အမေရိကန်မှ ရှားပါးသတ္တု(Rare Earth)သုတေသနတက္ကသိုလ်တည်ဆောက်ရန်အတွက် ဒေါ်လာ ၁၂ဝမီလီယံမြုပ်နှံခြင်း

Mr WorldWideFebruary 6, 20131min1297

Rare Earth ဆိုတာ အကျွမ်းမဝင်တဲ့လူတွေ မသိမှာစိုးလို့ဒီသတင်းလေး ပြန်ပေးလိုက်တာပါ…ဘယ်လိုနေရာတွေမှာ သုံးနေတယ်..ယနေ့ကာလမှာ ဘာကြောင့်အရေးတကြီးလိုအပ်နေသလဲဆိုတာ သိနိုင်အောင်လို့ပါ

အမေရိကန်စွမ်းအင်ဌာနမှ ရှားပါးသတ္တုထုတ်လုပ်ရေးနည်းလမ်းများ သုတေသန ပြုလုပ်ပေးမည့် ဌာနတစ်ခုတည်ဆောက်ရန် ဒေါ်လာ ၁၂ဝ မီလီယံ(ပေါင်၇၅မီလီယံ) ချပေးခဲ့ပါသည်။ ရှားပါးသတ္တုဆိုသည် မှာ အဆင့်မြင့်နည်းပညာပစ္စည်းများဖြစ်သည့် ဖုန်း၊ကွန်ပျူတာများ ထုတ်လုပ်ရာတွင် အရေးပါသည့် ဒြပ်စင် ၁ရ မျိုးဖြစ်ပါသည်။ အမေရိကန်သည် ရှားပါးသတ္တုထုတ်လုပ်မှုတွင် ကမာ္ဘ၏ ၉၅ရာခိုင်နှုန်းထက် ပိုမိုထုတ် လုပ်ပေးနေသော တရုတ်နိုင်ငံအပေါ်တွင် မှီခိုနေရခြင်းကို လျော့ချလိုပြီး နိုင်ငံအတွင်း လိုအပ်ချက်အား ဖြည့်ဆည်းပေးလိုနေပါသည်။

အမေရိကန်၏ ဘူမိစစ်တမ်းအရ အမေရိကန်ပြည်နယ် ၁၄ ခုတွင် ရှားပါးသတ္တုသိုက်များ ရှိနေနိုင်ကြောင်း သိရှိရပါသည်။ အမေရိကန် ပြန်လည်ပြည့်ဖြိုးစွမ်းအင် (Renewable Enegy)၏ လက် ထောက်အတွင်းရေးမှုး ဒေးဗစ် ဒီနဲလ်ဆင်(David Danielson)မှ ၎င်းဒြပ်စင်များသည် အဆင့်မြင့် အီလက်ထရောနစ် ပစ္စည်းများတွင် အသုံးပြုနေခြင်းအပြင် လေရဟတ်၊ဆိုလာပြားနှင့် လျှပ်စစ်ကားများ ကဲ့သို့ ကာဘွန်ထုတ်လုပ်မှု နိမ့်ပါးသော ပစ္စည်းများ ထုတ်လုပ်ရန်အတွက်လည်း အရေးပါကြောင်း ပြောကြားခဲ့ပါသည်။ အမေရိကန်အစိုးရ၏ ၂၀၁၁ ခုနှစ် သုတေသနတင်ပြချက်များအရ ရှားပါး သတ္တုများအား မှန်ဘီလူးနည်းပညာ၊ ရေဒါ၊ ရောင်ခြည်ကာကွယ်ရေးဝတ်စုံနှင့် ဆက်သွယ်ရေးစနစ်များ ကဲ့သို့သော စစ်သုံး ပစ္စည်းများတွင်လည်း အသုံးပြုထားကြောင်း သိရှိရပါသည်။

၁၉၆ဝ ခုနှစ် ၁၉၈ဝ ခုနှစ်အထိ ကယ်လီဖိုးနီးယားမြို့၏ Mountain Pass သတ္တုတွင်းမှ အမေရိကန် အား ရှားပါးသတ္တုထုတ်လုပ်မှု အမြင့်ဆုံးဖြစ်ရန် စွမ်းဆောင်ပေးခဲ့သော်လည်း နောက်ပိုင်းတွင် တရုတ်မှ ၎င်း ရှားပါးသတ္တုများ တင်သွင်းမှု များပြားလာသောကြောင့် ယခုအခါ နောက်ကောက်ကျကျန်ခဲ့ပြီ ဖြစ်ပါသည်။ ယနေ့အချိန်တွင် ရှားပါးသတ္တုထုတ်လုပ်မှု စည်းကမ်းများ အလွန်တင်းကျပ်ပါသည်ဟု ဆွီဒင်နိုင်ငံ ချလ်မာစ် နည်းပညာတက္ကသိုလ်မှ ဒြပ်ပစ္စည်းကျွမ်းကျင်သူတစ်ဦးမှ BBC သို့ ပြောကြားခဲ့ပါသည်။

