတနာရူူးနှာဘူးတွေ ရဲ ့ရန်ကိုကာကွယ်ဖို ့ နေနည်းထိုင်နည်း၊ကာကွယ်နည်းကို တင်ပေးပါ့မယ်။ခဏစောင့်ပါ…
    အထက်ပါ အကြောင်းအရာလေး များမှာ ဧရာဝတီတိုင်းဒေသကြီး၊ဝါးခယ်မမြို ့နယ်တွင် အမှန်တကယ်ပင်ဖြစ်ပွားနေပါသည်။ယခုကဲ့သို ့သာ ဝါးခယ်မမြို ့နယ်၏
    အုပ်ချုပ်မှုပိုင်းတွင် ဆက်လက် သွားနေပါက နိုင်ငံတော်၏ ရှေ့ဆက်သွားရမည့် မူဝါဒလမ်းစဉ်များကို ပြည်သူလူထုမှ မယုံကြည်တော့ဘဲ နိုင်ငံတော်၏ ဂုဏ်သိက္ခာ
    မှာ အထက်ပါအုပ်ချုပ်ရေးမှုးတို ့၏ လုပ်ရပ်များကြောင့်လုံးဝရစရာမရှိရအောင် ကျဆင်းလျက်ရှိပါတယ်။
    ဒီသတင်းလေးမှာလည်း Comment ပေးပြီးဆွေးနွေးကြစေချင်ပါတယ်။
    ကျွန်တော်တို ့တိုင်းပြည်ရဲ ့အနာဂတ်မျိုးဆက်တွေအတွက် ပါ။ ကျွန်တော်တို ့ရဲ  ့တိုင်းပြည်ကြီးအနာဂတ်ကကျွန်တော်တို ့လက်ထဲမှာဘဲမူတည်တယ်နော်။
                 အားလုံးချမ်းသာခြင်းသုခအဖြာဖြာနှင့်ပြည့်စုံကြပါစေ။

8 comments

  • ကျုပ်တော့ …
    ကြည့်တွားဒါဘဲ …
    ဒါမယ့် … ဘာမှဒေါ့ သိဝူးးးရယ် …
    ဒီဒေါ့ .. ဒီလိုပေါ့ … နော့ …

  • Thet Aung

    February 5, 2013 at 12:10 pm

    အေးဗျာ ခုလို ကြည့်ပေးတဲ့ အတွက် ကျေးဇူးပါဗျာ….

  • Mobile

    February 5, 2013 at 8:23 pm

    ဆော်သာဆော်ကြဗျို့ လူကြီးမကောင်းလူကြီး
    လူလတ်ပိုင်းမကောင်းရင် လူလတ်ပိုင်းပေါ့ ဒီလိုလုပ်လို့မထိရောက်ရင်
    လေးခွနဲ့သာချောင်းဆော်ဗျာ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2013 at 9:02 pm

    ကာမေသု ဆိုတာကတော့ မကောင်းဘူးပေါ့ဗျာ
    ဒါပေသိ ယောက်ျားသားခြင်းပြောရရင်တော့
    သူ့သားမယားကို ကာမေသုလုပ်နိုင်တဲ့ကောင်ကို လျှော့တွက်လို့တော့မရဘူး
    သန်လို့ ထန်လို့ လုပ်နိုင်တာ ကြံဖန်ပြီးတော့အထင်ကြီးကြည့်ပါလား အကောင်းမြင်ဝါဒပေါ့
    ကုသိုလ်ရဘာဒယ်
    ဟဲဟဲဟဲ
    ကျုပ်များ သန်ဘို့ ထန်ဘို့
    တိုင်းရင်းဆေးလေးမှီဝဲနေရသပေါ့ :mrgreen:

