ဒီမနက်ခင်း …..

+++++++++++++++++++++++++++++++++++++

ဒီမနက်ခင်း ............။
ဒီမနက်ခင်း …………။

+++++++++++++++++++++++++++++++++++++

 

မနက်ခင်း ….

ပြတင်းတံခါးကို တွန်းဖွင့်လိုက်ချိန် …

အအိပ်မက်တဲ့ နေ …

ရောက် မလာသေးပေ ……..။

 

လေညှင်းတွေက အလုအယက် …

ငါ့ကို ….

ဇွတ်တိုး ဖက်ကြတယ် ……။

 

တိတ်ဆိတ်ဆဲ ပတ်ဝန်းကျင်ကြားက

ငှက်ငယ်လေးတို့ရဲ့ တွန်ကျူးသံတွေဟာ

မနက်ခင်း၏ ဟန်ပန်

ခေါင်းလောင်းသံလေးတွေများလား ……။

 

အမှောင်တွေ ကင်း

မိုးလင်းစ ကောင်းကင်အောက်မှာ

စပါယ်ဖြူတွေ ပွင့်လန်းနေကြတာလည်း

နှစ်သက်၊ ကြည်နူးစရာပါပဲ ……။

 

ဒီမနက်ခင်းလေးထဲ …

သစ်ရွက်လေးတွေလည်း ငြိမ်သက်

ရစ်ပတ်ဖို့ မရည်စူး

ဒါပေမယ့် ချစ်တတ်ရင်

မနက်ခင်းရဲ့ အလှဟာ

သိမ်းပိုက် ထားချင်စရာ …….။

 

ဒီမနက်ခင်း …

အလင်းဖျော့ဖျော့ထဲ …

ငါ့ ရင်ထဲမှာလည်း …

မင်းပုံရိပ်တွေနဲ့ လှုပ်ခတ်လာခဲ့တယ် ချစ်သူ ……….။

 

+++++++++++++++++++++++++++++++++++++

by – မောင်ရွာ

+++++++++++++++++++++++++++++++++++++

24 comments

  • ကြည်ဆောင်း

    February 6, 2013 at 8:51 am

    ကဗျာလေးက လန်းတယ် …
    လူကတော့ ဂွမ်းနေတဲ့ပုံဘဲ …
    :mrgreen:

    • ကဗျာက လန်းးး
      လူက ဂွမ်းးး
      ပဆုံး အားပေးသွားတဲ့ ကြည်ဆောင်း အတွက်လည်းးး
      ကျေးဇူးတွေ တစ်စခန်း ထဘာရစေ ခညာ ..

  • ဗုံဗုံ

    February 6, 2013 at 10:10 am

    ဒီမနက်ခင်း
    အလင်းဖျော့ဖျော့ထဲ …
    ပဲပြုတ်သည်က အကြွေးမရောင်း
    ကောက်ညှင်းပေါင်းက လက်ငင်းမှတဲ့
    အကြွေးတွေက အလုအယက်
    ငါ့ကိုဇွတ်တိုး ဖက်ကြတယ်
    မိုးလင်းစ ကောင်းကင်အောက်မှာ
    စံပယ်ဖြူတွေ ပွင့်လန်းနေကြတာများ
    ခူးသီပြီး ရောင်းရရင်
    တစ်ကုံးတစ်ရာတော့ ရလောက်ပါရဲ့
    ဒီမနက်ခင်း
    ပြတင်းတံခါးကို တွန်းအဖွင့်
    ကွမ်းယာသည်မိအေးက
    မနေ့က ကွမ်းဖိုး အကြွေးပေးစမ်းပါ ကိုအံစာတဲ့ :harr:

    (ဘာဖစ်တုံး နာလည်း ကဂျာ စပ်တာဘဲ နာ့ ကဂျာက ပိုတောင်ကောင်းသေး :mrgreen: )

    • ဦးကြောင်ကြီး

      February 6, 2013 at 10:42 am

      ဗုံလေးကို ဦးကြောင်ခြစ်တယ်။ ဗုံဗုံကို ခြစ်မိတဲ့ချိန်ဂစပီး ဗုံမတီးဖြစ်တော့ဘူး၊ ဗုံလေးတီးတာပဲ ခံခြင်စိတ် ရှိတော့တယ်။ တီးမယ် ဟုတ်လား… ဟင်င်င်င်င်……………….. :harr:
      ဦးအံဇာ
      ဗူးမှန်စွာ
      ရူးသန်တာ
      ထူးညဏ်ခါ
      နူးဖျံထှာ
      စူးလန်ဖွာ
      ကျူးရန်ရှာ
      ဒူးပျံမာ..။

