က​လေးငယ်​အား​အဝတ်​လျှော်​စက်​ထဲ​ထည့်​လှည့်​ကာ​သတ်​ဖြတ်​ခဲ့​သည့်​ဂျ​ပန်

cobraJuly 20, 20101min1098

ကလေးငယ်အား အဝတ်လျှော်စက်ထဲ ထည့်လှည့်ပြီး
သတ်ဖြတ်မှု အတွက် ဂျပန်
နိုင်ငံမှ မိခင်

တစ်ဦးအား ရဲများက ဖမ်းဆီး
ထားလိုက်ကြောင်း သိရသည်။ အသက်​၃၄​နှစ် အရွယ် ဂျန်ကိုအီဂါရှီယာသည် သူမ၏ ၅​
နှစ်အရွယ် သမီးလေး မွန်းအား အဝတ်လျှောက် စက်ထဲ ထည့်ပြီး ဒဏ်ပေး ခဲ့ခြင်း
ဖြစ်သည်။ ဂျန်ကိုသည် ရဲများထံသို့ သူမသည် ကလေး၏ ပါးစပ်ကို တိပ်ဖြင့် ပိတ်ကာ
လက်နှစ်ဖက်ကိုလည်း ပူးချည်ပြီး အဝတ်လျှောက်စက်ထဲ ထည့်ထားပြီး အကြိမ်
အတော်များများ လှည့်ခဲ့ကြောင်း ဝန်ခံ ခဲ့သည်။ သူမသည် ရေဖြည့်ထားသည့်
အဝတ်လျှောက်စက်အား စက် မဖွင့်မီ ကလေး အပြင်ဖက်သို့ ထွက်မလာ နိုင်ရန်
အဝတ်လျှောက်စက် တံခါးကိုပါ တိပ်များဖြင့် ပိတ်ထား ခဲ့ကြောင်း သိရသည်။
ဂျန်ကိုက သူမ၏ သမီးအား ခြိမ်းခြောက်ရန်သာ ယခုလို ပြုလုပ်ခဲ့ပြီး သတ်ဖြတ်ရန်
မရည်ရွယ်ကြောင်း ပြောကြားသွားသည်။ ဂျန်ကိုသည် သနားစရာ မိန်းကလေးအား ရေ
အပြည့် ဖြည့်ထားသည့် ပုံးများကို ကာလ ကြာရှည်စွာ ဆွဲထားခိုင်းသည့်
နှိပ်စက်မှုများလည်း ပြုလုပ် ခဲ့သေးကြောင်း ဝန်ခံခဲ့သည်။

ဇွန်လ​၂၇​
ရက်နေ့ကမူ အဝတ်လျှောက်စက်အတွင်း ရေမွန်း သေဆုံး သွားသည့် မိန်းကလေး အတွက်
သူမ၏ မိခင်အား ရဲများက ဖမ်းဆီး လိုက်သည်။ ကွာရှင်းထားသည့် အမျိုးသမီး
တစ်ဦးဖြစ်သော ဂျန်ကိုက မွန်းကို သတ်ဖြတ်ခြင်း မဟုတ်ဘဲ စည်းကမ်း ကြပ်မတ်
ထိန်းသိမ်း ခဲ့ခြင်းသာဖြစ်ကြောင်း ရဲများအား ပြောကြား ထားသည်။

သက်တန့်ချိုမှကူးယူဖော်ပြသည်။

8 comments

  • True Faith

    July 20, 2010 at 9:22 am

    ကလေးမလေး သနားပါတယ်။ ဝဋ်ကြွေးရှိရင် ဒီဘဝနဲ့ ကျေပါစေတော့ ကလေးလေးရယ်။

  • etone

    July 20, 2010 at 10:00 am

    အမေဖြစ်ပြီး ရူးနေလားမသိဘူး ဒီမိန်းမ ။ ဦးဏှောက်မပြည့်လို့လည်း ကွာရှင်းခံခဲ့ရတာနေမှာပေါ့ ။ သနားစရာကလေးကတော့ ဓါးစာခံဖြစ်သွားရတယ် ။ ခွေးတောင်မွေးထားတဲ့ကလေးကို ဒီလိုမလုပ်ဘူး ။ နှိမ့်ကျတဲ့အတွေးတွေနဲ့ ရူးတူတူး ပေါစားမိခင်တယောက်ဗိုက်ထဲမှာဝင်စားခဲ့တဲ့ကလေးအတွက်တော့စိတ်မကောင်းပါဘူး ။

  • လင်းဝေကျော်

    July 20, 2010 at 10:16 am

    ဂျပန်တွေက အဲသလို အစွန်းရောက် နှိပ်စက်တတ်တယ်။
    နောက်ပြီး သူတို့ လူ့အဖွဲ့အစည်းမှာ ပုံမှန်အားဖြင့် အလွန် ယဉ်ကျေးသလောက်
    ပုံမမှန်တဲ့အခါ မုန်းတီးကြတဲ့ အခါ သိပ်ရက်စက်ကြတယ်။

  • aye aye

    July 20, 2010 at 3:28 pm

    စိတ်မကောင်းစရာပဲ ကလေးအတွက်

  • bluerose

    May 16, 2012 at 12:57 pm

    ကလေးကိုနှိပ်စက်ဖို့တမင်သက်သက်များမွေးထားသလားနော်သနားပါတယ်

  • Khaing Khaing

    May 16, 2012 at 1:13 pm

    ဂျပန်မှာနေတဲ့လူတွေရဲ့စိတ်ကိုလည်း သတိထားရမယ် အဟီးးးးးးးးးးးး…… ဂျပန်တွေက အဲလောက်ထိစိတ် ဓာတ်က ရိုင်းလို့လား ….. အဲဒီမိခင်ရူးနေတာပဲဖြစ်မယ် ……… ဖတ်ပြီးရင်တောင်စို့တယ် ………..

  • Ma Ei

    May 16, 2012 at 1:28 pm

    ဒီလို အမေမျိုးလဲ ရှိသေးပါလားနော်…

  • ညလေး

    May 16, 2012 at 4:57 pm

    ့ ခလေးလေးသနားပါတယ် ့ ့ ့ ့ ငမိုက်မကိုတော့ထောင်ဒဏ် တသက်တကျွှန်းကျစေချင်တယ် ့ ့ ့

Leave a Reply