Be Happy !

poochFebruary 6, 20139min37048

ကိုနိုဇိုမိက ပတ္တရားသွားချင်တယ်ဆိုလို့ ပါ။ သိသလောက်လေး လျှောက်ပြောကြည့်မယ်။
လူတွေပဲ ရှိတာပါ။
ခြွင်းချက်အနေနဲ့ နတ်မိမယ်လေးတွေကတော့ ပေါတာပေါ့ ။ဒါပေမဲ့ သူတို့က နေ့ဖက်ဆို ကိုယ်ယောင်ဖျောက်ထားကြတာ ။ တွေ့ချင်ရင် မိုးချုပ်မှ ရှာပါလေ။

IMG_1476

IMG_1477

IMG_1483

IMG_1489

IMG_1492

မီးနီဘား တခု

IMG_1498

သူတို့ မြို့က ညမြို့တော် ဆိုတော့ ညနေဖက် လောက်ကနေ စပြီး မနက် ၆ နာရီထိ တော့ လှုပ်ရှား သက်ဝင်ပြီး ဆူညံနေတာမျိုးပါ။ မနက် ၆ နာရီ ထိုးတာနဲ့ မြို့ တခုလုံး ခြောက်ကပ် တိတ်ဆိတ်သွားပါတယ် ။ အသံတွေအားလုံး နီးပါးလည်း ငြိမ်ကျသွားပါတယ် ။

သူတို့ဆီမှာ ညနေမိုးချုပ် ည ၈ နာရီ ကျော်ရင် အရက်ဘီယာ ဘယ်ဆိုင်မှာမှ ဝယ်လို့ မရတော့ပါ ဘူး။
ဘာဖြစ်လို့လဲ ဆိုတော့ ညဖက်သောက်ပြီး မောင်းတော့ ယာဉ်တိုက်မှုတွေ အဖြစ်များတဲ့ အတွက် သေကျေတာတွေ များလို့ပါတဲ့ ။ ဆာဗေးလုပ်ပြီး စည်းကမ်းထုတ်တော့ အားလုံးက တညီတညွတ်ထဲ လိုက်နာကြတယ် ထင်ရဲ့ ။ ဝယ်မရပါတဲ့ ။

ဒါကြောင့်မို့ သောက်ချင်ရင် အစောထဲက ကြိုဝယ်ပြီး ကြိုက်တဲ့ အချိန် သောက်ခွင့်ရှိပါတယ် ။

နောက်တခုက ညဖက်လမ်းထွက်ရင် ကျားကျား မမ တယောက်ထဲ တော့ ဘယ်တော့မှ မသွားပါလေနဲ့ ။
(တယောက်ထဲ သွားလို့ ဘာဖြစ်မှာလဲ လို့ သိချင်ရင်တော့ ပြောမယုံ ကြုံဖူးမှ သိအောင် သွားသာကြည့်လိုက်ပါ ။ဘာမှ မဖြစ်တော့လည်း မဖြစ်လို့ပေါ့ ။ ဖြစ်တော့လည်း ကိုယ်ဖြစ်ကိုယ်ခံပဲလေ။ )
၂ ယောက်တောင် မဟုတ် အုပ်စုလိုက် အဖွဲ့တောင့်မှ သွားပါလို့ ဂိုက်က တင်းတင်းကျပ်ကျပ်တားပါတယ် ။
ကျမတို့ကတော့ အုပ်စု တောင့်တာမို့ နယူးရီးယား ညကို အကြောက်အလန့်မရှိ လမ်းသလားပြီး မွှေခဲ့ပါတယ်။

Safe and Sound ပါ ။ ညသိပ်နက်ထိမနေခဲ့လို့လဲ ဖြစ်မှာပါ။ လူသိပ်ထူရင်လည်း လမ်းရှောင်သွားပါတယ် ။ ဘေးကင်းမယ်လို့ ယူဆရတဲ့ အပေါ်ကြောက သွားကြတာပါ။ အားလုံးက ကမ်းခြေဖက်တွေ ထွက်ပြီး countdown စောင့်ပြီး ပျော်ကြတော့မှာမို့ နယူးရီးယားညက ဆိုင်တော်တော်များများလည်း ပိတ်ပါတယ် ။

ကမ်းခြေဖက်မှာ club ပုံစံတွေ တချို့နေရာတွေမှာ ပြင်ဆင်ပြီး သီချင်းတွေ မီး စလိုက်တွေ ထွန်းထားတာမို့ လေဟာပြင်ကလပ်ပုံစံမျိုးတောင် ပေါက်နေပါတယ်။ လူတွေကတော့ ခုန်ပေါက်နေကြတာပါပဲ ။
ကမ်းခြေတလျှောက်ဈေးတန်းရှည်ကြီးကလည်း တိုးမပေါက်ဖူး။

ကတဲ့သူက ကတယ။် ဈေးရောင်းတဲ့သူက ရောင်းတယ်။ ဝယ်တဲ့သူက ဝယ်တယ် ။
လည်တဲ့ပတ်တဲ့သူကလည်း သူ့ဟာသူ သွားလာလည်ပတ်နေတာပါပဲ ။

တချို့ကလည်း လမ်းမပေါ်မှာ 2 pieces သာသာ လေးတွေ ဝတ်ပြီး ကားပေါ် တက်ပြီးကနေတာပါ။ အောက် က အားပေးတဲ့သူတွေကလည်း အားတက်သရောပါ။ စလိုက်လေးတွေကလည်း ထိုးပေးထားသေးတယ် ။ ပြီးခဲ့တဲ့ နှစ်က hot ဖြစ်သွားတဲ့ တချို့သင်္ကြန်မဏ္ဍပ်နဲ့တောင် ခပ်ဆင်ဆင်ရယ် ။

ရေမပက်တာ တခုပဲ ကွာတယ်။ ကိုယ့်ဆီက ရိုးရာပွဲက သူတို့ဆီက ညဉ့်ငှက်ပွဲတွေနဲ့ ခပ်ဆင်ဆင်ဖြစ်လာတာ ကောင်းသလား ဆိုးသလား စဉ်းစားစရာပဲနော်။
ခေတ်မှီတာနဲ့ ခေတ်ပျက်တာ ၂ ခုထဲက တခုဖြစ်လိမ့်မပေါ့ လေ။

အဲ့ဒီညက ကျမတို့ လည်း ည ၁၂ မထိုးခင် ဟိုတယ်အရောက်ပြန်ကြပါတယ် ။ ၁ဝ နာရီကျော်လောက်ပြန်ရောက်တယ် မှတ်တယ်။ နှစ်ကူးတော့ ဟိုတယ် ဝရံတာကပဲ မီးပန်းတွေ လွှတ်တာ ကြည့်ရတယ်။ လှတော့ အတော်လှတယ် နယူးရီးယားကို ကောင်းကင်တခုလုံးမီးပန်းအပြည့်နဲ့ အချိန်တော်တော်ကြာ ဒီတခါပဲ ကြည့်ဖူးတယ် ။

IMG_1473

IMG_1472
IMG_1492

[caption id="attachment_166185" align="aligncenter" width="600"]မီးနီဘား တခု မီးနီဘား တခု

IMG_1468
IMG_1471

IMG_1495

IMG_1496
IMG_1498

IMG_1497

နောက်ပြီး အဲ့ဒီပတ္တရားမှာ နာမည်ကြီးတဲ့ ရှိုးတွေလည်း ပေါတယ် ။ သိပြီးသား ဖြစ်မှာပါ အာကာဆာ ရှိုးတဲ့ ( Alcazar Show ) ။ အခြောက်တွေ ကတာပါ ။ သူတို့ကိုယ်သူတို့တော ့ဒုတိယမိန်းမသားလို့ တင်စားတတ်ကြတယ်။ ဟိုတလောကတောင် ဒီမှာလာပြီး ပွဲလုပ်သွားသေးတာ တွေ့လိုက်မိတယ် ။

သူတို့က တနေကုန်ဘာအလုပ်မှ မလုပ်ပဲ ဒီ ပွဲအတွက်ပဲ သီးသန့် အသားမွေး ပေါင်းတင် နုရွနေအောင် နေပြီး ကပြဖျော်ဖြေ အသုံးတော်ခံတာပါ ။ ပြင်ဆင်ထားတာ အမျိုးသမီး အစစ်တွေထက်သာပါတယ် ။ လှလည်း လှကြတယ် ။