ပါမောက္ခ ခရစ်စတင်း အိ်ခ်ဘက်(Christian Ekberg)မှ Mountain Pass သတ္တုတွင်းမှာ ပတ်ဝန်း ကျင်အပေါ် ရိုက်ခတ်မှုများကြောင့် ပိတ်ခဲ့ပြီး ဖြစ်ပါသည်ဟု ပြောကြားခဲ့ပါသည်။ ရှားပါးသတ္တုများတွင် ဆာ လဖာနှင့် ရေဒီယိုသတ္တိကြွပစ္စည်းများ ဖြစ်သည့် ယူရေနီယမ်နှင့် သိုရီယမ်များ ပါဝင်သောကြောင့် များစွာ အန္တရာယ်ဖြစ်စေပါသည်။နိုင်ငံအများစုတွင် ၎င်းသတ္တုများ တူးဖော်ခြင်းအတွက် ခက်ခဲလိမ့်မည်ဟု ယုံ ကြည်ရပါသည်။ ပါမောက္ခ အီခ်ဘတ်မှ အီလက်ထရောနစ် စွန့်ပစ်ပစ္စည်းများဖြစ်သည့် ဟန်းဆက်အ ဟောင်းများ၊ ကွန်ပျူတာများမှ ရှားပါးသတ္တုပြန်လည်သန့်စင်ခြင်း ပြုလုပ်နိုင်ပါသည်ဟု ပြောကြားခဲ့ပါသည်။ သို့သော် ပြန်လည်သန့်စင်မှုမှာ ၁ ရာခိုင်နှုန်းပင် မရရှိနိုင်ပေ။ စမတ်ဖုန်းအားလုံးကို ပြန်လည်သန့်စင်မည် ဆိုပါက ပါဝင်မှုနှုန်း နည်းပါးလှသောကြောင့် ၎င်းဒြပ်စင်များ ရရှိရန် အလွန်ခက်ခဲပါသည်ဟု ဆက်လက် ပြောကြားခဲ့ပါသည်။ ထို့ပြင် ၎င်းသတ္တုများ၏ ဂုဏ်သတ္တိများသည် ဆင်တူသောကြောင့် တစ်ခုနှင့်တစ်ခု ခွဲ ခြားရန် အလွန်ခက်ခဲပါသည်။

ယနေ့အချိန်တွင် ရှားပါးသတ္တုပြန်လည်သန့်စင်ရန် မလွယ်ကူသေးသော်လည်း နည်းပညာများ ဖွံ့ ဖြိုးလာသည်နှင့်အမျှ အနာဂတ်တွင် ပိုမိုအဆင်ပြေ လွယ်ကူလာမည် ဖြစ်ပေသည်။ ထို့ကြောင့် ယခုအခါ သုတေသနပြုလုပ်ထားရန်သာ အရေးကြီးပေသည်။

Neodymium

ကွန်ပျူတာ Hard Drives၊လေရဟတ်၊ဟိုက်ဘရိတ်ကား(Hybrid) နှင့် အသံချဲ့စက်များတွင် စွမ်း အားပြည့်သံလိုက်များ ပြုလုပ်ရန် အသုံးပြုပါသည်။

Lathanum

ကင်မရာ၊တယ်လီစကုတ်မှန်ဘီလူးများနှင့် ရုပ်ရှင်ပရိုဂျက်တာများတွင်အသုံးပြုပါသည်။

Cerium

အော်တိုကားများ၏ Catalytic Converter များတွင်အသုံးပြုပါသည်။

Praseodymium

ဒုံးပျံလေယာဉ်အင်ဂျင်များနှင့်ဂဟေဆော်သူ၏ ခေါင်းစွပ်ကာဗာတွင် အသုံးပြုပါသည်။

Gadolinium

X-ray,MRI Scanဖတ်ခြင်း၊TV Screen ပြုလုပ်ရာတွင် အသုံးပြုပါသည်။ ယခုအခါ အအေးပေးခြင်း စနစ်များတွင် အသုံးပြုနိုင်ရန် သုတေသနပြုလုပ်လျက် ရှိပါသည်။

US to build $120m rare earth research institute

US Department of Energy is giving $120m (£75m) to set up a new research centre charged with developing new methods of rare earth production.

Rare earths are 17 chemically similar elements crucial to making many hi-tech products, such as phones and PCs.

