ကျီးကန်းတွေဟာ သူတို့နဲ့ မျိုးနွယ်တူတဲ့ ကျီးကန်း တစ်ကောင်ကိုပဲ ဖြစ်စေ သုံးကောင်ကိုပဲဖြစ်စေ အုပ်စုလိုက်ကိုပဲ ဖြစ်စေ ဆော်လိုက်တာသို့မဟုတ် အနိုင်ကျင့်လိုက်ရင် သူတို့မျိုးနွယ်များဟာ ရှိသမျှ အင်အားနဲ့ ချီတက်ပီး သူတို့ မျိုးနွယ်ထဲက အကြောက်ဆုံး ကျီးကန်းတွေက ဘေးကနေ ရန်သူကို ၀ိုင်းပီး အာကြတယ် အာတယ်ဆိုတာ နှစ်လုံးဘက်ပြန်တာကို ပြောတာမဟုတ်ဘူးနော် အော်တာကိုပြောတာ။ ဒုတိယတန်းစား ကြောက်တဲ့ကောင်တွေက အပေါ်ကနေ ချီးတွေ သေးတွေ ပါချပန်းချတယ်။ သတ္တိရှိတဲ့ ကျီးကန်းတွေကတော့ တစ်ဖက်က ရန်သူကို ခြေနဲ့ ကုတ်တယ် အတောင်နဲ့ ရိုက်တယ်။ အရမ်းသတ္တိကောင်းတဲ့ ကျီးကန်းတွေကကျတော့ ရန်သူကို နှုက်သီးနဲ့လည်းထိုးတယ် ခြေနဲ့လည်းကုက်တယ် တောင်ပံနဲ့လည်းရိုက်ကျတယ် သူ့တို့က သေလည်းသေနိုင်တယ် သေမှာလည်းမကြောက်ဘူးဆိုတဲ့ အဆင့်ထဲပါတယ်။ စော်ကားရင် အသက်ပါအသေခံမယ့် ကောင်တွေပေါ့။ သူတို့ ကျီးကန်းမျိုးနွယ်စုတွေဟာ အမျိုးကို ထိရင် ဆက်ဆက်ထိမခံသလို ကြောက်ပါတယ် ဆိုတဲ့ကောင်တောင် ဘေးကနေ အော်ပီး အားပေး ခြောက်လှန့်ပေးဖော်ရတယ်။ ကျွန်တော်တို့လူမျိုးတွေမှာလည်း အမျိုးကို ထိရင် ဆက်ဆက်ထိမခံတက်တဲ့ သူတွေ ရှိကြပေမယ့် အသက်ပေးပီး သေမှာ မကြောက်တဲ့ သူတွေကတော့ မရှိသလောက်ရှားသေးတယ်။ အမျိုးကိုချစ်တယ်ဆိုတာ ငါတို့အမျိုးကောင်းတယ်ဆိုတာကိုချည်းအော်နေဖို့ မဟုတ်ပါဘူး ကိုယ်ကလည်း သူများမျိုးနွယ်ကို သွားပီး ရန်မစနဲ့ မကျူးကျော်နဲ့ နယ်မချဲ့နဲ့။ သူများကရန်စမယ် ကျူးကျော်မယ် နယ်ချဲ့မယ်ဆိုရင်ဖြင့် ကျီးကန်းမျိုးနွယ်တွေလို တက်နိုင်တဲ့ဘက်ကနေ ရန်သူကို တိုက်ခိုက်ဖို့လိုတယ်။ အားလုံးက ဘေးကနေ အာနေမယ်ဆိုရင်လည်း မဖြစ်သေးဘူး။ ဟိုဘက်က ခြောက်လိုက်တာနဲ့ လန့်ပီး ပြေးကုန်ကြမှာ။ အမျိုး ဘာသာ သာသနာ့ အတွက် အသက်ပေးပီး တိုက်ခိုက်မယ့် သတ္တိရှိတဲ့ လူမျိုးတွေလည်း လိုအပ်နေတာ အမှန်ပဲ။ အသိညဏ်နည်းပါးတဲ့ တိရစ္ဆာန်ကျီးကန်းတွေတောင် သူတို့ မျိုးနွယ် သူတို့ အမျိုးတွေကိုထိရင် ၀ိုင်းဆော်ကြတယ်။
မိမိ နိုင်ငံ မိမိလူမျိုး မိမိဘာသာ ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက် အားလုံးမှာ မျိုးချစ်စိတ်ဓာက်ကလေးတွေ ရှင်သန်ထက်မြက်နေဖို့လိုတယ်။ ဒါမှ ကိုယ့်ခြံစည်းရိုးကလုံမှာ ခြံစည်းရိုးမလုံရင် ခွေးဝင်မယ် နွားဝင်မယ် သူခိုးဝင်မယ်။ ခွေးဝင်ပီး ချီးယိုမယ် နွားဝင်ပီး မြက်စားမယ် အပင်တွေရဲ့ အညွန့်အဖူးတွေ စားမယ်။ သူခိုးဆိုရင်လည်း ထမင်းချက်အိုးပါမကျန်အကုန် အခိုးခံရမယ်။ ခြံစည်းရိုးကို လုံအောင်ကာမယ် ကျော်ဝင်လာရင် သူဘက်က ဖောင်းဖြစ်သွားတဲ့အတွက် ဆော်မယ်။ တစ်ယောက်ချင်းမနိုင်ရင် အုပ်စုလိုက်ဆော်မယ်။ အသက်ပါပေးရင်ပေးရပလေ့စေ အလကားပေးပီး အလကားကျွေးမယ့်အစား အလကားအသေခံမယ့်အစား သတ္တိလေးတော့ ပြပီး သေစမ်းချင်တယ်။ အားမတန်လို့ မာန်လျော့တာ အလကားလူတွေရဲ့အလုပ် အားမတန်ပေမယ့်မာန်တင်းပီး ပြန်ချတာမှ လူအလုပ် ငွေနောက်လိုက် ရာထူး စည်းစိမ် အပျော်အပါးဘက် မက်ပီးတော့ အကုန်ချကျွေးနေမယ်ဆိုရင် တစ်ချိန်ချိန်မှာ ကင်းဝင်သွားလိမ့်မယ် ကင်းဝင်သွားပီဆို မလွယ်တော့ဘူး။ အပေါ်ကစာက တရားနာရင်း သိလာတာ အောက်ကတော့ စိတ်ထဲကဟာတွေချရေးထားတာ။ ရွာဆူတယ်တော့မထင်ပါနဲ့။ ထန်းရည်ပေါ်ချိန်မို့လို့ပါ။ ဘယ်သူကိုမှ စော်ကားပီး ပြောတာ မဟုတ်ဘူး ကိုယ့်လူမျိုးတွေကိုက မျိုးချစ်စိတ်နည်းနေလို့ လောဘတွေကြီးနေကျလို့ နောင်ဆိုရင် မြန်မာနိုင်ငံရယ် ထေရ၀ါဒဆိုတာရယ်ကို နောင်သားစဉ်မြေးဆက်တွေ တီတွက်ကျွက်ဆက်တွေကျရင် မမှီမှာစိုးလို့ မျိုးချစ်စိတ်နဲ့ပြောပြတာ။

About thihayarzar

thiha yarzar has written 76 post in this Website..