သူတို့ရဲ့ ယောက်ျားရင်သားထဲထည့်ထားတဲ့ ဆီလီကွန်ကတော့ အစစ်တွေလောက်တော့ သဘာဝမကျဘူးပေါ့ ။ အဲ့ဒီလို သဘာဝမကျ တကျလေးကိုက အလှတမျိုးလို့ ယူဆသလားမသိဘူး အပေါ်ပိုင်းဗလာကျင်းတဲ့ ကကွက်တွေလည်း ပါတယ် ။ တခါက ဦးကျောက် အဲ့ဒီလို အမျိုးသမီးတွေကို ဘယ်လိုခေါ်တယ်ဆိုပြီးပြောဖူးတယ် မှတ်တယ်။ အခေါ်ဝေါ်ကိုတော့ မေ့သွားပြီ။

ပွဲပြီးရင် ဓာတ်ပုံအရိုက်ခံတယ် ။ ပိုက်ဆံတော့ ပေးရတယ် ။ စူးစမ်းလိုသူ ဝါသနာကြီးသူတွေအတွက်တော့ တပြုံးပြုံးပေါ့ ။ ကမာ္ဘအရပ်ရပ်က လာကြည့်ကြတာဆိုတော့လည်း သူ့ဟာနဲ့သူ တော့ ဝင်ငွေ အတော်ကောင်းတဲ့ ခရီးသွားစီးပွားလုပ်ငန်းတခုပါ ။ ဒီက ဟိုးအရင်တုန်းကပေါ်ဖူးတဲ့ မိုးကြိုးငှက်ငယ်အဖွဲ့တွေ လိုမျိုးပေါ့ ။

photo by SSK
photo by SSK
photo by SSK
photo by SSK
photo by SSK
photo by SSK
photo by SSK
photo by SSK
photo by SSK
photo by SSK
photo by SSK
photo by SSK
photo by SSK
photo by SSK
photo by SSK
photo by SSK

DSC_0386

နောက်တခုက အဘဖော မေးတဲ့ Big Eye Show ပါ ။ ကြည့်ရတာ အဘဖောက သူသိပြီးသားကို သပ်သပ်မဲ့ ကျမကို အချွန်နဲ့ မတယ်ထင်ရဲ့ ။ မကြည့်ခဲ့ပါဘူး ပြောလည်း မယုံဘူး။ မယုံမဲ့ အတူတူ ကြည့်ခဲ့သယောင်ပဲ ရေးလိုက်ပါ့မယ် ။

အဲ့ဒီပတ္တရားကို ရောက်ရင် နိုင်ငံခြားသားတိုင်း ဒီပွဲတွေကို မဖြစ်မနေ ကြည့်ကြတယ် ပြောတယ် ။ တချို့ကလည်း ဒါကြည့်ဖို့ သီးသန့်လာကြတာမျိုးလည်း ရှိတယ်။

နောက် အဲ့ဒီ Big Eye Show က မူလတန်း အလယ်တန်း အထက်တန်း တက္ကသိုလ်တန်းဆိုပြီး အဆင့်ခွဲထားသေးတယ် ။

ဂိုက်ကို မိန်းကလေးတွေ အတွက် သင့်တော်ရဲ့လား မေးတော့ အိုခေပါတယ်တဲ့ ။ သူ့အင်္ဂလိပ်ကို လည်း မနည်းနားထောင်ရတယ် ။ ကိုယ်က မှ အူကြောင်ကြားရယ်။ ဒီက ပါသွားတဲ့ ဂိုက်ကလည်း အေးဆေးပါတဲ့ ။ ဗဟုသုတ ရတဲ့အပြင် ဒီဒေသရဲ့ စီးပွားရေးကို နားလည်သွားတာပေါ့တဲ့ ။

ပွဲက တောက်လျှောက်ကနေတာပါ ။ လာကြည့်တဲ့သူတွေက ကြုံတဲ့နေရာကနေ စကြည့်ပြီးရင် ကိုယ်ပြန်ထွက်ချင်တဲ့အချိန် ထွက်ပေါ့ ။ ကြည့်နိုင်သလောက်ထိ ကြည့်လို့ ရတယ် ။ အကတွေက တသုတ်ပြီးတသုတ် ပုံစံ အမျိုးမျိုးနဲ့ ထွက်နေတာ ။ ဝတ်စုံအမျိုးမျိုးနဲ့ ။ ကျားကျား မမ လူမမြင်သင့်တဲ့ နေရာမှန်သမျှ အကုန်ဖော်ထားတယ် ။

Sex လုပ်ငန်းကို ဝန်ဆောင်မှုပေးတဲ့ သဘောမျိုး ပါတဲ့ပုံစံမျိုးပေါ့ ။ အစစ်မဟုတ်အတု ပါ။ ပြန်ပြောပြဖို့ တော်တော်ခက်တာမို့ သိချင်ရင် သွားသာ ကြည့်လိုက်ပါ ။ ဓာတ်ပုံလည်း ရိုက်ခွင့်မရှိပါဘူး။
( ထပ်မေးရင်လည်း မဖြေတတ်တော့တာမို့ မဖြေတော့ပါဘူး)

နာမည်ကိုက Big Eye ဆိုတော့ မျက်လုံးတွေ ပြူးပြီးရင်း ပြူးလာမှာပါ စစချင်း။ နောက်တော့လည်း ရိုးသွား ထုံသွားပါတယ် ။ နေရာအနှံ့က လာတဲ့ chinese တွေ နိုင်ငံခြားသားတွေ အတော်များများ လာကြည့်ကြပါတယ် ။ အမျိုးသမီးတွေ ဆိုတာ အများကြီးပါ ။ သူတို့ ကို ကြည့်ရတာ အတော် သဘောကျပြီး ပျော်နေတဲ့ပုံပါပဲ ။

ပြောရရင်တော့ လူမြင်မခံဝံ့တာကို ဟန်ဆောင် ရှိုးလုပ်ပြီး လူတွေဆီက ငွေကို သဲ့ယူတာပါ ။အင်းပေါ့လေ ဒီလို စီးပွားရေးက လည်း နေရာတိုင်း လုပ်ခွင့်ရှိတာမှ မဟုတ်တာ ။ လုပ်တတ်တဲ့သူက ငွေကို နည်းမျိုးစုံနဲ့ ယူတတ်ကြတယ် ။ ဒါပေမဲ့လည်း ဒီလို စီးပွားရေးတော့ အားမပေးချင်ဘူး။

အဲ့ဒီ မှာ ကတဲ့အမျိုးသမီးတော်တော်များများက ရုရှတွေပါ။နှစ်ပြတ် စာချုပ်တွေချုပ်ပြီး လုပ်ကြတယ် ပြောတယ် ။ ဒါသည်လည်း သူတို့ရဲ့ အဓိကစီးပွားရေးပါတဲ့ ။ ဦးကြောင်ကြိုက် တဲ့ ရှာရာဗိုဗာဆိုဒ်တွေပေါ့ ။

နောက်တခုက ပတ္တရားမှာ ရှိတဲ့ ကျွန်းတွေ ဘားတွေ ကလပ်တွေကို ပိုင်တာ နိုင်ငံခြားသားတွေပါ ။ ဒေသခံမရှိသလောက်နည်းပါတယ်တဲ့။ အထူးသဖြင့် ရုရှတွေပါ ။ သူတို့က မိန်းကလေးတွေကို လက်သပ်မွေးပြီး အကြီးအကျယ်လုပ်တာပါ။

ရုရှတော်တော်များများ ပင်စင်ယူပြီးတဲ့ ဖိုးဖိုးအရွယ်တွေက ဒီမှာ ခြေဆုပ်လက်နယ်ပြုဖို့ ၂ ယောက် ၃ယောက်လောက်ယူပြီး ဒီမှာ အခြေချ တိုက်တွေ ကျွန်းတွေ ဝယ်ပြီး ဒီလို စီးပွားတွေ လုပ်ကြတာပါတဲ့ ။
သူတို့ဆီက နိုင်ငံခြားသားရင်းနှီး မြှုပ်နှံမှု ပိုင်ဆိုင်နိုင်မှု အခြေခံ ဥပဒေက သိတဲ့အတိုင်းပဲ လွတ်လပ်ပုံရပါတယ်
ဒီမှာလည်း ဘယ်နှယ့်လာမယ် မသိဘူး။