The Critical Materials Institute will be located in Ames, Iowa.

The US wants to reduce its dependency on China, which produces more than 95% of the world’s rare earth elements, and address local shortages.

According to the US Geological Survey, there may be deposits of rare earths in 14 US states.

Besides being used for hi-tech gadgets, the elements are also crucial for manufacturing low-carbon resources such as wind turbines, solar panels and electric cars, said David Danielson, the US assistant secretary for renewable energy.

Source; www.bbc.co.uk/news/technology-20986437

7 comments

  • kai

    February 6, 2013 at 3:26 pm

    US to build $120m rare earth research institute

    ကြည့်..
    အမေရိကားကိုယ်တိုင်က.. အင်္ဂလိပ်လိုရေးရေး… အမေရိကန်အင်္ဂလိပ်နဲ့ရေးရေး.. ယူအက်စ်လို့သုံးတယ်..။
    အမေရိကန်တွေကိုယ်တိုင်က.. အမေရိကားကို.. ယူအက်စ်လို့ခေါ်ဝေါ်သုံးဆွဲတာများတယ်..
    အမေရိကားကိုတော့.. အမေရိကန်နိုင်ငံလို့မခေါ်သလို.. အမေရိကန်လို့.. တိုင်းပြည်..နေရာဌာနဒေသကြီးကို.. နိုင်ငံသားနာမယ်ကြီးနဲ့ ကမ္ဘာ့ဘယ်နိုင်ငံကမှ.. တပ်မခေါ်ဘူး…

    ခုရက်ပိုင်း မြန်မာသတင်းဌာနတွေသတင်းတွေထဲ.. “အမေရိကန်သွားမယ်”တွေဘာတွေတောင်ဖြစ်နေပြီ..
    ဆိုတော့…
    မြန်မာနို်င်ငံကိုကျ.. အမေရိကန်တွေက.. .. ဘားမားခေါ်ရင်.. မြန်မာအစိုးရလူတွေကမကြိုက်ကြ….
    သူတို့ကိုယ်တိုင်ကျ.. အမေရိကန်ကို.. နို်င်ငံသားမှန်း.. နို်င်ငံမှန်းတောင် ..အမည်မကွဲပြား..

    ဖြစ်မှာ..စိုးလို့ပါ…။
    စိုးမိလို့ပါ.. :kwi:

    နောက်တခုက.. ကယ်လီဖိုးနီးယား..
    အဲဒီထဲ.. ကယ်လီဖိုးနီးယားက.. မြို့မဟုတ်ပါဘူးဗျာ..
    ပြည်နယ်ပါ..
    ကျုပ်အခုနေတာ..ကယ်လီဖိုးနီးယားရဲ့..လော့စ်အိန်ဂျလိစ့်မြို့နယ်(ခရိုင်) မှာပါ..။

    ဘာပဲပြောပြော…
    ဘာသာပြန်ပေးနေတဲ့..ဦးရင်E.T ရဲ့စွမ်းဆောင်ချက်ကိုအသိအမှတ်ပြုပါတယ်နော.. :528:
    ရွာသူားတွေလည်း..သတင်းမှီးပြီး.. ဆန်းစစ်.. ဆွေးနွေးကြစေချင်တယ်..။
    ဥပမာ..။ Rare earth elementသတ္တုတွေက..အခုရခိုင်ကမ်းရိုးတမ်းမှာ.. တွေ့နေတာကို.. ချိုင်းနားကဝယ်ဖို့လုပ်နေတဲ့သတင်းမျိုးနဲ့.. ဆက်စပ်တွေးကြရေးကြစေချင်မိတယ်..။

    • pooch

      February 6, 2013 at 4:12 pm

      ဒီက ကိုကို လူစွမ်းကောင်းတွေက ရောင်းမှာပဲ သူကြီးရဲ့ ဘယ်သူက တားလို့ ရလို့လဲ ပြီးမှ ဒီဖက်ပြန်သွင်းတာကို ဈေးကြီးပေး ဝယ်အုန်းမှာ လေ :mrgreen:

    • E T

      February 7, 2013 at 9:37 am

      ဟုတ်ကဲ့ဗျာ..နောက်သတိထားပါ့မယ်။ ကျနော်လည်း အလုပ်နဲ့လူက ဒေါင်ချာဆိုင်းနေတော့
      သေသေချာချာကို အချိန်မပေးနိုင်ဘူး။ တစ်နေ့ ၂ ပို့စ်တင်ဖို့တောင် မနည်းလုနေရတယ်။

