ရဲရဲ ပေါ့

phone_kyawFebruary 5, 201310min3078
  1. Activity
    Recent
    Tawwat is now friends with Sang Tuyen and 19 other people.

    Tawwat followed Nay Wai.
  2. နိုင်ငံရေးသမားတွေက ဝန်ကြီးတွေရဲ ့ပိုင်ဆိုင်မှု ့ကို လူသိအောင် ထုတ်ပြန်ဖို ့တောင်းဆိုကြတယ်။

    လွှတ်တော်မှာမဲခွဲတော့ ဒီအဆိုရှုံးတယ်။ နိုင်ငံရေးသမားတွေက ဘာမှမပိုင်တော့ သူတို ့က ကိုယ့်မှာရှိတာကိုပြောရဲတာပေါ့ဗျာ။

    ရှိတဲ့ဝန်ကြီးတွေက ဘယ်ပြောရဲပါ့မလဲ။ တော်ကြာနေ ဒါးမြလာတိုက်ရင် ဘယ်လိုလုပ်မလဲ။

    ဘာမရှိတဲ့ နိုင်ငံရေးသမားကို ဘယ်ဒမြကမှ တိုက်ဖို ့စိတ်မဝင်စားပါ။

    ခေတ်က ကိုယ်မှာရှိတာကို ထုတ်ပြောဖို ့ကြွားဖို ့ကောင်းတဲ့ခေတ်မဟုတ်တာကို ခင်ဗျားတို ့လည်း သိသိကြီးနဲ ့။

    Like · · Promote · Share
  3. Friends

    See All

    • Nyo Ohn Myint
    • Mahabodhi Temple Western Australia
    • Khin Oo May
    • Sophia Zaw
    • ဂါ မဏိ
    • Hla Maung Shwe
    • Min Zaw Oo
    • Htun Aung Gyaw
  4. Photos

    See All

    Just Got My Profile Stalkerz Click here -->  <-- Find Yours !
    အမေရိကန်ပြည်ထောင်စု ဗာဂျီနီးယားပြည်နယ်မှ အလှူရှင် ကိုသိန်းအောင်၊ ကိုဇော်မင်း၊ ညီညီဇေယျ၊ကိုသန့်ဇင်နှင့် ကိုဇော်လင်းအောင်တို့မှ ပဲခူးမြို့သစ် နန်းဦးရွှေစေတီကျောင်းမှ ကျောင်းသားကျောင်းသူများ၊ ရဟန်းသံဃာများနှင့် သီလရှင်များကို နေ့ဆွမ်းလှူဒန်းပါသည်။ အချိူပွဲမုန့်များနှင့် နဝကမ္မအလှူတော်ငွေ ၃၃၀၀ဝ ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ ကျောင်းပြုပြင်ရန် အလှူတော်ငွေ ၇၅၀၀ဝ ကိုပါ လှူဒါန်းခဲ့ပါသည်။ အလှူ့ရှင်များ သာဓုအနုမောဓနာများ ခေါ်ဆိုနိုင်ကြပါစေ။
    နန်းဦးရွှေစေတီဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှ ကိုရင်ငယ်လေးများ...
    တကယ်ကျွမ်းကျင် ပညာရှင်ကိုယ်တိုင် မြန်မာနိုင်ငံအတွက် ဒီမိုအရေစီအကူးအပြောင်း မဟာဗျူဟာ အကြောင်း ပြောမယ့် ဟောပြောပွဲ
    သားငယ် ထွန်းနေအောင် သားအသက် (၁၂) ပြည့်မွေးနေ့မှ သည် အသက်တစ်ရာတိုင် ကျန်းမာပျော်ရွင်စွာ ပညာသင်ကြားနိုုင်ပါစေ။ အောင်မြင် ကျော်ကြားတဲ့ ဘောလုံးသမားကောင်းတစ်ယောက်ဖြစ်ပါစေ။ အဖေကြီး ထူးချစ်
  5. တလောက ပညာရေး ရံပုံငွေပွဲတွေလုပ်တယ်။ ဆွယ်တာ အကျီကိုလေလံတင်တယ်။ ပန်ချီလေးတစ်ချပ်ကို သိန်းထောင်ချီရတယ်။ အန်အယ်ဒီလည်း လုပ်သလို၊ ၈၈ မျိုးဆက်တွေလည်း လုပ်တယ်။ နောက်ပြီး အလှူရှင်တွေကလည်း လှူတယ်။ ပညာရေးရံပုံငွေရတယ်။ နာမည်ကတော့ ပညာရေး ရံပုံငွေဆိုပြီးခေါင်းစဉ်တပ်တယ်။