နောက်တခုတွေ့ခဲ့တာက အဲ့ဒီက နတ်မိမယ်လေးတွေ အများစုက ယိုးဒယားတွေ မဟုတ်ကြဘူး။ ယိုးဒယားဆိုတာ အမည်ခံပါ ။ ရင်ထဲ မကောင်းလှပေမဲ့ အမှန်တရားဆိုတော့ ပြောကိုပြောရမှာပါ။
ဘေးပတ်လည်အိမ်နီးနားချင်းနို်င်ငံလေးတွေက မိန်းကလေးတွေပါ ။ မြန်မာမလေးတွေလား ဖိလစ်ပိုင်လေးတွေလား …. လားပေါင်းများစွာပါ။

တခါက ဖတ်လိုက်ရတဲ့ စကားတခုမှာ အင်ဒိုက လူတွေက ပြောသတဲ့ ငါတို့နိုင်ငံမှာ ပြည့်တန်ဆာ လုပ်ငန်းလုံးဝ မရှိဘူးတဲ့ ။ မြန်မာကလည်း ပြောသတဲ့ သူ့ဆီမှာလည်း မရှိဘူးတဲ့ ။ ဟိုနိုင်ငံ ဒီနိုင်ငံကလည်း ပြောသတဲ့ သူ့တို့ဆီလည်း မရှိဘူးတဲ့ ။ နောက်တော့ ယိုးဒယားမှာ အကုန်ရောက်နေကြသတဲ့လေ။
ကွယ်ရာမှာ ဟားနေကြမလားပဲ။

ဆိုတော့ ဒီလုပ်ငန်းလုပ်တဲ့သူတွေကို ဒီမှာ လိုင်စင်ထုတ်ပေးတဲ့ ကိစ္စက ဖြစ်သင့်နေသလိုပါပဲ ။ တားလို့ မရမဲ့ အတူ တူ စည်းနဲ့ ကမ်းနဲ့ လုပ်တတ်ကိုင်တတ်ရင် ခေါင်းပုံဖြတ်အမြတ်ထုတ်တဲ့ ပြသာနာတွေ ရဲကြေးပေးရတာတွေ ကူးစက်လွယ်တဲ့ ရောဂါတွေပါ တခါထဲ ထိန်းပြီးသားဖြစ်သွားမှာပါ။ သူတို့လည်း အိန္ဒြေရသွားတာပေါ့ ။

တဖက်ကလည်း ကိုယ့်နိုင်ငံကို ကြိတ်ပြီး မဟားတော့ဘူးပေါ့ ။ ဒီလို ထုတ်ပေးရင် ကျန်တဲ့ နွမ်းပါးသူ မိန်းမငယ်တွေ လည်း လမ်းလွဲကို လွယ်လွယ်လိုက်သွားနိုင်ခြေရှိမယ်ဆိုတာကလည်း ဖြစ်ကောင်းဖြစ်နို်င်တယ်ပေါ့ ။ ကျမစိတ်ထင် ပြောရရင် ရာခိုင်နှုန်းနည်းပါတယ် ။

လူ့စိတ်တခုနဲ့ပဲ ဆိုင်ပါတယ် ။ အမေရိကမှာ သေနတ်ကိုင်ခွင့်ပေးတော့ ကောင်းကျိုးရှိသလို ဆိုးကျိုးရှိသလိုမျိုးပါ။ သဘောတရားခြင်းတူပါတယ် ။ ဒါပေမဲ့ ကောင်းကျိုး က ဆိုးကျိုးထက်များမယ်ဆိုရင်တော့ လုပ်သင့်တဲ့ အထဲ ပါသပေါ့လေ။

နောက်မဖြစ်မနေ သွားရမဲ့ နေရာတခုက ကမာ္ဘ့ အကြီးဆုံး Largest Illusion Museum Of The World လို့ ပြောကြတဲ့ 3D ပန်းချီကား အကြီးကြီးတွေ ရှိတဲ့ ပြတိုက်ပါ ။ ခုနောက်မှ အသစ်ဖွင့်ထားတယ်ပြောတယ် ။

ဓာတ်ပုံရိုက်လို့ အလွန်ကောင်းပါတယ် ။ ကျမက ပန်းချီတွေ ဓာတ်ပုံတွေ ခရေဇီဖြစ်လေ ့ရှိတာမို့ စိတ်ကြိုက်တွေ့ခဲ့တဲ့ ပြတိုက်ပါပဲ ။

IMG_1720

IMG_1778

IMG_1753

IMG_1740

Alcazar show ရယ် Big Eye Show ရယ် 3 D Museum ပြတိုက်ရယ် သုံးခုပေါင်းဝင်ကြေးက ဘတ်ငွေ ၂၅၀ဝ လောက်ပေးရတယ်ထင်တယ် ။ သိပ်မမှတ်မိတော့ဘူး။ မြန်မာငွေဆိုရင်တော့ ရ သောင်းခွဲ ဝန်းကျင်လောက်ပဲ ရှိပါတယ် ။ ဒါက တိုးအေဂျင်စီတွေနဲ့ ချိတ်ထားလို့ ရတဲ့ ဈေး။ ကိုယ့်ဟာကိုယ်ဝယ်ကြည့်ရင် ဈေးတွေ ပိုတယ်ပြောတယ် ။

နောက်တခု က ပတ္တရားကမ်းခြေကနေ Speed Boat စီးပြီး ရေလယ်ခေါင်ကို သွားပြီး ဇက်ကူးသလို သဘောင်္တွေပေါ်မှာ လေထီးစီးလို့ ရပါတယ် ။ ဘတ် ၄၀ဝ ( မြန်မာငွေ ၁၂၀၀ဝ ) ပါ ။ ဇက်ပေါ်မှာ စပိဘုတ်စီးထားတဲ့ အရှိန်နဲ့ မူးနေပေမဲ့ လေထီး စီးတဲ့ အချိန် မြင်ရတဲ့ ရှုခင်း ရှုရတဲ့ လေကတော့ ဆိုဖွယ်ရာ မရှိတာမို့ so cool so good ပါ ။

ပုဂံမှာ ပူဖောင်းစီးဖူးပြီးသားဆို်တော့ ဒီလို ဖီလင်ကို ကိုနိုဇိုမိ အသိဆုံးဖြစ်မှာပါ ။ ရေလည်ခေါင်ကနေ နည်းနည်းဆက်စီးသွားရင် Coral Island သဲဖြူကျွန်းရောက်ပါတယ် ။ သဲတွေက ဖြူပြီး ရေကပြာနေတာမို့ လှပါတယ် ။ ဒါပေမဲ့ ဘုရားစူးကမ်းခြေလို့ ဆိုရမလိုပဲ ။ ချောင်းသာလို ပြန့်ပြူးနေတဲ့ သဲသောင်ပြင် အကျယ်ကြီး မရှိပါဘူး ။ ပတ္တရားကမ်းခြေလည်း အတူတူပါပဲ ။

ထိုင်ခုံတွေ ဆိုင်ခန်းတွေနဲ့ ပြည့်နေပြီး လူတွေ ရေထဲကလမ်းလျှောက်သွားရတယ်။ ပြည့်သိပ်ပြီး ကျပ်ညပ်နေတာပါ ။ ဆိုင်ခန်းနောက်ဖက်တွေ အလွန်ညစ်ပတ်ပါတယ်။ ရေချိုးခန်း သုံးရင် ဘတ် ၄ဝ အိမ်သာသွားရင် ၁ဝ ဘတ်ပေးရတယ် ။ အခင်းကြီးတွေကို ရှင်းမထားတဲ့အထိ တော်တော် ဆိုးဝါးပါတယ် ။ ရေချို ရှားသလား ဒါမှ မဟုတ် ဘာကြောင့်လဲတော့ မသိဘူး ။ အတော်လေးတောင် အံ့ဩမိတယ်။

ခရီးစဉ်တလျှောက်လုံး အိမ်သာတွေ ကောင်းလွန်းလို့ ပြောမဆုံးဖြစ်လာတာ သဲဖြူကျွန်းကြမှ တွေ့တာပါ ။ အဲ့ဒီတနေရာပဲ အဲ့လို ဖြစ်ခဲ့တာပါ။ နောက်သဲဖြူုကျွန်းမှာ ထုံးစံအတိုင်း ဆိုင်ကယ်စီးတာတို့ ရေအောက်သေန္တာကျောက်တန်းကြည့်တာတို့ ရှိပါတယ် ။

မှာလိုက်ပါရစေ ဆိုင်ကယ်စီးချင်သပဆို စီးပါ ။ သန္တာကျောက်တန်းကို သွားမကြည့်ပါနဲ့ ။ အဲ့ဒီကို ရောက်ဖို့ စပိဘုတ် အတော်ကြာထပ်စီးရတဲ့ အပြင် ရေအောက်ထဲကို သွားတဲ့ အချိန် ဖန်ပေါင်းချောင် အဝိုင်း အလေးကြီးကိုေ ဆာင်းထားရပြီး မြင်ရတာက လည်း မလှပါဘူး ။ မဲနေတာပါ ။

