ဝါးတဲ့ဘက်မှာ

ムラカミFebruary 6, 20131min10911

ဝလုံးကလေးမှ ဝိုင်းအောင်မရေးနိုင်ခင်
ရွှေလင်းပန်းနဲ့ ထမင်းဆီဆမ်းရေ
အမေဆိုပြလိုက်တော့ အတူတွဲစားမဲ့..
ဆတ်သားဖုတ် ပဲ မက်မောကာ …ငါဟာ
ကောက်ကြိတ်ပလိုက်ပါတယ်

ပုခက်တွင်းကဆင်းမြေဂျီးပေါ်နင်းကာစ
စမူစာလေးနဲ့ နံပြားပုံပြင် အင်မတန်
မွှေးပျံ့တဲ့ .. ကော်ပြန့်လိပ်ကို သိပ်ပြီး စားပြနေခဲ့တော့
ငါဟာ တောက်ညင့် ကပ်လာတယ်.

မနက်တုန်းကတခွက် ဆွဲလာခဲ့ပါရက်နဲ့
ရင်ကို အရမ်းကြီး စွဲလမ်းသွားသူ
ကျောက်ပတောင်း ကြီးအား အရမ်းကို ဂလုမိတော့…
တို့ကျောင်းက ဂျမ်းပုံမတောင် တေနာလေးလို့ ..ငါ့ကိုခေါ်

ဘိုင်စကုတ်ကြည့်တော့ အာလူးကြော်ထုတ်တွေကို အလွန်တရာနှစ်သက်တတ်ခဲ့တယ်.
ငါ့နဘေးနားက ခြစ်သူလေးကတောင် တဖြည်းဖြည်းငါ့ကိုလန့်လာ..
ချွေတာ တတ်မယ့် တယောက်ကိုရှာ..

ဒီလိုနဲ့ ဝက်ဆီဖတ်ကြော်တွေကို စားသောက်ရင်း နေနေသလို..
ဗရာကြော်က ကောင်းပြီးတန်တယ်လို့ …သုံးသပ်တတ်လာဒယ်…
ဟေ…

အသိုးနဲ့အကောင်း တွဲနေတတ်တာကို မြင်နိုင်ဖို့ လေ့ကျင့်ခဲ့တယ်..
ဒီအတွက် အကျိုးအမြတ်က အများဒကာ မေးငေါ့ကာ
အမြင်ကပ်လို့ မုန်းစရာဖြစ် ကာ … ငါဟာ ဖက်ဖက် ကတ် ပါကွယ်…

 

ဒီမှာရာမတ်
ကြော်မလား ချက်မလား ရာမတ် ….
ပိုတုတ် ချင်တဲ့ လူဆိုတာ ဒီလို ဝိုက်တတ်ရဒယ်ကွ. …

😛

11 comments

  • Shwe Ei

    February 6, 2013 at 10:50 am

    အယက်နဲ့ဆေးလိပ် တွဲကာသုံးဆောင်ရင်း မြင်မြင်သမျ ဘူးကျခဲ့တယ်
    ဒီတွက်အကျိုးမြတ်က အများတကာမေးငေ့ါကာ
    အမြင်ကတ်လို့ ငြင်းခံထိပါတယ်
    သူဟာ နှူးဘာဂီပါကွယ်……….. :kwi:

  • ခိုင်ဇာ

    February 6, 2013 at 10:53 am

    မိဂီမ လေးခင်းကိုအမဝယ်
    မိညီမ ပါးထရိုက်ပါတယ်
    သူ့ကျောင်းအဝ သွားတွေ့တဲ့အခါ
    ပိုးဇိုးပက်စက် ပြောလွှတ်လိုက်ပါတယ်
    နေရောင်မဖျာတဲ့လမ်းလေးအတွင်းဝယ်
    ချစ်သူလေးရဲ့ အိမ်ပါ
    သာကေတဝယ်
    ကိုသွားမယ်
    (အဲလာ ငါ ဆိုတာဟုတ်ဘူးနော်။ ညက ကိုဖက် ဆိုနေလို့ ကူးလာတာ) :mrgreen:

    • Ghi Ghi ThE KiD

      February 6, 2013 at 10:58 am

      ပျော့စ်စမ်းဘာဗျာ ဒီလူယီးကို …လူကောင်ကြီးပီး အဟွာ သေးလို့ …
      ကိုယ်တိုင် လာမတေ့ရဲတာလား လို့ ..