    • ဒီဂမယ် မိဗုံ …

      နီက နာ့ဂို အချက်ခွဲဒါပေါ့လေ .. ဟုတ်စ ..
      နာ့ဟာနာ ကွမ်းဖိုး အကြွေး ပေးချရာချိရာ .. ဘာဖစ်ရဲ ..
      (((တော်ဒေးဒယ် .. ကွမ်းဖိုးကြွေးဘဲ သိရို့))) :mrgreen:

      ဥကြောင် …

      ဒူးမာ .. ကူးလာ ..
      စူးကာ .. တူးခါ ..
      မူးစွာ .. အရူးသာ …

  • ခင်ခ

    February 6, 2013 at 11:29 am

    ( by – မောင်ရွာ ) ဟုညွှန်းဆို ရေးစပ်ကဗျာကို
    ( Read – မယ်ရွာ ) က ဖတ်သွားကြောင်း
    ဦးခင်ခ မှ ကိုမဟာရာဇာ အံစာတုံး သို့ အကြောင်းကြားလိုက်ပါ၏။

    • ဦးခင်ခကြီး …

      မောင်ရွာ ကဗျာ ..
      မယ်ရွာ ဖတ်တွားလားဒေါ့ သိဝူးးး
      မမန့်ဒေးဒါတော့ ကျိမ်းသေဒယ် ..

      • ခင်ခ

        February 6, 2013 at 2:43 pm

        မနက်ခင်း စောစော
        ကျေးဌက်တွေက ရောရော
        သံစုံဟစ်လို့ ပြောပြော
        ကျွန်တော်ကတော့ ခေါခေါ။

  • kyeemite

    February 6, 2013 at 2:00 pm

    ဗုံဗုံစပ်တဲ့ကဗျာက
    အံစာတုံးရင်ကို
    ဗုံးကနဲလာမှန်တော့
    ပါစပ်ထဲက ဝါးလက်စကွမ်းဖတ်
    နှုတ်မဆက်ပဲ ဖွတ်ကနဲထွက်သွား
    နှမျောလိုက်တာကွမ်းယာရယ်
    လွမ်းပါတယ်ဆိုမှ..ကွမ်းကဝယ်မရ..အဟ..အဟ
    :kwi:

    • ကွမ်းက ဝယ်မရ
      သန်းခေါင်ကျော် ရောက်ပဟ
      ပေါက်လည်း ပေါက်ချင်လှ
      အောင့်ကာ မထ
      နောက်ဆုံးတော့ မရ ….
      ထ … ထ … ထ … ဟီးဟီး :mrgreen:

  • pooch

    February 6, 2013 at 2:33 pm

    သူငယ်အံ ကဗျာစာအုပ်ထုတ်ရင် ရပြီ တကယ်ပြောတာ ရွာထဲ ရေးတာကို အတော်များနေပြီ
    နောက်ခါ ရွာတွေ့ဆုံပွဲမှာ ကဗျာစာအုပ်လေးတွေ ဝေပေါ့အေ
    ရွာကဗျာ့ဆရာများ ပေါင်းပီး ကိုကမ်းကြီးကိုလည် ရေးခိုင်း အမှတ်တရပေါ့ ဘပေလည်း အရင်က ရေးတယ်မှတ်တယ်

    • အဟမ်းးးး
      ဂျီးဒေါ် တကယ် ပေါဒါ ဆိုရင်ဒေါ့ …
      ကျုပ် လုပ်ပလိုက်မယ် … ထုတ်ပလိုက်မယ် …

      အဲ .. ကျုပ်ရောင်းရင်းကြီးက ကဗျာရေးတယ် ..
      ဟုတ်လားဗျ …
      ဒီလူကြီး လျှိုထားတယ် …
      သူ့ကို ရေးပေးဖို့ ပေါရမယ် …
      ကိုကမ်းဂျီး ကိုလည်း ရေးပေးဖို့ ပေါရမယ် …
      ကျန်ဒဲ့လူဒွေကိုလည်း ကဗျာ ရေးပေးဖို့ ပေါရမယ် ..