လူက လှိုင်းမူးထားတဲ့ အချိန်နဲ့ အခန့်မသင့်ရင ်မူးလဲနိုင်ပါတယ် ။ ရေအောက်မှာ ဒုက္ခရောက်သွားနိုင်ပါတယ် ။ ဘာလီကျွန်းတွေမှာ ကြညြ့်ကသလို ရေငုတ်ဝတ်စုံ အကျနနဲ့ လှလှပပ မြင်ရတာမျိုး လုံးဝ မဟုတ်ပါ ။ ဈေးကလည်း ဘတ် ၁၅၀ဝ လောက်တောင်းတာမို့ မတန်ပါဘူး။

ပတ္တရားရဲ့ တခြား သော အထင်ကရနေရာတွေက Noongnooch Village ပါ ဘွန်ဆိုင်းလိုအပင်ပုတွေအများကြီးနဲ့ အလှဆင်ထားပြီ ပြောင်းဖူးခြောက်နဲ့ အလှဆင်တာတွေ မြေအိုးတွေနဲ့ အလှဆင်တာတွေ ဆင်ပွဲတွေ ထိုင်းရိုးရာပွဲတွေ နဲ့ စုံပြီး လှပါတယ် ။

ကျမတို့ဆီက ဝါးညှပ်အကတို့ ပဒေါင်လူမျိုးတို့လည်း သူတို့ ဆီ ဘယ့်နှယ့်ရောက်ကုန်တယ် မသိပါဘူး။

မသိသူကျော်သွား သိသူဖော်စား အတဲ့သူ ခံကြစတမ်းဆိုတော့လည်း ခံရတာ နည်းသေးတယ်ပဲ ပြောရမှာပါ။

IMG_2168

IMG_2169

IMG_2000

IMG_2138

IMG_2139

ပတ္တရားကနေ နည်းနည်းထပ်သွားရင် ထိုင်းဘုရင့်မွေးနေ့အတွက် အမှတ်တရ အထိမ်းအမှတ် တည်ထားပေးတဲ့ လေဆာဘုရား ရှိပါတယ်။ကျောက်တောင်အမြင့်အကြီးပေါ်မှာ လေတပ်က စစ်သားတွေ လေဆာနဲ့ ထွင်းပြီးရွှေချပေးခဲ့တာပါ။ ညဖက်အလွန်သပါယ်ပါတယ် ။ နေ့ခင်းဆိုရင် တော့ အလင်းတွေ ရှိတာမို့ မထင်ရှားပါဘူး ။ ကိုယ်တိုင်ကတော့ နေ့ခင်းဖက်ပဲ ရောက်ခဲ့ပါတယ် ။

သွားစရာ ကြည့်စရာဒါတွေအပြင် စိတ်ပါရင် ကမာ္ဘ့အကြီးဆုံးပြောတဲ့ ကျောက်မြတ်ပြခန်းလည်း ရှိတယ် ။ ဘယ်နေရာကနေရပြီ းဘယ်လို တူးယူတယ်ဆိုတာ တွေပါ ပြထားတယ်။
( ဒီက ဖားကန့်တို့ မိုးကုတ်တို့ ခေါ်ပြရင်တောင် ဒီထက်မက ပိုပိုက်ဆံရအုန်းမယ် ထင်တယ်။ )

အလုပ်ခန်းလည်း လေ့လာလို့ ရတယ် ။ မဒမ်နိုအတွက် ဝယ်စရာတွေလည်း ပေါတယ်။ အမှတ်တရ
ပစ္စည်းတွေလည်း ဈေးသင့်ပြီး လှတယ်။

ပျားမွေးမြူရေး ပြတိုက်လည်း ရှိတယ် ။ ပျားရည်ကလည်း စစ်တယ် ။ ပျားနို့ ပျားစာဆိုတာတွေကတော့ ဆေးဖက်ဝင်သလို ဈေးလည်းကောင်းတယ် သိန်းနားကပ်တယ် တဘူးကို ။ ပျားဆပ်ပြာကတော့ မဆိုးဘူး ဈေးကြီးပေမဲ့ တကယ်ကောင်းတယ် ။ ကြုံရင် ဝင်ပြီး ဝယ်လိုက်ပါ။

IMG_1644

ဒါပါပဲ ကျမစိတ်ထဲ ပတ္တရားမှာ ထူးပြီး နာမည်ဆိုးစရာ ကြောက်စရာ မတွေ့ခဲ့ပါဘူး ။ ဒီလိုပါပဲ ။
Alcazar show , Big Eye show, 3D Museum, သဲဖြူကျွန်း , လေထီးစီး, Noongnooch village, လေဆာဘုရား , မီးနီဘားတွေ , အနှိပ်ခန်းတွေ , ဈေးတန်းတွေ ပေါ့။ Tattoo တန်းလည်း ရှိတယ် ။ လျှောက်ကြည့်ပေါ ့။

လည်လို့ ပတ်လို့ အထိုက်အလျောက်ကောင်းတယ် ။ ပစ္စည်းဝယ်ရင်တော့ ဈေးနည်းနည်း ကြီးတယ် ဘန်ကောက်ထက်စာရင် ။

ဆိုင်ကယ်တွေ ပေါပြီး အစီးကြမ်းတယ် ။ ကားတွေ က လမ်းကူးရင် လူတွေကို ဦးစားပေးတယ် ။ massage တွေ spa တွေ ကောင်းတယ် ။ ကြုံတုန်း အကုန်လုပ်ခဲ့လိုက်ပေါ့ ။ သူတို့ ခြေထောက်နှိပ်တာလည်းကောင်းတယ်။ ဈေးကအစားစားရှိတယ်။

အဲ .. ဘားတွေ ကလပ်တွေထဲ ဟိုထဲ ဒီထဲ နတ်မိမယ်တို့နဲ့ တွေ့ဖို့ နတ်နန်းကို ဝင်မယ်ဆိုရင်တော့ အထာနပ်ရင်တော့ အေးဆေးပါတဲ့ ။ ဒီကိစ္စက အဘဖောကို မေးရင် ပိုသိပါလိမ့်မယ်။

တိုးတွေကတော့ နေရာတကာ ကြိတ်ကြိတ်တိုးပါ။ ဒီဇင်ဘာကြီး ချွေးဒီးဒီး ကျတဲ့ ရာသီကို တော့ မကြိုက်ပါဘူး။
ကျမတို့ အမျိုးတွေကတော့ အလွန်ပေါတာပါ။ နေရာတိုင်းမှာ ရှိတယ်။

ခါးပိုက်နှိုက်ပေါတာမို့ ပိုက်ဆံအိတ်ကို တော့ သတိထားပေါ့ ။ ကျမကတော့ ပိုက်ဆံအိတ်ရော ရှေ့ချလွယ် ကင်မရာလည်း ရှေ့လွယ်နဲ့ တယောက်ထဲ ရှုပ်ယှက်တွေကို ခတ်လာတာ။ ဥစ္စကလည်း ခြောက်သေးတာ။ ပုံကလည်း မလွတ်တမ်းရိုက်နဲ့ ပြန်လာတော့ ပုံထောင်ချီပါလာပေမဲ့ စိတ်ကြိုက် ပုံကောင်းတပုံမှ မရခဲ့ဖူး ။ မှတ်ကရောပဲ ။

ပြီးတော့ အကြံဆိုးကြီးနဲ့ သူတို့ဆီက အမှိုက်ပုံတွေ ရွေးပြီးရိုက်လာတာ ကတ်က ပြည့်သွားလို့ အကုန်ဖျက်လိုက်ရတယ် ။ တခြား လူပုံတွေ မရိုက်ရမှာစိုးလိ့ 8G နှစ်ကတ်ကို မလောက်ချင်ဘူး ။

သူများမီးခိုးတိတ် စက်ရုံတွေ သွားကြည့်ပြီး မခံချိမခံသာတော့ ဖြစ်ခဲ့လေရဲ့ ။ ဝင်လိုက်တဲ့ တိုးတွေ သောက်သောက်လဲ ။ ဒီမှာလည်း လုပ်မယ်ဆို လုပ်ကွက်တွေ အများကြီးရှိတယ် ။ အဲ့ဒီ ခရီးသွားပေါ်လစီက မွန်မွန်ရေးပြသလို ဆိုရင်တော့ဖြင့် ဝေးလ့ ိုနေအုန်းတော့မှာပါ။