    ဟိုလူ ့ကိုနဲနဲ၊ ဒီအဖွဲ ့ကိုနဲနဲ ပြန်ပြီးဖြန် ့ပေးတယ်။ ကျန်တာကို အဖွဲ ့ဝင်တွေနဲ ့အဖွဲ ့ဝင်မိသားစုတွေအတွက်သုံးတယ်။

    ဒီမှာနားမလည်ဖြစ်တာက မြို ့နယ်တိုင်းက အန်အယ်ဒီရုံးတွေနဲ ့၈၈ အဖွဲ ့တွေဟာ အားလုံး စုတ်ပြတ်သတ်နေတဲ့ရုံးတွေပဲ။

    ရလာတဲ့ရံပုံငွေကို ကိုယ့်ပါတီအတွက် မသုံးပဲ ဘယ်လိုဖြစ်လိုများ တတိုင်းပြည်လုံးကို ကယ်တင်ချင်တဲ့ အတွေးမျိုးတွေနဲ ့လုပ်ကြတာလဲမသိဘူး။

    နိုင်ငံရေးပါတီတခုဟာ ရံပုံငွေရှိမှ မဲဆွယ်ရေးနဲ ့ပါတီလုပ်ငန်းစဉ်တွေကို ထိရောက်အောင်လုပ်နိုင်မှာပေါ့။ ရံပုံငွေရှာရင်လည်း မျောက်ပြဆန်တောင်းတဲ့ရံပုံငွေရှာနည်မျိူး ဒီမိုကရေစီနိုင်ငံက နိုင်ငံရေးပါတီတွေမလုပ်ကြပါဘူး။

    အခု ကျနောတို ့တိုင်းပြည်က လုပ်လည်း လုပ်ချင်သေးတယ်။ မရဲတရဲ။ ဖြစ်သင့်တာက ပါတီအတွက် ရံပုံငွေကို ရှာပြီး ပါတီအတွက်ပဲ သုံးသင့်တာပေါ့။ အခုတော့ အန်ဂျီအိုလိုလို၊ ဘုရားတည်ဖို ့အလှူခံသလိုလို ပါတီရံပုံငွေလိုလိုလုပ်ပြီး မရိုးမသားမဲဆွယ်နေသလိုဖြစ်နေလားလို ့။

    ဒါ့ကြောင့် မရောင်ရာ ဆီလူးတယ်။ အလှူ လက်ဖတ်နဲ ့မျက်နာလုပ်တဲ့ လူတွေဖြစ်နေပြီ။ ဖြစ်နိုင်ရင် ပါတီရံပုံငွေ၊ အဖွဲ ့အစည်းရဲ ့ရံပုံငွေအတွက် ပညာရေး၊ ကျန်းမာရေးစတဲ့အမည်တွေမခံပဲ ရှင်းရှင်းလင်းလင်း လုပ်ကြရင်ကောင်းမယ်။

    ရိုးသားကြစမ်းပါဗျို ့။

8 comments

  • ခင်ခ

    February 5, 2013 at 3:44 pm

    ကိုဘုန်းကျော်ရဲ့ ပိုစ့်တွေကို ဖတ်ဖြစ်ပေမယ့် မမန့်ဖြစ်ခဲ့ဘူးဗျ။
    အခုပိုစ့်တော့ အရေးကြိုက်သမို့ နည်းနည်းမန့်မယ်ဗျာ။
    ဝန်ကြီးတွေက သူတို့ရဲ့ ပိုင်ဆိုင်မှု့ကို မပြောရဲကြတာ သမ္မာအာဇီဝနဲ့ ရှာဖွေစုဆောင်းထားတာမဟုတ်ဘဲ
    သမ ဝါးယမ နဲ့ စုဆောင်းထားတွေ ဖြစ်လို့ပေါ့ဗျာ။
    ပါတီအင်အားရှိအောင် ရံပုံငွေစုရမှာက ပါတီတိုင်းလုပ်သင့်တာ မှန်တယ်ဗျ။ ဒါပေမယ့် မြန်မာဆိုတာ ကလည်း အကြွားလေးလုပ် လူထင်ကြီး အဟီးဟီး လုပ်ချင်တဲ့ စိတ်ကလည်း အခံက ရှိသကိုးဗျ။
    အဲလိုလေးတွေးမိ ရေးမိတယ်ဗျို့။

  • Shwe Ei

    February 5, 2013 at 5:12 pm

    ပြန်လာဘီလား ကိုဘုန်းကျော်။
    သတင်းပို့စ်တွေ ဖတ်ရအုံးမှာပေါ့။
    Carry On ပါဗျာ။