      ကျေးဇူးပါ

  • nozomi

    February 6, 2013 at 3:44 pm

    တရုတ်က အဲဒီ ဟာကြီးနဲ့ပဲ ယူအက်စ် နဲ့ ဂျပန်ကို ကိုင်ထားတာတွေ ရှိတယ် ထင်တယ်
    အဲဒါကြောင့် ဂျပန် နဲ့ တရုတ် အဆင်မပြေတော့ ဗီယက်နမ်ကို ထောက်ပံငွေတွေ အများကြီး ပေးပြီး ဗီယက်နမ် မှာ အဲဒါကြီး ရှာဘို့ ထုတ်ဘို့လုပ်တယ်

    မြန်မာ မှာလဲ အဲဒါကြီး ရခိုင် ကချင် ကယားတို့မှာ ရှိတယ် ကြားဖူးတယ် ဟုတ် မဟုတ် တော့ မသိ

    အပေါ်က ပို့စ် အရဆို ရင် စနစ်တကျ မထုတ်ရင် ပတ်ဝန်းကျင် ထိခိုက်မှု က များမဲ့သဘောရှိတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    February 6, 2013 at 9:01 pm

    တစ်လောက သဒင်းဒဘုတ်မှာပါတဲ့
    အာကသထဲက ပေါလေမြောနေတဲ့ ကျောက်တုံးတွေကို
    ကဘာဂိုယူချလာပီးလုပ်စားဂျမယ်ဆို ( ဂဘာဂျီးဒေါ့ လေးအုန်းမှာဘဲ :mrgreen: )
    အဲ့သည်ဟာတွေက ဒီသဒင်းဂသတ္တုနဲ့တူသလား
    သတ္တုနဲ့ပတ်သက်လို့ ကျုပ်ကောင်းကောင်းသိတာက သတ္တုအိုးဘဲ
    ထုထောင်းပြီးကလားကိုရောင်းစားရင် ဒုဒယ်အကြီးသေးပေါ်မူတည်ပြီး
    ထန်းရည်ဘိုးလေးဘာလေးရသပေါ့

  • မင်းနန္ဓာ

    February 6, 2013 at 11:44 pm

    အင်း
    သစ်ပင်တွေ အမြစ်ပါတူးပြီး ရွှေ့ယူသွားတာတော့ အကောင်အထည်လိုက် မြင်နေတော့ ပြောကြပါရဲ့
    (လေးပေါက်တောင် ရွှေလီမှာလား ကျုပ်တို့ဆီက တူးသွားတဲ့အပင်တွေဆိုတာ ဓာတ်ပုံပို့စ်တင်သေး)

    မြစ်ဆုံစီမံကိန်းက မြေတွေ ကွန်တိန်နာနဲ့ ပေါက်ဖော်တွေ သူတို့နိုင်ငံသယ်တယ်ဆိုတာ ဒါတွေကြောင့်ဖြစ်နိုင်တာပေါ့..
    ကြာတော့ကြဘီ..
    မြစ်ဆုံနားက သဲလေးတွေကို ကုမ်ပဏီတစ်ခုက အပြင်ထုတ်ရောင်းဖို့လုပ်နေလို့ ဓာတ်ခွဲတော့ ယူတွေ သိုတွေ rare earth တွေ ပါနေလို့ ဆွဲစိခဲ့ရဖူးပါရောလား.. (ဓာတ်ခွဲအဖြေ XRD chart ကို မြင် တွေ့ ခဲ့ဖူးတာပါ)
    စဉ်းစားကြပေါ့..
    အဲဒါ.. အဲဒါ

  • E T

    February 7, 2013 at 9:42 am

    ကွန်မန့်တွေအတွက် ဝမ်းသာပါတယ်..စိတ်ဝင်စားစေချင်ပါတယ်..မလုပ်နိုင်ရင်တောင် ဗဟုသုတပေ့ါ။ ကျန်နော်တို့မြန်မာတွေက စာဝတ်နေရေးနဲ့ပဲ လုံးလည်ချာလည်လိုက်နေတော့ နည်းပညာဆိုတာ ကိုယ့်အသက်မွေးဝမ်းကြောင်းမဟုတ်ရင် အချိန်မပေးချင်ကြတော့ဘူး။

    ဒါကြောင့်လည်း အချိန်ကုန်ခံပြီး ဒီသတင်းတွေကိုတင်ပြနေရတာပါ

    အခုမနေ့က တရုတ်အစိုးရက နိုင်ငံတကာရဲ့ဖိအားပေးမှုကြောင့် သူ့ရဲ့ rare earth ထုတ်လုပ်မှုကို ထုတ်ပြဖို့စက္ကူဖြူစာတမ်းတစ်စောင်ကိုထုတ်ပြန်ခဲ့ပါကြောင်း..တင်ဖို့အတွက် စဉ်းစားနေပါကြောင်း

Leave a Reply