ဒါကြောင့်မို့ ဟိုသူကြီးက စနစ်ကြောင့်မဟုတ် လူကြောင့်ဆိုပြီး ဟစ်နေတာ ။ပြောလည်း ပြောချင်စရာပါ ။ ပြောရမှာတွေလည်း မောလွန်းလို့ ပြောချင်တဲ့စိတ်လည်း မရှိတော့ပါဘူး။

ဒီနှုန်းနဲ့ ဆက်တိုက်နေသေးသရွေ့တော့ နောက်မျိုးဆက်တောင် သိပ်မသေချာသေးဘူး။
ဘယ်လိုပဲ ဖြစ်ဖြစ်ပါ ကိုနိုဇိုမိတယောက် ပတ္တရားမှာ ပျော်ရွှင်ပါစေလို့ ။

(ပုံတချို့က အတူသွားတဲ့ သူငယ်ချင်း ရိုက်ထားတာမို့ သူ့ကို ခရက်ဒစ်ပေးထားပါတယ် )

48 comments

  • Mလုလင်

    February 6, 2013 at 2:10 am

    ဓာတ်ပုံ တွေ နဲ့ အတူ လေဟုန်စီး ပြီး အလည် ရောက်သွားတဲ့ အတွက် ကျေးကျေး ပါလို့ နော့ . . ။

    • pooch

      February 6, 2013 at 2:28 am

      ကျမ ရိုက်တဲ့ ပုံတွေ ကြည့်ပြီး ရှက်တောင် ရှက်တယ် ကင်မရာ ပြောင်းလဲ ကင်မရာနောက်ကလူသည်သာ အဓိကလို့ လုလင်တို့ ပြောခဲ့တာလည်း သတိရလိုက်တယ် ။

      ခုတော့ David Mr. Photo ဆိုတဲ့ စာအုပ်ဖတ်နေတယ် မျက်ပွင့်က ထုတ်တာ နည်းနည်းပါးပါး အခေါ်ဝေါ်လေး နားလည်အောင်လို့ ဟိုဟို ဒီ ဒီ ကလိတတ်အောင်ပါ

  • kai

    February 6, 2013 at 2:45 am

    ပြီးခဲ့တဲ့.. ဆယ်စုနှစ်၂ခုစာလောက်.. နိုင်ငံတွေလှည့်.. လေ့လာ.. နေထိုင်ရင်း.. မြန်မာပြည်နို်င်ငံရေးလေ့လာမိတော့…
    ဒီလိုဖြစ်နေတာတွေဟာ.. စနစ်ကြောင့်မဟုတ်.. . လူတွေကြောင့်ဆိုတာ..မြင်လာတယ်..
    အဲဒီမှာ.. reverse engineering နည်းနဲ့..လူတွေ..လူတန်းစား.. ဇတ်… တွေစစ်ထုတ်သွားကြည့်တာ.. ..

    ဆိုတော့…
    သခင်မျိုးဟေ့.. ဒို့ဘားမင်န်း… :kwi:
    ဩကာသ..ဩကာသ..ငါ့ထိုင်ကန်တော့ကြ… :kwi:

    • pooch

      February 6, 2013 at 2:03 pm

      ဟုတ်ကဲ့ပါ သူကြီးမင်း သင်ပေးလိုက်တဲ့အတိုင်း မေးတဲ့သူတိုင်းကို
      i come from Myanmar, i’m Burman ဆိုပြီး ပြောခဲ့ပါတယ်။ :mrgreen:

      ကိုယ့်ပတ်ဝန်းကျင်မှာလည်း ဂရုတခုထဲကို ရောက်နေတာမို့ leader တွေကို ကပ်ပြီး ဒီအကြောင်း စည်းရုုံးမယ် စဉ်းစားထားတယ်။
      အိမ်က ညီမတွေက တောင် ဘားမင်န်း ဖြစ်နေပြီ ခုဆို ဟီး

      ဩကာသကတော့ သဘောပေါက်နေတာ ကြာပြီ ကျောပေါက်မဆိုးလို့ မပြောဖြစ်တာ
      အိမ်မှာတော့ ကြိတ်ကြိတ်ကြိတ်နဲ့ မားသားကြီး ကစ်လိုက် ဂျီးဒေါ်တွေနဲ့ ကစ်လိုက် ခုတော့ သူပုန်မဆိုပြီး ပြောခံထိထားလို့ ပါးစပ်ပိတ်ထားတယ်

      အမေက ပြောတယ် ညည်းလူပေါင်းမှားနေပြီတဲ့ 😥

  • nozomi

    February 6, 2013 at 3:10 am

    ပုံတွေအများကြီး နဲ့ သေချာရှင်းပြပေးလို့ ကျေးဇူးတင်ကြောင်းလေး အရင်ပြောချင်ပါတယ်
    3D ပုံတွေ နောက်ပိုင်းအလှပန်းချီ နဲ့ စိတ္တဇ ပန်းချီတွေ ကြိုက်တယ်

    ယိုးဒယားမှာလဲ မြန်မာတွေ တော်တော်ရောက်နေပြီ အလုပ်လုပ်တဲ့သူ လာလည်ကြတဲ့သူ
    တိုက်တိုက်ဆိုင်ဆိုင် ခြေထောက်နှိပ်တဲ့ နေရာမှာ ကရင်မလေးနဲ့ သွားတိုးဘူးသေးတယ်
    ပတ္တရားမှာရော ဘယ်လောက်တောင် ရှိနေမယ် မသိ

    အရင်က မြန်မာက စာအုပ်အနီလေးဆို အထင်သေးတယ် ဆက်ဆံတာ အပေါ်စီးက
    အခုနောက်ပိုင်းတော့ နဲနဲပြောင်းလာတယ်လို့ ကြားရတယ်

    စ ဖတ်ကတဲ့ ဒေါ်ပု တစ်ယောက်ထဲ သွားတာမှ ဟုတ်ရဲ့လား မသိဘူး စဉ်းစားနေတာ သူငယ်ချင်းတွေနဲ့ ဆိုတော့ ပျော်စရာ ပိုကောင်းတာပေါ့ ၊ အရင်က နိုင်ငံခြား ဆိုတာ နတ်ပြည်သွားရ သလိုပဲ စာအုပ်တွေထဲ ဖတ်ပြီး သရေကျနေရတာ အခုတော့ မြန်မာပြည်မှာလဲ မိသားစုလိုက် သူငယ်ချင်းတွေနဲ့ ခရီးသွားတာ များလာတာ ကောင်းတယ် အတွေ့အကြုံ ဗဟုသုတ ပညာတွေ ရတာပေါ့ အိမ်ထဲမှာပဲ နေနေ ခဲ့ ရတော့ အပြင်မှာ ဘယ်လောက်တိုးတက်နေတယ်ဆိုတာ မသိခဲ့ ရဘူး ဘန်ကောက်ကို ခရီးသွားရတဲ့ စရိတ်ကလဲ ရန်ကုန်က မြစ်ကြီးနား သွားတာထက် သက်သာနေတာကို

    ဒီ နှစ်ထဲတော့ ရောက်အောင် သွားမယ် မှန်းထားတယ်
    သတင်းအချက်အလက် အများကြီး အထောက်အကူ ရလို့ ကျေးဇူးတင်ပါတယ်

    • pooch

      February 6, 2013 at 2:12 pm

      အမလေး ကိုနိုဇိုမိရယ် အုပ်စုတောင့်လို့ မိုက်ရဲတာပါ ကျမလည်း အသဲငယ်တတ်တယ်ရယ်

      ဟုတ်ပါ့ စာအုပ်နီဆို အထင်သေးတတ်တာ ခုတော့ အချိုးပြောင်းစ ပြုနေပြီ အမေစု ကောင်းမှုနဲ့

      ပြည်တွင်းခရီးသွား စရိတ်ကလည်း ကောင်းကောင်းနေ ကောင်းကောင်းစားပြီး ကောင်းကောင်းသွားရင် ပြည်ပ ခရီးစရိတ်ထက် ပိုထောင်းတာမို့ သွားချင်ရင် အပြင်လေးဘာလေးထွက်ဖို့ အာရုံပိုကျလာတာပါ။ ဗဟုသုတရတာပေါ့ ။