      လာမယ့် တွေ့ဆုံဘွဲမှာ .. အိုက်ကဗျာ စာအုပ် …
      လဂါးဒေါ့ ပေးဝူးးးး ရောင်းစား ပလိုက်မယ် ..
      ပီးရင် … ဘော်ဘော်တွေနဲ့ သွားလှူမို့ ဆိုပီးးး
      ဆိုင်သွား ကစ်ပလိုက်မယ် …
      နာ့ အကျံ ပိုင်လိုက်ဒမှကွာ .. ချယ်ဘဲဟ .. :mrgreen:

  • Mr. MarGa

    February 6, 2013 at 6:26 pm

    ဒီမနက်ခင်း
    အပီလက်ကမြင်း
    ဤစက်ကွင်း
    မှီလျက်ပျင်း
    (တွေးချင်သလိုတွေးနို်င်သည်)
    မနက်စောစောစီးစီး
    လေညင်းတွေ လာဖက်တယ်ဆိုတော့
    အင်းးးးးး
    ကျိန်းကျေပြီ အဟိ

    • ဟီဟိ …
      နင့် .. ကျိန်း ဒါဂျီးဂ ချပလင် မှားနေဒယ် …
      ဒါဂျောင့် … နင့် ဆုတောင်း လဂါး ဖစ်တွားပီ …

      ဘာပဲဖြစ်ဖြစ် ..
      လေညှင်းကဘဲ လာဖက်ဖက် ..
      ဘာကဘဲ လာဖက်ဖက် …
      ငါကတော့ ကိုယ်တိုင် တအား ဖက်ပလိုက်မှာဘဲ …. :mrgreen:

  • အလင်းဆက်

    February 6, 2013 at 7:47 pm

    လေညှင်းတွေက အလုအယက် …
    ငါ့ကို ….
    ဇွတ်တိုး ဖက်ကြတယ် ……။

    လေညှင်းတွေ..မဟုတ်ပဲ
    ချစ်တုဝေ တို ့..
    ဖူဖူကျော်တိန်းတို ့…
    ဇွတ်တိုး.ဖက်ရင်
    ဘယ်လောက် ကောင်းမလဲ…

    သားခံစားချက်ကိုပြောပါဒယ် ။
    လေးလေးအံစာက ဘယ်တူ ့ကိုကြိုက်တာလဲ..မတိလေ…
    :kwi:

  • DEPARKO DEPARKO

    February 6, 2013 at 8:08 pm

    အင်း ရွာထဲမလဲ ကဗျာဆရာတွေပေါလာပြီ ငါတော့ဒုက္ခ အပြိုင်အဆိုင်တွေများလာပြီဆိုတော့ လူပျိုကြီးဘဝကကျွတ်အောင် ကဗျာတွေရေးကျင့် အဟင့် နောက်ပေါက်တွေကိုမကျော်နိုင်ပါလား…………..

    • ဟက်လူရ ….
      ဘယ်က ကဗျာဆရာ ဖြစ်ရမှာလဲ …
      မရေးတတ် ရေးတတ်နဲ့ လျောက်ရေးနေတဲ့ ကောင်ပါဗျ …
      ခညားဒို့ ရေးမယ်ဆို ခြေဖျားတောင် မမှီတဲ့ ကောင်ပါဗျ ……
      ဘာပဲဖစ်ဖစ် .. ခုလို ကွန်မန့်လေးနဲ့ အားပေးသွားတာ ကျေးဇူး …

  • မောင်ပေ

    February 6, 2013 at 8:51 pm

    မနက်မိုးလင်းရင်မင်းကိုလေ မှန်းကာမျှော်တယ်…
    ကျေးငှက်ငယ်လေးတွေရယ် အသိဆုံးပဲ…
    (ကိုထူးအိမ်သင် ၏ သီချင်းမှ)

    • ဟက်လူရီးးး

      သချင်း ဟစ် မနေနဲ့အုံးဂျ …
      ကျုပ်ကို ကဗျာ တစ်ပုဒ်လောက် စပ်ပေးအုံး …
      ဘဝ ကဗျာလေး ဖြစ်ဖြစ် … ဘာလေး ဖြစ်ဖြစ် ..
      တစ်ခုခု ပေါ့ဗျာ …
      မစပ်ပေးရင်တော့ ခညားကို ကျုပ် စကား မပေါတော့ဘူး …
      ဒါဗျဲ .. ဟက်လူရီးးး

