ဝလုံးကလေးမှ ၀ိုင်းအောင်မရေးနိုင်ခင်
ရွှေလင်းပန်းနဲ့ ထမင်းဆီဆမ်းရေ
အမေဆိုပြလိုက်တော့ အတူတွဲစားမဲ့..
ဆတ်သားဖုတ် ပဲ မက်မောကာ …ငါဟာ
ကောက်ကြိတ်ပလိုက်ပါတယ်

ပုခက်တွင်းကဆင်းမြေဂျီးပေါ်နင်းကာစ
စမူစာလေးနဲ့ နံပြားပုံပြင် အင်မတန်
မွှေးပျံ့တဲ့ .. ကော်ပြန့်လိပ်ကို သိပ်ပြီး စားပြနေခဲ့တော့
ငါဟာ တောက်ညင့် ကပ်လာတယ်.

မနက်တုန်းကတခွက် ဆွဲလာခဲ့ပါရက်နဲ့
ရင်ကို အရမ်းကြီး စွဲလမ်းသွားသူ
ကျောက်ပတောင်း ကြီးအား အရမ်းကို ဂလုမိတော့…
တို့ကျောင်းက ဂျမ်းပုံမတောင် တေနာလေးလို့ ..ငါ့ကိုခေါ်

ဘိုင်စကုတ်ကြည့်တော့ အာလူးကြော်ထုတ်တွေကို အလွန်တရာနှစ်သက်တတ်ခဲ့တယ်.
ငါ့နဘေးနားက ခြစ်သူလေးကတောင် တဖြည်းဖြည်းငါ့ကိုလန့်လာ..
ချွေတာ တတ်မယ့် တယောက်ကိုရှာ..

ဒီလိုနဲ့ ၀က်ဆီဖတ်ကြော်တွေကို စားသောက်ရင်း နေနေသလို..
ဗရာကြော်က ကောင်းပြီးတန်တယ်လို့ …သုံးသပ်တတ်လာဒယ်…
ဟေ…

အသိုးနဲ့အကောင်း တွဲနေတတ်တာကို မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်..
ဒီအတွက် အကျိုးအမြတ်က အများဒကာ မေးငေါ့ကာ
အမြင်ကပ်လို့ မုန်းစရာဖြစ် ကာ … ငါဟာ ဖက်ဖက် ကတ် ပါကွယ်…

 

ဒီမှာရာမတ်
ကြော်မလား ချက်မလား ရာမတ် ….
ပိုတုတ် ချင်တဲ့ လူဆိုတာ ဒီလို ၀ိုက်တတ်ရဒယ်ကွ. …

:P

About ムラカミ

has written 498 post in this Website..

今でしょ? CJ # 9092011