      လူစုံမြင်ရတော့ လူတွေအကြောင်းပိုသိရတာပေါ့ ။

  • ဂျီးဒေါ်ရေ …

    ဟီးဟီးးးး ကျိတွားဒယ်နော် …
    အချို့ပုံတွေက စောစောစီးစီး ညက်လုံးလေးတောင်
    ပိုပြီး ပြူးလာစေသလားဘဲ .. ဟဲ ဟဲ … :mrgreen:

    ဟိုအကောင် ရေဘဝဲ ပုံကြီးက မိုက်တယ် …
    အဲ့ဒီပုံမျိုး အင်တာနက် ပုံထဲမှာလည်း တွေ့ဖူးတယ်ဗျ …

    • pooch

      February 6, 2013 at 2:15 pm

      ဒီပုံလေးတွေ က အကင်းပါ သူငယ်အံရယ် မျက်လုံး မပြူးပါနဲ့အုန်း

      မြင်သမျှ ရိုက်ပြရရင် မကောင်းရှိတော့မယ် :mrgreen:

  • ဦး ကျောက်ခဲ

    February 6, 2013 at 7:56 am

    မယ် pooch ရေ

    ပတ္တရားကို အတော်စုံအောင် နှံ့ခဲ့တာပဲ…
    တကယ်တော့ ပတ္တရားဟာ ကမ်းခြေကလည်း သိပ်မလှတဲ့အပြင် အလွန်ညစ်ပတ်သလို အလွန်အန္တရာယ်များတဲ့မြို့ပါ။ ရာရှန်းမာဖီးယားတွေနဲ့ အီရန်မာဖီးယားတွေ ထိန်းထားတဲ့မြို့ဆိုရင် မမှားပါဘူး။ အဲသည်က ညဥ့်ငှက်ကလေးတွေရဲ့ ခုနှစ်ဆယ်ရာခိုင်နှုန်းက ကထေရ် (ဖြတ် ဖောက် ချုပ်) တွေနဲ့ ရွာကျော်လက်လန် ဒုစရိုက်မယ်လေးတွေမို့ ရွာထဲက ကိုကိုများ အလည်သွားမယ်ဆိုရင် သတိချပ်စေလိုပါတယ်။ ပတ္တရားရဲ့ အဓိကဝန်ဆောင်မှုက ဖျော်ဖြေရေးဆိုတော့ မမြင်ဖူးတာမြင်ချင်ရင် အာကာဆား (Alcazar) ရှိုးပွဲ ကိုတော့ သွားသင့်ကြောင်းပါခင်ဗျား…
    :harr:

    • pooch

      February 6, 2013 at 2:21 pm

      ဟုတ်ပါ့ လှလည်း မလှဘူး ဒီက ကမ်းခြေတွေ ခြေဖျားတောင် မမှီဘူး ။ :mrgreen:

      အင်း မှတ်ထားမယ် ကထေရ်။ ကြည့်ရတာ ဦးကျောက်တို့ ခြေချင်းလိမ်ခဲ့ပုံပဲ

      ပင်စင်စား ရုရှ အဖိုးကြီးတွေ လုပ်ပုံလုပ်နည်း ကို လူပျိုကြီးတွေ အတုယူဖို့ ကောင်းတယ်
      နောက်တာပါ 😆

  • weiwei

    February 6, 2013 at 8:46 am

    ဒီမနက် ပထမဆုံးဖွင့်ဖြစ်တဲ့ ပို့စ်က တကယ်ကို ပျော်သွားစေပါတယ် …
    ပတ္တရားကို ရောက်သွားသလို ခံစားရပါတယ် … ခရီးသွားချင်တဲ့ရောဂါလဲ ပိုတိုးသွားတယ် ..

    • pooch

      February 6, 2013 at 2:27 pm

      ပျော်သွားတယ်ဆိုလို့ ဝမ်းသာပါတယ် မဝေ

      ပတ္တရားထက် ပိုပျော်ဖို့ ကောင်းတဲ့ လှတဲ့ ဘာလီကျွန်းက ခု ဗီဇာ free ရနေပြီ ၁၄ ရက်လား မသိဘူးဆိုတော့ မဝေရေ စရိတ်လည်း တူတူလောက်မို့ သွားဖြစ်အောင်သာ သွားပါလေလို့

  • လူကလေး

    February 6, 2013 at 9:16 am

    အော်.. ပတ္တရားတဲ့လား..

    သွားချင်လိုက်တာမှ ကျလိကျလိကို ဖြစ်သွားတော့တာပဲ..

    ကျေးဇူး ဖော် ဖိုတို အန် အိပ်စ်ပလန်နေးရှင်း…

    • pooch

      February 6, 2013 at 2:35 pm

      you are welcome ပါ 😀

  • kyeemite

    February 6, 2013 at 9:42 am

    ဓါတ်ပုံတွေအများကြီးနဲ့တကွ အသေးစိတ်ရှင်းပြထားတာ
    ပျော်ပျော်ကြီးကြည့်ပီး သွားလည်ချင်စိတ်များဖြစ်မိပါကြောင်း…
    ရွှေတြိဂံဒေသကလူတွေ ဆိုတဲ့ပုံမှာ မြန်မာနိုင်ငံကတိုင်းရင်းသား
    ပလောင်လူမျိုးတွေနဲ့တူသလို အဲဒီအပေါ်ကပုံမှာလဲပဒေါင်းလူမျိုးပုံတွေသတိပြုမိလိုက်တယ်နော..
    အထူးသဖြင့်တော့ ပန်းချီပြခန်းနဲ့ပန်းချီကားတွေ တော်တော်သဘောကျတယ်ဗျို့…
    :harr:

    • pooch

      February 6, 2013 at 2:40 pm

      ဟုတ်ပါ့ ဦးမိုက်ရယ ်ရွှေတြိဂံ ဒေသဆိုတာ ကျမတို့ ဆီက ပလောင် တွေပါ
      ဘယ်လိုပြောရမလဲ ဆိုတော့ ဘယ်လိုမှကို မပြောချင်တော့တာ။

      ရွှေတြိဂံဒေသဖက်အနီးနား တာဝန်ကျနေတဲ့ အဒေါ်အရင်းခေါက်ခေါက်က အလည်ခေါ်နေလို့ အဲ့ဖက်လည်း ရောက်ဖူးတယ် ရှိအောင် သွားမလား စဉ်းစားထားတယ် လေယာဉ်ခ မတတ်နိုင်သေးလို့ ဒီက လေယာဉ်ခတွေ ပရိုမိုးရှင်းများ ချမလား စောင့်နေတာပါ :mrgreen:

  • မိုချို

    February 6, 2013 at 9:56 am

    ညီမ ပုချ်ရေ ရေး ထား လိုက်တာ တကယ့် ကို စုံစုံ လင်လင် နဲ့ အား ပါး တရ ဖတ်လိုက် ရတာပါပဲလား ။ ဆောင်ရန် ရှောင်ရန် လေးတွေ သိရလို့ ကျေး ဇူး ပါ။ ၂ယောက်လောက်သွားရင်တောင် စိတ်မချ ရဘူး ဆိုလို့ ရယ်၊ ဦးကျောက် မန့် ထား တာရယ်ကြည့် ပြီး သွား လည်ရ မှာ လန့် မိတယ်။ ဘန်ကောက်တော့ တစ်ခါလောက် သွား ဖို့ စဉ်းစား နေတယ်။ ခက်တာ က အိမ်ကလူ ကလည်း ခွင့် ရတာနဲ့ မြန်မာပြည် ပဲ ပြန် ချင် နေတာ။

    • pooch

      February 6, 2013 at 2:47 pm

      သွားလို့ ရပါတယ် မရယ် ၂ ယောက်ဆို ဖြစ်ပါတယ် ။ ကိုယ့်ယောက်ျား ပါတာပဲကို ။ သိပ်မိုးမချုပ်ခင် တည်းတဲ့ဆီ ရောက်အောင်ပြန်လို့ ရပါတယ် ။

      ဂိုက်ကတော့ သူတာဝန်ယူထားရတာမို့ ကျမတို့ အန္တရယ်ကင်းအောင် အတတ်နိုင်ဆုံး ပြောပေးတာပေါ့

  • ဦးကြောင်ကြီး

    February 6, 2013 at 9:57 am

    ပုရှ်နဲ့ဦးကြောင်
    တူနှယ်ဗျောင်
    ပတ္တရားမှာဆောင်၊
    ညအမှောင်ချောင်
    လူတွေရှောင်
    နှစ်ပါးသွားစို့ညောင်၊
    ဟိုကောင်ဒီကောင်
    အယောင်ဆောင်
    ပျိုလေးရဲ့မောင်
    ကြောင်တောင်တောင်..