      (အဟွာ = သတ္တိ)

      :harr:

      • ခိုင်ဇာ

        February 6, 2013 at 11:03 am

        ကျန်သေးတယ်ဟဲ့။
        :harr:

        အချစ်ဆိုသည်မှာ နံရိုးပေါင်းနဲ့တို့စားတဲ့အရာ
        အချစ်ဆိုသည်မှာ မုန့်ဟင်းခါးထဲထည့်စားစရာ
        အချစ်ဆိုသည်မှာ လူသားတိုင်းရဲ့ အစာမှုအမှတ်အသား
        ဒါဆိုရင် အချစ်ဟာ ချက်စားရတဲ့အစာ
        ဒါဆိုရင် အချစ်ဟာပြုတ်စားရမယ့်အစာ
        ငါကိုယ်တိုင် အချစ်ကို ဘယ်လိုစားရမှန်းမသိပါ
        တစ်ခါတလေ အချစ်ဆိုတဲ့အရာပဲ သုပ်စားလိုက်ချင်ရဲ့
        တစ်ခါတလေတော့ အစိမ်းလိုက်စားချင်တယ်

        (အဲဒီ သီချင်းလည်း ဆိုပြသေးတယ်။ ငါ့ အသီးကွဲ ရောဂါ တခါတည်း ပျောက်ပြီး ဗိုက်ဆာလာတာပဲ။) :mrgreen:

        • Ghi Ghi ThE KiD

          February 6, 2013 at 11:15 am

          နေဝင်ဘီဆိုရင် ကိုယ်လေငိုချင်တယ် ရင်မှာနာကျင်စွာဆွေးတယ်..
          ထောင်မှာ မှောင်ယီဝိုးတဝါးနဲ့ နံရံပေါ်မှာ ကြောင်ရုပ်ရေးမယ်..
          မီးမထွန်းတဲ့အခန်းကျဉ်းလေးထဲ အမြီးကိုနှံ့ပြီးပဲ …
          လွမ်းမိဒယ်…
          သံတိုင်ကြားက ကြောင့်ရဲ့မျက်နှာရယ်..
          လွမ်းမိဒယ်
          သံတိုင်ကြားက ကြောင့်ရဲ့မျက်နှာရယ်..
          ကျောင်းပိတ်ရက်တွေလွန်ချိန်မှာ သူပြန်မလာနိုင်ဘီပဲ…
          ဘာကြောင့်လည်းကို မသိခဲ့ပါ …
          သံတိုင်ကြားက ကြောင့်ရဲ့မျက်နှာရယ်..

        • အရီးခင်လတ်

          February 7, 2013 at 2:57 am

          အော် “ဂီဂီ သယ် ကစ်” ကတော့
          မိညီမ ကနေ “ကကြောင့်” ဖက်ကို ကူးလာပါပကောလား။
          ကကြောင်ကြီးရေ။ဟောဒီမှာ။
          ခေါ်နေတယ်။
          အသံပေးလိုက်ပါဦး။ 😉

          ဟိုဖက်က လေးစားရပါသော ပညာရှိကြီးပြောတာကို ကော်ပီကက် ရရင်
          “ဒီနေ့တော့ နှစ်ခါဘဲ မန့်တော့မယ်”။ (စီအာ – ဘပု)
          😆

  • pooch

    February 6, 2013 at 2:06 pm

    စံပါယ်ရယ် သူငယ်ချင်းတွေမို့ ကြင်နာတာ အဆတ်ဖြတ်ပြစ်လိုက်ပြီ ……………..
    ဒန်တန်တန်…

    အဲ့သီချင်းက ဘယ်သူက ဘယ်သူ့ကို ဆိုပြီး ပစ်သွားခံရတယ် မသိဘူး
    စိတ်မကောင်းလိုက်တာအေ 😆

  • kyeemite

    February 6, 2013 at 2:09 pm

    ပိုတုတ် ချင်တဲ့ ချာတိတ်ဂီ
    အပျိုလုပ် အချဉ်နဲ့လာလိမ့်မည်
    ငိုရုပ်ဆင်နဲ့ ညာလိမ့်မည်
    ဗိုလ်မလုပ်ချင်နဲ နာလိမ့်မည်။ :kwi:

  • Wow

    February 6, 2013 at 2:28 pm

    လွယ်သလား ခက်သလား မိညီမ
    လွယ်သလား ခက်သလား
    ဘောလီဘောပုတ်ရတာ လွယ်သလား…
    အေ့.. အေ့ တိတ်ပါ ခေးရယ် မဂျီးနဲ့ဆွိ ပေးထားတဲ့နာမယ်လှလှလေးသိရင် မိန်းခေးဒွေ အကုန်ဝိုင်းနေမှာ :harr:

    • ခိုင်ဇာ

      February 6, 2013 at 2:40 pm

      ခဏလေးပါအေရယ်။
      မပြောပါနဲ့ဦး။
      နာ စာမေးပွဲရှိနေသေးလို့ပါ။
      ပြီးမှ တစ်ရွာလုံး ကို ထမင်း ကျွေးပြီး နာ တို့ မောင်လေး အမည်ပြောင်း ကင်ပွန်းတပ်ပွဲ လုပ်ပေးမို့ပါ အေရဲ့။
      :harr: :harr: :harr:

  • ဦးကြောင်ကြီး

    February 8, 2013 at 11:15 am

    ဝါးတဲ့ဘက်မှာ
    ဆားထည့်ချက်ပါ
    အားနှဲ့ကပ်ခွာ
    ဖားငယ့်ဓာတ်ပြာ
    ယားမယ့်ဝက်စာ
    ခါးလှည့်ဖက်ရာ
    ဟားရယ့်ဇက်ခါ
    များနဲ့သက်ညှာ..။

Leave a Reply