အမေ…………….

သားတွေ သမီးတွေကိုတော့

မွေး ပေး ကျွေးပေးခဲ့တယ်….။

အမေ့ကိုရော……….

ဘယ်သား ဘယ်သမီး ကများ

ပြန်ပြီး လုပ်ကျွေး ပြီလဲ………

မေးလိုက်ချင်တယ်အမေ………

အမေလေ…….

သားတို့ ကိုမွေး ခဲ့စဉ်က..

ဘာတွေ မျှောလင့်ခဲ့ ဖူးလဲ..

ဘာတွေကိုရော……….

အမေလိုချင်ခဲ့လဲ..

သားလေ……….

အမေ့ကို ချစ်တယ် အမေ…….

အမေ……….

အမေ့ဝမ်းမှာ သားကိုလွယ်တော့…

အမေပျော် မှာပေါ့နော်………

အဲလိုပဲထင်ပါတယ် အမေ ………..

မွေးဖွားခါနီး နာကျင်မှုကိုခံ ရတော့ရော………..

အမေ သားကို အပြစ်မမြင်ခဲ့ ဘူးမဟုတ်လား………

သားတွေကို အပြစ်မမြင်ခဲ့တဲ့ အမေကို..

သားတွေသမီးတွေကတော့ ……

လိုချင်တာမရ ရင် ……

အပြစ်မြင် တာကို…..

အမေက အချစ်နဲ့ ဖုံးခဲ့တယ်နော်……….။

သားသိပါပြီအမေ

အမေလေ…..

သားတို့ကိုချစ်တာက…..

ဘာမှမျှော်လင့်ချက်မရှိတဲ့ မေတ္တာပါ……….။

သားတို့က လမင်းလေးတွေဆို……116_1683

အမေက နေမင်းကြီးပေါ့…..

လမင်းလေး အလင်းရဖို့ကို

နေမင်းကြီးက အလင်းပေးရတယ်လေ..

သားတို့လို လလေးတွေမှာ .

ကိုယ်ပိုင်အလင်းမရှိဘူးအမေ………

သားတို့ ပိုင်ဆိုင်တာတွေက.

အမေပေးတဲ့အလင်းတွေပါ……….။

အဲဒီလို အလင်းပေးသူမေမေ့ အတွက်…..

အဝေးနယ်မှ သားလေးက..

ဆုတောင်းလေးကို အမြဲခြွေနေပါ့မယ်……….။

မေမေ ..သက်တော်ရာကျော် ရှည်ပါစေ။။

About အတွေးလေး

athwe lay has written 11 post in this Website..

ကျွန်တော် စတုတ္ထနှစ် ဥပဒေမေဂျာ တက်ရန်စီစဉ်နေတယ်။စာတွေရေးမယ် ဖတ်မယ်။ဒါပေမယ့် အလုပ်တစ်ဖက်နဲ့မို့ အချိန်သိပ်မပေးနိုင်သေးတာကြောင့်ရေးအားရောဖတ်အားပါနည်းနေသေးပါတယ်။