ဘယ်လ်ဂျီယမ်နိုင်ငံမှစွမ်းအင်သိုလှောင်ရန်အတွက် ဒိုးနပ်ပုံ ကျွန်းတစ်ကျွန်းကို တည်ဆောက်တော့မည်

Mr WorldWideFebruary 5, 20131min1553

ဘယ်လ်ဂျီယမ်အစိုးရမှ ၎င်းတို့အနေဖြင့် ပိုလျှံနေသောစွမ်းအင်ကို သိုလှောင်ထားနိုင်ရန် နည်းလမ်းကောင်းတစ်ခုကို တွေ့ရှိထားပြီဖြစ်ကြောင်း ကြေငြာခဲ့ပြီး အဆိုပါနည်းလမ်းမှာ ကမ်းခြေမှ မိုင်အနည်းငယ်ကွာဝေးသော ပင်လယ်ထဲတွင် ဒိုးနပ်မုန့်ပုံသဏ္ဍန် ကျွန်တစ်ကျွန်းကို တည်ဆောက်မည်ဖြစ်ပြီး ကျွန်း၏အလယ်မှရေများကို အပြင်သို့စုပ်ယူရန် ပြင်ဆင်ထားကြောင်းထုတ်ပြခဲ့သည်။

shutterstock_103154660

ဘယ်လ်ဂျီယမ်နိုင်ငံတွင် သန့်ရှင်းသောစွမ်းအင် (Clean Energy) အများအပြားရှိသော်လည်း ၎င်းစွမ်းအင်များကို မည်ကဲ့သို့အသုံးချရမည်ကို မသိကြချေ။ ၎င်းတို့မှာ ပြဿနာမရှိသော်လည်း ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင် ( Renewable Energy)များကို သိုလှောင်ထားရန်မှာ ကြီးမားသော ပြဿာနာဖြစ်ပါသည်။ ယခုအခါတွင် ဘယ်လ်ဂျီယမ်၏ လေရဟတ် (Wind Farms) များမှ ထုတ်ယူရရှိသော စွမ်းအင်များမှာ အလဟသ ဖြစ်နေရပါသည်ဟု ရိုက်တာသတင်းဌာနမှ ထုတ်ပြန်ပါသည်။

ကျွန်ုပ်တို့တွင် လေရဟတ်များမှ စွမ်းအင်အမြောက်အမြားထုတ်ယူရရှိသော်လည်း သုံးစွဲစရာ နေရာမရှိ၍ လေလွှင့်ဆုံးရှုံးမှုများ ဖြစ်နေရပါကြောင်းကို မြောက်ပင်လယ်ရေးရာဝန်းကြီး၏ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးမှ ပြောဆိုခဲ့ပါသည်။ ဒိုးနပ်ပုံကျွန်းကို တည်ဆောက်ပြီးစီးပါက လေရဟတ်များမှ စွမ်းအင်ကိုရယူကာ ကျွန်းအလယ်မှရေများကို စုပ်ထုတ်ပြီး ရေလှောင်ကန်တစ်ခုသဖွယ် ဖန်တီးယူပါမည်။ အကယ်၍ ဘယ်လ်ဂျီယမ်နိုင်ငံအနေဖြင့် စွမ်းအင်လိုအပ်ချက်ရှိလာပါက ပြင်ပမှရေများကို ကျွန်း၏ စက်ဝိုင်းပုံအလယ်ဗဟိုသို့ စီးဆင်းစေခြင်းဖြင့် တာဘိုင်များကိုလည်ပတ်စေကာ လျှပ်စစ်စွမ်းအင်ပြန်လည်ထုတ်ယူရန် စီစဉ်ထားကြောင်း သိရှိရပါသည်။

၎င်းစီမံကိန်းကို တည်ဆောက်ရန် ငါးနှစ်၊သို့မဟုတ် ထိုထက်ပို၍ ကြာနိုင်ကြောင်း ရိုက်တာသတင်းဌာန ကြေငြာချက်အရ သိရှိရပါသည်။ လက်ရှိတွင် လေစွမ်းအင်မှ ၁၀၇၈ မီဂါဝပ်ထုတ်လုပ်လျှက်ရှိပြီး ၂၀၂ဝ ခုနှစ်တွင် ဘယ်လ်ဂျီယမ်အနေဖြင့် ၄၀၀ဝ မီဂါဝပ် ထုတ်ယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

Belgium wants to build a doughnut-shaped island to store energy

Belgium’s North Sea minister has revealed the nation’s novel solution to preserving excess energy — build a doughnut-shaped island a few miles of the coast that continually pumps water through its delicious centre.

Apparently the country has so much clean energy, it doesn’t know what to do with it, and while that doesn;t appear to sound like a problem on the surface, storing renewable energy is a big problem. At the moment, excess energy generated by Belgium’s wind farms is simply going to waste, reports Reuters.

http://www.wired.co.uk/news/archive/2013-01/18/belgium-wind-donut-island

 

3 comments

  • Mobile

    February 5, 2013 at 9:12 pm

    ဘယ်လ်ဂျီယံ နိုင်ငံကလူတွေတော်တော်ပိန်းတာပဲ။
    စွမ်းအင်များပိုတယ်လို့။ မြန်မာနိုင်ငံလို ရောင်းစားတာဟုက်ပဲနဲ့။
    မြန်မာနိုင်ငံများရောင်းစားလွန်းအားကြီးလို့ မီးခွက်ထွန်းပြီး ရှေးရိုးရာ ထိမ်းသိန်းနေရတဲ့
    ဒေသတွေတစ်ပုံကြီး။ ပိုတယ်လို့မရှိပါဘူးဗျာ မြန်မာနိုင်ငံလို စီးပွားမရှာတတ်လို့ပါ။

    • kai

      February 6, 2013 at 4:29 am

      ဘယ်လ်ဂျီယံဘေးမှာ..ဘယ်နိုင်ငံတွေရှိတယ်ထင်လို့လည်း.. ကိုရင်တို့ရယ်..
      စွမ်းအင်တွေပိုနေပါတယ်ဆိုတိုင်း.. ဝယ်ပါ့မလား..

      တွေတဲ့..
      ပြန်တောင်ရောင်းလိုက်ဦးမယ်..။
      ဆိုတော့…
      ကျုပ်အနေနဲ့ကတော့.. ဝယ်ပေးနိုင်တဲ့အခြေအနေရှိနေခဲ့ရင်ပဲ.. ကျေးဇူးတင်ဦးရယ်လို့…။ :kwi:
      ဒန်တန့်တန်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2013 at 9:19 pm

    အဲ့သည်သတင်းကို
    မြန်မာ့အလင်းနဲ့ ကြေးမှုံသတင်းစာမှာ
    ဟာသသတင်းအဖြစ် ဖေါ်ပြထိုက်တယ်

Leave a Reply