မေ့မေ့အတွက်ဆုတောင်း

အေတြးေလးFebruary 5, 20131min472

အမေ…………….

သားတွေ သမီးတွေကိုတော့

မွေး ပေး ကျွေးပေးခဲ့တယ်….။

အမေ့ကိုရော……….

ဘယ်သား ဘယ်သမီး ကများ

ပြန်ပြီး လုပ်ကျွေး ပြီလဲ………

မေးလို်က်ချင်တယ်အမေ………

အမေလေ…….

သားတို့ ကိုမွေး ခဲ့စဉ်က..

ဘာတွေ မျှောလင့်ခဲ့ ဖူးလဲ..

ဘာတွေကိုရော……….

အမေလိုချင်ခဲ့လဲ..

သားလေ……….

အမေ့ကို ချစ်တယ် အမေ…….

အမေ……….

အမေ့ဝမ်းမှာ သားကိုလွယ်တော့…

အမေပျော် မှာပေါ့နော်………

အဲလိုပဲထင်ပါတယ် အမေ ………..

မွေးဖွားခါနီး နာကျင်မှုကိုခံ ရတော့ရော………..

အမေ သားကို အပြစ်မမြင်ခဲ့ ဘူးမဟုတ်လား………

သားတွေကို အပြစ်မမြင်ခဲ့တဲ့ အမေကို..

သားတွေသမီးတွေကတော့ ……

လိုချင်တာမရ ရင် ……

အပြစ်မြင် တာကို…..

အမေက အချစ်နဲ့ ဖုံးခဲ့တယ်နော်……….။

သားသိပါပြီအမေ

အမေလေ…..

သားတို့ကိုချစ်တာက…..

ဘာမှမျှော်လင့်ချက်မရှိတဲ့ မေတ္တာပါ……….။

သားတို့က လမင်းလေးတွေဆို……116_1683

အမေက နေမင်းကြီးပေါ့…..

လမင်းလေး အလင်းရဖို့ကို

နေမင်းကြီးက အလင်းပေးရတယ်လေ..

သားတို့လို လလေးတွေမှာ .

ကိုယ်ပိုင်အလင်းမရှိဘူးအမေ………

သားတို့ ပိုင်ဆိုင်တာတွေက.

အမေပေးတဲ့အလင်းတွေပါ……….။

အဲဒီလို အလင်းပေးသူမေမေ့ အတွက်…..

အဝေးနယ်မှ သားလေးက..

ဆုတောင်းလေးကို အမြဲခြွေနေပါ့မယ်……….။

မေမေ ..သက်တော်ရာကျော် ရှည်ပါစေ။။

2 comments

  • လူကလေး

    February 6, 2013 at 9:59 am

    အင်း.. ဒီကဗျာ လေးနဲ့ ပတ်သက်တဲ့သီချင်းလေးတွေ နားထဲဝင်လာပါလား..

  • ပန်းစံပါယ်

    February 6, 2013 at 12:09 pm

    သားတွေရဲ့ အမေနဲ့ပတ်သက်တဲ့စာတွေ ကဗျာတွေ တွေ့တိုင်း ဘာကြောင့်မှန်းမသိဘူး ဟင်္သာတထွန်းရင်ရဲ့ သီချင်းကိုပဲ ခဏခဏ ကြားယောင်မိတယ်။ ” မယားအတွက် စိန်နားကပ်… အမေ့အတွက် ပဲကြည်းလှော်…ငါ့သားလေး တယ်တော် တယ်တော်… အမေ့အတွက်ပဲကြည်းလှော်…။” သမီးဆိုတာ အိမ်ထောင်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ တစ်သက်လုံးအတွက် ကိုယ့်သမီးပဲတဲ့ သားကတော့ အဲလိုမဟုတ်ဘူးလို့ လူတော်တော်များများပြောတာ ကြားဖူးတယ်။ အဲဒီအဆိုတွေကို မှားကြောင်း သားဖြစ်သူများ (လူနည်းစုနဲ့မလုံလောက်ဟုထင်) လက်တွေ့လုပ်ရပ်တွေနဲ့ တွန်းလှန်နိုင်ကြစေကြောင်း ဒီကဗျာကို ခံစားဖတ်ရှုရင်း ဆန္ဒပြုလိုက်ပါတယ်။

Leave a Reply