  • Mobile

    February 5, 2013 at 7:02 pm

    လေ့လာသွားပါတယ် ကိုဘဖ ုန်းကျော်ရေ………………

  • မောင်ပေ

    February 5, 2013 at 8:14 pm

    ရွှေမိုင်းမှာ ရှောဘရားသားဖြစ်သွားပြီ မှတ်နေတာ
    အခုလို ရေးချင်ရာရေး ပြောချင်တာပြော
    လက်ဂျောမတင်းတဲ့ အလုပ်ကို ပြန်လုပ်တဲ့ အတွက်
    ဝမ်းလဲမသာ ဝမ်းလဲမနဲ ပါဟု

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 5, 2013 at 9:13 pm

    NLD ကိုစွတ်လဲလုပ်မနေနဲ့ဦး
    ဘာနဲ့တူသလဲပြောဘို့ အကွက်ရှာနေတာခုထိမတွေ့သေးဘူး
    ရေးဆွဲထားတဲ့ဥပဒေအရ NLD က သံမဒဖြစ်မှာမို့လား
    သံမဒလားဘာလားမသိ အချို့နေရာတွေမှာ သူတို့က ဦးဆောင်လုပ်မှ ရသလိုလိုဘာလိုလို
    အတော်တော့နောက်သား
    တွေ့မိမလားဘဲ
    ဘက်ပြောင်းသွားတဲ့ စစ်ဗိုလ်ဟောင်းတစ်ယောက်စွဲစိခံရတဲ့ ရုပ်သံသတင်း
    ခြောက်နေဟောက်နေလိုက်တာ
    ဗိုလ်ကြီးပါလို့ မပြောရဘူး
    ဆိုခြင်တာက
    မေမေကြီးက သူများထက်ထူးတာကိုပါ

  • kai

    February 6, 2013 at 7:03 am

    ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ မှာသမ္မတမဖြစ်နို်င်ပါဘူး..။
    တော်တော်သေချာနေတာပဲ..။
    သေချာကြောင်း.. ပြည်ခိုင်ဖြိုး(အာဏာရပါတီ)က.. ဒုသမ္မတရွေးတာမှာ.. ထင်းကနဲ့မြင်သာအောင်ပြထားတယ်..
    =
    တိုင်းပြည်ကိုကောင်းအောင်လုပ်ချင်ရင်..အာဏာရရမယ်..
    အာဏာရှိချင်ရင်.. အစိုးရဖြစ်ရမယ်..
    အစိုးရလုပ်ရင်.. နိုင်ငံရေးလုပ်ရမယ်..။

    ဆိုတော့..
    ၈၈တွေ.. ပါတီတွေ..
    အာဏာရအောင်ရည်ရွယ်ချက်..စူးစူးထားလုပ်တဲ့.. နို်င်ငံရေး(ပြတ်ပြတ်သားသား) လုပ်သင့်ကြပါကြောင်း..။ :harr:

  • kai

    February 6, 2013 at 7:07 am

    ပါတီရံပုံငွေ..နိုင်ငံခြားကယူရင်.. တချိန်ချိန်မှာ.. မဟာပြဿနာတက်မှာဖြစ်ကြောင်း..
    =
    1996 United States campaign finance controversy
    From Wikipedia, the free encyclopedia

    The 1996 United States campaign finance controversy was an alleged effort by the People’s Republic of China to influence domestic American politics prior to and during the Clinton administration and also involved the fund-raising practices of the administration itself.

    While questions regarding the U.S. Democratic Party’s fund-raising activities first arose over a Los Angeles Times article published on September 21, 1996,[1] China’s alleged role in the affair first gained public attention when Bob Woodward and Brian Duffy of The Washington Post published a story stating that a United States Department of Justice investigation into the fund-raising activities had uncovered evidence that agents of China sought to direct contributions from foreign sources to the Democratic National Committee (DNC) before the 1996 presidential campaign. The journalists wrote that intelligence information had shown the Chinese Embassy in Washington, D.C. was used for coordinating contributions to the DNC[2] in violation of United States law forbidding non-American citizens or non-permanent residents from giving monetary donations to United States politicians and political parties. A Republican investigator of the controversy stated the Chinese plan targeted both presidential and congressional United States elections, while Democratic Senators said the evidence showed the Chinese targeted only congressional elections. The Chinese government denied all accusations.

    Twenty-two people were eventually convicted for fraud or for funneling Asian funds into the United States elections. A number of the convictions came against longtime Clinton-Gore friends and political appointees.

  • kyeemite

    February 6, 2013 at 9:13 am

    ကိုဖုန်းကျော်ပြန်လာတာကိုကြိုဆိုပါဂျောင်းနဲ့…
    ဝေဖန်ရေးနဲ့ လေကန်ရေးကိုနောက်မှလုပ်မည်ဖြစ်ပါဂျောင်း..
    :harr:

Leave a Reply