ဆိုက်​ဘေ​ရီး​ယား​ရေ​ကန်​အ​တွင်း​မှ​သ​တ္တ​ဝါ​ကြီး​အ​ကြောင်း​

cobraJuly 20, 20101min841

ရုရှားနိုင်ငံရှိ တံငါသည်များသည် (၃)​နှစ်​
အတွင်း လူပေါင်း​(၁၉)​
ဦး သေဆုံး​ခဲ့မှုနှင့်

ဆိုက်ဘေးရီးယားရှိ ရေကန်ကြီး​တစ်ခု​
အတွင်းမှ ရေ​သတ္တဝါကြီး​တစ်ကောင်​အကြောင်း ဒဏ္ဍာရီတို့ ဆက်စပ်မှု ရှိမရှိ
ဖော်ထုတ်ပေးရန် အာဏာပိုင်များအား တောင်းဆို​နေကြောင်း သိရသည်။ ဒေသခံများက
Nesski​ဟု ခေါ်ကြသည့် ယင်း​လျှို့ဝှက်ဆန်းကြယ် ရေသတ္တဝါကြီး ရှိမရှိကို
အတည်မပြု​နိုင်သော်လည်း ယင်းကို တွေ့မြင်​လိုက်ကြောင်း ပြန်လည်​
ပြောပြသူများ ရှိနေသည်။ ချန်နီ​ရေအိုင်ကြီးတွင် နေထိုင်သည့် လည်ပင်း​
ရှည်ရှည်နှင့် သတ္တဝါကြီးသည် ကမ႓ာကျော် လော့ချ်နက်​ရေနဂါးကြီး​ကဲ့သို့
ဒဏ္ဍာရီ​ဆန်ဆန် တည်ရှိနေပြီး ၎င်းသည် တံငါသည်များ ရေအိုင်​အတွင်း ထူးဆန်းစွာ
ပျောက်ဆုံး​သွားမှုနှင့် ဆက်နွယ်​နေသည်ဟု ယူဆရသည်။ နောက်ဆုံး
ပျောက်ဆုံးသွားသူမှာ ပြီးခဲ့သည့် သီတင်းပါတ်ကတည်းက သတင်း​အစအန မရတော့သည့်
အသက်​(၅၉)​နှစ်အရွယ် လူ​တစ်ဦးဖြစ်ပြီး တံငါသည်များသည် ရုရှား၏
အကြီးဆုံး ရေချို​အိုင်ကြီးများအနက် တစ်ခုဖြစ်သော ချန်နီ၏ ပဟေဠိဆန်သော
ကိစ္စကို အဖြေရှာရန် တောင်းဆိုလာခြင်းဖြစ်သည်။ နောက်ဆုံး​သေဆုံးသွားပြီဟု
ယူဆရသူနှင့်အတူ ငါးမျှားနေသည့် ဗလာဒီမာ ဂိုလီရှက်က ၎င်းတို့နှစ်ဦးသည်
ကမ်းခြေမှ ကိုက်(၃၀၀)ခန့် အကွာတွင် အတူရှိနေခဲ့ကြောင်း၊ ၎င်း၏​
မိတ်ဆွေဖြစ်သူသည် တစုံတရာကို ဖမ်းမိကြောင်း အော်ဟစ်လိုက်သဖြင့် လှမ်းကြည့်​
နေစဉ်မှာပင် အင်အားကောင်းလှသည့် အရာတစ်ခုက ဆောင့်ဆွဲ​လိုက်သည့်အတွက်
ငါးဖမ်းလှေမှာ ကျွမ်းပျံတိမ်းမှောက်သွားကြောင်း၊ ထို့နောက်တွင်မူ ၎င်း၏​
သူငယ်ချင်းအား လုံးဝမတွေ့ရတော့ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့်
(၃)နှစ်က အသက်(၃၂)နှစ်အရွယ် စစ်တပ်အထူးတိုက်ခိုက်ရေး အဖွဲ့ဝင်
မစ်ဟောဒိုရိုနင်လည်း ပျောက်ဆုံးသွားခဲ့ဖူးသည်။ ရေအိုင်အနီး နေထိုင်သည့်
အသက်(၈၀)အရွယ် အဖွားအို နီနာက ရေအိုင်သည် အလွန်ကြည်လင်ပြီး
အလွန်မနက်ရှိုင်းလှကြောင်း၊ သို့သော်လည်း ရုတ်တရက် လှေများမှောက်သွားသည့်
အကြောင်းရင်းကိုမူ မသိရကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် တခါတရံ ရေထဲတွင်
သတ္တဝါကြီး​တစ်ကောင် ရှိနေသည်ဟု ခံစားမိကြောင်း၊ မည်သို့ပင်ဖြစ်စေ
မိမိသက်တမ်းတွင်မူ တစ်ကြိမ်မျှ မမြင်ဖူးကြောင်းလည်း အဖွားအိုက
ထုတ်ဖော်ပြောဆိုသွားသည်။ ယင်းရေအိုင်ကြီးသည် အလျား(၅၇)မိုင်၊ အနံ(၅၅)မိုင်
ကျယ်ဝန်းပြီး ငါးကြင်းငါးသိုင်းများ ပေါများခြင်းကြောင့် တံငါသည်များကြား
နာမည်ကြီးသည်။ ရေအိုင်သည် ရေခဲခေတ်ကတည်းက တည်ရှိခဲ့ဟန်ရှိပြီး
ဆိုဗီယက်ခေတ်ကတည်းက ရှေးခေတ် သတ္တဝါ ရုပ်ကြွင်းများကို ရေအိုင်အတွင်းမှ
ရှာဖွေတွေ့ရှိခဲ့သည်။ ရေအိုင်သည် ပျမ်းမျှ (၆)ပေမျှသာနက်ပြီး
အနက်ဆုံးနေရာတွင် (၂၃)ပေမျှသာရှိကြောင်းလည်း သိရှိရသည်။
သက်တန့်ချိုမှကူးယူဖော်ပြသည်။

One comment

  • etone

    July 20, 2010 at 9:22 am

    ဝဲတို့ ဘာတို့ရှိနေနိုင်လို့ထင်တယ် ။ တစ်ကယ်သာအကောင်ဆိုရင် ဖမ်းပြီးပြတိုက်ပို့မှာပေါ့ ။ အန္တရာယ်ပေးချင်လည်းပေးမှာပေါ့ ။ ခုဟာက အဲ့ဒီအထဲကိုသွားတဲ့လူမှသာဖြစ်တာဆိုတော့လေ ။ ရေဝဲလည်းဖြစ်နိုင်တာပဲ ။

Leave a Reply