    • Mobile

      February 5, 2013 at 9:12 pm

      ဘယ်တိုင်းရင်းဆေးကို သုံးတယ်ဆိုတာလေး လမ်းညွှန်ပေးပါအုံးဗျ။

  • မောင်ပေ

    February 5, 2013 at 9:22 pm

    အလို
    ကြာကူလီများနဲ ့ကိုဖိုးကြာများရဲ ့ဇါတ်လမ်းများပါပေတကား

  • padonmar

    February 5, 2013 at 10:45 pm

    မင်္ဂလာပါ ကိုသက်အောင်
    မန်းဂဇက်ကို ချစ်သူချင်းအနေနဲ့ရော တစ်မြို့ထဲသားချင်းအနေနဲ့ရော နှုတ်ခွန်းဆက်ပါတယ်။
    တစ်မြို့တစ်ရွာမှာ ကိုယ့်မြို့သားချင်းတွေ့တဲ့အခါ ဝမ်းသာသလိုပဲ အခုလည်း တွေ့ရတာ ဝမ်းသာကြောင်းပြောလိုပါတယ်။
    ကျမကတော့ မြို့မှာ မနေတာကြာပြီဖြစ်လို့ ခုရေးတဲ့ လူတွေ အဖြစ်အပျက်တွေကို မသိပါဘူး။
    ကျမက အသက်လည်းကြီးပြီဆိုတော့ နည်းနည်းတော့ လျှာရှည် ဆရာလုပ်တဲ့ အကျင့်မဆိုးတဆိုးလေးရှိတာကြောင့် နည်းနည်း လျှာရှည်ခွင့်ပြုပါနော်။
    ဒီလို မြို့တစ်မြို့ရဲ့ မြို့ခံတွေ အချင်းချင်း မကောင်းတဲ့ အပြစ်တွေကို လူထုအော်သံလို အပြန်အလှန်ထည့်တဲ့ ပို့စ်တွေ လွန်ခဲ့တဲ့ ၁-၂နှစ်လောက်က မန်းဂဇက်မှာ ပလူပျံခဲ့ဖူးပါတယ်။
    တစ်ဖက်နဲ့ တစ်ဖက် ဆဲကြဆိုကြနဲ့ စာဖတ်တဲ့သူတွေလည်း စိတ်အနှောက်အယှက်ဖြစ်ကြရပါတယ်။
    နောက်ဆုံး အယ်ဒီတာ သူကြီးက အဲဒီ အနောက်ဖက်ကမ်းက အိုင်ပီတွေဝင်မရအောင် ပိတ်ပစ်ခဲ့ဖူးပါတယ်။
    ကျမတို့ ချစ်ရတဲ့ မြို့လေးကို အဲဒီလို နာမည်ဆိုးနဲ့ မကျော်ကြားစေချင်ပါဘူး။
    ကိုသက်အောင်လည်း ဒီသဘောမျိုးပဲရှိမယ်လို့ ယုံကြည်ပါတယ်။
    မြို့ခံချင်းဆိုရင်တော့ ဘယ်သူမှားဘယ်သူမှန်သိနိုင်ပေမယ့် အဝေးကလူတွေက မဟောသဓ တွေ မဟုတ်တော့ မသိနိုင်ပါဘူး။
    အဲဒီတော့ တိုင်စာလို သဘောထားပြီး ဌာနဆိုင်ရာတွေ ဖတ်လိမ့်မယ် အထင်နဲ့ မတင်စေချင်ပါဘူး။
    ဒီလူတွေ တကယ် မကောင်းတာဆိုရင် ကိုယ့်ကို အုပ်ချုပ်သူတွေ အဖြစ်လက်မခံပါနဲ့။
    မြို့နယ်ရုံးကို ရပ်ကွက်သားတွေု တရားဝင်လက်မှတ်ထိုးပြီး ဖြုတ်ချပေးခိုင်းသင့်ပါတယ်။
    မြို့နယ်က လျစ်လျူရှုရင် တိုင်းထိတက်တိုင်ပါ။
    ကျမတို့မြို့မှာ အများအားကျစရာ ခေါင်းဆောင်ကြီးတွေ၊အနုပညာရှင်တွေ၊ရှေးဟောင်းလက်ရာ စေတီပုထိုးတွေ၊
    ခုခေတ်လည်း အတုယူစရာ လူမှုရေး နိုင်ငံရေး လှုပ်ရှားမှုတွေ အများကြီးရှိပါတယ်။
    ဆရာမကြီး ဒေါ်ခင်နှင်းယုက ဒို့ခေတ်ကျမှ ညံ့ကြတော့မှာလား လို့ ရေးဖူးပါတယ်။
    မြို့ခံအနေနဲ့ အဲဒါလေးတွေ ရေးတင်ပေးပါလားလို့ တောင်းဆိုချင်ပါတယ်။
    စိတ်သဘောထားများ မတိုက်ဆိုင်ခဲ့ရင်လည်း ကိုယ့်မြို့ကို ချစ်တဲ့သူချင်းအနေနဲ့ ခွင့်လွှတ်ပါလို့ တောင်းပန်ပါတယ်။
    ခင်မင်လျက်
    ပဒုမ္မာ

  • Thet Aung

    February 6, 2013 at 12:37 am

    ဟုတ်ကဲ့ မပဒုမ္မာရေ ကျွန်တော် ယခုလိုတင်ရတာလေးကတော့ ယနေ ့ခေတ်ကျွန်တော်တို ့ဆီမှာ ရှိတဲ့လူငယ် အပေါင်းတို ့ အတွက်တင်ပေးလိုက်ရခြင်းပါ အခြားမည်သည့်ရည်ရွယ်ချက်မှမရှိခဲ့တာအမှန်ပါခင်ဗျာ ယခုဆိုလည်း Facebook ပေါ်တွင် ပလူပျံကာ ထိုအကြောင်း အရာများမှာဟာသ သက်သက်လို ဖြစ်နေခြင်းကြောင့် ရည်ရွယ်ချက် နဲ ့ဦးတည်ချက်တို ့ပျောက်ဆုံးနေရတယ် လို ့ယူဆပါတယ် ဟုတ်ကဲ့ ကိုယ့်အုပ်ချုပ်သူတွေအဖြစ် လက်မခံလို ့တော့မရတာအမှန်ပါဘဲ။ဘာကြောင့်လဲဆိုတော့ အခြားအကြောင်း အရာများစွာတို ့ ရှုပ်ထွေးနေတုန်းမို ့လို ့ပါ ထားပါတော့လေ ဒါတွေက ကျွန်တော်နဲ ့မဆိုင်ပါဘူး။ကျွန်တော် ယခုတင်တဲ့ အကြောင်း အရာက Facebook ပေါ်မှတိုက်ရိုက်ကူးယူထားခြင်းပါ။ကျွန်တော်ထပ်မံဖြည့် စွက်ထားတာက နိဒါန်းနဲ ့ နောက်ဆုံး စာပိုဒ်ပါ။ ကျွန်တော်က ဒီအကြောင်းကို အားလုံးရဲ ့အမြင် တောင်းခံထားတာပါ။
    ယခုလို မပဒုမ္မာမှ ပွင့်ပွင့်လင်းလင်းဆွေးနွေးခဲ့ ခြင်းအတွက် အထူးကျေးဇူးတင်ရှိပါသည်။

Leave a Reply