    • pooch

      February 6, 2013 at 2:51 pm

      ဦးကြောင်ကို သံဘရက်ရှ်နဲ့ ခြစ်ပေးချင်တယ် ဂါးးးးးးးးးးးးးးးးးးး 👿

  • Ghi Ghi ThE KiD

    February 6, 2013 at 10:19 am

    အော်…နှစ်ကူးဆိုတော့ ကျနော် တောမြို့လေးတစ်မြို့က ဘုရားကျောင်းမှာ မီးသွားပူဇော်
    နေတဲ့အချိန်လောက်နဲ့ ကွက်တိပါလားဗျာ …။

    ကျနော်ကတော့ ဒီလိုနေရာမျိုးတွေမသွားပါပူးဗျာ..
    မပူးချ် သိတဲ့အတိုင်း ဒီလိုကိစ္စတွေ ကျနော်ဟာ လုံးဝ စိတ်မဝင်စားတဲ့
    ကင်းကင်းနေတတ်တဲ့ကောင်မဟုတ်ပါလား…

    ဘဘရယ် ဟုဟုရယ် သုသု ရယ် တတရယ်
    အတွက်တော့ ကျေးကျေးပါ

    :kwi:

    • pooch

      February 6, 2013 at 2:58 pm

      ညည်းလား….. အဲ့လောက်လိမ္မာတာ ??

      နင်ကင်းတာ ဘာလဲဟင်
      ဒီလို ဘဝရောက်နေတာတောင် မိုးကြိုးပစ်ခံထိတာကို ထန်းလက်နဲ့ ကာနေတုန်းလား 😆

  • blackchaw

    February 6, 2013 at 1:44 pm

    ဝင်ရောက် ကြည့်ရှုသွားတဲ့ အကြောင်း …။
    အားကျသွားပါတယ်ဆိုတဲ့ အကြောင်း …။
    နေပြည်တော်၊ ပြည်၊ ပုဂံ ခရီးစဉ်တွေလောက်နဲ့…
    ကျေနပ်နေရသော
    ဘလက်ချော…။
    :mrgreen:

    • pooch

      February 6, 2013 at 3:07 pm

      အမယ် အမယ် လမ်းပေါ်နေနေတယ် ဆိုသူကများ ပြောရတယ် ရှိသေး
      သွားချင်ရင် သွားပေါ့ရှင်

      ၂ ယောက်ထဲ ရှိတာ ဒုတိယ မြောက် ဟန်းနီးတွေ ဘာတွေ မွန်းပလိုက်ပေါ့

      အော်သိပြီ အငယ်လေးနဲ့ သွားဖို့ ဒိုင်သျှိုထားတာ မဟုတ်လား မဒမ်ဘလက်ကိုတော့ ပြောအုန်းမှပါလေ မျက်စိဒေါက်ထောက်ကြည့်ထားလို့ :mrgreen:

      ဒါနဲ့ ကိုဘလက်အမေ နေကောင်းသွားပြီလား ?

  • ခိုင်ဇာ

    February 6, 2013 at 2:42 pm

    ပု။

    ဘာမှပြောချင်တော့ဘူး။

    သွားမယ်။
    သွားမယ်။
    သွားမယ်…………………

    ဘယ်တော့တုန်းတော့သိသေးဘူး။ :mrgreen:

    • pooch

      February 6, 2013 at 3:11 pm

      အင်း လက်ထပ်ဖြစ်ရင် ဟန်းနီးမွန်းသွားလေ နော် :mrgreen:

  • Wow

    February 6, 2013 at 3:23 pm

    အပြည့်အစုံ ပုံနဲ့တဂွ ရှင်းပြသွားတာ ခရီးသွားလမ်းညွှန် ဟမ်းဘွတ်လေးလိုပါပဲ…
    ဘာမှမဖြစ်ရင် ဘာမှမဖြစ်ဝူးတဲ့ အားတင်းပီး သွားပလိုက်မယ် :mrgreen:

    • pooch

      February 6, 2013 at 3:38 pm

      အယ် အဲ့လိုတော့ လုပ်ပါနဲ့ အဖော်လေးတော့ ခေါ်သွားလိုက်ပါနော် :mrgreen:

  • Shwe Ei

    February 6, 2013 at 4:11 pm

    WebPage ထဲကနေခရီးသွားရတဲ့ ဖီလင်ကလဲ မိုက်သဗျာ။
    အရေးအသားပေါ်မူတည်တယ်ထင်ပါရဲ့။
    ဗရာဘိုပါ အမပုရေ။

    • pooch

      February 6, 2013 at 4:39 pm

      အားပေးတာ သိုင်းကျုးပါ ရွှေအိရယ်

  • ဗုံဗုံ

    February 6, 2013 at 5:01 pm

    ဟယ် မမပုရယ် သွားချင်လိုက်တာ နောက်တစ်ခါ သွားရင်ခေါ်နော် …. မမခိုင်ဇာတို့ ဟန်းနီးမွန်းကြရင် ခေါ်ခေါ် မခေါ်ခေါ် အတင်းလိုက်သွားရအောင် နော :mrgreen:

    • pooch

      February 6, 2013 at 5:10 pm

      အိုခေလေ သူမသိအောင် ခရီးဆောင်အိတ်ထဲ ဝင်လိုက်သွားရအောင်နော် 😆

      • ခိုင်ဇာ

        February 6, 2013 at 5:49 pm

        ဟယ်။ ကျန်းးးးးး ကျန်းးးးးးးးးးး

        နာ့ ကို မကောင်းကြံစည်နေကြတာ ခုမှ မြင်တယ်။
        တိုးတိုးတိတ်တိတ်ပဲသွားမယ်။
        ဗျို့ မဟစ်ဘူး။
        အိတ်တေကို သေချာစစ်မှပဲ။

        :harr: :harr: :harr:

  • padonmar

    February 6, 2013 at 10:59 pm

    ကြည့်ရတာ ပျော်ပါတယ် မယ်ပုရေ။
    ကထေရ်တွေတော့ ကြည့်ရဲပါဘူး။ြ့ကည့်ချင်ပါဘူး။

    • pooch

      February 7, 2013 at 10:54 pm

      အာကာဆာ ရှိုးတော့ ကြည့်လိုက်ပါ ဒေါ်ဒေါ်ရယ် အပျင်းပြေပေါ့ 😀

  • မင်းနန္ဓာ

    February 6, 2013 at 11:53 pm

    တီပုချ်
    ညွှန်းတာနဲ့ နောက်နှစ်နယူးရီးယား ပတ္တယားသွားကဲချင်.. လေ့လာချင်စိတ်ပေါက်သွားဘီ..
    ကျနော်လည်း ပန်းချီတွေ ဓာတ်ပုံတွေ အရမ်းစိတ်ဝင်စားတာ အဟဲ.. ကမာ္ဘ့ အကြီးဆုံး Largest Illusion Museum Of The World လို့ ပြောကြတဲ့ 3D ပန်းချီကား အကြီးကြီးတွေ ရှိတဲ့ ပြတိုက်ကို သွားကြည့်ချင်လို့ :harr:

    • pooch

      February 7, 2013 at 11:03 pm

      သွားပါ သွားပါ အားမနာပါနဲ့ ကြည့်ချင်တာသာ အကုန်ကြည့်ပစ်ပါ ကိုရွာစားရယ် အားမနာပါနဲ့ :mrgreen:

  • surmi

    February 7, 2013 at 12:08 am

    ဒေါ်ပုချ်ရေ …
    ပြောစရာ … ပွားစရာ များလွန်းလှတယ်ဗျို့ ့ … ဘယ်ကစရမှန်တောင်မသိဘူး … စုံလွန်းလို့ ။
    အမှန်တော့ ဒေါ်ပုချ် လည်း ဝေဖန်စရာတွေ ပြောစရာတွေကျန်ဦးမှာပါ ..။
    ကဲ …. သူများတွေ လက်ရှောင်တဲ့အကြောင်းဘဲ ပြောမယ်ဗျာ ….