  • surmi

    February 7, 2013 at 12:36 am

    မိုးလင်း ခါစမှာ
    ဒေါ်အာကျယ် ပဲပြုတ်
    မိတုတ်ရဲ ့ကောက်ညှင်းပေါင်း
    အိုး းးး….စားကောင်းလိုက်တာ
    လက်ဖက်ရည် ကျဆိမ် ့
    တသိမ် ့သိမ် ့ရင်ထဲစွဲ
    ကဲ … ရူဘီ တစ်ဖွာလောက်
    အဆုတ်ထဲရောက်အောင်ရှိုက်ရင်း
    တောက် စ် ..ဆိုးလိုက်တဲ့ ကံ
    မှန်လိုက်တဲ့ ဗေဒင်
    ကြင်နာသူမရှိတဲ့ဘဝ
    လမ်းဘေးမှာ ဝယ်စားရလို့
    ချက်ကြွေးမည် ့သူများ းးးး…..
    မူ မနေပါနဲ့ လားဗျာ ……

    (မောင်အံ သို့ ရည်ညွှန်းလျှက် )

  • ဘဆွေ

    February 7, 2013 at 6:36 am

    လေးညှင်းတွေက အလုအယက် …
    ငါ့ကို ….
    ဇွတ်တိုး ဖက်ကြတယ် ……။

    ဒီအချိန်မှာ..
    မျှော်နေဆဲ ဟတ်ကွင်း
    ”ဗြင်း”ကနဲ ထအတက်
    လက်ထဲရှိတာက ဂျိုကာရောင်တူ
    စပိတ်ဒ် တစ်နဲ့က တစ်တွဲ
    ဆွဲလို့တက်တာက တစ်ထွေ
    ဒိုင်းမွန်းဆဲဗင်းနဲ့ ဝင်းပလေးက တစ်ဆိုင်း
    ”ဒိုင်း”ကနဲ ခပ်ကြမ်းကြမ်းပစ်ချ
    ခပ်ဟဟလေး ရီ(ရယ်)
    ထီမထင် မျက်နှာပေးနဲ့
    မျက်လုံးတွေကို မှေးစင်းရင်း
    တစ်လုံးချင်းစီ ချပြောလိုက်တယ်..
    ညီလေးတို့ ရေ…….. အစ်.ကို.. ဒေါင်း..တာ..အော..ရမ်း.. နော်…

    ဇာဇာ ရေ….ဆိုင်မဆိုင်တော့ မသိဘူး ဖဲသမားဆိုတော့ ကိုယ်သိတာ ကိုယ်ဆွဲ ရေးတာ ..ဟီဟိ။
    ခင်တဲ့
    ဘဆွေ။

    • kai

      February 7, 2013 at 6:52 am

      ကိုရင်ဆွေရဲ့.. ကာရံနဲ့.. ကဗျာစွမ်း.. အောက်ကလင်ခ့်ကပို့စ်မှာ..မန်းကတည်းက..”အုန်းသီးလောက်နီး ခပ်ကြီးကြီး ” မြင်ရတာ.. :kwi:

      http://myanmargazette.net/166031/health-fitness

      Submitted on 2013/02/05 at 12:39 am | In reply to ဦး ကျောက်ခဲ.

      တဂျီး ကလည်းဗျာ.. နည်းတာပေါ့
      “ဒေါင်းဥခန့်မျှ အိမွမွကို ခွက်ဝပန်းရည် ဆုပ်နယ်သည်သို”့ ..ဆိုတာ ကိုကျောက်က စာအဖြစ်သာရေးတာ..သူတစ်ကယ် စိတ်ဝင်စားတာက…
      ”ကျွဲကောသီးမျှ ခပ်ဝဝကို” ဖြစ်ပါတယ်…..
      “သင်္ဘောသီးဆိုဒ် ခပ်မိုက်မိုက်” တွေလည်း ကြိုက်တယ်တဲ့…
      ”အုန်းသီးလောက်နီး ခပ်ကြီးကြီး ” ကိုလည်း လက်မလွတ် ချင်ပါတဲ့…
      ကိုကျောက်ရေ……………. ပြေးပြီခင် ဗျ….

  • သျှားသက်မာန်

    February 12, 2013 at 3:13 pm

    ကိုအန်စာက ဒီလိုလဲရေးတတ်တာပဲလား..ကောင်းပါတယ်..

Leave a Reply