    အဲဒီက နတ်သမီးတွေနဲ့ ပတ်သက်ပြီးတော့ ကျနော့ မိတ်ဆွေကတော့ ပိုက်ဆံပေးပြီးပေမဲ့
    ရေမချိုးခဲ ့ရဘူးဗျို ့ ….
    ဒီလို ဒီလို …
    ရေချိုးခန်းဝင်ပြီး ရေချိုးဖို့ ပြင်ဆင်တုန်းမှာ အဲဒီက ဆားဗစ်ပေးတဲ့ နတ်သမီးလေးက
    ရွှေပြည်ကြီးကဖြစ်နေလို ့ပါပဲ..တဲ့
    ဒါနဲ့ …သူလည်း တော်တော် စိတ်လေသွားပြီး ရေးမချိုးတော ့ဘဲ ပြန်ခဲ ့ပါသတဲ့ ….
    ဆိုတော့ ကာ ….
    ဒီမှာ လိုင်စင်ကိစ္စတွေလည်း ပြောသံကြားရတယ်
    ပြီးတော့ ဒီက ရောင်းကုန်မယ် ညဉ် ့ငှက်လေးတွေဟာလည်း နည်းအမျိုးမျိုးနဲ့
    အနိုင်ကျင် ့ခံရပြီး ကျန်းမာရေးနဲ့ လူမှုဘဝ ကာကွယ်မှုကလည်းမရှိတော့ တစ်ချိုု ့ဆိုရင်
    ထမင်းတစ်နပ်စာ သာသာနဲ့ ဖျော်ဖြေကြရတာ ……
    အဲ ့ဒီအကြောင်းတွေ ကို တစ်ခါတစ်လေစေ ့စေ့ပေါက်ပေါက်ရေးချင်သားဗျ
    သို့သော်လည်း …. သံခမောက်နဲ့ သံကြပ်ကာ အကျီင်္က မရှိသေးဆိုတော့ …

    • kai

      February 7, 2013 at 4:11 am

      လက်မရှောင်ဘူးဗျို့.. ဝင်ပြောမယ်..

      ခန္ဓာကိုယ်ရင်း..လုပ်ကိုင်စားတဲ့ဘဝက.. အမှန်တော့.. လူမှုရေးရာမှာ..ကောင်းတဲ့သမ္မာအာဇီဝအလုပ်တော့ မဟုတ်ပေဘူးဗျ..
      နတ်သမီးအမည်နာမလေးတာ့ သုံးမလုပ်ကြပါနဲ့နော..။
      နတ်သမီးတွေ.. ငိုကုန်ပါ့မယ်..။ :buu:

      ပြောတာပြောသာ..
      မြန်မာတို့ရဲ့ ထေရဝါဒနတ်သမီးဘဝက.. ပြည့်တန်ဆာနဲ့ဘာမှတော့.. မကွာ…
      သာဝတိ ံသာကနတ်သမီးများ.. နတ်သားနဲ့အိပ်ရင်.. အခကြေးငွေတောင်ရရဲ့လားမသိ…။
      ဘာတဲ့..
      နတ်သားကတောင့်တရင်..အိပ်ယာထက်..ပလက်ကလေးပေါ်ပေးရတယ်ဆိုလား..။

      အောင်မလေးခင်ဗျ..
      ဘုံနဲ့မြှောက်သူတို့ရဲ့.. နတ်ပြည်ရောက်တဲ့.. ကုသိုလ်တဲ့..။ :kwi:

      • ခိုင်ဇာ

        February 7, 2013 at 8:12 am

        အဲ့လာ ကျ
        အငွေ့ စား တာ မျိုး ဟုတ်ဘူးလား။ :kwi:

      • surmi

        February 7, 2013 at 9:54 am

        ဗျို ့ ဘဘသဂျီး
        နတ်ပြည်ဘက်လှည် ့မသွားနဲ ့ဦးလေ
        မဖြစ်မနေ တားလို ့လဲမရတဲ ့ ဟို ကိစ္စ ပြောချင်ရင် တစ်ပုဒ်တင်ဗျာ
        ကျနော်က ပြည်တွင်းက စုတ်စုတ်ပြတ်ပြတ် လမ်းဘေးက
        အခြေအနေကိုပြောမယ်
        လူတွေသိတာ ဟိုတယ်ပေါ် နိုက်ကလပ်ပေါ် ကာရာအိုကေပေါ်ပဲသိတာ
        အဘသဂျီးပြောတဲ ့ နတ်သမီးကိစ္စက ထေရဝါဒနဲ ့ မဆိုင်လောက်ပါဘူးဗျာ 🙂

        • pooch

          February 7, 2013 at 11:21 pm

          ကိုဆာမိရေးပြတော့လည်း သိရတာပေါ့ ရေးပါ အားပေးပါတယ် 🙂

  • MaMa

    February 7, 2013 at 3:09 pm

    တူမလေးနဲ့ တူတူသွားတုန်းက ကလေးက တနေကုန်ပင်ပန်းပြီး အိပ်ချင်လို့ ဂျီကျနေတာ။
    package tour နဲ့သွားတာဆိုတော့ ရက်ကလည်းနည်းတယ်။
    ကို်ယ်ကလည်း Alcazar show မကြည့်လိုက်ရရင် မတန်ဘူးဆိုပြီး ကလေးကို ချော့မော့ပြီး သွားကြည့်ကြတယ်။
    ဂိုက်က Lady boy လို့ ပြောတော့ ကလေးက မျက်လုံးလေးပြူးလာတယ်။
    ကပြတာကိုတွေ့တော့ သဘောကျနေတာ အိပ်ချင်နေတဲ့စိတ်တောင် ဘယ်ပျောက်သွားတယ် မသိလိုက်ဘူး။
    အဲလောက်ထိ ဆွဲဆောင်နိုင်တာ ချီးကျူးစရာပဲ။ :hee:

    • pooch

      February 7, 2013 at 11:29 pm

      ဟုတ်တယ် ကလေးတွေလည်း သဘောကျကျတယ်
      ဟုတ်တယ် မမ package tour နဲ့ သွားတာ လူပန်းတယ် စုံတော့ အတော်စုံတယ်

  • ကိုရင်စည်သူ

    February 8, 2013 at 1:19 am

    ယပလက်ကို ခဏခဏရောက်ဖူးပေမဲ့ ပတ္တရားကို တခါမှမဝင်ခဲ့ဖူးပါဘူး..
    အရီးပုစ် ခေါ်ပြပေးလို့ ကျေးဇူးပါ… သွားဖို့ ပစ်မှတ်ထဲ ထည့်ထားလိုက်ပါ့မယ်..။
    အဲ့လိုနေရာတွေ မသွားရဲဘူး..ယပလက်မလေးတွေ ဆာဝါဒီခလုပ်ပီး
    မိတ်ဆက်ရင် ကိုရင်က သနားတတ်တယ်..
    အဲ့ကျရင်…။ (( ရာခါးထောက်လိုင်… )) သွားမေးတတ်လွန်းလို့… ခွိ… :gee:

    • pooch

      February 8, 2013 at 5:57 pm

      ဘယ်လောက်လဲ ဆိုပြီး ဈေးမယ်တယ်ပေါ့လေ ဖြစ်ရလေ ကိုရင်ရယ် :mrgreen:

  • Mr. MarGa

    February 8, 2013 at 9:29 pm

    ထိုင်းနဲ့ စင်ကာပူ အကြောင်းကို ဖတ်မိရင် ကိုယ့်နိုင်ငံနဲ့ ချိန်ထိုးပြီးတွေးတဲ့အကျင့်ကို ဘယ်လိုဖျောက်ရမှန်းမသိဘူး
    ကိုယ့်နိုင်ငံမှာ သူတို့ထက် သာတဲ့ နေရာဒေသတွေ ရှုမျှော်ခင်းတွေ ရှိပါလျက်နဲ့
    သူတို့လောက်တောင် မလုပ်နို်င်တာကို အားမလိုအားမရ ဖြစ်မိတယ်

    • pooch

      February 9, 2013 at 3:50 pm

      မမွဲသင့်ပဲ မွဲနေရတာ နောက်မကျသင့်ပဲ ကျနေရတဲ့ အဓိက အကြောင်းအရင်းတွေ အများကြီးရှိပေမဲ့ ခုတလောတော့ မြင်နေကြုံနေရတာတွေကို ကြည့်ပြီး လူတွေကြောင့်လို့ပဲ ဆိုချင်နေပြန်တယ်

      လူဟာ စနစ်ရဲ့ သားကောင်လို့လဲ ဆိုကြတာမို့ သူတင်ကိုယ်တင် ဘတပြန်ကျားတပြန် လူက ဖျက်လိုက် စနစ်က ဖျက်လိုက်နဲ့ပါ

      နီးလာလိုက် ဝေးသွားလိုက် နဲ့ ခုတော့ အဝေးလွန်နေပြန်တယ် 🙁

Leave a Reply